Monday, November 26, 2012

Sunday, November 25, 2012

မုန်တိုင်းထဲ က ပန်း ပွင့်များ ။




သင်္ဘော စက်သံ ကတစ်ဒုန်းဒုန်း၊ လူသံတွေ၊ ကလေးအော်သ၊ံ ဗီဒီယို ထဲက အသံ
နောက်ဖက် မီးဖိုခန်းကကြော်လှော်သံတွေ ၊ချွေးနံ့၊ အိမ်သာနံ့၊ နေလောင် နံ့တွေ အပြင်..
ထင်းရူးသားသေတ္တာ ဘုံးတွေ ထဲက ဂဏန်း ကောင် အရှင်တွေ ..ရေခဲရိုက် ပလတ်စတစ် ဘုံးတွေ ထဲက ညှီနံ့တွေ ရှူ ရှိက် ရင်း 
င၀န်မြစ် ကမ်းပေါ် က ထိန်ထိန်သာနေသော လ ၀ါဝါ ကြီးကိုငေးကြည့် ရင်းနဲ့
ငါ ဒီမှာဘာလာလ
ုပ်နေလဲဟူသော မေးခွန်းကို ကျနော့် ကိုယ်ကျနော် အကြိမ်ကြိမ်မေးခဲ့ဘူးပါသည်။

ရန်ကုန်မှာ မနက်နိုးရင် အနီးနားက Lucky Seven မှာထိုင်၊ နေ့ လည် ဘက်အားရင် YCDC မှာရေကူး Sauna သွားလိုက် အနှိပ်ခန်းသွားလိုက်၊
ညနေဆို Prome မှာ ဘီယာသောက်လိုက် Golf Club သွား ဂေါက် ရိုက် လိုက် နဲ့ နေနိုင်ရဲ့သား နဲ့အခုလို ငါ့အခြေအနေ ကို မြင် ရင် သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေ ..အသိမိတ်ဆွေတွေ ဘာပြောကြမည်နည်း..ဟု

ဟိုင်းကြီး ကျွန်း ဘက် ဆီသို့ တစ်ဘုတ်ဘုတ် နှင့် ခုတ် မောင်းနေသော
ပြည်တွင်းသွား တစ်ထပ် သင်္ဘောလေး ရဲ့ တစ်ယောက်လှဲစာနေရာ ၀က်ခြံ အခန်းလေးထဲမှာ လဲလျောင်းနေရင်း နဲ့လဲ
ကျနော် မကြာခဏ စဉ်းစား နေခဲ့ဘူးသည်။

သစ်သား နှင့် သံထည် အချို့ရောစပ်ကာ တည်ဆောက်ထားသော မြစ်တွင်းသွား တစ်ထပ် သင်္ဘောကလေးများသည်
ပေ ၉၀ ၀န်းကျင် ခန့် သာရှိတတ်ပါသည် ရေဆူး မှာ လဲ ၈ ပေ ခန့် သာသာ ဖြစ်သည်။
သင်္ဘော၏ စလင် ခန်း တွင်းတွင် ရင်းနှီးသူများ စီးနင်းကာ ၊ အထူးခန်းခေါ် သင်္ဘောသားများ အခန်း များကို သင်္ဘောခ ၂၀၀၀ အပြင်
အခန်းခ ၃၀၀၀ ထပ်ပေးရ သော ပိုက်ဆံ ရှိသူများစီးသည့် အခန်းသေးလေးတွေ ကလည်း သင်္ဘော တစ်စီးလုံးတွင် ၆ ခန်းခံ့ ရှိပါသည်။

ကုန်ပေါက် များ အဖုံး အပေါ်နှင့် သင်္ဘော အရှေ့ ဘက် TV အနီးနား တွင် အမျိုးသမီးများထိုင်ကြလေ့ ရှိသည်..
အနောက် ဘက် ကုန်ပေါက်အပေါ် စက်ခန်းရှေ့ နှင့်အပေါ်စင်ပေါ်တွင် သံဃာတော်များနဲ့ ယောက်ကျားများထိုင်ကြပြီး ၊
ဘေးနစ်ဖက် ၀ဲယာ မှ ခုံတန်းရှည်များတွင် ကြုံသလို ထိုင်ကြရင်း ကုန်တွေ ကိုတော့ ဘေးဘီဝဲယာခုံအောက်များ ခေါင်မိုးနှင့်
သင်္ဘောဝမ်းဘိုက် အတွင်း ကြုံသလို တင် ဆောင် ကြသည်။

နောက်ဘက် သင်္ဘော ဖင်ပိုင်း သင်္ဘော ၏ စက်ခန်းနောက် နားတွင် စားသောက်ဆိုင်ကလေးနှင့်အိမ်သာများ
လူနေခန်းကျဉ်း ၀က်ခြံလေးများ နှင့်အတူ ကုန်ပစ္စည်းများလည်း အဆင်ပြေသလို ထား ရှိပါသည်။

ညနေစောင်း ပုသိမ်မြို့ ဆိပ်ကမ်း မှ ထွက် ကာ ညအိပ် ခရီး ဖြစ်သော မြစ်ဝကျွန်းပေါ် ရေငံပိုင်း ကမ်းရိုးတန်း တံငါ ရွာများဆီ သို့
သွားသော တစ်ခုတည်းသော လမ်းပန်း ဆက် သွယ်ရေး ပြည်တွင်း ကုန်နှင့် ခရီးသည် တင် တစ်ထပ်ရေယဉ် များ၏ သဘောသဘာဝ နှင့်
စီးနင်းလိုက်ပါလာကြသူများ၏ မြင် ကွင်း များပင်ဖြစ်ပေတော့သည်။

ကျနော်သည်... ကမ္ဘာ့နိုင်ငံ မြို့ရွာ နေရာအနှံ့အပြား တွင် သင်္ဘောများ၊ ဖယ်ရီ ၊စက်လှေ၊ မော်တော် ဘုတ်၊ ရေယဉ် ပုံပန်း သဏ္ဍန်
အမျိုးမျိုးတို့ ကို တွေ့မြင်ကြုံတွေ့ဘူးခဲ့ပါသော်လည်း
ကျနော်တို့ မြန်မာပြည် ရဲ့ ဆင်းရဲမွဲတေမှုပြယုဇ် ဖြစ်သည့် အနှီ မြင်ကွင်းတို့ သည် သာ ကျနော့် အတွက်
အလွမ်းပုံပြင် ပမာ အကြိမ်ကြိမ် ခံစားမိသော အကြောင်းရင်း တရားများလည်း ဖြစ်နေ ခဲ့ပါသည်။

ကျနော်သည် စိတ်ကူးအလွန်ယဉ်တတ်သူ လူတစ်ဖက် သား အား စာနာသောစိတ်ထား ဖြင့် ပရဟိတ
လူမှုဝန်ထမ်းကိစ္စများကို အခါအားလျှော်စွာ တစ်တပ်တစ်အားပါဝင် ကူညီ ရန် ရည်သန်ထားသည့် အလျှောက် ...
၂၀၀၆ ခုနှစ် မှ စတင် ကာ တွင် ဘိုးဘွားလက်ငုပ် ..ရေငံပိုင်း ရှိဆားကွင်းများကို အမွေဆက်ခံပြီး
ပင်လယ်ကူးသင်္ဘော ကြီးပေါ်မှာ တာဝန် ၃လ ထမ်းဆောင်ပြီး ၃ လ အနားရခိုက် ကာလများ အတွင်း
မြန်မာပြည် မြစ်ဝကျွန်းပေါ် အောက်ဘက် ခြမ်း တံငါ ရွာငယ်ကလေးများ ဘက်ဆီ သို့ သွားရောက်နေထိုင် ကာ

ကိုယ်စွမ်းရှိ သမျှ ပရဟိတ ၀န်ဆောင် ကူညီပေး ၍ ရလိုရညား ဆောင်ရွက်မည် ..
စီးပွားရေးလုပ်ကိုင်ရင်း ဆင်းရဲသောထို အရပ် ဒေသများတွင် မိမိလေ့လာသိရှိခဲ့သော ပညာရပ် ဗဟုသုတ တို့ဖြင့်
ကူညီပေးမည့် စိတ်ကူး ကို စတင်အကောင်အထည် ဖော်မိပါတော့သည်။

