Tuesday, August 27, 2013

သရဲခြောက်တဲ့ သင်္ဘောကြီး




 ကျနော် ဘော်ဒါတွေလဲ တော်တော်လေး ပျင်းနေလောက်ပြီနော် ကျနော် 


ခု ရေးတာတွေက ရယ်စရာနဲနဲသွားတာ 

ကျနော်တို့ ခုချိန်မှာ ရန်ကုန်ပြန်ရောက်နေပေမဲ့ စိတ်ကတော့ ကိုယ်လိုက်ခဲ့တဲ့ 

သင်္ဘောပေါ်ကို ရောက်နေကျတာ အမှန်ပါ တကယ်တော့ သင်္ဘောဆိုတာ ကိုယ်ရဲ့ 

ဒုတိယ အိမ်ပါ သင်္ဘောသားတွေ ဆိုတာလဲ

ကိုယ်မိသားစုလို သဘောထားဆက်ဆံ ရတာကို  ဒီလိုမျိုး စကားလေးကို နိုင်ငံခြားသား 

စက်ချုပ်ကြီး တယောက်ကပြောခဲ့ဖူးတယ် မှတ်လဲမှတ်သားခဲ့ဖူးတယ်(We were 

family,We were parts of our Ship)တဲ့၊၊

အဓိပ္ပါယ်လဲ ပါသလို သင်္ဘောသား အချင်းချင်း(စက်ဖက် နဲ့ကုန်းဘတ်)ဆိုတဲ့ 

ဌာနစွဲ တွေကို မီးမောင်းထိုးပြလိုက်သလိုပါဘဲ ၊၊

ခံယူတတ်တဲ့သူတွေ အတွက် တန်ဘိုး ရှိတဲ့ စကားပါ၊၊  ၊၊

ကျနော် တို့ နေခဲ့တဲ့ သင်္ဘောက အခန်းတွေ အကြောင်းရေးချင်ပါတယ် ပထမဆုံး 

သင်္ဘောက အကြောင်းဆိုပါတော့ဗျာ သင်္ဘောရဲ့ ဖွဲ့စည်းပုံကိုက အထပ်တွေနဲ့ 

ဖွဲ့စည်းထားတာဗျ(လွယ်လွယ်ပြောရရင် ‘A’ Deck, ‘B’ Deck, ‘C’ Deck ပေါ့ဗျာ 

ရန်ကုန်က ရင်ကွဲ ကန်ထရိုက် တိုက်တွေလိုပေါ့ လှေကားကအလည်မှာ သွားချင်တဲ့ 

အခြမ်းကို တံခါးတွန်းပြီး ၀င်ပေါ့ဗျာ)အပေါ် ဆုံး ကိုတက်သွားရင် ပဲ့ကိုင် 

အခန်း(Bridge)၊ရေကြောင်းပြ နားနေခန်း တို့ကိုရောက်ပြီး အောက်ဖက်ဆင်း 

လာရင်တော့ ရေလုံပိတ်၊အသံလုံ တံခါး တခု ကို ကျော်လိုက်ရင် စက်ခန်း(Engine 

Room)ကို ရောက်ပြီပေါ့ စက်ခန်းမှာ လဲ ပင်မစက်ကြီး ထိန်းချုပ်အခန်း(Control 

Room)ဆိုတဲ့ မှန်အပြည့်ကာထားတဲ့ အခန်းကြီးတခု ရှိတယ်၊၊   ၊၊ဒီအခန်းက 

တာဝန်ရှိသူမှ အပ မ၀င်ရတဲ့ ကန့်သတ် ဧရိယာ ထဲက တခုပေါ့ ဒီအခန်းရှေ့ က 

သံလှေကား အတိုင်း ဆက်ဆင်းရင်းတော့ မိန်းအင်ဂျင် က ဖလိုင်းဝှီး(Fly Wheel) နဲ့ 

ချိတ်ဆက် ထားတဲ့ လည်နေတဲ့ ရှပ်ကြီး(Shaft) ကို  တွေ့ရမှာပါ

