Wednesday, March 20, 2013

LG နဲ့ ထွက်စာ က သဘောင်္နာမည် မတူလေသော အခါ


ညီအကို တွေ သတိထားမိနိုင်အောင်ပါ။
သဘောင်္သားတွေ ထွက်ခါနီးဆိုရင် ပြာရိပြာယာ အရေးပေါ်ဖြစ်ကြတာ အားလုံးပါ။ 


ဖြစ်တာက ထွက်စာမှာ ပါတဲ့ သဘောင်္နာမည်နဲ့ LG (Letter of Guarantee ) မှာ ပါတဲ့ သဘောင်္နာမည် မတူတာက စပါတယ်။ အထွက်လုပ်ပေးတဲ့ လိုင်းကလည်း သူတို့ အဆင်ပြေတဲ့ နာမည် ရိုက်ထည့်ပီး လုပ်လိုက်တယ်။ တကယ်လို့ နာမည်အမှန်စောင့်နေရင်လည်း ထွက်စာထုတ်ဖို့ ကြာနေမှာဆိုးတော့ မြန်မြန်ပီးအောင် လုပ်ပေးလိုက်တာပါ။ လေဆိပ် ဆင်းသွားတယ်။ လေကြောင်းလိုင်း ကောင်တာ မမ တွေကို CDC / LG ပေးလိုက်တော့ ကတောက်ကတောက် နှိပ်ပီး ဘယ်ထိနော် ဘာညာ ဆိုပီး အိုကေ။ ပီးတော့ မှန်ကြီးခြားနေပေမဲ့ လိုက်ပို့တဲ့ ချစ်သူခင်သူတွေကို လက်တွေပြ နှုတ်ဆက် ပီး စက်လှေခါးကြီးစီးပီး တက်သွား.. ထွက်စာလေး ပေးပီး ဓါတ်ပုံ အရိုက်ခံမယ် ပြင်နေတုန်း သဘောင်္သားအကိုလေး LG ပေးပါ တဲ့ .. (အမှန်တော့ LG ဆိုတာ သူတို့နဲ့ ဘာမှ မဆိုင်ပါဘူး၊ လေကြောင်းလိုင်း ကို ကတိခံ ထားတဲ့ သဘောပါ၊ သဘောင်္သားနဲ့ ပတ်သက်လို့ အခြား ကုန်ကျစရိတ် ရှိပါက ကျနော်တို့ က ကျခံပါမယ် လို့ ရေးထားတာပါ။) သဘောင်္နာမည် မတူရင် သူတို့ က ဘယ်လိုလုပ်မလည်း ဘာညာ ဆိုပြီး ပြောပါပြီ။ ခရီးကြမ်း တခု အစမှာ မလိုအပ်တဲ့ စကားများရတဲ့ အဖြစ်တွေ မဖြစ်အောင် ပါ။ 


ကျွန်တော့ အမြင်ပြောရရင်
၁) အထွက်လုပ်ပေးတဲ့ အေးဂျင့် နဲ့ သဘောင်္တင်တဲ့ အေးဂျင့် မတူရင် ဖြစ်တတ်ပါတယ်။
၂) တူပေမဲ့ နောက်ဆုံးအချိန်မှ သဘောင်္ပြောင်းသွားရင်လည်း ဖြစ်တတ်ပါတယ် ။
ညီအကိုတွေ အနေနဲ့ ဒီလိုဖြစ်လာရင် အေးဂျင့် ကို မထွက်ခင် နာမည်ပြောင်းခိုင်းပါ။

Shared by - Than Tun Oo

No comments:

Post a Comment