လက်တွေ့ တွင် ထို ကိစ္စ သည် အတော်ခက်ခဲကြောင်းတွေ့လာရတော့သည်။
ထို အရပ်ဒေသတွင် နေထိုင်သူ (အလုပ်သမား လက်လုပ်လက်စား လူတန်းစား) တော်တော် များ များ တို့သည်
ပညာသင်ခွင့် မရ သူများကြ ပါသည်။ ထို့ ကြောင့် ဘာသာရေး အသိဥာဏ် ပါခေါင်းပါးသွား ကြသည်မှာ
ကိုးကွယ်မှု သည် မိရိုးဖလာ အဆင့်တွင် ပင် မရှိချင်တော့ပေ..
ထို့ကြောင့် ဘုန်းကြီးကျောင်းပွဲ ဘုရား ပွဲတော် များတွင် လောက်သာ အပျော်အပါး ရှိပြီး
အလှူ အတန်း ဆိုသည် ထက် စားကြမည် သောက်ကြမည် ဆိုသောအဆင့်မျှသာ ရှိလေတော့သည်။

အဆိုးဆုံး က မိသားစု တော်တော် များများတွင် အခြေတကျ အိမ်ခြေ ယာခြေ မရှိ ကျဘမ်း အလုပ် ကြုံသလိုလှည့် လည်
လုပ် ကိုင်စားသောက်ကြခြင်း၊မိုးအခါ ရေကြည် ငသိုင်းချောင်း အသုတ် ပန်းတနော် များဘက် တွင် စပါးစိုက်ခြင်း၊
နွေ အခါ ...ဟိုင်းကြီး၊ လပွတ္တာ၊ ငပုတော၊ ပြင်ခရိုင၊် ပြင်စလူ များဘက် ဆင်းကာ ဆားလုပ်ငန်း တွင် ၀င်ရောက် လုက်ကိုင်ကြခြင်း တို့ ဖြင့်

မိမိ မိသားစု ဘုစု ခရုတို့ကို ခေါ်ဆောင်ကာ နှင့် ဒံအိုးတစ်လုံး ရေအိုးတစ်လုံး အ၀တ်တစ်ထည် ကိုယ်တစ်ခု
ဖိနပ်ပင် မစီး ဂျစ်ပစီ များသဖွယ် နယ် လှည့်လည်ကာ အသက်မွေးဝမ်းကျောင်းရင်း ဘ၀ ကိုယ် ရှင်သန်နေကြသူများ ဖြစ်ကြလေသည်။

တံငါ သမားများ၍ ဘုရားရှစ်ခိုး အလှူတန်းကုသိုလ် များကင်း ဝေး ကာ
အိမ်တွင် ဘုရားစင်ပင် မရှိသူများပြားသော အလုပ်သမားမားရှိရာ အကုသိုလ် အစုစု တို့ ပေါင်းစုရာ အရပ်ဒေသလည်းဖြစ်သည်
ဟု ကျနော်က ရေး လျင် မကျေနပ် ကောင်း မကျေနပ် ဖြစ် ကြပေမဲ့ မတတ်နိုင်
သူတို့ သားသမီးများ ကလည်းစာမတတ် ဘုရားမရှစ်ခိုးတတ် မွေး ဖွားသည်နှင့် စားဝတ်နေရေး ရုန်းကန်
လှုပ်ရှား ၀မ်းဝရေး ကို ဦးစားပေးကာ ဘ၀တွင် ဦးတည်ရာ မဲ့နေသူများစွာ လည်း ရှိနေသည်ကို တွေ့ရပါသည်။

ထို့ထက် အဆိုးဆုံးမှာ သူတို့ တွင် မွေးစာရင်း၊ သန်းခေါင်စာရင်း နှင့် နိုင်ငံသားကဒ် (သို့) မှတ်ပုံတင် မရှိကြပေ။
(နာဂစ်ကာလ အတွင်း က လူ သိန်း ချီ လူပျောက် စာရင်းဝင်သွားကြ ခြင်းမှာ ထိုသို့ လ၀က စာရင်း မ၀င်ခြင်းကြောင့် ပင် ဖြစ်လေသည်။)
ရခိုင် မှာဖြစ်နေသော လူမျိုးခြားဝင်မှု အသာထားလို့
ကိုယ့်ပြည်မ မှ မြန်မာလူမျိုး များပင် နိုင်ငံ မဲ့ ဖြစ်နေရခြင်းကားမည်သူ့ တွင် တာဝန်ရှိသလဲမေးရ မည်

ထို မိသားစု တို့ အားကယ်တင် မည့် သူမရှိ ဆင်းရဲမွဲတေ မှု ကား ကုန်းကောက်စရာပင် မရှိ သောအနေအထားကြောင့်
ဘာသာခြားများအလွယ်တကူ သိမ်းသွင်းနိုင်ပါသည်။
အုပ်ချုပ် သူ တွေ တန်ခိုးထွားကာ နှင့် ဘာမှ ပြောပလောက် အောင် ပင် ပညာမတတ်သော ရဲ သားများတန်ခိုးထွားသည် ကား
ဆို စရာ မရှိတော့...ချေ

(နာဂစ် ကာလ အတွင်းက ကျနော့်တို့ ဘိုးဘွားပိုင် ရေလုပ်ငန်းများ မှ အလုပ်သမား ၆၂ ဦး အနက် ၅၇ ဦး သေဆုံး သွားသော်လည်း
ယနေ့ အထိ ဆွေမျိုးသားခြင်း မိဘမောင်ဘွား မည်သူ တစ်ဦးတစ်ယောက် ကမှ လာရောက် မေးမြန်း စုံစမ်းခြင်းမရှိသည်က ပင်
မြန်မာနိုင်ငံ ၏ ပြည်တွင်း ကာကွယ်ရေး လ၀က၊ ရဲ နှင့်အုပ်ချုပ်သူလူတန်းစားတို့ ၏ တာဝန်မဲ့ခြင်း
လူသားမဆန်ခြင်းတို့ ၏ ပြယုဒ် များလည်းဖြစ်လေတော့ သည်။

ကျနော် တို့ သင်္ဘောသားတွေ ကြုံ ဘူးကြသည့် ပင်လယ် ပြင် မှာတိုက်သော လှိုင်း မုန်တိုင်းတို့ သည်
လေအရှိုန် မိုင် ၆၀ ၊၇၀ ခန့် ထိုသို့ ကြုံရလျင် ပင် ရေတွင် ပေါ်နေသော အရှိန် ပြင်းပြင်း ခရီး နှင်နေသော ပင်လယ်ကူး သင်္ဘောကြီးတို့
ပင် ကြောက်ခမန်း လိလိ တုန်ခါနေကြ ရုန်းကန် နေကြရလျှင် ..
ရန်ကုန် ကိုမြို့ ကို ဖြတ် သန်းသွားသော လေတိုက်နုံး သည် တစ်နာရီ မိုင် ၁၀၀ ကျော် ဖြစ်ခဲ့ သော
ကျနော်တို့ အလုပ်သမား များရှိရာ ဟိုင်းကြီး ဘက်တဖက် ကမ်း ဆားကွင်း ဘက် တံငါ ရွာများ အား မိုင် ၁၂၀ ဖြင့် ဖြတ်သန်းသွားသော
နာဂစ် ကြီး ၏ ဖျက်ဆီး တိုက်ခိုက် နိုင် စွမ်း ၊လေရေ အရှိန်ဟုန်တို့ကြောင့် ကြုံတွေ ရမည့် ကံကြမ္မာ ရိုင်း ကိုကား ကျနော်
မခံ့မှန်းရဲတော့ပေ.....