ဒီရှပ် လို့ခေါ်တဲ့ ဧရာမ သံချောင်းရှည်ကြီးက သင်္ဘောနံရံကို ဖေါက်ပြီး 

ပန်ကာလို့ခေါ်တဲ့ (propeller)ကြီး ထိပ်မှာ တပ်ဆင်ထားလို့ 

သင်္ဘောပင်မစက်ကြီး မောင်းနှင်ချိန်မှာ ရွေ့လျားခြင်း(သင်္ဘောမောင်းခြင်း)ဘဲ 

ဖြစ်ပါတယ၊၊်( စာကြွင်း၊၊  ၊၊ သင်္ဘောပေါ်မရောက်ဖူးတဲ့ သူတွေကို 

မြင်အောင်ရေးရတာဆိုတော့ လေရှည်သွားတယ်ဗျာ 

သိပြီးသားလူတွေကိုတော့ ဆောရီးပါဗျာ  )

ကျနော်တို့က ရိုးရိုးသင်္ဘောသား တွေ ဆိုတော့ သင်္ဘေင်္ာရဲ့တဖက်စီမှာ 

အခန်းလေးတွေကို တန်းစီထားပြီး ကိုယ်ပိုင် အခန်း သော့ ကိုယ်စီနဲ့ပေါ့ 

အိမ်သာနဲ့ ရေချိုးခန်းကတော့ “ဘုံ” စနစ်ပေါ့ တော်သေးတယ် ဟိုဘက်တခြမ်းမှာ လဲ 

ကျနော်တို့လိုဘဲ ရေချိုးခန်း အိမ်သာ ရှိတယ်လေ ကိုယ်တွေ ဘက်ခြမ်းက ရေချိုးခန်း 

အိမ်သာ သန့်ရှင်းရေး ကို အခန်းစဉ် အလိုက် တပတ်တယောက်စီ လုပ်ရတယ်

တကယ်လဲ ညီညီညွှတ်ညွတ်ရှိခဲ့ကျလို့လဲ ခုချိန်ထိ ညီရင်းအစ်ကိုတွေလို အခင်အမင် 

မပျက်ခဲ့ကျပါဘူး

ဒီလို သင်္ဘောမျိုး ဆိုရင် အလုပ်ပင်ပန်းတာထက် တော်တော်ကို 

စိတ်ချမ်းသာဘို့ ကောင်းခဲ့တယ်ဗျ၊။

သင်္ဘောက ကျနော်တို့ ရောက်ချိန်မှာ တော်တော် အသက်ရနေပြီ(၂၆)နှစ်သား 

ကိုယ်နဲ့သက်တူရွှယ်တူ

သင်္ဘောမောင်းချိန်ဆိုရင် ဘယ်ကဘယ်လို ထွက်လာမှန်းမသိတဲ့ ဆီတွေ 

မိုးရွာနေသလိုမျိုး ထီးဆောင်းသွားရတယ် နို့ဆီခွက်တွေ၊ကိုကာကိုလာ ဗူးခွံ တွေ ကို 

သွပ်ကြိုးနဲ့  လိုက်ချိတ်သင့်တာ ချိတ်၊ ဗန်းနဲ့ ခံသင့်တာ ခံ  ကျနော်တို့မြို့က 

သီတင်းကျွတ်၊တန်ဆောင်တိုင် ဘုရားပွဲ မှာ မီးပုံးလေးတွေ လိုက် 

ချိတ်နေရသလား အောက်မေ့ရတယ်(အဲဒီအချိန်တုံးက ဒီလိုစာရေးဖြစ်လိမ့်မယ်လို့ 

ထင်ကိုမထင်တာ ကျနော်ကိုယ်တိုင်က စာရေးပျင်းတာလေ.)ထားတော့

ကျနော်ရေးချင်တဲ့ အကြောင်းက ဘော်ဒါတို့ မယုံမှာလဲ စိုးသဗျ(ဒီကောင် မဟုတ်က 

ဟုတ်ကတွေ လျှောက်ရေးနေတယ် ဆိုပြီးတော့လေ)

