Wednesday, April 17, 2013

ဇတ်တူသားစားရင်...


ဦးလေးက အရင်မြန်မာပြည် ကြယ်ငါးပွင့်သင်္ဘော အင်းဝ တို့ ပင်းယတို့ခေတ်ကောင်းတုန်းက
သူကြီး ဘိုးအေကြီးပါဗျာ. ..သူက စစ်တွေ ၊ပုသိမ်၊ ရန်ကုန် သံလျက် စွန်း Monkey Point
မှာလဲ ရေကြောင်းပြလုပ်ဘူးပါတယ် ။

၁၉၈၀ လောက်မှာ TOMOE Shipping ရဲ့ Tomoe 7 ကနေ စပြီး ပြည်ပ ထွက် ခဲ့ ပြီးသင်္ဘောသားခေတ်ကောင်း မီခဲ့တယ် ။
သူက ပုသိမ် ငပုတော ဟိုးဘက် အလွန် သုံးခွဆိုတဲ့ ရွာကလေးကလာတာပေမဲ့ ကြီးလာတော့
ရန်ကုန် သံလွင်လမ်းမှာနေ ပြီး နောက်ဆုံးပေါ်ကားစီး အကောင်းဆုံးသော အရာတွေကို သူ့မိသားစု တွေသုံးစွဲခွင့်ရ ခဲ့ပေမဲ့
သူကတော့ အားရင် (အသင်လူသား ဘာမှားနေလဲ) ဆိုတဲ့ စာအုပ် မျိုး ဘုရား တရားဓမ္မသာ စိတ်ဝင်စားခဲ့တဲ့
လူသူတော်ကောင်းကြီးပါ။

သူအနားယူခါနီးမှာ Singapore က Shipping တစ်ခုကနေ သူ့ရဲ့ ရိုးသားမှု ကို သဘောကျ လို့
သူ့ကို REP လုပ်ဘို့ Bosun တစ်ယောက် လုပ်နေတဲ့နေရာ မှာ Master Mariner ကို REP ခန့် ပြီးလုပ်စေပါတယ်။

သူကဘယ်တော့ မှ မဟုတ်တာမလုပ်ဘူးဗျ။သူ့ကုမဏီ ကလဲ တစ်ခါ မှ ဇတ်တူသားမစားဘူး။
Onboard ရိုက်တာတို့ အောက်ကြေးလိုင်းကြေး တောင်းတာတို့ မလုပ် ဘူး လာလျောက် သမျှ အရာရှိ သင်္ဘောသား
အလုပ်သင် အားလုံး ကို စိစစ် တယ် ကြိုက် ရင် တန်းစီ စနစ်ဘဲသုံးတယ်။

သူကိုယ်တိုင်လခစား ပါဘဲ . SECD ကိုလဲ ဖားယားပြီး ဟိုဟာဒီဟာလက်ဆောင် ပေးခြင်းတွေ
တံစိုးလက်ဆောင် ပူဇော်ပသခြင်းတွေ မလုပ် ခဲ့ဘူုး ၊

သင်္ဘောတစ်စီးမှ မပိုင် ဘဲ ရိုက်စားနေတဲ့ R/O ကြီး ကုမဏီ ကလှူထားတာတွေ SEDC မှာပြည့်နေတယ်
သင်္ဘော ၇စီးပိုင်တဲ့ ကျနော့် ဦးလေး ကုမဏီ က ဘာမှ မလှူထားပါဘူး။

ကုမဏီ ကိုယ်စားလှယ်လာရင် ကာရာအိုကေ အနှိပ်ခန်း လဲ သူမပို့ ပါဘူး။
အိမ်မှာ ထမင်းဟင်းချက် တယ် မိသားစု လို ဆက်ဆံ တယ် ၊ ဂျပန်တွေ ကလည်း ရိုးဂုဏ်ကိုကြိုက်ပါတယ်။

