Wednesday, June 5, 2013

"Hull, Bottom & Tank Corrosion Protection"

 

Fig. Type of corrosion  

Corrosion တွေကို၊ Uniform corrosion, Concentration cell corrosion, Inter-granular corrosion ဆိုတဲ့ Exfoliation corrosion, Atmospheric corrosion, Erosion corrosion, Fretting corrosion, De-alloying corrosion, Formicary corrosion ဆိုတဲ့ Ant-net corrosion, MIC ဆိုတဲ့ Microbiological corrosion, Galvanic corrosion သို့မဟုတ် Bimetallic corrosion, Crevice corrosion ဆိုတဲ့ Pitting corrosion , Cracking ဆိုတဲ့ Stress corrosion, Cavitation corrosion, Hydrogen embitterment corrosion, Immunity corrosion နဲ့ Corrosion fatigue ဆိုပြီး သတ်မှတ်ထားကြပါတယ်။

ပင်လယ်ရေ sea water နဲ့ ဆားဓါတ်ပါတဲ့ ရေခိုးရေငွေ့ sea moisture တွေကို၊ အမြဲထိတွေ့နေရတဲ့ သဘော်အတွက်တော့၊ corrosion ဖြစ်ပေါါမှုဟာ၊ ရှောင်လွှဲလို့ မရနိုင်တဲ့ ကိစ္စဖြစ်ပြီး၊ လျှော့ချဖို့ကိုသာ၊ အတတ်နိုင်ဆုံးကြိုးစားရပါတယ်။ ပင်လယ်ရေနဲ့ ရေခိုးရေငွေ့တွေကို၊ အမြဲထိတွေ့နေရတဲ့ material တွေရဲ့ corrosion ဖြစ်ပေါါမှု process reaction ကို 'chemical reaction process' နဲ့ 'electrochemical reaction process' ဆိုပြီး၊ ခွဲခြားနိုင်ပါတယ်။   

'Chemical reactions process' - သဘော်တွေရဲ့ သံသားမျက်နှာပြင် iron steel surface နဲ့ လေထုထဲမှ atmospheric oxygen တို့ထိတွေ့ရာမှ၊ iron တွေပြိုကွဲကာ chemical reaction process အနေနဲ့ iron oxide ဖြစ်ပေါါလာပါတယ်။ iron oxide ဟာ ရေနဲ့ ရေခိုးရေငွေ့တို့ဖြင့်၊ ထပ်မံထိတွေ့ခြင်းကြောင့်၊ iron hydroxide သို့မဟုတ် rust လို့ခေါါတဲ့ သံချေးတွေပေါါပေါက်လာပါတယ်။ rust ဟာ oxygen နဲ့ ဆက်တိုက်ထိတွေ့ခြင်းဖြင့် သံချေးတက် ဧရိယာပမာဏ၊ ပွားများလာပါတယ်။ oxygen ပါဝင်မှုနည်းတဲ့ stainless steel material ရဲ့ ပထမအလွှာမှ oxide layer မှာတော့ chemical reactions  မဖြစ်ပေါါနိုင်ကိုလည်း၊ တွေ့ရပါတယ်။

'Electrochemical reactions process' - အချို့သောသတ္တု metal တွေရဲ့ acid, bases နဲ့ ဓါတ်ငွေ့ဖွဲ့စည်းမှု gas compound တွေအတွင်း၊ iron ပြိုကွဲမှုကြောင့်၊ electrochemical reaction process ဖြစ်ပေါါလာပါတယ်။ metal compound တွေထဲမှ ပြိုကွဲထွက်လာတဲ့ iron တွေရဲ့ ရွှေ့လျှားမှုကြောင့် လျှပ်စီးမှု current flow ဖြစ်ပေါါပြီး၊ 'galvanic current flow' လို့ခေါါပါတယ်။ iron ပြိုကွဲမှုကြောင့် ရေနဲ့ ထိတွေနေတဲ့ သဘော်ကိုယ်ထည် သံပြားတွေမှာ negative iron ဖြစ်ပေါါလာပြီး၊ ရေမှာတော့ positive iron ဖြစ်ပေါါပါတယ်။

