Wednesday, March 20, 2013

ပင်လယ်ပျော်



ပင်လယ်ပျော်
မင်း ပင်လယ်မှာ တကယ်ပျော်ရဲ့လား ပင်လယ်ပျော်

တကယ်လို့ 
မင်း ပင်လယ်မှာ ပျော်ခဲ့တယ်ဆိုရင်တောင်
မင်းရဲ့အိမ်ပြန်ချိန်ထက်တော့ကျော်လွန်ပြီး
ပျော်မယ်မထင်ဘူး ပင်လယ်ပျော်..................။

မင်းကိုငါတို့ ကုန်းပေါ်ကနေကြိုဆိုနေတယ် ပင်လယ်ပျော်......။

ပင်လယ်ပျော်
မင်း ကုန်းပေါ်မှာပျော်နိုင်မလား ပင်လယ်ပျော်

ငါတို့ ရဲ့ပင်လယ်ပျော်စက်ရုံကြီးမှာ
ကုန်ပစ္စည်းတွေတရစပ်ရိုက်ထုတ်ပြီ
ဈေးကွက်မရှိသေးဘူးပင်လယ်ပျော်.........................။

အဲ့ဒီမှာရိုးရာမပျက်သေးဘူးပင်လယ်ပျော်...................။

ကားပါမစ်ကိုမမျှော်နဲ့ တော့ ပင်လယ်ပျော်..................။

၁၀ရာခိုင်နှုန်းဆိုတဲ့ အိပ်မက်ဆိုးကြီး နိုးမှာကို
စိုးရိမ်နေလား ပင်လယ်ပျော်.......။

ဟိုတုန်းက ရွှေရောင်တောက်ပတဲ့ဒေါ်လာဈေးကို
ုမျှော်ဆွေးနေတယ်မဟုတ်လား ပင်လယ်ပျော်.....။

အစိမ်းရွက်လေးကိုင်ပြီး မိုးပေါ်က
သင်တန်းကျေးတွေကို မင်းအံသြနေလား ပင်လယ်ပျော်........။

မီးပျက် ရေပျက်
ဘတ်စကားကျပ် ကွန်နက်ရှင်မတတ်နဲ့ 
ကုန်းပေါ်မှာ အနေခက်နေပြီလား ပင်လယ်ပျော်...........။

ဒါပေမယ့် မင်းအဲ့ဒီမှာ ပျော်တယ်မဟုတ်လား ပင်လယ်ပျော်......။

မင်းပျော်ပေမယ့်လည်း မိသားစုထမင်းဝိုင်းလေးမစိုပြေတော့
ပင်လယ်ကိုမျှော်နေပြန်ပြီ မဟုတ်လားပင်လယ်ပျော်..........။

တကယ်လို့ မင်းပင်လယ်ကို ပြန်လာအုံးမယ်ဆိုရင်
၄၈ ကျပ်နဲ့ အသက်အာမခံကျေးလေးတော့ ပေးဖြစ်အောင်ပေးခဲ့နော် ပင်လယ်ပျော်..............။

ငါလည်း အဲ့ဒီကုန်းပေါ်ကိုပြန်လာချင်လွန်းလို့ 
ပြက္ခဒိန်ပေါ်ကို မျှော်ငေးနေတယ် ပင်လယ်ပျော်ရေ.......................................................။

မောင်မူးဝေ
ခေတ္တ တောင်တရုတ်ပင်လယ်

No comments:

Post a Comment