ကျနော့် နှင့် လုပ်ဖော် ကိုင်ဘက် ကိုစိုင်း နှင့် အလုပ် သမား ၆၀ကျော် တို့သည် ထိုနေ့တွင် ကံကြမ္မာငင်လေပြီ.
သူတို့သည် ဒီရေ သည်လေ သည် မုန် တိုင်း ၏ ရိုင်းဆိုင်း မှုအောက် တွင် အသက် ရှင် ကျန် နိုင် ရန်
မလွယ်ကူဟု ကျနော့် အိမ်သားများအား ပြောပြ ရန် စကားစရှာမရခဲ့ပေ............ဆက်ရန်

via Yar Zu : MSU WEB DEVELOPER

အနှောက်အယှက် အဟန့်အတားများ



ခလုတ်တိုက်လဲခြင်းသည် ကျဆုံးခြင်းမဟုတ် 

( ပေါ်တူဂီ စကားပုံ ) 

လောကတွင် ဘယ်သူမှ အမှားအယွင်း မကင်းနိုင် ။ အမှားလုံးဝ ကင်းချင်လျှင် ဘာမှ မလုပ်ပဲ နေဖို့သာ ရှိသည် ။ သို့သော် လူ့ဘ၀ ရောက်လာပြီး ဘာမှ လုပ်မသွားဘူး ဆိုလျှင် အဲဒါသည်ပင် လူတကာထက် မှားသည့် အကြီးဆုံး အမှားကြီး ဖြစ်သွားလိမ့်မည် ။

ထို့ကြောင့် အလုပ်လုပ်ရလိမ့်မည် ။
လမ်းလျှောက်သောသူ ခလုတ်တိုက်သလို အလုပ်လုပ်သောသူသည် တခါတရံ အမှားအယွင်း ကြုံရမည် ။ အမှား၏ဒဏ်တွေလည်း ခံရမည်သာ ဖြစ်သည်။

သည်အတွက် စိုးရိမ်စရာမလိုပါ ။ ဒါသည် လောက၏ ဓမ္မတာ တစ်ခုသာ ဖြစ်သည် ။ ရာသီဥတု ဟူသည် အမြဲမသာယာ ဆိုးသည့်အခါ ဆိုးသလို ၊ ဘ၀မှာလည်း မုန်တိုင်းထန်သည့်အခါတွေ ရှိပေဦးမည် ။ သို့သော် သည်လေဒဏ် မိုးဒဏ် မုန်တိုင်းဒဏ်တွေကို ကြံ့ကြံ့ခံရင်းပင် လူက ရင့်ကျက်ဖွံ့ဖြိုးရသော သဘောရှိသည် ။

မီးဒဏ် တူဒဏ်ကို နာနာခံပြီးမှ အသားကောင်းသော ဓားတစ်ချောင်း ဖြစ်လာသည် ။ လှိုင်းကြမ်းလေကြမ်းကို အကြိမ်ကြိမ် ဖြတ်သန်းပြီးမှ ကြံ့ခိုင်ကျွမ်းကျင်သော သင်္ဘောသားကောင်း ဖြစ်လာသည် ။ အခက်အခဲ အကျပ်အတည်းတွေသည် အတွေ့အကြုံနုနယ်သူ လုလင်ငယ်တစ်ဦးအား ရင့်ကျက်ထက်မြက်သော ယောက်ျားကောင်းတစ်ဦး အဖြစ်သို့ ပြောင်းလဲပေးနိုင်သော စွမ်းအားရှိကြ၏ ။

သို့သော် အခက်အခဲတွေအပေါ် ထားရှိသည့် တစ်ဦးချင်း၏ သဘောကတော့ အရေးကြီးသည် ။ မတော်တဆ ခြေချော်ကျသည်ကို ငါကျဆုံးပြီဟု မြင်၍ မရ ။ ခလုတ်တိုက်လဲသည့်နေရာမှာ ဆက်လှဲနေမှ တကယ် ကျဆုံးခြင်း ဖြစ်သည် ။

ထို့ကြောင့် ၊ လူ၏ စွမ်းရည်ကို ခလုတ်တိုက် လဲခြင်း မလဲခြင်း နှင့် ဆုံးဖြတ်၍မရ ၊ ခလုတ်တိုက်လဲပြီး ပြန်ထ မထ ဟူသော အချက်ဖြင့်သာ ဆုံးဖြတ်၍ ရနိုင်သည် ဟု ဆိုကြခြင်းဖြစ်သည် ။ နောက်တစ်နေ့တွင် စတိုးဆိုင်တွဲ လုပ်ငန်းရှင် သူဌေးကြီး ဖြစ်လာမည့် ( Frank Woolworth ) ကုန်စုံဆိုင် စဖွင့်တော့ ငါးဆိုင် တွင် သုံးဆိုင်က အရှံးပေါ်သည် ။ သို့သော် သည်လုပ်ငန်းကိုက်မှာမဟုတ်ဘူး ဟူ၍ သူနောက်ဆုတ်မသွား ။ နည်းနာတွေ ပြုပြင်ကာ ဆိုင်အလုပ် ကို ဆက်လုပ်သည် ။ သည့်နောက်တော့ သူ့ဆိုင်တွေ ထင်ရှားအောင်မြင်လာပြီး အမေရိကန် ပြည်အနှံ့မှာ ဆိုင်ခွဲတွေ မှိုလိုပေါက်သည်အထိ ဖြန့်ကျက်နိုင်ခဲ့သည် ။

သည်လူတွေက အနှောက်အယှက် အဟန့်အတား ကို ပဓာန မထား ၊ ကိုယ့်ခရီး ကိုယ်ဆက်နိုင်အောင်သာ အားထုတ်ကြိုးပမ်းတတ်သူမျိုး ဖြစ်သည် ။ သူတို့ကို မအောင်မြင်အောင် တားဆီးထား၍ မရ ။ သူတို့ရှေ့မှာ ခလုတ်ကန်သင်းတွေ ၊ သစ်တုံးကျောက်ခဲတွေ မည်မျှ ချထားထား သူတို့ စိတ်ပျက်မသွား ။ ဒါတွေကိုပင် လှေကားထစ်များပမာ နင်းတက်သွားဦးမည် ဖြစ်သည် ။

အခက်အခဲ ကြောင့် နောက်တွန့် မသွားကြသူတွေမှာ အဓိက အားက ရည်မှန်းချက်ခိုင်မာခြင်း ဖြစ်သည်။ ပန်းတိုင်ကို သူတို့ အာရုံထဲတွင် ရှင်းလင်းစွာ မြင်ထားပြီး ယင်းပန်းတိုင်သို့ ချီတက်ရန် လမ်းကြောင်းများ ၊ လုပ်ငန်းအစီအစဉ်များ လည်း တိတိကျကျချထားပြီး ဖြစ်ရာ ၊ အတွန်းအထိုး အတိုက်အခိုက်တွေကြောင့် လဲတာ ပြိုတာ ရှိချင် ရှိမည် ဖြစ်သော်လည်း ဘေးဘီသို့ ကား တိမ်းချော်ကွေ့ကောက်သွားခြင်း မရှိ ။ တွေ့သမျှ အတားအဆီးကို ကျော်တန်ကျော် ၊ ဖောက်တန်ဖောက်ထွင်းကာ အဖြောင့်အတိုင်း ချီတက်မြဲ ချီတက်ဖြစ်လေသည် ။

စွန်ဆိုသည်မှာ လေစုန်တွင် မတက် ၊ လေကို ဆန်၍သာ တက်စမြဲဟူသော စကားရှိရာ ၊ ရည်မှန်းချက် စွဲမြဲခိုင်မာသူတို့မှာလည်း စွန်များနည်းတူ အခက်အခဲ တွေများလေ ယင်းတို့ကို ထိုးဖောက် ကျော်လွားကာ ပို၍ မြင့်မားသော အောင်မြင်မှု ဆုလာဘ်တွေကို ရရှိလေ ဖြစ်ချေသည် ။ ။

ဆရာ ဖေမြင့် ၏ အားပြင်းသော မြှားတစ်စင်း စာအုပ်မှ

အောင်မြင်ရေးသမားများအတွက် ထက်သန်နိုးကြားရေးစာများ

ကို မူရင်းအတိုင်း ကူးယူ တင်ပြပေးခြင်း ဖြစ်ပါသည် ။ :)

Tuesday, November 20, 2012

နားခိုခွင့်... ( MSU POEM )

