About MSU !

MSU @ facebook သို့ အဖွဲ့ဝင် အဖြစ် ၀င်ရောက် ကြပါရန် နယ်ပယ်အစုံမှ သင်္ဘောသား ( Senior / Junior ) များကို လေးစားစွာ ဖိတ်ကြားအပ်ပါသည် ။ MSU @ facebook သို့ ရေကြောင်း ကောလိပ် ၊ ရေကြောင်း တက္ကသိုလ် နှင့် အခြား နယ်ပယ် အစုံမှ သင်္ဘောသား အားလုံး ၀င်ရောက
်နိုင်ကြပါသည် ။

MSU @ facebook ၏ အဓိက ရည်ရွယ်ချက်မှာ လွပ်လပ်ပြီး အပြုသဘောဆောင်သော သင်္ဘောသား အချင်းချင်း တစ်ဦး နှင့် တစ်ဦး အပြန်အလှန် သတင်း အချက်အလက် မျှဝေ နိုင်သော အင်တာနက် အခြေစိုက် ရေကြောင်း သတင်းအချက် အလက် ရပ်ဝန်း တစ်ရပ် အနေနှင့် ဖြစ်ပေါ်လာရန် ရည်ရွယ်ပါသည် ။

MSU @ facebook ၏ နံမည် ရှင်းလင်းချက်မှာ MYANMAR SEAMEN UNION @ facebook ဖြစ်ပြီး UNION ဆိုသော အဓိပ္ပယ်ကို အင်တာနက် စာမျက်နှာပေါ်သို့ ရောက်ရှိနေကြသော နယ်ပယ်အသီးသီး အရပ်ဒေသ အသီးသီးမှ မြန်မာ သင်္ဘောသား အဖွဲ့အစည်း ဟု သတ်မှတ်ပါသည် ။

MSU @ facebook သည် အင်တာနက် စာမျက်နှာပေါ်တွင် သီးသန့် အခြေစိုက်သော သင်္ဘောသား သတင်း အချက်အလက်များကို အချင်းချင်း အပြန်အလှန် ၀န်ဆောင်မှု ပေးသော အဖွဲ့အစည်း သက်သက်သာ ဖြစ်ပြီး ပြင်ပရှိ မည်သည့် အဖွဲ့အစည်း နှင့်မျှ ပတ်သက် ဆက်နွယ်မှု မရှိပါကြောင်း သင်္ဘောသား အပေါင်း ကို သိစေအပ်ပါသည် ။

MSU @ facebook တွင် ရှိသော Group Admins များနှင့် Page Managers များကို စုပေါင်း၍ MSU WEB DEVELOPERS များဟု common နံမည် ဖြင့် ခေါ်တွင်ပါသည်။

MSU WEB DEVELOPERS အားလုံးသည် MSU @ facebook ၏ လုပ်ငန်းဆောင်တာများကို မိမိတို့၏ အားလပ်သော အချိန်များတွင် အင်တာနက် အသုံးပြုရင်း တတပ်တအား ပါဝင်ကူညီ အားဖြည့်ကြသူများသာ ဖြစ်ပြီး MSU @ facebook ကို ဦးဆောင်သူ ၊ Frontiers , Leaders , Pioneers များ မဟုတ်ကြပါ ။ MSU @ facebook ကို ဦးဆောင်သော သူများမှာ MSU @ facebook members များ အားလုံး ဖြစ်ပြီး အချင်းချင်း အပြန်အလှန် သတင်းအချက်အလက် ဗဟုသုတ မျှဝေခြင်းဖြင့် Senior မှ Junior သို့ , သတင်းမေးသူ မှ သတင်းပေးသူ သို့ အပြန်အလှန် ၀န်ဆောင်မှုပေးရင်း အဖွဲ့ကို ဦးဆောင်သွားကြခြင်းသာ ဖြစ်ပါသည် ။

MSU @ facebook တွင် ကဏ္ဍ ၃ ခု ပါရှိပါသည် ။ MSU @ facebook Group , MSU @ facebook Public Page နှင့် MSU @ facebook Blog စာမျက်နှာတို့ ဖြစ်ကြပါသည် ။