ရှောင်လွှဲလို့မရတဲ့ corrosion ကိုလျှော့ချနိုင်ရန် တစ်နည်းအားဖြင့် electrochemical reactions process ကို အဓိကထားကာ၊ လျှော့ချနိုင်ရန်၊ သဘော်တွေမှာ 'ဆေးသုတ်ခြင်း' ဆိုတဲ့  by painting the metal surface that is continuously exposed to water or moisture,  'sacrificial anode များတတ်ဆင်ခြင်း' ဆိုတဲ့ by reversing the current using sacrificial anode နဲ့ 'ICPP' ဆိုတဲ့ 'impressed current cathodic protection system တတ်ဆင်ခြင်း' စတဲ့ နည်းလမ်းတွေကို အသုံးပြုကြပါတယ်။ သဘော်တွေအတွက် corrosion protection အနေနဲ့၊ corrosion ကိုလျှော့ချရာမှာ  ဆေးသုတ်ခြင်းဆိုတဲ့ painting ကို၊ primary protection အဖြစ်သတ်မှတ်နိုင်ပြီး၊ sacrificial anode တတ်ဆင်ခြင်းနဲ့ impressed current cathodic protection system တတ်ဆင်ခြင်း တို့ကိုတော့ secondary protection အဖြစ် သတ်မှတ်နိုင်ပါတယ်။ အရည်အသွေးညံ့တဲ့ သုတ်ဆေး paint ကို အသုံးပြုထားပြီး၊ သုတ်ဆေးအလွှာ paint coating လည်း၊ 'ပါး' ခဲ့လျှင် sacrificial anode တွေရဲ့ သက်တမ်း၊ တိုတောင်းသွားနိုင်ပါတယ်။

 

Fig. galvanic current flow
 
ရေထဲမှ အမျိုးအစားမတူတဲ့ သတ္တုအလွှာ (၂) ခုကြားမှာ၊ အိုင်းယွန်းတွေရဲ့ ရွှေ့လျှားမှုကြောင့် 'လျှပ်စီး' ဆိုတဲ့ current flow ဟာ higher potential သတ္တုမှ၊ lower potential သတ္တုသို့ စီးဆင်းပါတယ်။ lower potential သတ္တုမှ iron တွေဟာ galvanic current flow ကြောင့် တဖြည်းဖြည်းနဲ့ ရေထဲသို့ စီးဆင်းသွားသလို၊ အချိန်အတိုင်းအတာ တခုသို့ ရောက်သွားတဲ့အခါမှာတော့ lower potential သတ္တုမှာ iron လုံးဝမကျန်တော့တဲ့ အခြေအနေဖြစ်ပေါါလာပြီး၊ 'anodic reaction' လို့ခေါါပါတယ်။ 
 
 
 
Fig. (A) - Corrosion in tank, (B) - Anodes on Rudder blade 
 
သဘော်သံပြားတွေမှာ၊ lower potential သတ္တု အမျိုးအစားကို၊ တတ်ဆင်ပြီး၊ 'anode' လို့အမည်ပေးကာ၊ higher potential သတ္တုဖြစ်တဲ့ သဘော်သံပြားကိုတော့ 'cathode' လို့ အမည်ပေးပါတယ်။ hull plate ဆိုတဲ့၊ သဘော်ကိုယ်ထည် သံပြားတွေမှာမက၊ propeller နဲ့အနီးတဝိုက် ဧရိယာတွေ၊ pipeline တွေနဲ့ heat exchanger တွေမှာလည်း၊ lower potential သတ္တု အမျိုးအစားဖြစ်တဲ့ zinc နဲ့ aluminum တို့ကို၊ anode အဖြစ် တတ်ဆင်ပြီး၊ secondary corrosion protection အား၊ ဆောင်ရွက်ကြပါတယ်။  
 
တနည်းအားဖြင့် oxidation လို့ခေါါတဲ့ corrosion ဟာ၊ anodic zone မှာသာ ဖြစ်ပေါါပြီး၊ cathodic zone မှာ မဖြစ်ပေါါနိုင်တဲ့အတွက်၊ corrosion မပေါါပေါက်စေချင်တဲ့ metal surface ကို၊ cathodic zone အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်ပါတယ်။ corrosion protection လို့ခေါါတဲ့ corrosion prevention အတွက်၊ အသုံးပြုတဲ့ cathodic protection system ကို၊ "Hull cathodic protection system" သို့မဟုတ် "Sacrificial anode protection system" နဲ့ ICCP  ဆိုတဲ့ "Impressed current cathodic protection system" ဆိုပြီး ခွဲခြားနိုင်ပါတယ်။   

'Sacrificial anode protection system' - သဘော်ရဲ့ hull, bottom နဲ့ tank တွေမှာ ဖြစ်ပေါါတဲ့ corrosion ဟာ၊ electrochemical reaction ကြောင့် ပေါါပေါက်လာတာဖြစ်ပြီး၊ 'uniform corrosion' လို့ခေါါပါတယ်။ anode နဲ့ cathode တို့ကို၊ common electrolyte အရည်တခုအတွင်း၊ 'နှစ်' လိုက်တဲ့အခါ၊ electrochemical reaction ဖြစ်ပေါါလာပါတယ်။ electrochemical reaction ဟာ၊ corrosion process ဖြစ်ပြီး၊ electrolyte ကိုဖြတ်ကာ၊ anode မှ cathode သို့၊ current flow တခု စီးဆင်းသွားခြင်းဖြစ်ပါတယ်။
 