ကျနော်ကတော့ သင်္ဘောသားဘ၀ စစချင်းမှာဘဲ လူသေတာလဲ ကြုံ ခဲ့ ဖူးတယ်၊၊ 

လူသေ မသာကြီး(Body)ကို အသားတွေငါးတွေထားတဲ့ အအေးခန်းထဲ 

ထည့်ပြီးတပတ်လောက်ကြာမှ ရောက်တဲ့ ဆိပ်ကမ်းမှာ အသုဘ 

ပို့ဖူးတယ်(ကိုယ်ကလဲ စာအုပ်ဖတ်တာ ၀ါသနာပါတော့ ဘာမျုတာ တြိဂံတို့၊တစ္တေ 

သင်္ဘော ကြီး အကြောင်းတို့ကဖတ်ဖူးခဲ့တာ )ထားပါ  အခန်းအကြောင်းပဲ 

ဆက်ကျအုံးစို့ သင်္ဘောမှာက လူမနေတဲ့ အခန်းတွေ၊စတိုခန်း၊ဓါတုပစ္စည်းတွေ 

ထားတဲ့အခန်းတွေ ရှိတယ်ဗျ၊ခုဟာက လူနေခန်းထဲက အမြဲသော့ခတ်ထားတဲ့ အခန်း၊၊   

၊၊  ဒီလို အခန်းမှာ ဘယ်လိုလူတွေနေသွားတယ်၊ဘယ်လိုဖြစ်သွားတယ်ဆိုတာ 

ဘယ်သူကမှ တပ်အပ်မပြောနိုင်ဘူးလေ၊၊   ၊၊

သင်္ဘောအသစ် သွားယူဖူးတဲ့သူတွေ သိပါတယ် သင်္ဘောသားအားလုံး 

အကုန်ဆင်း၊အကုန်တက်လေ ဘယ်သူက လျှာရှည်ပြီး ဒါတွေ ပြောမှာလဲ ဒါပေမဲ့ 

ကျနော် စတက်ရတဲ့ သင်္ဘောက သင်္ဘောသား စကားနဲ့ ပြောရရင် 

လူစားတယ်(လူသေတယ်)ပေါ့ ဒီလိုနာမည်ကြီးတဲ့ သင်္ဘော ကျနော်လဲ ဘာသိမှာလဲ 

လူသစ်ဘ၀ သင်္ဘောစတက်ရမယ်ဆိုတော့ ပျော်တာပေါ့ 

ကုမ္ပဏီကိုလဲ ကျေးဇူးတွေတင်နေတာ ဘယ်ဟုတ်မလဲ သိတဲ့လူတွေက 

ဒီသင်္ဘောလိုက်ဘို့ကို ငြင်းလို့ ကျနော်ကို ရွေးလိုက်တာ ထားပါလေ

ကျနော်ကလဲ ဒါတွေ အယုံအကြည် မရှိပေမဲ့ ကိုယ်ကတယောက်တည်း ညဖက် ဂျုတီ 

ဝင်ရတာလေ

ရောက်ခါစက ဘာမှမဖြစ်ပေမဲ့ အခန်းလွတ်တခုကို တော့ စိတ်ဝင်စားသွားတယ်

ဒီအခန်းကို ဘာလို့ လူမနေတာလဲပေါ့ လျှာရှည်မိတယ် အရင်ရောက်နေတဲ့ 

သင်္ဘောသား စီနီယာထဲက တယောက်ပြောတာတော့ 

ကြားလိုက်တယ် နေရာပေးထားတာတဲ့

ဘယ်သူကိုပေးတာလဲ ဘာဖြစ်လိုလဲပေါ့ ဆိုတော့ သူက ဆက်ပြောတယ် 

ကျနော်တို့မတက်ခင်လေးမှာ ချက်ကြီး(Chief Cook) ကြီးတယောက်ဆုံးသွားတာတဲ့ 