MSU @ facebook Group ။ ။ Group တွင် အထက်တွင် ဖော်ပြထားသည့်အတိုင်း နယ်ပယ် အစုံမှ သင်္ဘောသား အားလုံး ပါဝင်နိုင်ကြပြီး မိမိတို့ စိတ်ထက်သန်ရာ ဗဟုသုတ ၊ ရသ ၊ ရေကြောင်း သတင်းအချက်အလက် ဆောင်းပါး များအပြင် မိမိတို့ စိတ်ကြိုက် စိတ်ကူးရှိသလို ရေးသားဝေမျှနိုင်ကြပါသည် ။ မိမိတို့၏ လွပ်လပ်စွာ တင်ပြဖော်ထုတ်ချက်များသည် တဦးတယောက်အပေါ်သို့ ဆိုးဝါးစွာ ထိခိုက်မှု မရှိသည့်အချိန်အထိ ဖော်ပြခွင့် ပေးထားပါသည် ။ တဦးတယောက် သို့မဟုတ် အများနှင့် ပတ်သက်၍ personal abuse / attack လုပ်ခြင်းများသည် အဖွဲ့အပြင် အဖွဲ့ဝင်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပျက်ပြားလာနိုင်စေသည့်အတွက် ထိုအချက်အလက်များတင်ဆက်လာပါက ကျွန်တော်တို့ MSU WEB DEVELOPER များက တင်ဆက်သူထံသို့ သတိပေးခြင်း ၊ အသိပေးခြင်း များ ပြုလုပ်သွားမည် ဖြစ်ပါသည် ။

MSU @ facebook Public Page ။ ။ Page တွင် ဖော်ပြသော သတင်း အချက်အလက်များမှာ Group တွင် member များ တင်ဆက်ထားသော သတင်းအချက်အလက်များထဲမှ ရေကြောင်းနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကို MSU WEB DEVELOPERS များမှ နေ၍ အများပြည်သူနှင့် အခြား အဖွဲ့ဝင်မဟုတ်သော သင်္ဘောသားများ သိရှိစေရန်အတွက် တကူးတက ပြန်လည်ဝေမျှပေးခြင်း ဖြစ်ပြီး အခြား အင်တာနက် စာမျက်နှာများမှ ရေကြောင်း ဆိုင်ရာ သတင်းအချက်အလက်များ သုတ ရသ ကဏ္ဍ အစုံကို MSU @ facebook ၏ တရားဝင် သတင်းအချက်အလက် တင်ဆက်သည့် စာမျက်နှာအဖြစ် အသုံးပြု တင်ဆက်ပေးနေခြင်း ဖြစ်ပါသည် ။

MSU @ facebook Blog ။ ။ Blog သည် facebook စာမျက်နှာသို့ ၀င်ရောက်စရာမလိုပဲ website address ရိုက်လိုက်ယုံဖြင့် တိုက်ရိုက် အသုံးပြု ကြည့်ရှု နိုင်သော MSU @ facebook ၏ product တစ်ခု ဖြစ်ပါသည် ။ facebook တွင် မပြုလုပ်နိုင်သော တခြား ၀န်ဆောင်မှု များကို Blog တွင် ပြုလုပ်ဆောင်ရွက်နိုင်သဖြင့် Blog ကဏ္ဍ ကို သီးသန့်ဖွင့်လှစ်၍ ၀န်ဆောင်မှု ပေးထားခြင်း ဖြစ်ပါသည် ။ Blog တွင် ရေကြောင်းနှင့် ဗဟုသုတဆိုင်ရာ စာအုပ်စာတမ်းများ ၊ video files များ ၊ ရေကြောင်း softwares များ မျှဝေခြင်း လုပ်ငန်းများကို Blog Contributors များမှ နေပြီး မိမိတို့ လက်လှမ်းမီသလောက် တင်ဆက် ဝေမျှ ပေးနေကြခြင်း ဖြစ်ပြီး တခြား ရေကြောင်းနှင့် သတင်းအချက်အလက် အင်တာနက် စာမျက်နှာများနှင့် တွဲဖက်ပြီး လည်း သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ဖော်ပြထားပါသည် ။ Blog တွင် ကျွန်တော်တို့နှင့် အတူ အတူတကွ တင်ဆက်ရန်လည်း ဖိတ်ခေါ်ပါသည် ။ စိတ်ပါဝင်စားပါက msuteam.fb@gmail.com သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည် ။

MOBILE ကဏ္ဍ ။ ။ MSU @ facebook သည် Android ဖုန်းနှင့် Tablet အသုံးပြုသော Users များထံသို့ MSU @ facebook ၏ mobile version ကို ဖြန့်ချီလျက် ရှိပါသည် ။ Google Play Store အသုံးပြုနိုင်သော Users အားလုံး Google Play Store တွင် MYANMAR SEAMEN UNION ဟု ရိုက်လိုက်ယုံဖြင့် MSU @ facebook ၏ mobile version ကို ဒေါင်းလုပ်ပြုလုပ်ပြီး စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည် ။

Group Address : https://www.facebook.com/groups/mmseamanunion/
Page Address : https://www.facebook.com/mmseamenunion
Blog Address : http://mmseamenunion.blogspot.com/
Mobile Address : https://play.google.com/store/search?q=myanmar%20seaman%20union&c=apps
( MSU @ facebook mobile version Download Link )

No comments:

Post a Comment