anode မှ cathode သို့၊ current flow စီးဆင်းရာမှ၊ ပေါါပေါက်လာတဲ့ current ရဲ့ magnitude ဟာ၊ metal lost လို့ခေါါတဲ့ corrosion နဲ့ တိုက်ရိုက်အချိုးကျပြီး၊ 1 ampere ပမာဏရှိတဲ့ current flow ဟာ၊ steel ကို၊ တနှစ် 9 Kg အလေးချိန်ခန့်၊ corroding surface အဖြစ်၊ ပေါါပေါက်စေနိုင်တာကို တွေ့ရပါတယ်။ sacrificial anode protection system ဟာ၊ လျှပ်စစ်ဓါတ်အား အသုံးပြုပြီး၊ ဆောင်ရွက်ခြင်းမရှိသလို၊ installation လို့ခေါါတဲ့ တတ်ဆင်မှု အပိုင်းမှာလည်း လွယ်ကူတာကို၊ တွေ့ရပါတယ်။ ဒါ့အပြင် တတ်ဆင်ထားတဲ့၊ anode တွေ၊ ကုန်ဆုံးသွားတဲ့အထိ၊ corrosion protection အား၊ ဆောင်ရွက်ပေးနိုင်ပါတယ်။ 
 
"Hull cathodic protection system" ဆိုတဲ့ "Sacrificial anode protection system" ကို၊ metal တခုအား ကာကွယ်ရန်အတွက်၊ အခြား metal တခုမှ စတေးခံခြင်းလို့ ဆိုနိုင်ပါတယ်။ စတေးခံရတဲ့ sacrificial anode ဟာ၊ active metal ဖြစ်ပြီး၊ steel structure မှာပေါါပေါက်လာမယ့်၊ corrosion ဖြစ်ပေါါမှုအား၊ တားဆီးရန်၊ steel structure နဲ့အတူ coupling အနေနဲ့ တွဲဖက်ပြီး၊ တတ်ဆင်ထားပါတယ်။ အမျိုးအစားမတူတဲ့ သတ္ထု metal သို့မဟုတ် သတ္ထုစပ် alloy (၂) မျိုးကို၊ တွဲဆက်ပြီး၊ electrolyte form အနေနဲ့ ဖြစ်ပေါါစေခြင်းကို၊ galvanic couple သို့မဟုတ် galvanic cell လို့ခေါါပါတယ်။  

aluminum, zinc နဲ့ magnesium anodes တွေကို၊ galvanic anodes တွေ အဖြစ်၊ အသုံးပြုတဲ့အခါ၊ galvanic reaction ပိုမိုကောင်းမွန်တာကိုတွေ့ရပါတယ်။ တနည်းအားဖြင့် current ပိုမိုထုတ်ပေးနိုင်တယ်လို့၊ ဆိုနိုင်ပါတယ်။ သဘော်ရဲ့ hull ကို cathode အဖြစ်၊ ယူဆတဲ့အခါ cathode မှထွက်လာတဲ့ corrosion current ရဲ့ magnitude အား၊ galvanic anodes တွေမှထုတ်ပေးတဲ့ protective current ဖြင့်၊ ဖိသိပ်ခြေဖျက်ခြင်းဖြစ်ပါတယ်။

 
 
Fig. (A) - Freely flowing corrosion current from anode to cathode and (B) - Flow of corrosion current suppressed by protective current discharged from sacrificial anode  

မည်သည့် metal သို့မဟုတ် alloy ကိုမဆို၊ conductive electrolyte တခုခုအတွင်း နှစ်လိုက်တဲ့အခါ၊ open circuit potential လို့ခေါါတဲ့ unique corrosion potential တွေဖြစ်ပေါါလာပါတယ်။ 'Galvanic series' အရ၊ မည်သည့် metal သို့မဟုတ် alloy အမျိုးအစားမှာမဆို၊ ပင်လယ်ရေနဲ့ထိတွေ့တဲ့အခါ၊ more active သို့မဟုတ် prone to corrosion လို့ခေါါတဲ့၊ corrosion ဖြစ်လွယ်တဲ့သတ္တိတွေရှိသလို၊ noble သို့မဟုတ် corrosion resistant လို့ခေါါတဲ့၊ corrosion ဖြစ်ပေါါဖို့မလွယ်ကူတဲ့၊ ဂုဏ်သတ္တိတွေလည်း၊ ရှိပါတယ်။
 
conductive environment လို့ခေါါတဲ့၊ electrolyte တခုခုအတွင်းမှာ၊ အမျိုးအစား မတူတဲ့သတ္တု (၂) မျိုးကို၊ electrical connection အနေနဲ့ ဆက်သွယ်ပြီး၊ နှစ်လိုက်တဲ့ အခါ၊ electrons တွေဟာ active ဖြစ်တဲ့၊ သတ္တုမှ noble ဖြစ်တဲ့ သတ္တုဖက်သို့၊ စီးဆင်းပါတယ်။ active ဖြစ်တဲ့၊ သတ္တုဟာ negative surface ဖြစ်ပြီး၊ noble ဖြစ်တဲ့ သတ္တုဟာ၊ positive surface ဖြစ်တဲ့အတွက်၊ electrons flow ကြောင့် noble metal မှာ၊ negative potentials တွေပိုမိုဖြစ်ပေါါလာပြီး၊ cathodic polarization လို့ခေါါပါတယ်။ electron တွေရွှေ့လျားရာမှပေါါပေါက်လာတဲ့ current flow နဲ့ polarization ဟာ၊ noble metal မှာ corrosion ဖြစ်ပေါါမှုကို တားဆီးပေးပါတယ်။ 