နားခိုခွင့်... အနမ်းတွေနဲ့ သိပ်ပျော်ခဲ့ဖူးသပေါ့... အလွမ်းတွေနဲ့ အိပ်မပျော်ဘူး...အချစ်ရေ... ပင်လယ်... သမုဒ္ဒရာ..အစင်းစင်းဖြတ်.. မတ်တပ်ရပ်..ဆိုခဲ့သောသီချင်းများ... မိုင်ထောင်ချီ...ဟိုးအဝေး မင်းလေးကြားစေသား.... ကြားနေကျ...ချစ်စကားသံချိုချိုများ... ကပိုကရိုနဲ့...လှပတဲ့နံနက်ခင်းများ... ခုတော့... ထုသားပေသားကျနေတဲ့...တမ်းတခြင်းများ... အိပ်မက်ထဲမှာတောင်... လွမ်းဖျားလွမ်းနာကျနေတုန်း.... လေပြေကိုကျောခိုင်းလို့ မုန်တိုင်းမျှော်ခဲ့သူလေ... ဖော်မဲ့တကိုယ်ရေရွက်လွှင့် မျှော်လင့်တုန်းပေါ့ မနက်ဖြန်များ ချစ်တဲ့သူရင်ခွင်ကြား နားခိုခွင့်။ ။ via Kyaw Thura ( MSU @ facebook member )

လှိုင်သာယာမှ စဥ့်အိုးတန်းသို့ ရေယာဉ်ခရီးစဉ်သစ် ဖွင့်ပွဲကျင်းပ

လှိုင်သာယာမှ စဥ့်အိုးတန်းသို့ ရေယာဉ်ခရီးစဉ်သစ် ဖွင့်ပွဲကျင်းပ

 November 14, 2012
ဌာနဆိုင်ရာသတင်း, ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲ လှိုင်သာယာ (ရှမ်းကျောင်း ဘုန်းတော်ကြီးကျောင်း) ဆိပ်ကမ်းမှ ရန်ကုန်-စဥ့်အိုးတန်း ဆိပ်ကမ်းသို့ တံလျှပ် ရေယာဉ် ခရီးစဉ်သစ် တိုးချဲ့ပြေးဆွဲရေး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက် (၇)နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊ ရှမ်းကျောင်း ဘုန်းတော်ကြီးကျောင်း ဆိပ်ကမ်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးအောင်ခင်၊ ရန်ကုန်တိုင်းဒေသကြီး ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ၊ ဦးတင်အောင်နှင့် ဌာနဆိုင်ရာများ၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားမှူး ဦးဝင်းဖေ၊ အထွေထွေမန်နေဂျာနှင့် ဌာနမှူးများ၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဆက်လက်ထွက်ခွာခဲ့ရာ နံနက်(၇း၄၅)နာရီတွင် ရန်ကုန်မြို့ စဥ့်အိုးတန်းဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး ညနေ(၅)နာရီတွင် စဥ့်အိုးတန်း မှ ပြန်လည်ထွက်ခွာပြီး လှိုင်သာယာသို့ ညနေ (၆) နာရီတွင် ရောက်ရှိပါမည်။ ခရီးသည်တစ်ဦးလျှင် ကျပ် ၂၅၀ိ/၊ နိုင်ငံခြားခရီးသည် တစ်ဦးလျှင် (၂)ဒေါ်လာကောက်ခံပါမည်။ ခရီးစဉ် တံလျှပ် ရေယာဉ်၏ အတိုင်းအတာများမှာ အလျား (၉၄ ) ပေ ၊ အနံ (၂၂)ပေ ၊ စောက် (၇) ပေ (၆) လက်မ၊ ကုန်တန်ချိန် (၅၀)တင်ဆောင်နိုင်ပြီး ခရီးသည်မှာ (၂၈၀) ဦး လိုက်ပါစီးနင်းနိုင်ကြောင်းနှင့် လှိုင်သာယာမြို့နှင့် အင်းစိန်မြို့အနီး တစ်ဝိုက်မှ ခရီးသွားများ ယာဉ်ကြောပိတ်ဆို့မှုကြောင့် ခရီးသွားချိန်ကြာမြင့်ခြင်းကို ရေကြောင်းလမ်းမှ စရိတ်သက်သာ၊ အချိန်ကုန်သက်သာစွာဖြင့် ခရီးသွားလာနိုင်ရေး ဦးတည်ရည်ရွယ် ပြေးဆွဲပေးခြင်းဖြစ်သည်။

 via The Transport News Journal

Workship Skills Training : Vaccancy Announcement

WISE WISH Marine Engineering Training Centre

Workship Skills Training : Vaccancy Announcement

1. Job Title :Demonstrator (Electrical, Electronic & Control Shop)

2. Required Experience : Retired Electrician or Retired E/O or
Experience electronic and control engineer

3. Education : Must have Marine Electrical COC (or) Elec
t: Dip
( or ) Elect:Degree
4. No age limit

Contact Address:
WISE WISH Marine Engineering Training Centre
No (5), Say Soe Street, (E/A) Block, Thingangyun Township, Yangon.
(Near Dental University, Bus (62) Gate, Than Thu Mar Road)
Contact Number:
Training Centre Ph: 09- 49246117 ( 09:00 - 15:00) Weekdays.

MSU POEM

အချိန်တန်အိမ်ပြန်ရမှာပါပဲတဲ့
ဇိမ်ခံရမှာဘယ်အချိန်မှလဲ
တခါတရံ နှိမ်ခံနေရတာတော့အမှန်ပါ
နှိမ်ခံရတာ ကြိမ်ဖန်များလာသော်လည်း
အချိန်တန်အိမ်ပြန်ရမှာပဲဆိုတဲ့ အတွေးနဲ့
ငြိမ်ခံနေခဲ့ရတာလည်းကြာလှပေါ့
သြော်...စိန်သံပတ္တမြားတွေလည်း မလိုချင်တော့ပါဘူး
တိမ်ယံအထက်ဖျားဆီကိုတော့ ကြိမ်ဖန်အချက်များစွာ ပျံသန်းပြီး
အိမ်ပြန်အကွက်ဇယားကိုပဲ ရေးဆွဲချင်မိပါတော့တယ်။

by Theik Di
via Zarni Tun : MSU WEB DEVELOPER

မြန်မာ..သဘောင်္သားနှင့်.. အနာဂတ်..အလုပ်အကိုင်အခွင့်အလမ်း..။

SELF INTERVIEW
။။။။။။။။။။။။။။
မြန်မာ..သဘောင်္သားနှင့်.. အနာဂတ်..အလုပ်အကိုင်အခွင့်အလမ်း..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

ပြဿနာ..တစ်ခုကို..စဉ်းစားတဲ့..အခါမှာ..ဇစ်မြစ်ကို.ကျကျနန..စဉ်းစားမယ်..။ ဘက်ပေါင်းစုံက..မြင်မယ်..။ စေတနာထား..သုံးသပ်မယ်..ဆိုရင်တော့..။ ဖြေရှင်းရမဲ့လမ်း..။ပေါ်လာမှာပါ..။ ပေါ်လာယုံနဲ့..မပြီးသေးပါ..ဘူး.အကောင် အထည် ဖော်ရဦးမှာပါ..။ ဝေလေ..လေ..ဆိုပြီး..အော်နေတဲ့..လေနဲ့ချည်းမရပါ..ဘူး..၊ လုပ်
ကြရအောင်လို့..ဆော်သြနေယုံနဲ့..မရပါဘူး..။

အကောင်အထည်ဖော်ဆောင်မှုဆိုတဲ့..လက်လည်းပါရဦးမှာပါ..။ ကိုယ်တိုင်..ကိုယ်ကျ..၀င်လုပ်ကြရပါမယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ကျွန်တော်က..သာမာန်..ကျောင်းဆရာတစ်ယောက်ပါ..။ အရေးမပါ..အရာမရောက်တော့..ဘယ်သတင်းထောက်မှ..လာမမေးပါဘူး..။ဘယ်သူမှ..လာမမေးလို့..