ရုတ်တရက်နှလုံးရောဂါ ဖေါက်တော့ ဘာမှလဲ ဆေးမကုလိုက်ရဘူး

ညက အကောင်းကြီး မနက်မနိုးတော့ သွားကြည့်တော့ သေနေပြီတဲ့(ကျနော်တို့ 

ရှိနေစဉ် မှာလဲ Second Cook သေသွားတာလဲ ဒီပုံစံအတိုင်းဘဲ တိုက်ဆိုင်မှု ဆိုပေမဲ့ 

ဒါမျိုးက ဖြစ်တောင့် ဖြစ်ခဲ၊၊ သင်္ဘောဆိုတော့လဲ ဘယ်က ဘုန်းကြီးပင့်ပြီး 

ဆွမ်းသွတ်နိုင်မလဲ )ကဲ ထားတော့ အခန်းကရော

ဆိုတော့ ရှေ့က ဆင်းသွားတဲ့ သူကြီးကိုသူကို အိမ်မက်ပေးလို့ 

ဒီအခန်းကို နေရာပေးထားလိုက်တာတဲ့

ဟိုက်…သွားပြီ သူဟာသူ နေတဲ့ အခန်းကို ကိုယ်က သွား စပ်စုမိတာ ဒီအခန်းက 

အစွန်းဘက်အကျဆုံးနဲ့ ထောင့်ချိုးလေးဆိုတော့ လူရှိနေတောင် ရုတ်တရက် 

မတွေ့နိုင်ဘူး၊၊  ၊၊ဒီအခန်းရှေ့ကို ဖြတ်ပြီးမှ ဟိုတဘက်ခြမ်း 

ဒတ်(Deck)ကလူတွေအခန်းကို သွားလို့ရတာ ကျနော်အပြင် ဒါကိုသိထားတဲ့ 

သူတွေထဲမှာ ကိုE.mateကြီး(သူ့အကြောင်းက သံပြားနင်း သံရေသောက် 

ဟာသများမှာ ရေးထားပါတယ် တိုတိုပြောရရင် လူပုစိတ်တို သဘောကောင်းတဲ့ 

လူရိုးကြီး ) ကအဆိုးဆုံး သူအခန်းနဲ့ အနီးဆုံးဖြစ်သလို ကျနော်တို့ ဘက်ခြမ်းက 

ဘုံအိမ်သာနဲ့ မျက်နှာချင်း ဆိုင်လောက်မှာ ရှိတယ် သူက လဲ ဘုန်းကြီးကျောင်းနား 

သာနေတာ သရဲတစ္ဆေ ဆို တော်တော်ကြောက်တဲ့သူ ကျနော်တို့တွေကလဲ 

ဂျုတီသမားတွေ ဆိုတော့ ကိုယ်အခန်းကိုနေ၊ပြီးရင်အိပ် ဆိုတော့ 

သူခဗျာ တော်တော်လေး အားငယ်နေတယ် 

သိသိချင်းတုန်းကတော့ နောက်သလိုပြောင်သလို ဆိုပေမဲ့ နောက်ပိုင်း သင်္ဘောက 

လက်ထောက် ချက်ကြီး(Second Cook)ကြီးကလဲ ရုတ်တရက် အကောင်းကြီးကနေ 

ဆုံးသွားပြီးနောက်ပိုင်း

သူတော်တော်လေး ကြောက်နေပြီ( ဥပဒါန်ကြောင့် ဥပဒါန် ဖြစ်တယ် ပြောပါတယ်) 