 
 
Fig. Anodic reaction  

zinc နဲ့ steel တို့ကို၊ တွဲမဆက်ပဲ၊ သီးခြားတခုစီ sea water နဲ့ထိတွေ့စေတဲ့အခါ၊ 'Anodic reaction' အရ၊ steel surface မှာ excess flow အနေနဲ့ electrons တွေကို ပိုမိုစီးဆင်းစေနိုင်မယ်ဆိုရင်၊ steel ရဲ့ oxidation ကျဆင်းသွားမှာဖြစ်ပါတယ်။ zinc block တုံးကို၊ steel hull အပေါါမှာ welding ဆော်ပြီး၊ galvanic couple အနေနဲ့တွဲဆက်ကာ ပင်လယ်ရေနဲ့ထိတွေ့စေတဲ့အခါ၊ active metal ဖြစ်တဲ့၊ zinc မှာသာ၊ corrosion ပိုဖြစ်ပြီး၊ noble metal ဖြစ်တဲ့ steel မှာ corrosion ဖြစ်ပေါါမှုနည်းသွားတာ ကိုတွေ့ရပါတယ်။ တနည်းအားဖြင့် negative potentials တွေထုတ်ပေးမယ့် active metal တခုခုနဲ့ တွဲဆက်ပြီး၊ reverse reaction အနေနဲ့ driving force ကို ပိုမိုပေးသွင်းကာ၊ oxidation ကိုလျှော့ချခြင်း ဖြစ်ပါတယ်။
 
sacrificial anodes အဖြစ်အသုံးပြုမယ့်၊ metal ရဲ့ elector-chemical properties ဟာ၊ အရေးကြီးပါတယ်။ electrolyte တွေမှာ resistance ရှိတဲ့အတွက်၊ sacrificial anode မှ corrosion potential ဟာ၊ ပင်လယ်ရေလို electrolyte အတွင်းမှ၊ ဖြတ်သန်းသွားရပါတယ်။ sacrificial anode ဟာ၊ လုံလောက်တဲ့ driven current ကိုထုတ်ပေးနိုင်တဲ့ negative သို့မဟုတ် active metal ဖြစ်ရန်လိုအပ်ပါတယ်။ sacrificial anode အဖြစ် zinc ကိုအသုံးပြုသလို၊ aluminum ကိုလည်း အသုံးပြုနိုင်ပါတယ်။ zinc ကို aluminum နဲ့နှိုင်းယှဉ်အသုံးပြုကြည့်တဲ့အခါ၊ သက်တမ်း တိုတာကို တွေ့ရပါတယ်။ တနည်းအားဖြင့် zinc ရဲ့ corrosion protection rate ဟာ၊ aluminum ထက်နည်းတယ်လို့ ဆိုနိုင်ပါတယ်။ ဈေးနှုံးအရလည်း aluminum ဟာ သက်သာပေမယ့်၊ သဘော်တွေမှာ အစဉ်အလာတခုလို၊ zinc ကိုသာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။  
 
anode မှထုတ်ပေးတဲ့ current အနည်းအများပေါါမူတည်ပြီး၊ corrosion protection ကို၊ ဆောင်ရွက်တာဖြစ်သလို၊ anode တွေ၊ ကုန်မသွားပဲ ရေရှည်အသုံးနိုင်စေရန်၊ current အနည်းအများကို၊ ချိန်ညှိပေးလို့ မရသလို၊ hull မှာ တတ်ဆင်ထားတဲ့ anodes တွေရဲ့ ပွန်းစားမှုဟာ၊ သဘော်မောင်းနှင် သွားလာရာမှ ပေါါပေါက်လာတဲ့၊ hull pressure နဲ့ turbulent flow အနည်းအများအပေါါ မူတည်နေပါတယ်။ တတ်ဆင်ထားတဲ့ anodes တွေကြောင့် သဘော်ရဲ့ hull drag နဲ့ fuel consumption တိုးလာနိုင်သလို၊ သက်တမ်းအနေနဲ့ အများဆုံး (၃) နှစ် အထိသာခံပြီး၊ အသစ်လဲလှယ်ပေးရန် လိုအပ်ပါတယ်။ 

