Thursday, April 11, 2013

မြန်မာသင်္ဘောသားများအတွက် အထူးရည်ရွယ်ပြုလုပ်ထားသည့် MSU @ facebook Android Application...




မြန်မာပြည်မှာ Google Play Store ကို မိမိတို့ရဲ့ လက်ကိုင်ဖုန်းများမှတဆင့် တရားဝင် ဒေါင်းလုပ်ပြုလုပ်နိုင်ပြီဖြစ်တဲ့အတွက် Google Play Store တွင် တင်ဆက်ထားရှိပြီးထားသော မြန်မာသင်္ဘောသားများအတွက် အထူးရည်ရွယ်ပြုလုပ်ထားသည့် MSU @ facebook Android Application များကို download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်ဆိုတာကို ထပ်မံပြောကြားလိုပါတယ် ။ မြန်မာ အမည်နဲ့ စတဲ့ application တွေထဲမှာ Top 50 စာရင်းဝင်တဲ့ ကျွန်တော်တို့ရဲ့ MSU Android Application များကို Google Play Store မှတဆင့် တရားဝင် သုံးစွဲပြီးသူပေါင်း 1500 ပတ်ဝန်းကျင် ရှိတဲ့အပြင် တကမ္ဘာလုံးမှာ ရှိတဲ့ Android App Store တွေကနေလည်း ဒေါင်းလုပ် ပြုလုပ်ပြီး အသုံးပြုနေကြတာကို တွေ့ရှိရပါတယ်။ ထပ်မံပြီးတော့လည်း ပိုပြီးပြည့်စုံတဲ့ application တွေဖြစ်အောင် ဖန်တီး ပြုပြင်ပေးသွားပါ့မယ် ဆိုတာ အသိပေးရင်း ဒေါင်းလုပ်ရယူလိုသူများ Google Play Store တွင် Myanmar Seamen Union ဟု ရိုက်၍လည်းကောင်း သို့မဟုတ် အောက်ဖော်ပြပါ link ကို click နှိပ်ပြီး ရယူသုံးစွဲနိုင်ကြပါတယ် ခင်ဗျာ ။

https://play.google.com/store/search?q=Myanmar+Seamen+Union&c=apps

No comments:

Post a Comment