ကိုယ့်ဖာသာမေးပြီး..ကိုယ့်ဖာသာ..ဖြေထားတာလေးတွေ..ကို..ခပ်တည်တည်နဲ့..တင်လိုက်ပါတယ်..။ မနှစ်သက်ရင်..ရီမောလိုက်ပါ..။ အတွေးလေး..တစ်ခု..ရသွားရင်. ကြေနပ်ပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။

မေး..။ မြန်မာသဘောင်္သားတွေအတွက်...အနာဂတ်မှာ..အလုပ်အကိုင်..အခြေအနေ..ကောင်းလာစရာရှိပါသလား..



ဖြေ..။ လာမဲ့..တစ်နှစ်..နှစ်နှစ်အတွင်းမှာ..မရှိနိုင်ပါဘူး..။

ကမ္ဘာ့စီးပွားရေးနဲ့..ရေကြောင်းကုန်သွယ်မှုကဏ္ဍမှာ..သိသိသာသာ..တိုးတက်မှု..ပြောင်းလဲမှု..မရှိသလို. သဘောင်္သစ်တည်ဆောက်မှု..ကိန်းဂဏန်း..က..ပုံမှန်ဖြစ်ပါတယ်..။

နောက်တစ်ချက်က..မြန်မာ.သဘောင်္သား..အများစု..ရဲ့..Professional Qualification, English Language, Mind Set, စတာတွေကလည်း.. သဘောင်္ပိုင်ရှင်တွေ ကြိုက်လောက်အောင်..၊ ခေါ်ယူချင်လောက်အောင်.၊ ထင်ထင်မြင်မြင်.. တိုးတက်လာမှုမရှိသေးတာကြောင့်..ပါ..။

အရင်အတိုင်းပါဘဲ..။ လစာများများ..လိုချင်တယ်..၊ အလုပ်သိပ်မကြိုးစားချင်..ဘူး..၊ ဆိုတဲ့သူက.. အများစု..ရှိနေတုန်းပါဘဲ..။

အဲဒီအချက်က..Professional Image ကို..တက်မလာစေပါဘူး..။ ဒီတော့.. Job Opportunity နည်းပါတယ်..။ အလုပ်အကိုင်ဈေးကွက်ထဲ..မှာ..”မြန်မာတွေ.တော်တယ်.ဆိုပြီး ဖြစ်လာမှ.မြန်မာ.ဆို.ခေါ်မယ်”..ဖြစ်လာမှာပါ..။

နံမည်ကောင်းရဘို့..တည်ဆောက်ယူရပါမယ်..။ အခုက..ကျွန်တော်တို့..အကိုတွေရဲ့..နံမည်အရှိန်နဲ့..ကျွန်တော်. တို့..လုပ်စားနေခဲ့တာပါ..။ အရှိန်..မကုန်ခင်..ပြန်တင်ဘို့..လုပ်ရတော့မဲ့..အချိန်ရောက်နေပါပြီ..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မေး..။အလုပ်အကိုင်အခွင့်အလမ်း..တိုးတက်လာဘို့.. ဌာနဆိုင်ရာတွေက..ဘယ်လို..ဆောင်ရွက်သင့်ပါသလဲ..။



ဖြေ..။လက်တွေ့ကျကျပြောရမယ်ဆိုရင်.ဒီကိစ္စက.ဌာနဆိုင်ရာတွေက.လုပ်ပေးနိုင်တဲ့.အနေအထားမဟုတ်ပါဘူး။

လုပ်ပေးနိုင်တယ်လို့..ပြောနေရင်..၊ ထင်နေရင်..မှားပါတယ်..။ ဘယ်ဘက်ကပဲ..ထင်ထင်ပါ..။



အလုပ်ရှင်တွေများများ..လာခေါ်မှ..အလုပ်အကိုင်အခွင့်အလမ်း.က..များလာမှာပါ..။ အလုပ်ရှင်တွေ..သဘောကျလောက်တဲ့..အရည်အချင်းတွေရှိလာအောင်..လုပ်ဖို့က.ပြောနေလို့.မရပါဘူး..။ လုပ်ပြရမှာ..ဖြစ်ပါတယ်..။ ကာယကံရှင်တွေ. သဘောင်္သားတွေကိုယ်တိုင်က..မိမိ ရဲ့..Professional Spirit.. မြှင့်ဘို့..တာဝန်ယူစိတ်.၊ တာဝန်သိစိတ်ရှိဘို့..။ ကိုယ်ယူထားတဲ့..ရာထူး..လစာနဲ့..ထိုက်တန်တဲ့.ကျွမ်းကျင်မှု..ပြနိုင်ဘို့..က..ပထမအရေးကြီးဆုံးပါ..။



ဈေးကွက်ထဲမှာက..တစ်ခြားနိုင်ငံသားတွေလည်း..ရှိနေတယ်လေ..မြန်မာ..လူမျိုးတစ်မျိုးထဲမှ..မဟုတ်တာ..။

ဈေးခြင်းတူရင်..သာတဲ့သူကို..သုံးမှာပေါ့..။ လူချင်းတူရင်..ဈေးပေါတာ.ကို...သုံးမှာပေါ့..၊ ဒါက..ကမ္ဘာဦးကထဲက..ရှိခဲ့တဲ့..စီးပွားရေးသီအိုရီဘဲ..။

ညံ့ညံ့လေးတွေကို..ဈေးကောင်းပေးပါလို့..အော်နေလို့..၊ ညံတာလေးတွေကို..သုံးကြပါလို့..၊တောင်းဆိုလို့..

ရတာမျိုး..မှ..မဟုတ်တာ..။

ကျောင်းတစ်ကျောင်းရဲ့..1st Batch က..အလုပ်၊ စိတ်ဓါတ်၊ တာဝန်ယူမှု..မှာ..စံပြလုပ်ပြရင်..နောင်ညီလေးတွေ.. ကိုပါ..အလုပ်ရှင်.ကုမ္ပဏီက..ခေါ်ဘို့..စိတ်ကူးလာမှပေါ့..။

အခု..လက်တွေ့မှာ..ကိုယ့်တက်ခဲ့တဲ့..ကျောင်းတော်ကြီးရဲ့..ဂုဏ်သိက္ခာ..ကို..ထိန်းတဲ့သူ.အရေအတွက်က..နည်းလာ..ဟန်..တူရဲ့..။



ညံ့တာတွေကို..တော်အောင်အရင်လုပ်ရမှာ..ကျောက်ရိုင်းတွေကို..သွေးလိုက်မှ..တန်ဘိုးတက်သလိုပေါ့.။



ဒါပေမဲ့..သွေးနေတဲ့..ကျောက်က..လမ်းခင်းကျောက်ဆိုရင်တော့.လည်း.တန်ဘိုးတက်မလာနိုင်ပါဘူး..။ ဒါကို..လည်း..မေ့ထားလို့..မရပါ..။



အလုပ်အကိုင်.အခွင့်အလမ်းကို..ဌာနဆိုင်ရာတွေက..တိုက်ရိုက်..မဖန်တီးနိုင်ပေမဲ့..Quality Control ကိုတော့..ဌာနဆိုင် ရာတွေက..လုပ်ရပါ့မယ်..။

Quality ကောင်းတဲ့..နိုင်ငံတစ်ကာအဆင့်..ရေကြောင်းပညာရှင်တွေ..များလာရင် ရေရှည် မှာ..အလုပ်အကိုင်အခွင့်အလမ်းကောင်းလာမှာပါ..။ ချက်ခြင်းမမြင်နိုင်ပါ..၊ စောင့်ရမှာပါ..။ သစ်ပင်စိုက်သလို..ကြာပါ့မယ်..။



Quality ကောင်းလာဘို့က..ကျောင်းတွေမှာ..သမာရိုးကျ..လမ်းဟောင်း သင်ကြားမှု..ကနေ..ပြောင်းရပါ့မယ်..။ ခေတ်မီတဲ့..စနစ်ကိုပြောင်းရပါမယ်..။ Multimedia တို့..Power Point တို့.. CBT တို့.. Simulator..တို့..။ သုံးရပါမယ်..။

စည်းကမ်းပိုင်းမှာ..တင်းကြပ်ဘို့..လိုပါတယ်..။ စစ်ရေးပြလေ့ကျင့်ရေးကို..နေပူလောင်မှာ..စိုးလို့..အသားမဲမှာ..စိုးလို့..ထီးဆောင်းပြီး..ဘယ်ညာ..နင်းနေတာ..။ ကျောင်းသား..အပြစ်မဟုတ်ပါဘူး..။ ခွင့်ပြုထားတဲ့..ဆရာ..တွေရဲ့..အပြစ်ပါ..။