'Impressed current cathodic protection system' - ICCP ဆိုတဲ့ Impressed current cathodic protection system ရဲ့ အခြေခံအလုပ်လုပ်ပုံဟာ၊ Sacrificial anode protection system အခြေခံအလုပ်လုပ်ပုံနဲ့ ဆင်တူပြီး၊ vulnerable material ဆိုတဲ့ electrons တွေ၊ ပိုမိုထုတ်ပေးမယ့်၊ သတ္တုတမျိုးကိုအသုံးပြုကာ၊ အခြား သတ္တုတခုသို့ reverse direction အနေနဲ့ စီးဆင်းစေပြီး၊ corrosion rate အား လျှော့ချတာခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် vulnerable material တခုခုကို၊ galvanic anode အနေနဲ့ အသုံးပြုကာ၊ ပြင်ပမှ DC current အား၊ galvanic anodes အတွင်းသို့ပေးသွင်းပြီး၊ protective current ထုတ်ယူခြင်းလို့ ဆိုနိုင်ပါတယ်။ ယေဘုယျ အားဖြင့် graphite, silicon iron, lead alloy နဲ့ platinised metals တွေကို၊ galvanic anode အဖြစ် အသုံးပြုလေ့ရှိပါတယ်။ 
 
 
 
Fig. Anodic reaction
 
'M' ဟာ၊ metal ရဲ့ atomic symbol ဖြစ်ပြီး၊ 'n' ကတော့၊ reaction မှာ ဖြစ်ပေါါလာမယ့်၊ electron အရည်အတွက်ဖြစ်ပါတယ်။ 'Anodic reaction' အရ၊ steel surface မှာ excess flow အနေနဲ့ electrons တွေကို၊ ပိုမိုစီးဆင်းစေမယ်ဆိုလျှင်၊ steel ရဲ့ cathodic polarization ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ICCP system ဟာ၊ conductive electrolyte တခုခုအတွင်းမှာပေါါပေါက်လာမယ့်၊ metal ရဲ့ open circuit potential လို့ခေါါတဲ့ unique corrosion potential ကို၊ ပြင်ပမှ electric current ပေးသွင်းကာ၊ fixed value အနေနဲ့ ထိမ်းညှိထားခြင်းဖြစ်ပါတယ်။ potential ကို fixed အနေနဲ့ controlled လုပ်ထားတဲ့အခါ၊ metal မှာ 'anodic dissolution' မပေါါပေါက်နိုင်တော့အတွက်၊ sacrificial anodes တွေလို၊ စားသွားခြင်း မရှိတော့သလို၊ corrosion ကိုလည်းလျှော့ချနိုင်ပါတယ်။  
 

Fig. Basic ICCP system 
 
ICCP system မှာ အဓိကပါဝင်တဲ့ အစိတ်အပိုင်းတွေကတော့၊ power supply, AC signal ကို DC signal အဖြစ်ပြောင်းလဲပေးမယ့်၊ transformer - rectifier, anode, reference electrodes နဲ့ dielectric shield တို့ဖြစ်ပါတယ်။ dielectric shield ဟာ anode နဲ့ hull plate တို့ကို၊ short current အနေနဲ့စီးဆင်း မသွားစေရန် တားဆီးပေးပါတယ်။ အသုံးပြုထားတဲ့ vulnerable material ဆိုတဲ့ anodes တွေဟာ၊ corrosion resistance ရှိတဲ့၊ anodes တွေဖြစ်သလို၊ low resistance current flow anodes တွေလည်း ဖြစ်ပါတယ်။ ICCP anodes တွေ အဖြစ်၊ solid platinum anodes, platinum coated titanium anodes နဲ့ platinized niobium anodes တွေကို၊ အသုံးပြုကြပါတယ်။
 
ICCP system ဟာ၊ power supply operating range ပေါါမူတည်ပြီး၊ protective current ပမာဏအများအပြားကို ထုတ်ပေးနိုင်သလို၊ anodes အသစ်တွေနဲ့ လှဲလှယ် အစားထိုးရန်၊ မလိုအပ်တဲ့ protection system လည်းဖြစ်ပါတယ်။ anode အရည်အတွက်အနည်းငယ်သာ အသုံးပြုထားတဲ့ အတွက်၊ သဘော်ရဲ့ hull drag နဲ့ fuel consumption မှာ၊ အပြောင်းအလဲမရှိတော့ပေမယ့်၊ စတင်တတ်ဆင်တဲ့အခါ၊ initial cost မြင့်မားတဲ့ corrosion protection system လည်းဖြစ်ပါတယ်။  

'Propeller shaft earthing system' - cooled region ဆိုတဲ့၊ အအေးပိုင်းဒေသတွေ အပါအဝင် နေရာအနှံ့သွားလာရန်၊ ရည်ရွယ် တည်ဆောက်ထားတဲ့ သဘော်တွေမှာ၊ inboard stern tube bearing cooling system အတွက်၊ sea water အသုံးမပြုပဲ၊ lubricating oil ကိုသာ အသုံးပြုကြပါတယ်။ stern tube bearing lubricating oil ဟာ သဘော်ရဲ့ hull နဲ့ propeller shaft အကြားမှာ၊ electrical insulator အနေနဲ့ တည်ရှိနေပါတယ်။ ဒါ့အပြင် inboard နဲ့ outboard stern tube bearings တွေဟာ၊ non-metallic bearings တွေဖြစ်ခဲ့လျှင် hull နဲ့ propeller shaft ကြားမှာ၊ insulator အနေနဲ့ ရှိနေမှာဖြစ်ပါတယ်။
 