ပြန်ချင်တယ် တောင် ပြောနေတာ သူမှာလဲ ကြွေးပူတွေကလဲ ရှိနေလေတော့ 

သူအပူနဲ့ သူ  ကြိတ်မှိတ်နေရရှာတယ် ထင်တယ်၊၊    ၊၊

 ဒီတော့ သူက အရက်ကြိုက်တဲ့သူမဟုတ်ပေမဲ့ ညနေဆို ဘယ်အခန်းမှာ 

အရက်ဝိုင်းရှိလဲ စုံစမ်းပြီး လူများတဲ့နေရာတွေကို ရွေးနေတယ် ပထမပိုင်းတော့ 

ကျနော်တို့လဲ မရိပ်မိဖူး၊၊  ၊၊ နောက်ပိုင်းမှ ဒီလူ တကယ်ကြောက်နေတာ ဗျ

သူက  အိမ်မက်မက်တဲ့ အကြောင်း၊ ဒီအခန်းနား ဖြတ်သွားရင် လေတိုးသံလိုလို၊ 

ကြက်သီးမွေးညင်းထ ပြီး ကျောချမ်းတဲ့ အကြောင်း ပြောပြရှာတယ် ကျနော်တို့ကလဲ 

ခင်ဗျားဗျာ မကြီးမငယ်နဲ့ လို့ ပြောပေမဲ့ ကိုယ်တိုင်က ဂျုတီ ၀င်လို့ အင်ဂျင်ခန်းထဲ 

(Round Check)လုပ်ရင် သံပိုက်လုံးကိုကိုင်ပြီး၊ဓါတ်မီး တလက်ကို လက်က 

မချရဲဘူး တွေးကြည့်မှ ရယ်ချင်စရာ ဟဲ ဟဲ သရဲခြောက်ပါတယ် ဆိုမှ သံတုတ်ကို 

သရဲက ကြောက်ပါ့မလား  :D နောက် သူငယ်ချင်း တယောက်ကျတော့ သူအခန်းတံခါး 

လက်ကိုင်ဘု မှာစိပ်ပုတီးကြီး ချိတ်ထားတယ် ကျနော်ကမေးတော့ “ဒါ နဲနဲရရ 

ပုတီးမဟုတ်ဖူးကွတဲ့ ဘကြီးဘုန်းကြီးပေးထားတဲ့ သိမ်ဝင်ပုတီးတဲ့ သရဲက 

ဒါကို ကြောက်တယ်တဲ့ သရဲကလာရင် တံခါးကနေ စ၀င်လာမှာတဲ့” ကောင်းရော


သူအယူအဆနဲ့သူတော့ ဟုတ်နေတာဘဲ ကျနော်တို့ စက်ခန်း(Control Room)ထဲမှာ 

လဲ ဖွင့်လိုက်တဲ့ ပရိတ်ကြီး(၁၁)သုတ်၊ရွတ်လိုက်ရတဲ့ သံဗုဒ္ဓေ ဂါထာ

ဘုရားတရားစာ ကတ်ဆတ်ခွေကို နေ့ရောညရော ဖွင့်တာ၊၊  ၊၊တကယ့်ဘုန်းကြီး အစစ် 

သာဆိုရင် ထပြီး နားရင်းအုပ်ပြီ  ကတ်ဆတ်ခွေ မို့လိုသာပေါ့ ကျနော်တို့ 

အသောက်အစားသမား တွေလဲ အကုန် ဘုရားတရားမြဲကုန်တယ် တော်တော်စွမ်းတဲ့ 

ဒီသင်္ဘော သရဲ

ဒီလိုနဲ့ တရက်တော့ ကျနော်ဂျုတီက ညနက်ပိုင်း(၁၂-၀၄)ဆိုတော့ 

အင်ဂျင်ခန်းထဲ လျှောက်ကြည့် ပြီးတော့ လိုအပ်တာတွေ လုပ်ပေါ့၊၊အော်  မေ့လို့ 

ကျနော်တို့လဲ ဂျုတီဝင်နေချိန် အလေးအပေါ့ သွားချင်ရင် အဲဒီအခန်းနားက 

ဘုံအိမ်သာကိုပြေးတက်ရသဗျ ကမန်းကတန်း ဆိုပါတော့ ဗျာ သိပ်ကြာလို့ မရဘူး 

အင်ဂျင်ခန်းက အချက်ပေးအသံ(Alarm) က သင်္ဘောတစီးလုံး ကြားရတာကို 

ကိုယ်ဂျုတီက ညနက်ပိုင်းဆိုတော့ အခြားအိပ်နေသူတွေ 

စိတ်အနှောင့်အယှတ်မဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပေးရတာကို

ဒီလိုနဲ့ မနက် စောစော အာရုံချိန်လေး  အပေါ့စွန့်ဘို့ အသွား ကိုယ်မထင်ထားတာနဲ့ 

တန်းတိုးပါလေရော  ကျနော်က အသံ အရင်ကြားတာ  ညီးသံလိုလို၊ ညှစ်သံလိုလို ငါကို 

သရဲ ခြောက်ပြီ ပေါ့ လန့်နေတာ ကိုယ်ကလဲ သံတုတ်ကို လက်က ဆ နေပြီ 


(အဲဒီအချိန်က စိတ်ကူးပြောပါတယ် သရဲကို လက်ဦးမှု 

ယူမယ်ပေါ့ နောက်ပိုင်းပြန်တွေးကြည့်မှ ငါတော်တော်ကြောင်တာဘဲ လို့ ပြုံးမိတယ်  ) 