နိုင်ငံတိုင်းရဲ့..ရေကြောင်းဘက်ဆိုင်ရာ..ကောလိပ်..တက္ကသိုလ်တွေ..အားလုံးမှာ.. (ကိုရီးယား..ပူဆန်တက္ကသိုလ်..၊ မလေးရှားက..ALAM.၊ ဥရောပက..ကျောင်းတွေ..) Merchant Navy ကျောင်းသားတွေဟာ..ရှေ့တစ်လက်မ..နောက်ပြောင်..ဗိုလ်ကေနဲ့..ယူနီဖောင်းနဲ့..လေ့ကျင့်ပေးတာပါ..။

နံကထိုင်လေးကို..လျော့လျော့လေးစီး..ကိုရီးယား..F4 မင်းသား..ကေ..လေးနဲ့.. ဘယ်ခြေထောက်က.. ညာခြေထောက်ကို..နွဲ့နွဲ့လေး..ကွေ့ပတ်ရင်း..လမ်းလျှောက်နေတဲ့..ကျောင်းသားတွေကို..မြင်တော့..ရင်ထားမှာ.. မကောင်းဘူး..၊ သူတို့အတွက်ကော..သူတို့..မိဘတွေအတွက်ပါ..ကြားက..စိတ်ပူမိတယ်..။

တကယ့်လုပ်ငန်းခွင်မှာက..ကျားကျားလျားလျား..မာမာထန်ထန်..လှိုင်းနဲ့.လေနဲ့..သက်စွန့်ဆံဖျား..လုပ်ကြရမှာ.။

လုပ်ငန်းခွင်ထဲမှာ..အဆင်မပြေကြမှာ..စိတ်ဆင်းရဲကြမှာ..ကို..မြင်ယောင်မိရဲ့..။



နောက်တစ်ချက်က..စာသင်ကြားမှုရဲ့..မဏ္ဍိုင်.တစ်ခုဖြစ်တဲ့..Teaching Staff တွေထဲ..မှာ.. လက်တွေ့.အတွေ့အကြုံရှိ.လုပ်ငန်းအတွေ့အကြုံရှိ..ဆရာ.. ခါးဆက်ပြတ်နေပါတယ်..။ ဆရာ..ဆိုတဲ့..အသက်မွေးဝမ်းကျောင်းကို..ရွေးချယ်သူ..နည်းလာပါတယ်..။ အထူးသဖြင့်..ကျောင်းဆရာ..တွေ..တစ်ဖြေးဖြေးနည်းလာ..နေပါတယ်..။

မှားယွင်းခဲ့တဲ့..စနစ်ရဲ့..အကျိုးဆက်အနေနဲ့..တစ်ကျပ်ဆရာ..က..ငါးမူး..တပည့်တွေ..မွေးထုတ်..။ ငါးမူး..တပည့်.တွေ...ဆရာဖြစ်လာတော့..။ တမတ်..တန်..တပည့် တွေ..မွေးထုတ်..၊ စတဲ့..ဖြစ်စဉ်က.. မရပ်သေးပါဘူး..။ လည်နေတုန်းပါ..။ ရပ်အောင်ဘာတွေ..လုပ်နေကြပြီလဲ..။ မေးဘို့..လုပ်ဘို့..လိုနေပါတယ်..။



ရှေးစကားပုံရှိပါတယ်.. “ဆရာ့ထက်..တပည့်လက်စောင်းထက်.” .တဲ့..။ တစ်ကျပ်ဆရာ..ရဲ့..တပည့်တွေက..ငါးမတ်..ဖြစ်လာမှ..တိုင်းပြည်တက်လာမှာပါ..။

အဲဒီ..ဆရာ..ခါးဆက်ပြတ်..ပြဿနာ.ကို..ဘယ်သူမှ..အရေးကြီးတယ်..မထင်ကြပါဘူး..။ နောက်ပြီး..

တိကျ.ရေရာတဲ့..ပေါ်လစီလည်း.မမြင်ရ..သေးပါဘူး.။ အဲဒီတော့..မျှော်တာတောင်.. ဝေးနေ..ပါသေးတယ်..။



Professional Field တွေမှာ..Professional Experienced ရှိတဲ့..ဆရာတွေ..များများလိုပါတယ်..။ အခု..ရေကြောင်း..တက္ကသိုလ်မှာရော..ရေကြောင်းကောလိပ်မှာပါ.. ၁၀% အောက်မှာဘဲ..ရှိပါတယ်..။ ဒါ..ပိုပို..သာသာ..ပြောထားတာပါ..။

ကျောင်းမှာ..ရှိတဲ့..ဆရာ.ဆရာမတွေကို.Sea Time/Sea Service ရအောင်..COC holder တွေဖြစ်အောင်..စီစဉ်မလား..။

ဒါမှမဟုတ်..Sea service ရှိသူတွေကို..ကျောင်းလာချင်အောင်..လုပ်မလား..။ တစ်ခုခုတော့..လုပ်ရမှာပါ..။



ကျွန်တော်တို့.ကို..တစ်ချို့..လူကြီးတွေ..၊ Academic သက်သက်ဘက်က..လာတဲ့..ဆရာတွေ..ဆရာမတွေ..က.. အထင်လွဲတတ်ပါတယ်..။ ကျွန်တော်တို့က..ဒီ.Field မှာ..သိပ်နေရာယူချင်..လွန်းတယ်..လို့..။ သူတို့လည်း..လုပ်ရင်လည်း..ဖြစ်ပါတယ်..တို့..စသဖြင့်ပေါ့..။ မှန်ပါတယ်..လုပ်ရင်ဖြစ်ပါတယ်..။ မလုပ်ဘဲနဲ့..ပြောနေလို့.က..တော့..မဖြစ်ပါ..။ စာတွေ့..သက်သက်သာရှိတဲ့..ဆရာ..မှာ..အားနည်းချက်..သေချာပေါက်..၂၀၀%လောက်..ရှိပါတယ်..။

ဆရာလူထုစိန်ဝင်းက..ပြောပါတယ်..။ အင်္ဂလိပ်စာသိပ်ကျွမ်းတဲ့..လူတစ်ယောက်..Surgery လက်စွဲကျမ်းကို.ကြည့်ပြီး..ခွဲစိတ်ရင်..လူနာကောင်းလာ..မလားလို့..သေသွား..မလားလို့..မေးဘူးပါတယ်..။ မဖြေပါနဲ့..၊

ငါသာ..လူနာဆိုရင်..အခွဲခံရဲလားလို့..တွေးပါ..။

စာတွေ့..အရေးကြီးသလို..လက်တွေ့..အတွေ့အကြုံလည်း..အရေးကြီးပါတယ်..။ ဘယ်ဟာက..သာတယ်လို့.ငြင်းနေတာ..မဟုတ်ပါဘူး..။ ကောင်းဘို့.လုပ်ဘို့...မြင်တာကို..ပြောတာပါ..။

နောက်တစ်ချက်က..ယနေ့ခေတ်..

