Wednesday, April 24, 2013

ကောင်းမှုတစ်ခုနေ့စဉ်ပြု (၆)။



ရန်ကုန်ပြန်ရောက်ပြီဆို ထုံးစံအတိုင်း ၁၀၉၊၁၁၀ ဆိုတော့ ညနက်ထိ ဖွဘုတ် သုံးပြီးမှအိပ်တယ်
မနက် ဆို တော် တော် နေထိုးမှ နောက်ကျ အိပ်ယာထတယ်။

အဲဒီနေ့ က တော့ စောစောနိုးနေလို့ ကော်ဖီသောက်မလို့ မျက်နှာသစ်နေတုန်း အိမ်ရှေ့က
လူခေါ် ခေါင်းလောင်း (တင်းကလောင်) သံမြည်လာတယ်။ ၃ - ၄ ခါမြည် ပြန်တယ်။
အိမ်မှာတစ်ယောက်မှမရှိကြဘဲ ၁၀မိုင်ဈေးကို ၇ နာရီလောက် က ထွက် သွားကြတယ်လေ။

ဝရံတာကထွက်ကြည့်တော့အိမ်ရှေ့မှာ စစ်ဝတ်စုံနှင့်လူ၂ယောက် တွေ့ သဖြင့် အလှူခံတော့ မည် သိလို့
ဘယ်သူမှမရှိဘူးဟုလွယ်လွယ်အော်ပြောလိုက်သည်။
ပြန်ဝင်တော့ မည် ဟန်အပြင် မှာ စစ်သားတစ်ယောက် က မော့ကြည့် ကာပြောသည်။

အစ်ကို ကျနော်တို့ စစ်မှုထမ်းဟောင်းတွေ ပါ ၊ စာအုပ်လေးတွေ ရောင်းချင်လို့ ပါ ခဏလောက်
ကြည့် ရှု အားပေးပါဟု မျက်နှာငယ်နှင့်အော်ပြောလေသည်။စာအုပ် ဆိုတော့ နဲနဲ တွေဝေသွားသည်။
ဒါနဲ့ ခဏစောင့် ဆိုပြီး ပိုက်ဆံ အချို့ လှမ်းယူ ပြီး ခြံဝကိုထွက်ကာ တံခါးဖွင့်လိုက်သည်။

(စစ်သားတွေ မြင်တော့ ငယ်ငယ်က သူငယ်ချင်း မျိုးမြင့် ကြီး ကိုသတိရသွားသည်။
သူက လူမိုက် ကျနော် နိုင်ငံခြားမှ မကြာခဏ ပြန်လာခဲ့စဉ်က က ရပ်ကွက်ထဲကကောင်တွေ
ကျနော့် ကို ကြည့်မရ၍ ချောင်းရိုက်ရန် ကြံစည်သတင်း သူကြားတော့ လမ်းထိပ် မှာ အင်းကျီချွတ်နဲ့
ဒုတ်ကိုင်ပြီး လာစောင့်နေကြကောင်၊ အရေးခင်းက ဘ၀ပျက်ပြီး စစ်တပ်ထဲဝင်သွားတယ်။
ရိုးရိုးစစ်သား အဖြစ် နဲ့ တိုက်လိုက်ရ တဲ့ စစ်၊ နောက်တော့ ဘာရာထူးမှ မရ ဘဲ တပ်ပြေးနဲ့ ထွက်ပြေးလာတယ်။
ပြန်တွေ့တော့ သူပုန်အယောက် ၁၂၀ ကျော်သတ်ခဲ့ပြီးပြီ၊စစ်တပ်က လိုက်မရှာဘူး၊ လူမိုက်ပဲပြန်လုပ်နေတယ်)

စစ်သားတွေ က နှစ်ယောက် သူတို့ က ယူနီဖောင်းတွေ ၀တ်ထားကြတယ်။
တစ်ယောက်က ထိုင်နေတယ်စာအုပ် ကိုအိတ်ထဲကထုတ်ပြတယ်။
အများစုက မြ၀တီတို့ စစ်ပြန်တို့ ကထုတ် တဲ့ အတိုထွာတွေပါ၊ဈေးတွေကို လှန်လျောကြည့်တော့ ၅၀၀ ၊ ၁၀၀၀
၂အုပ် ယူပြီး ၂ထောင် ပေးလိုက်တော့ သူက အစ်ကို ၃၀၀၀ ကျတယ် ဟုပြောသည်။