“ ဖြုန်း” ဆို ကျနော်က လဲ အိမ်သာအခန်းကို အ၀င် သရဲက ငုတ်တုတ်လေး ထိုင်ရာက  

 မော့ အကြည့် “အမယ်လေး” ဆိုပြီး ကြောင်ကြည့်နေတဲ့ သရဲက “ဟေ့ ကောင် 

ငါပါကွတဲ့” အသံပေးတာမြန်လို့ပေါ့ နို့မို့ဆို သံတုတ်စာ မိပြီလေ၊၊   ၊၊ ဘယ်ဟုတ်မလဲ 

ကိုရွှေE mate ကြီးက စောစောစီးစီး ၀မ်းထသွားတာ တံခါးမပိတ်ဖူး၊၊ ကြောက်လို့တဲ့    

၊ပက်ပင်းကြီးကိုတိုးတာ ပြီးမှ တယောက်အဖြစ်တယောက်ကြည့်ပြီး 

ရယ်နိုင်တော့တယ်ဗျာ  ဒါကြောင့် ကိုယ်ရဲ့ ကြောက်စိတ်ကပဲ ကိုယ်ကို ဒုက္ခပေး 

တာလေ၊၊              ၊၊ နောက်မှဆက်စပ်တွေးကြည့်တော့ ဒီအခန်းနဲ့ 

ကပ်လျက်အခန်းက အသားငါးထားတဲ့ အအေးခန်း ဆိုတော့ 

ဖြတ်သွားရင် ကျောချမ်းတာပေါ့၊၊   လေတိုးသံ ဆိုတာ ကလဲ အအေးခန်းစနစ်မှာ ပါတဲ့


သာမိုစတပ်(Thermo static valve)ဗား ဖွင့် တဲ့အခါ ဂတ်စ်(gas) ဖြတ်စီးတဲ့ 

အသံထွက်တယ်ဗျ သူပြောတဲ့ လေတိုးသံလိုလို၊နောက်ကဘဲ လှမ်းခေါ်သလိုလိုပေါ့၊၊   ၊၊ 

ဒီကို သိတော့မှဘဲ ကျနော်တို့က မကြောက်တော့ ပေမဲ့ မနေရဲတဲ့ ကိုE mate ကတော့ 

သူကြီးကို ပြောပြီး ဇွတ်ကြီးကို အခန်းပြောင်းတော့ တာဘဲဗျာ

တခါတလေ သင်္ဘောပေါ် လူသစ်တွေ ရောက်လာရင် စတာနောက်တာ ၀ါသနာပါတဲ့ 

စီနီယာကြီးတွေက ကျပ်တတ်(စတာနောက်တာ)ကျတယ်ဗျ အပျော်သဘောပေမဲ့ 

အကြောက်လွန်တဲ့သူနဲ့လဲ တွေ့ရော ဟာသတွေဖြစ်ကုန်ရောပေါ့

ကျနော်လို ပြန်ပြီး ဖွတဲ့ လူကပါနေတော့ ဖေ့ဘွက်မှာပါ နာမည်ကြီးရောပေါ့  ဟဲ ဟဲ

မျိုးငယ်(၈.၇.၂၀၁၃)