propeller shaft လည်ပတ်မှုကြောင့်ပေါါပေါက်လာတဲ့ static electricity ကြောင့်၊ hull နဲ့ propeller ကြားမှာ၊ electrical potential ဖြစ်ပေါါလာပြီး၊ hull နဲ့ propeller blade, propeller boss နဲ့ propeller shaft/ tail shaft metal တွေကို corrosion ဖြစ်စေနိုင်ပါတယ်။ propeller လည်ပတ်မှုမှ တဆင့်ပေါါပေါက်လာတဲ့၊ cavitation ကြောင့်၊ propeller blade တွေနဲ့ propeller boss တွေပျက်စီးသလို၊ hull နဲ့ propeller ကြားမှ၊ electrical potential ကြောင့်လည်း propeller blades နဲ့ boss မှာ corrosion ဖြစ်ပေါါကာ ပျက်စီးနိုင်ပါတယ်။   
 

Fig. (A) - without shaft earthing system and (B) - correctly sized and fitted shaft earthing system
 
အကြောင်းတခုခုကြောင့် stern tube bearing seal damage ဖြစ်ကာ၊ lubricating oil နဲ့ ပင်လယ်ရေ ရောနှောသွားတဲ့အခါ၊ shaft နဲ့ hull ကြားမှာ၊ မြင့်မားတဲ့ heavy current flow ဖြစ်ပေါါတတ်သလို၊ current flow ကြောင့် bearing မှာ နက်ရှိုင်းတဲ့ deep pitting တွေပေါါပေါက်တတ်ပါတယ်။ main engine နဲ့ intermediate shaft ရဲ့ plumber block bearings တွေ၊ excessive wear ဖြစ်နေခဲ့လျှင်လည်း၊ heavy current flow ပေါါပေါက်ကာ၊ အခန့်မသင့်လျှင် spark erosion ဖြစ်ပေါါတတ်ပါတယ်။
 
hull နဲ့ propeller shaft ကြားမှာ၊ lubricating oil ဟာ၊ insulation အနေနဲ့ ရှိနေတဲ့အခါ၊ 'Sacrificial Anode Protection System' နဲ့ 'Impressed Current Cathodic Protection System' တွေကို တတ်ဆင်ထားပေမယ့်၊ corrosion ဖြစ်ပေါါမှုအား၊ မတားဆီးနိုင်တာတွေ့ရပါတယ်။ propeller shaft လည်ပတ်မှုကြောင့်ပေါါပေါက်လာတဲ့ static electricity ဟာ၊ hull နဲ့ propeller ကြားမှာ၊ electrical potential အနေနဲ့ ရှိနေတဲ့အတွက်၊ current ကို hull သို့စီးဆင်းစေခြင်းဖြင့် corrosion အားလျှော့ချနိုင်ရန်နဲ့ spark erosion ကိုတားဆီးရန်အတွက်၊ 'Propeller shaft earthing device' ကို မရှိမဖြစ်တတ်ဆင်ဖို့ လိုအပ်ပါတယ်။ 

'Marine growth prevention system' - marine growth တွေဖြစ်တဲ့၊ mollusks, barnacles, mussels, algae နဲ့ slime အစရှိတဲ့၊ အဏ္ဏဝါဇီဝသက်ရှိတွေဟာ၊ သဘော်ရဲ့ sea water system အတွင်းမှ၊ temperature, nutrients, pH factor အစရှိတဲ့၊ environmental conditions တွေကောင်းမွန်မယ့် နေရာတွေကိုရွေးချယ်ပြီး တွယ်ကပ်ကြပါတယ်။ တွယ်ကပ်ပြီးတာနဲ့ ချက်ခြင်းမျိုးပွား ပေါက်ဖွားလာကြပြီး၊ fouling အနေနဲ့ ဖွဲ့တည်ကာ၊ sea water flow ကို၊ turbulence ဖြစ်ပေါါစေသလို၊ block အနေနဲ့ ပိတ်ဆို့ပြီး၊ coolers တွေရဲ့ heat transfer efficiency ကိုပါ ကျဆင်းစေပါတယ်။ 
 

Fig. Marine growth
 
marine growth တွေကို၊ hard marine growth နဲ့ soft marine growth ဆိုပြီး ခွဲခြားနိုင်ပါတယ်။ mollusks, barnacles, tubeworms, အချို့ algae တွေနဲ့ mussels အစရှိတဲ့၊ အဏ္ဏဝါဇီဝသက်ရှိတွေကို၊ hard marine growth အဖြစ် သတ်မှတ်နိုင်ပြီး၊ အချို့ algae တွေနဲ့ anemones, hydroid sponges နဲ့ slime အစရှိတဲ့ အဏ္ဏဝါဇီဝသက်ရှိတွေကိုတော့ soft marine growth အဖြစ် သတ်မှတ်နိုင်ပါတယ်။ 
 