ဒီလိုဘဲလိမ်ရောင်းနေကြဟုတွေးကာ ၊ကျနော် လဲတင်းပြီး ၅၀၀ တန် ကို ၁၀၀၀ ပေးယူပြီး
ဒါဆိုလဲ ဒါဘဲ ယူမယ်ဟုပြောကာ လှည့် ထွက် မည်ပြု၏ ။

ပိုက် ဆံ ၁၀၀၀ လှမ်း ယူလိုက်သော ထိုစစ်သားမျက်နှာ နှင့် မျက် လုံး တွင် နာကျည်းခြင်း
ကြေကွဲ ခြင်း ဒေါသထွက် ခြင်း အရောင်များစွာပြေး သွားသည်ကို ကျနော် မျက်လုံးများက ဖမ်းမိလိုက်သည်။

ဦးနှောက်ထဲတွင် မြင် ကွင်းများစွာ ( မျိုးမြင့်ပြောပြသော အနိဌာရုံမြင်ကွင်းတွေ) နောက်တန်းကေ၇ှ့တန်းကို
စစ်ကူမပေး ရိက္ခာ ပြတ်နေသည် မှာ ၁၀ ရက် မက ၊အရေးထဲ ကရင် မိန်းမတွေ က ပြည်သူယောင်ဆောင် ချုံခိုတိုက်
သည် ၊ မိုင်းမိသည်။ ကရင် ရွာတွေ ၀င်စည်းမိသည်နှင့် သူသေကိုယ်သေ အသက်လုကြသည်။
ရှိတာစားသောက် နေခဲကြရသည်။

ဒီစစ်သားတွေ ၀မ်းရေးကြောင့် ၀င်သည်ဖြစ်ဖြစ် ၊ကြံရာမရသည်ဖြစ်ဖြစ်၊ နိုင်ငံကိုချစ်လို့ ဖြစ်ဖြစ် စစ်ထဲဝင်ကာ
တိုင်းပြည်တာဝန် ကိုတော့ အမိန့်နာခံကာ အသက်ပေးခဲ့ကြရသူတွေ ကြီးပါဘဲ။

လှည့်ထွက်သွားတဲ့ ရဲဘော်က ခြေထောက် တစ် ဖက် ပြတ်နေတယ် ၊သူ့အဖော်က လက်တစ်ဖက် မပါ။
သူတို့ လိမ်တယ်ဆိုရင်တောင် ၅၀၀၊၁၀၀၀ ပါ လေ..ကျနော် ချက်ခြင်းအော်ခေါ်လိုက် တယ် ။

သူတို့ လှည့် အကြည့်မှာ လက် ထဲ ရှိတဲ့ ပိုက်ဆံ အကုန်လှမ်းပေးလိုက်တယ် စောစောက စာအုပ်ပြန်တောင်းလိုက်တယ် ။
အလဲအလှယ် အပြီးမှာ သူဆီကစကားတစ်ခွန်းကြားရတယ်။

ကျနော် တို့ မနက် ကတည်းက လျှောက်ရောင်းနေတာ လဘက်ရည်တောင် မသောက်ရသေးဘူးတဲ့။
သူမျက်နှာ သူအပြုံး နဲ့တင် ထောင်တန်လေး လေးရွက် က တန် ပါတယ် ဗျာ။

(တံခါးပိတ်နေရင်း LONDON ဦးပိုင်က နှစ်စဉ် သိန်းရာထောင် ထောက်ပံ့ကြေးထုတ် နေတဲ့မိတ်ဆွေ
ဗိုလ်ချုပ်ဟောင်းတစ်ယောက် ကို ကျိန်ဆဲ မိသွားတယ်)

စစ်သားတွေ ဟာလဲ သင်္ဘောသားတွေ လိုဘဲ အခြောက်တိုက် အမုန်းခံနေရတဲ့ ဘ၀တူတွေဘဲ ကွဲ့။

Yar Zu

No comments:

Post a Comment