Friday, August 16, 2013

ကွမ်းကြိုက်တဲ့ ပင်လယ်ပျော်


ကျနော် တို့ သင်္ဘောသားတွေမှာ ကိုယ်အကြိုက်လေးတွေ ရှိတတ်ကျတယ်ဗျ ကျနော်ဆိုရင် သင်္ဘောပေါ် ရောက်ရင် လက်ဖက်ရည် ကျစိမ့် ကို တော်တော် လေး လွမ်းတယ်ဗျ  ရွာက သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ရတဲ့ ဖီလင် ကို ဘာနဲ့မှ မလဲနိုင်ဘူးဗျ ကော်ဖီမစ်နဲ့ အစားထိုးပေမဲ့ ကျစိမ့်ရဲ့ အရသာကို မရ
နို်င်ဘူးဗျ
ကျနော်တို့ စင်ကာပူက Sign off လုပ်တော့ အေးဂျင့်က မင်းတို့ ဘယ်သွားချင်လဲတဲ့ ကျနော်တို့လိုင်းက အမေရိကနဲ့ အာဖရိက ချည်း သွားနေရတော့ ကျနော်တို့ အတွက်က စင်ကာပူက ကြုံတောင့် ကြုံခဲ ရောက်ရတာကို ဒါနဲ့ပဲ ကျနော်တို့ အဖွဲ့တွေ စင်ကာပူမှာ သိပ်နာမည်ကြီးတဲ့ ပင်နီစူလာ ကို သွားဘို့ ဆုံးဖြတ်လိုက်ကျတယ် ပင်နီစူလာ ကုန်တိုက်ဂိတ်ပေါက်မှာတင်ပဲ မြန်မာစကားသံတွေ ကြားနေရပြီ
ရန်ကုန်များ ပြန်ရောက်နေသလား အောက်မေ့ရတယ်(
မြနန္ဒာဆိုင်မှာ လက်ဖက်ရည်သောက်ရင်း စိုင်းထီးဆိုင်သီချင်း
နားထောင်ဖြစ်ခဲ့တယ် ဆိုပါတော့ဗျာ)
ဒါနဲ့ကုန်တိုက်ထဲ လျှောက်ကြည့်ရင်း စတွေ့တာ မြန်မာ ကွမ်းယာဆိုင်ကို စတွေ့တာပဲ တော်တော်လေး
အံသြသွားတယ်ဗျ ဒီလောက် စည်းကမ်းကြီးတယ် ဆိုပြီး
နာမည်ကြီးတဲ့ နိုင်ငံမှာ ကွမ်းတံတွေး ထွေးရင် ပြဿနာ
တတ်နိုင်တာကို သိထားတယ်လေ(စင်ကာပူက ကြိမ်ဒဏ်က
တော်တော်ဆိုးတယ်လို့ သိထားတယ်လေ)ကျနော်တို့ အဖွဲ့ထဲက
ကွမ်းကြိုက်တဲ့ ဆရာတွေ အကြိုက်ပေါ့ ကွမ်းယာနဲ့ ပတ်သတ်လို့
သင်္ဘောမှာ ပြဿနာဖြစ်ခဲ့တဲ့ အကြောင်း လေး ခေါင်းထဲ
ရောက်လာတယ် ဒါနဲ့ဘဲ ဒီပို့စ်ကိုရေးဘို့ စိတ်ကူးဖြစ်သွားတယ်ဗျာ
ကဲ ထားတော့ ကွမ်းယာကြောင့် ဘယ်လို ဆက်ဖြစ်သလဲ သိရအောင်  ဆက်အုံးစို့  ကျနော်တို့ စီးခဲ့တဲ့ သင်္ဘော မှာ
ကွမ်းကြိုက်တဲ့ ဆရာတွေရှိသဗျ တိုတိုပြောရရင် ကွမ်းသီးနဲ့မြန်မာဆေး၊အာမွေး ၊နိုင်းတီတူး အော်စုံလို့ရယ်
ဒါတွေကို ရန်ကုန်က လာပြီး သင်္ဘောလာတက်သူက တကူးတက သယ်လာပေးရရှာတယ် လူမှုရေး ခင်မင်မှုအရပေါ့ ကွမ်းရွက်ကတော့