အဲဒီမှာပြသနာ စပါတယ် ။
အကြောင်းကြောင်းတွေ ကြောင့် သူ့ ကုမဏီ နဲ့ သူ့ လူတွေ ကို ပိုက်ဆံ လဒ်မထိုးတော့ရစ်တယ် ဗျာ
ဘယ်သူတွေ ရစ် လဲကတော့ ဗျာ စဉ်းစားကြည့်ကြပါတော့...
ကိစ္စတွေတော်တော်များများ ပိုက်ဆံမပေးတော့ ကြံဖန်ပြသနာရှာတယ်
သူကလဲ သူမှ တစ်ပြားမှမယူတော့ ဘယ်လိုလုပ်ပေးနိုင်မှာလဲ။

နောက်ဆုံး သူကသူ့ မူကို မပြင်နိုင်ဘူး ကုမဏီ ကို ပိတ်ခိုင်းလိုက်ပါတယ်။ ဂျပန်တွေ လဲ မြန်မာပြည်ရောက်မှ
ဂွကျ ကုန်ပါတယ်။
Bosun တစ်ယောက် Run နိုင်တာကို Master Marinerတစ်ယောက် မ Run နိုင်သလို ဖြစ်နေတယ် ပြောခံ ရတယ်။
ဂျပန်တွေ က သင်္ဘောတွေ မရှိဘဲ ဆက်ခန့် ပြီးထားပါသေးတယ်.သူက မလုပ်တော့ ဘဲ ရပ်လိုက်ပါတယ်။
သူက အေးဆေးပါဘဲ လောကကြီးမှာ အလိုလောဘ တော်တော် နည်းတဲ့
ကျနော့် ဦးလေး က လူ့တာဝန်၊ ယောက်ကျားတာဝန် ၊ ဖခင် တာဝန်၊ မိသားစု တာဝန် ၊
နိုင်ငံသားကောင်းတစ်ယောက် တာဝန် ကျေသူတစ်ယောက် ပေမဲ့
လူယုတ်မာတွေ သမိုင်း အတုရေးနေတဲ့ခေတ်ကြီးမှာသူအရောင်မတောက် ပ ခဲ့လေဘူး။

ပြောရရင် အခု သင်္ဘောသားတွေ လိုင်းကြေးတွေး မြင့်သထက် မြင့်အောင်ပေးနေရတာက ဇတ်တူသားစားတတ်တဲ့
လူတွေ ကြောင့် ပါဘဲ ..ကျနော် တို့ နိုင်ငံ မှာ Shipping Industries တွေ ဖွံ ဖြိုး တိုးတက် ချင် ရင်..

သင်္ဘောသားကောင်းတွေ ပေါ်ထွက်ချင်ရင်
ဦးလေးလိုလူတွေ ပိုလိုအပ်ပါတယ် ..
ငယ်ငယ်တုန်း က ဧရ၀တီ ကုမဏီ နဲ့ ဦးနာအောက် အဖြစ်ကလေး သတိရမိသေးတယ်ဗျာ။

အခု တော့ သူကြီးလက်မှတ်အောင်တဲ့ အထိ လူမွေးမပြောင် ပြောင် အောင်ရိတ်မယ်ဆိုတဲ့
ဇတ်တူသားစား တဲ့ စနစ်တွေ
ဇတ်တူသားစားတဲ့ ကုပဏီတွေ
ဇတ်တူသား စားတဲ့ ၀န်ကြီးဌာန တွေ ကြောင့်
သင်္ဘောသားတွေ လူမွှေးမပြောင်ရောင် ဖြစ်လာတာကို ..ဘယ်သူ့ကြောင့်လဲ အဖြေရှာနေကြ တုန်း ဘဲလား ဗျာ....။

အဲဒါတွေ ကို ကျနော့် ဦးလေးရှေ့ သွားပြော ကြည့် သူက ပြုံးနေလိမ့်မယ် ။
အဲဒီ အပြုံးဟာ သိတ်ခံရခက်တာဗျ.........

credit.....(LuNgel Lay TaOo)

No comments:

Post a Comment