 
 
Fig. (A) Macro-fouling and (B) - Macro-fouling

hard marine growth တွေကြောင့်ပေါါပေါက်လာတဲ့ fouling ကို၊ 'Macro-fouling' လို့ခေါါပြီး၊ soft marine growth တွေကြောင့်ပေါါပေါက်လာတဲ့ fouling ကိုတော့ 'Micro-fouling' လို့ခေါါပါတယ်။ သဘော်တွေရဲ့ sea water system မှာ macro-fouling နဲ့ micro-fouling (၂) မျိုးလုံးဖြစ်ပေါါတတ်ပါတယ်။  
 
marine growth တွေကြောင့် sea water system မှာ corrosion ဖြစ်ပေါါလာပြီး၊ 'micro-biological corrosion' လို့ခေါါပါတယ်။ sea water system ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ sea chest housing နဲ့ cooler covers တွေမှာတော့၊ sacrificial anodes တွေတတ်ဆင်ကာ၊ electrochemical reactions အနေနဲ့ ပေါါပေါက်လာမယ့် corrosion ကိုလျှော့ချကြပါတယ်။ ဒါ့အပြင် sea water system ရဲ့ pipe lines တွေမှာ ဖြစ်ပေါါလာမယ့် fouling ကိုလျှော့ချရန်၊ vulnerable material ကို anode အဖြစ်၊ တတ်ဆင်ကာ၊ current ပေးသွင်းတဲ့ စနစ်ကို၊ အသုံးပြုလာကြပြီး၊ MGPS သို့မဟုတ် 'marine growth prevention system' လို့ခေါါပါတယ်။ MGPS ကို Electrolytic action MGPS နဲ့ Sodium Hypochloride action MGPS အဖြစ်၊ ခွဲခြားအသုံးပြုကြပါတယ်။
 
'Electrolytic action MGPS' - copper နဲ့ aluminum တို့ကို anodes အဖြစ်၊ တတ်ဆင်အသုံးပြုလေ့ရှိသလို၊ soft iron သို့မဟုတ် 'သံ' ပါတဲ့ ferrous anodes တွေကိုလည်း၊ အသုံးပြုလေ့ရှိပါတယ်။ anodes တွေကို၊ sea chest နဲ့ strainer housing အဝင်ဖက်မှာ တတ်ဆင်ကာ၊ ပြင်ပမှ DC current ကို၊ anodes များအတွင်းသို့ ပေးသွင်းပါတယ်။ anodes တွေကို၊ current ပေးသွင်းလိုက်တဲ့အခါ၊ ions နဲ့ 'floc' ဆိုတဲ့ 'flocculent mass'  တွေထွက်ပေါါလာပြီး၊ sea water နဲ့အတူ piping system တလျှောက်လုံးသို့ ရောက်ရှိသွားကာ၊ အဏ္ဏဝါဇီဝသက်ရှိတွေ မနေနိုင်တဲ့၊ environmental conditions အခြေအနေမျိုးကို၊ ဖြစ်ပေါါစေပါတယ်။ 

 
 
Fig. Electrolytic action MGPS 
 
copper မှထုတ်ပေးတဲ့ ions တွေဟာ၊ ပမာဏအားဖြင့် အလွန့်လွန် နည်းပါးပါတယ်။ electrolytic action ကြောင့် ပေါါပေါက်လာတဲ့ aluminum hydroxide floc တွေ ကလည်း၊ piping system အတွင်းမှာ protective film အနေနဲ့ အလွှာပါးလေး တခုအဖြစ် ဖွဲ့တည်ပြီး၊ corrosion ဖြစ်ပေါါမှုအား၊ တားဆီးပေးပါတယ်။ တနည်းအားဖြင့် အချို့သော  အဏ္ဏဝါဇီဝသက်ရှိ marine growth တွေဟာ၊ အလင်းရောင်နဲ့ oxygen လုံးဝ မရရှိတဲ့ နေရာတွေ မှာလည်း၊ နေထိုင် အသက်ရှင်နိုင်ပေမယ့် 'floc' ဆိုတဲ့ 'flocculent mass' မှ၊ ပေါါပေါက်လာတဲ့ emulsion တွေနဲ့ ထိခိုက်မိခြင်းကြောင့်၊ အသက်ရှင်နေထိုင်နိုင်မှု life span သက်တမ်း၊ တိုတောင်းသွားခြင်းဖြစ်ပါတယ်။
 