သင်္ဘောမှာ အစောင့် လာလုပ်တဲ့ ကုလားအဖိုးကြီးကို ပိုက်ဆံပေးပြီး ၀ယ်ခိုင်းရတယ်(ကိုရွှေတွေက မဖြစ်ဖြစ်အောင်လုပ်တဲ့နေရာမှာတော့ ‘ စံ’ ပဲ) ကွမ်းအနုတော့ မဟုတ်ဘူးဗျ ကွမ်းကြမ်း ဆိုပါတော့
ကျနော်တို့ ရွှေတွေ ကွမ်းစားတာ တော်တော်လေး ကြာနေပေမဲ့
ပိုလန် သူကြီးနဲ့စက်ချုပ်က ပြဿနာမရှာဘူးဗျ သူတို့ကို ကျနော်တို့က ရိုးရာ ပီကေ ဆိုပြီး ပြောထားတာ ဒီလိုနဲ့ နေလာတာ တော်တော်ကြာပြီဗျ သိပ်မကြာခင် နောက်အသစ်ရောက်လာတဲ့
ပိုလန် ဓါတ်ကြိုး(Electrian)ရောက်လာမှ ပြဿနာ စတက်တော့တာပဲ သူက ကိုရွှေတွေ ဘာစားစား အကုန်လိုက်စားတယ် နောက်ဆုံး ပိတ် ဆင်တုံးမနွယ် အစာကြေဆေးတောင် မချန်ဘူး ရွှေတွေကလဲ သူကို ခင်တာရော စားကြည့်ပေါ့ ဆိုပြီး ကျွေးတာပေါ့ ဒါနဲ့ တရက်တော့
သူက မြန်မာတွေ ကွမ်းဝါးတာကို သဘောတွေကျနေပါရော
ကျနော်တို့က မင်းစားလို့ဖြစ်ပါ့ မလားပေါ့ မေးတယ် သူကလဲ ဖြစ်တယ်ပေါ့
ဒါနဲ့ သူကို ကွမ်းကျွေးလိုက်တယ် ဆိုပါတော့ဗျာ ကျနော်တို့က
ကွမ်းတံတွေးကို ထွေးထုတ်ဘို့ပြောတယ် သူက ဒါကို မျိုချတယ်
ပထမတော့ သိပ်မသိမသာ မူးပေမဲ့ နောက်ပိုင်း သူမခံနိုင်တော့ ချွေးစေးတွေ ပြန်ပြီးတော့ မရှုနိုင်မကယ်နိုင်
ဖြစ်တော့တာပဲ(ကွမ်းမူးတာ အရက်မူးတာထက်ဆိုးတာ ကိုဗျ )ဖြစ်ချင်တော့
ပိုလန်စက်ချုပ်က သူ့ကို ရှာနေတဲ့အချိန် သူမူးနေတာကိုလဲ မြင်ရော
မင်းတို့ မူးယစ်ဆေးဝါး သုံးတယ်ဆိုပြီး ဓါတ်ကြိုး အပါအ၀င်
ရွှေတွေကိုရော ရဲစခန်း ပို့မယ်ချည်း လုပ်တော့တာပဲ ကျန်တဲ့ ရွှေ အရာရှိတွေက တော်တော်လေး ရှင်းပြတောင်းပန်လိုက်ရတာ အမှတ်တရပါပဲဗျာ နောက်ဆုံး တော့
ကွမ်းစားခွင့် ကို ဒီစက်ချုပ်ကြီး ပြန်မှပဲ ပြန်ရတော့တယ်
ဒီလိုပဲ ကိုယ်ရွှေတွေ အကြိုက်ကို နိုင်ငံခြားသားက မသိတော့
ကံကောင်းလို့ ရဲစခန်းရောက်တော့ မလို့ ကျနော်တို့
သင်္ဘောစတက်မယ် ဆိုကတည်းက ALCHOL & DRUG POLICY
ဆိုပြီး ၀န်ခံ လက်မှတ်ထိုးခဲ့ရတယ်လေ အခန့်မသင့်ရင် ထောင်ကို
တန်းနေတာပဲလေ တခါတလေ ကိုယ့် အမှုမဲ့ အမှတ်မဲ့ လုပ်လိုက်တာလေးက ပြဿနာ ကြီးဖြစ်သွားနိုင်တယ်ဗျ ဒါကိုတော့
သတိချပ်စေချင်တယ် ကိုယ်ဘော်ဒါပင်လယ်ပျော်တို့ရေ 
မျိုးငယ်(၂၂.၇.၂၀၁၃)