Friday, April 26, 2013

သင်္ဘောသားရင်ဖွင့်သံ (၁)... (Seamen's Voice-1)


ကျွန်တော်တို့လူသစ်အတွက်ခွင့်အလမ်းကတကယ်ကိုရှားပါးပါတယ်...
လိုင်းကြေးကလဲများပါတယ်...
သင်္ဘောတက်ဖို့အတွက်လူတန်စားခွဲခြားထားသလားဗျာ...
ကျွန်ငမွဲတွေအတွက်အခွင့်အလမ်းကရှားပါးလှပါတယ်
ဘယ်သူကကူညီမှာလဲ

ပွဲစားတွေကအားတက်စေပါတယ်
သင်္ဘောသားများအသင်းကရောဘာတွေလုပ်ပေးမှာလဲ
ကျွန်တော်တို့ ပိုက်ဆံပေါလို့ သင်တန်းတွေတက်တာမဟုတ်ပါဘူး၊ကိုယ်လှေခါးကိုယ်ထောင်ရတဲ့ကျွန်တော့်ဘ၀ပါ။အမေနဲ့အတူဘ၀ကိုရုန်းကန်နေရပါတယ်။အမျိုးထဲမှာလည်းသင်္ဘောသားကမရှိ... ခက်ခဲပါတယ်။ကျွန်တော့်သူငယ်
ချင်းတစ်ယောက်တောင်သဘောင်္မလိုက်တော့ဘူး... ဂိမ်းဆိုင်ဖွင့်နေတယ်။ကုန်ကျမယ့်ငွေက
လိုင်းကြီးဆိုရင်၃၅သိန်း... သိန်း၄၀ပေးရပါတယ်
ကြားလိုင်းဆိုရင်၂၅သိန်းဝန်းကျင်လောက်ပေးရပါတယ်... ဒီကြားထဲမလိမ်ပါစေနဲ့ဆုတောင်းရပါတယ်။အော်..........ဘုရားဆူးသင်္ဘောသားပါ။
တချို့ကုမ္ပဏီတွေကပြောပါတယ်
BEST လား... ငါတို့သွားမတိုက်ဘူး လို့စော်ကားပါတယ်
ကျွန်တော်တို့ သင်္ဘောသားဘ၀ကလွယ်လား... ကျွန်တော်တို့ ငွေ၊အချိန်တွေပေးရပါတယ်
ငွေကသူများထက်စာရင်ကျွန်တော့် အတွက်ကခက်ပါတယ်၊အမေရှာပေးရပါတယ်။
ကျွန်တော်စိတ်ပျက်မိပါတယ်။
ကျွန်တော့်ရဲ့ကုန်သွားတဲငွေ၊အချိန်တွေကိုနှမြောမိပါတယ်
ကျွန်တော်ရူးခဲ့သောအိမ်မက်ကိုအဆုံးသတ်သင့်ပြီထင်ပါတယ်
ကျွန်တော်တို့ ဘ၀တွေနဲ့ဝေးပါတယ်
ဘုရားဆူးသင်္ဘောသားပါ

Aung Kyaw Soe ( MSU @Facebook Member )

2 comments:

  1. ညီ​လေး​ရေ Srshipping agency(SRS)​နေဲတာ့မလိုက်​မိ​စေနဲ့ကွ နာမည်​ပျက်​အများကြီးပဲ။လုပ်​စားသွားလို့ ပို​တောင်​မွဲသွားမယ်​:)လုပ်​သက်​၇နှစ်​ရှိသ​င်္ဘောသားတဦး

    ReplyDelete
  2. ညီ​လေး​ရေ Srshipping agency(SRS)​နေဲတာ့မလိုက်​မိ​စေနဲ့ကွ နာမည်​ပျက်​အများကြီးပဲ။လုပ်​စားသွားလို့ ပို​တောင်​မွဲသွားမယ်​:)လုပ်​သက်​၇နှစ်​ရှိသ​င်္ဘောသားတဦး

    ReplyDelete