'Sodium Hypochloride action MGPS' - Electrolytic action MGPS သို့မဟုတ် vulnerable material ကို၊ anode အဖြစ်တတ်ဆင်ပြီး current ပေးသွင်းတဲ့စနစ်ဟာ၊ Macro-fouling ကိုသာလျှော့ချနိုင်ပါတယ်။ macro-fouling နဲ့ micro-fouling (၂) မျိုးလုံး ကို၊ လျှော့ချရန်၊ 'sodium hypochlorite' ဆိုတဲ့ NaOCl ကို၊ သဘော်ရဲ့ sea water system အတွင်းသို့၊ anti-fouling agent အဖြစ်ပေးသွင်းတဲ့ Sodium Hypochloride action MGPS ကို၊ အသုံးပြုလာကြပါတယ်။ 
ပင်လယ်ရေမှာပါဝင်နေတဲ့ ဆားဓါတ်လို့ခေါါတဲ့ sodium chloride (NaCl) ဟာ၊ generating chamber ထဲမှ၊ anode နဲ့ cathode ဆိုတဲ့၊ electrodes (၂) ခုနဲ့ ထိတွေ့ရာမှ၊ electrolysis action ပေါါပေါက်လာပြီး၊ anti-fouling process ကိုဖြစ်ပေါါစေပါတယ်။ chamber ဟာ၊ cathode ဖြစ်ပြီး၊ anode အနေနဲ့ vulnerable material တခုခုအား၊ အသုံးပြုလေ့ရှိပါတယ်။
 

Fig. Sodium Hypochloride action MGPS
 
generating chamber ထဲမှာ၊ anode မရှိတဲ့အခါ၊ chemical and electrochemical reactions အနေနဲ့ chlorine မှာ၊ '2 Cl ⇔ Cl₂ + 2e-' ဆိုပြီး ဖြစ်ပေါါပါတယ်။ cathode မှာတော့၊ ပင်လယ်ရေမှ OH-ions တွေဟာ၊ '2 H2O + 2e- ⇔ 2 OH- + H3' ဆိုပြီးဖြစ်ပေါါပါတယ်။ generating chamber ထဲမှာ၊ anode ရှိတဲ့အခါ၊ OH- ions နဲ့ Na+ ions တို့ဟာ၊ Cl2 ဆိုတဲ့ Chlorine နဲ့ပေါင်းစပ်ပြီး၊ '2 NaOH + Cl₂ ⇔ NaOCl + NaCl + H2O' ဆိုတဲ့၊ equation အရ၊ sodium hypochlorite ကိုထုတ်ပေးပါတယ်။ အကယ်၍ sea water မှာ၊ calcium နဲ့ magnesium တွေပါလာခဲ့ရင်၊ secondary reaction အနေနဲ့ generating chamber ထဲမှာ sodium hydrates နဲ့ sodium carbonates တွေဖြစ်ပေါါလာပါတယ်။   

generating chamber ထဲမှ၊ sodium hypochlorite solution တွေကို၊ sea chests မှာရှိတဲ့၊ chlorine injection points တွေအထိ ရောက်အောင်၊ ပေးပို့လိုက်တဲ့အခါ၊ sea chest မှ ဝင်လာမယ့် ပင်လယ်ရေနဲ့  အတူ၊ sea water system အတွင်းသို့ ရောက်ရှိသွားပါတယ်။ chlorine-active sea water system ဖြင့် ထိတွေတဲ့အခါ mussels ကဲ့သို့၊ အခွံပါတဲ့ အဏ္ဏဝါဇီဝသက်ရှိတွေကတော့၊ အခွံကိုပိတ်ကာ ကာကွယ်နိုင်ပေမယ့်၊ sea water system ဟာ၊ chlorine-active ဖြစ်နေတဲ့အခါ၊ ရည်ရှည်မှာ တွယ်ကပ်နိုင်ခြင်းမရှိတော့သလို၊ chlorine ဟာ၊ toxicant လို့ခေါါတဲ့ အဆိပ်အတောက်တမျိုးဖြစ်တဲ့အတွက်၊ sea water system အတွင်း၊ 0.2 ~ 0.5 ppm ပမာဏခန့် continuous chlorination အနေနဲ့ရှိနေခဲ့ရင်၊ marine growth တွေဟာ fouling အနေနဲ့ တွယ်ကပ်မနေနိုင်တော့တာ တွေ့ရပါတယ်။
 
 
Reference and image credit to :  D. Jones, Principles and Prevention of Corrosion, Prentice Hall, New Jersey (1996), http://www.esru.strath.ac.uk/, http://blog.marport.com/, http://www.alvimcleantech.com/, http://itars.com.br/conteudo/biofouling.htm, http://www.nstcenter.com/, http://www.iccp-mgps.com/, http://www.farwestcorrosion.com, http://www.incorr.com.sg/, http://naval-architect-jobs.blogspot.com/, http://www.seafresh.co.uk/, http://www.nstcenter.com/, http://www.incorr.com.sg, http://www.iccp-mgps.com, http://www.amteccorrosion.co.uk/, http://www.mechanical-writings.com/, http://www.electrochemlab.com/, http://alliedreliabilityblog.com/, http://www.asminternational.org/, http://www.stoprust.com/, http://masteel.co.uk/, http://www.cathelco.com/
 
Remark : All publications and images herein this website are for use of educational purpose only. The owner of this web site is not responsible for the consequences in case of violation to copyright, trademark, patent or other intellectual property rights of any third party.

No comments:

Post a Comment