Friday, June 14, 2013

နစ်နာမှုများ တိုင်တန်းရန်...



သင်္ဘောသားများ ၏ အခွင့်အရေးများ ၊ ရပိုင်ခွင့်များ ၊ လစာများ ၊ စသည်ဖြင့် မြန်မာ့ ပင်လယ်ကူးသင်္ဘောသားများ တစ်ဦးတစ်ယောက်သော်လည်းကောင်း ၊ အများသော်လည်းကောင်း အကျိုးတစ်စုံတစ်ရာ နစ်နာ ဆုံးရှုံးပါက မှန်ကန် ထိရောက်၍ ပီပြင်စွာ ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည့် အဖွဲ့အစည်းများ လူပဂိုလ် များ ၏ ရုံးခန်း လိပ်စာ ၊ ဆက်သွယ်ရမည့် ဖုန်း ၊ Email and Internet Website Address များကို MSU @ facebook ၏ BLOG စာမျက်နှာပေါ်တွင် သီးခြား ကဏ္ဍတစ်ရပ်အနေနှင့် ထည့်သွင်း ဖော်ထုတ်ပြသထားလိုပါသဖြင့် ။ ယခု ဆောင်းပါးကို ဖတ်ရှုသော မည်သည့် အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ် မဆို ကျွန်တော်တို့ မြန်မာနိုင်ငံ သင်္ဘောသားများ၏ နစ်နာမှုများအတွက် ကောင်းကျိုးတစ်စုံတစ်ရာ ဖြစ်ထွန်းစေရန် ရည်ရွယ်ပြီး ယခု ဖော်ပြပါ ဆောင်းပါးအောက်တွင် comments များအဖြစ် ချန်ထားရစ်ခဲ့ပါရန် ပန်ကြားပါတယ် ခင်ဗျာ ။

MSU @ facebook အနေနဲ့ ကျွန်တော်တို့ တနိုင် အားလေးများနှင့် ကျွန်တော်တို့ အကျွမ်းတ၀င် ဖြစ်သည့်ဘက်မှနေ၍ သင်္ဘောသားများ၏ ခံစားချက်များ ကို မြန်မာသင်္ဘောသား အချင်းချင်း ၊ မိသားစုဝင်များ ၊ သူငယ်ချင်း ညီကိုမောင်နှမများ ပါ နားလည်ခံစားသိရှိလာနိုင်အောင် အင်တာနက် စာမျက်နှာ တစ်ခုတည်းတွင် သီးသန့်ရပ်တည်၍ သတင်း အချက်အလက် အပြန်အလှန် မျှဝေသည့် ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့ရာမှ တဆက်တည်းမှာပဲ သင်္ဘောသားများ၏ အခက်အခဲများ အတွက် မေးမြန်းစုံစမ်းလာမှုများကို ကျွန်တော်တို့ MSU @ facebook စာမျက်နှာမှတဆင့် အချိန်နဲ့ အမျှ ကိုယ်လက်လှမ်းမှီသမျှ သိရှိသမျှ တဆင့် ပြန်လည် ဖြေကြားပေးနေရတာလည်း ဖြစ်တာမို့ အဆိုပါ အခက်အခဲများ ရပိုင်ခွင့်များ ကို ကျွန်တော်တို့ စာမျက်နှာထက် ပို၍ ပီပီပြင်ပြင် ထိထိရောက်ရောက် ဆောင်ရွက်ပေးမည့် အဖွဲ့အစည်းများ ရှိပါက MSU @ facebook မှတဆင့် သိရှိ ဆက်သွယ် စုံစမ်းနိုင်စေရန် ရည်ရွယ်ပြီး အဖွဲ့အစည်းများ ၊ လူပုဂ္ဂိုလ်များကို ဆက်သွယ်ရမည့် လိပ်စာများတောင်းခံခြင်း ဖြစ်ပါတယ် ခင်ဗျာ ။

ကျေးဇူးတင်ပါတယ် ။

MSU @ facebook

:::: since March,2012 ::::

No comments:

Post a Comment