စာသင်ကြားမှု..ဆောင်ရွက်နေရတဲ့..Work Load ကတော်တော်ကြီးပါတယ်..။ အဲဒါ့အပြင်...ဒီနေ့ခေတ်မှာ.. IMO တို့.. ISO တို့..Auditable ဖြစ်ရမယ်ဆိုတာ..တို့..နဲ့..အတူ..Documentation တွေ..ကပ်ပါလာပါတယ်..။

တကယ်လုပ်နေရတဲ့..သူတွေရဲ့..အနေအထားကို. တာဝန်ရှိသူ.များက.. သဘောမပေါက်ကြ တာ.. မကူညီကြ.တာကလည်း.. အခက်အခဲ.တစ်ခုပါ.။ Teaching Staff သာလိုတာမဟုတ်ပါ..ဘူး.. သူတို့ကို.. ကူမဲ့..Staff တွေ.ပါ..လိုအပ်ပါတယ်..။

နောက်..အခက်အခဲတွေက..ဘတ်ဂျက်..Teaching Aids, Library, Reference books.၊ နိုင်ငံခြားငွေ..သုံးစွဲခွင့်..စတာ..တွေပါ.ပါတယ်...။



။။။။။။။။။။။။။။။။။။။။။။။။။။။။။



မေး..။ Local Representative ဌာနေကိုယ်စားလှယ်တွေက..ရော..လုပ်ပေးလို့..မရဘူးလား..။



ဖြေ..။ ရှင်းရှင်းပဲ..ပြောပါ့မယ်..မရပါ.ဘူး..။ ရတယ်ထင်ရင်..လုံးဝ..မှားပါတယ်..။

ဥပမာပေးရရင်…စာရေးက..သူဌေးကို..ခိုင်းလို့..မရပါ.။ လုပ်ငန်းရှင်ရဲ့..လိုအပ်ချက်ကို..ဌာနေကိုယ်စားလှယ်က..ဖြည့်ဆည်း..ဆောင်ရွက်ပေးရသူပါ..။ သူ့လုပ်ပိုင်ခွင့်က..အရမ်းနည်းပါတယ်..။ တစ်ချို့ဆို..နိုင်ငံခြား.သဘောင်္ကုမ္ပဏီရဲ့..Crew Manager ကို..ဆရာတင်.ထားရတဲ့..အနေအထားပါ..။ သူ့ လိုင်းက..လူခေါ်ရင်.သုံးရင်..၊ သဘောင်္သား…ဆီ က..သူတောင်းလို့..ရမဲ့.မုန့်ဘိုး.ထဲက၊ ဘယ်ရွေ့..ဘယ်မျှ..ပူဇော်ပသပါ့မယ်လို့..အောက်လေ.လေး နဲ့.. ကျို့ထားရပါတယ်..။

အမှန်အကန်..လုပ်ခ..လစာနဲ့..တရားဝင်..ဌာနေကိုယ်စာလှယ်..အဖြစ်လုပ်နေသူ..အရေအတွက်..တော်တော် နည်းပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



မေး..။ သဘောင်္သားတွေ..အလုပ်အကိုင်ရတာ..နည်းတာ..DMA က..စာမေးပွဲတွေကြောင့်၊ စာမေးပွဲတွေ..

ခက်လို့..ဆိုပြီး..ပြောတဲ့..အသံတွေကြားရပါတယ်..။ ဟုတ်ပါသလား..။



ဖြေ..။ တော်တော်..ဂွကျတဲ့..မေးခွန်းပါ..။

ဒီကလေး..ယားနာပေါက်မှာပေါ့..သေသွားတဲ့..သူ့အဖိုးက..သစ်ပင်တက်တာ..၀ါသနာပါတာကိုး..ဆိုသလိုပါဘဲ.။ဘာမှမဆိုင်ပါဘူး.။

တစ်နေ့ကဘဲ..ကျွန်တော့် သင်တန်းကျောင်းလေးကို..လာလည်တဲ့..သဘောင်္လောကထဲက.. မိတ်ဆွေ.. တစ်ချို့နဲ့..ပြောဖြစ်ပါတယ်..။ သူက..အပေါ်က..လေ..အတိုင်းပြောလာလို့ပါ..။

ကျွန်တော်..Examiner လုပ်ခဲ့ဘူးပါတယ်..။ ရံဖန်ရံခါမှာ..လူအင်အားလိုတဲ့..အခါမှာ..External Examiner အနေနဲ့..သွားကူပါတယ်..။ ရေကြောင်းကောလိပ်မှာလည်း...ဆရာ.Visiting Lecturer.လုပ်ပါတယ်..။ လုပ်ဆဲပါ..။ အပျော်..၀င်..လုပ်နေတာမဟုတ်ပါဘူး..။ တကယ်လုပ်နေတာပါ..။

စာသင်သူ..လုပ်ပါတယ်..။ စာစစ်သူလုပ်ပါတယ်..။ ကိုယ်တိုင်လည်း..ကျောင်းသား..လုပ်ခဲ့ပါတယ်..။ ကျောင်းသားများနဲ့လည်း.ယနေ့...ထိတွေ့နေ ပါတယ်..။ ဆိုလိုတာက..အကြားတွေကို..ပြောမှာမဟုတ်ပါဘူး..။ ထိတွေ့မြင်သိတာတွေကို..ပြောပါ့မယ်..။

အနိုင်ရဘို့..ငြင်းချင်တယ်ဆိုရင်တော့..။ ကျွန်တော်..ငြင်းဘို့..အချိန်မပေးနိုင်ပါ.ဘူး..။ ပြဿနာ..ကိုအဖြေရှာတာ..ဆိုရင်တော့..ပြောချင်ပါတယ်..။ ဆိုတော့..သူက..လက်ခံပါတယ်..။ ကျွန်တော်သူ့ကို..မေးခွန်းလေးတွေ..အရင်မေးပါတယ်..။

(၁) အရင်က..ဆယ်တန်းမှာ..၁၅% အောင်တယ်..အခု..၅၀% အောင်တယ်..။

အခုခေတ်လူတွေ..အရင်လူတွေထက်တော်လာတာလား..။အင်္ဂလိပ်စာတွေ..ပိုကောင်းလာကြတာလား..။

(၂) MOT Exam အင်ဂျင်နီယာဘက်မှာ..အရင်က..အောင်ချက် ၅% ကနေ..၁၅% ရှိတယ်..။ ယနေ့..3E

အောင်ချက်ဟာ..၄၀%ကနေ..၇၅% ထိရှိတယ်..။

အခုခေတ်လူတွေ..အရင်လူတွေထက်တော်လာတာလား..။

(၃) အောင်ချက်တွေ..ဒီထက်တိုးဘို့..အမှန်တစ်ကယ်လိုအပ်နေပြီလား..။

(၄) အောင်ချက်% တိုးတာနဲ့..အလုပ်ခန့်ထားမှု..များလာမယ်လို့..ဘယ်သူက..ဘာကြည့်ပြီး..ပြောတာလဲ..။

(၅)အရည်အချင်းမပြည့်သူတွေ..အောင်တာများလာ.ခဲ့.ပြီး..လက်တွေ့လုပ်ငန်းခွင်ထဲ..၀င်သွား..တဲ့..အခါမှာ..

ရလာမဲ့.ဖြစ်လာမဲ့..အကျိုးဆက်တွေက..အလုပ်အကိုင်အခွင့်အလမ်းကို..တိုးစေမှာလား၊ လျော့စေမှာလား..။



သူကျွန်တော်မေးတာတွေကို..မဖြေပါဘူး..။ မိတ်ဆွေလည်း..မဖြေပါနဲ့..တွေးပါ..။



ကျွန်တော်..ဆက်ပြောပြပါတယ်..။

ယနေ့ခေတ်..လူငယ်တွေက..IQ မြင့်ပါတယ်..။ Calculation ကောင်းပါတယ်..။ အရင်လူတွေက..Sea time ပြည့်နေတာတောင်..နေဦး..ငါ့အတွေအကြုံက..လိုသေးတယ်..ဆိုပြီး..သင်္ဘောထပ်လိုက်ပါသေးတယ်..။ အခုက..လက်ပတ်နာရီကြည့်ပြီး..သဘောင်္လိုက်တာပါ..။ အချိန်စေ့ပြီ..။ဒေါင်..ဆိုတာနဲ့..ဆင်းလာတာပါ..။စာမေးပွဲဖြေဘို့..လုပ်တော့တာပါ..။

Certificate is Money လို့..မြင်ထားသူတွေ..အများကြီးရှိနေတာပါ..။

Life Boat ထဲမှာ..ရှိတဲ့..ပစ္စည်းတွေကို.. (အမည်နဲ့ပစ္စည်းတွဲပြီး) မသိတဲ့.. Second Mate ကြုံခဲ့ဘူးပါတယ်..။

Air Compressor ကို..Generator Engine လို့..ပြောတဲ့..3E ရှိနေပါတယ်..။ အားလုံးကို.ပြောတာ..မဟုတ်ပါ.။

ကြိုးစားတဲ့..လူငယ်တွေ..ရှိဆဲပါ..။ ရာခိုင်နှုန်း..တော်တော်..နည်းလာတာတော့..၀မ်းနည်းစရာပါ..။

