Friday, December 27, 2013

သင်္ဘောသား နှင့် ထမင်းပေါင်း

Thiha



တနေ့ က certificate ထုတ်ဖို့  DMA ရုံးရောက်ဖြစ်တယ်... အပြန်မှာ နာရီကြည့်တော့ ၁၂ နာရီထိုးနေပြီ... အဲဒါနဲ့ ဆာနေတဲ့ဗိုက်ပြဿနာ ကိုရှင်းဖို့ ထမင်းပေါင်းဆိုင်လေးထဲ ၀င်ထိုင်လိုက်တယ်... ကျွန်တော့်နောက်ဝိုင်းမှာ နောင်တော်ကြီးတွေ ၃ ယောက်လဲထိုင်နေကြတယ်...အဲထဲက တစ်ယောက်က ဘာစိတ်ကူးပေါက်တယ်မသိဘူး ထမေးလိုက်တယ်... " သင်္ဘောသားတွေ ဘာလို့ ထမင်းပေါင်းကြိုက်ကြလဲ သိလား? " တဲ့ ... ကျွန်တော်လဲ စိတ်ဝင်စားသွားတာနဲ့ ဆက်နားထောင်နေလိုက်မိတယ်... " ထမင်းပေါင်းက လျှောကနဲဆို ၀င်သွားတာဗျ... ရေသောက်နေစရာ မလိုဘူး " အားလုံးရယ်ကြပေမဲ့ ကျွန်တော် မရယ်ဖြစ်ခဲ့ဘူး... ဘာလို့ လဲဆိုတော့ ဒါဟာ သင်္ဘောသားတစ်ယောက်ရဲ့ real life ပဲလေ... ထမင်းတစ်လုပ်ကို ဇိမ်ခံစားနေဖို့ အချိန်မရှိတော့ ထမင်းပေါင်းက အဆင်ပြေတာပေါ့... စိတ်ထဲတော့ နင့်နေတယ်... ဒီအကြောင်းတွေကို အပြင်လောက, ကလူတွေသိပါလေစ...

No comments:

Post a Comment