ကိုယ့် Professional ကိုတန်ဘိုးမထားဘဲ.. ငွေရလွယ်တဲ့..အလုပ်အဖြစ်..ပေါ့ပေါ့တန်တန်..သဘောထားတဲ့.. လူငယ်တွေ..ရှိလာနေတာကို..၀န်ခံ ကြ..ရမှာပါ..။

တနေ၀င်ရင်..တရာ ၀င်ပြီ. ..(ဒေါ်လာတစ်ရာ).ဆိုပြီး..အလုပ်ကို..အချိန်ဆွဲ..လုပ်တဲ့..ပြီးစလွယ်..လုပ်တဲ့.. ၊ လေ့လာဆည်းပူးမှု..မရှိတဲ့..၊ မင်းအဆင့်နဲ့..ဒါလေးကို..မလုပ်တတ်ဘူးလားလို့..မေးတဲ့အခါ.. မခံချင်စိတ်မမွေးဘဲ..၊ ခံချင်စိတ်ဘဲ..မွေးထား..တဲ့..အရာရှိငယ်တွေ.. အင်ဂျင်နီယာငယ်တွေ.. ရှိနေတယ်လို့..ပြောရင်.၊ ဘယ်သူငြင်းနိုင်မလဲ..၊ ဒီလူတွေဟာ..မိမိ Professional Image ကို.မြှင့်တင် နေသူတွေလား..၊ ထိခိုက်အောင်..လုပ်နေသူတွေလား..၊ အလုပ်အကိုင်အခွင့်အလမ်းတိုးအောင်လုပ်နေတာလား..လျော့အောင်လုပ်နေတာလား..။

။။။။။။။။။။။။။။။။။။။။။။

2E စာမေးပွဲဖြေသူဟာ..3E အောင်ပြီး..အင်ဂျင်နီယာအနေနဲ့..sea service ရှိပြီးသားသူပါ..။ စာမေးပွဲမှာ..မေးတဲ့..GEK, General Engineering Knowledge တို့.၊ MEK, Marine Engineering Knowledge ဆိုတာက..တံတားဆောက်တာ..၊ ၀ါးဂွမ်းစက်ရုံအကြောင်းမေးတာ..မဟုတ်ပါဘူး..။ သဘောင်္ပေါ်မှာရှိတဲ့..အသုံးပြုခဲ့တဲ့..မောင်းခဲ့တဲ့..စက်ယန္တရား..နဲ့..စနစ်တွေကို..မေးတာပါ..။

ရေးဖြေမှာ.၊အဖြေလွှာပေါ်မှာ.ပုစ္ဆာနံပါတ်..1.2.3. နံပါတ်တော့..ရေးသွားတယ်..။ A.b.c. စာတစ်လုံးမှ..မရေးသွားပါဘူး..။စာရွက်အလွတ်..တွေချည်းဘဲ..အပ်သွားတဲ့..ပုဂ္ဂိုလ်တွေ..ရှိလာပါတယ်..။

တစ်ပွဲတိုး..စပေါ့ရိုက်ကျက်မယ်..။ တိုးရင်..အောင်မယ်..။ မတိုးတော့လည်း..ဘာဖြစ်လဲ..ဆိုတဲ့.. သဘော ကို..အဲဒီမှာ..တွေ့နိုင်သလို..။ အင်ဂျင်နီယာတစ်ဦးအနေနဲ့..သဘောင်္ ပေါ်မှာ..ဘာမှ..မလုပ်ခဲ့ဘူး..နေသာသလို.. နေခဲ့ တယ်..ဆိုတာကို..လှစ်ပြလိုက်တာပါ..။

Professional Pride ဆိုတာ..ဂျိုနဲ့လား..ဆိုတဲ့သူမျိုးတွေပါ..။

ပြီးရင်..အဲဒီလို..လူမျိုးတွေက..ဘဲ..ကျွန်တော်..စာမေးပွဲဖြေတာ..၆ကြိမ်ရှိပြီတို့..ဘာတို့..တိုင်တတ်..ကြားတတ် ပါတယ်..။



ကျွန်တော်တို့..စာမေးပွဲတွေမှာ..Penalty System ရှိပါတယ်..။ ဖြေဆိုမှု..ညံ့လွန်းရင်..စာမေးပွဲ..ဖြေဆိုခွင့်..တစ်ကြိမ်ရပ်ဆိုင်းတယ်..။ နောက်တစ်ခေါက်ကျော်မှ..ဖြေပါ..။

Sea Service ပြန်ယူပြီးမှ..ဖြေပါ..ဆိုတာမျိုးကို..Resault Sheet မှာ..ရေးပေးပါတယ်..။ ကျောင်းသားတွေက..တော့..ပိန္နဲသီးကျွေးခံရတယ်..လို့ခေါ်ပါတယ်..။

ကိုယ့်..အသက်မွေးဝမ်းကျောင်းကို..အလေးအနက်မထား..စော်ကားတဲ့သူ..၊ နှိမ့်ချ..ဖျက်ဆီးသူကို..ပိန္နဲသီး..လောက်နဲ့..မရဘူး..ဒူးရင်းသီးကျွေးရမှာလို့..ကျွန်တော်..စာသင်ခန်းထဲမှာ..

ပြောဘူးပါတယ်..။ သစ်ပင်ကို..ခုတ်တဲ့..ပုဆိန်ရိုးက..သစ်သားနဲ့..လုပ်ထားတာ..ဆိုတာကို.မေ့မထားပါနဲ့..။

။။။။။။။။။။။။။။။။။။။။။။။

မေး..။ စာမေးပွဲ..တွေကို..လွယ်လွယ်..မေးသင့်လား..။



ဖြေ..။ ကျွန်တော့်အမြင်မှာ..မလုပ်သင့်ဘူး..ရေရှည်ပြဿနာကို..ရှေရှည်စဉ်းစား..ကိုယ်တွယ်သင့်တယ်..။

Teaching ပိုင်းကို..မြှင့်ရမယ်..။ ပန့်ပိုးရမယ်..။ Teaching ပိုင်းနဲ့..Exam ပိုင်းမှာ.နားလည်မှု..ကူညီရိုင်းပင်းမှု ရှိရမယ်..။ အပြန်အလှန်..အချက်အလက်ဖလှယ်ရမယ်..။ ကျောင်းသားက..ကျွဲနှစ်ကောင်ခတ်တဲ့ကြားက..မြေဇာပင်မဖြစ်သင့်ဘူး..။ ကျောင်းသားကလည်း..စာမကျက်..အလုပ်မလုပ်ဘဲနဲ့..မြေဇာပင်လေးတွေကို..သနားကြပါလို့..ထ.ထ..အော်နေလို့မရဘူး..။ လုပ်သင့်တာ..လုပ်ရပါ့မယ်..။ (အခုလက်ရှိမှာ..စာသင်တဲ့..ကျောင်းနဲ့..စာစစ်တဲ့..ရုံးကြားက..ဆက်ဆံရေး..ကောင်းပါတယ်..။)

သားသား..စာမေးပွဲဖြေမယ်..၊ သားသားကို..မေးခွန်းပေး..ဆိုတာမျိုး..မလုပ်သင့်တော့..ပါ..ဘူး..။ မုန့်ခွံကျွေးတာ..စောင့်နေတဲ့.သူက...ဘယ်က..လာ..ပညာရှင်ဖြစ်ပါ့မလဲ..။

စာနားမလည်ရင်မေးသင့်တယ်..။ Dictionary ကြည့်ရာမှာ..ပျင်းလို့..ဆရာကို..မေးတာတော့.. မေးသင့်..မမေးသင့်..ကိုယ့်ဘာသာ..စဉ်းစားဘို့ကောင်းနေပါ..ပြီ..။



တန်းခုန်ခိုင်းရာမှာ..၄ပေလောက်ရှိတဲ့တန်းဆိုရင်..ခုန်ဘို့အတွက်..ပြင်ဆင်တာ..လေ့ကျင့်တာ..လုပ်ရမှာပါ..။ ကျော်သွားနိုင်သူရဲ့..အရည်အချင်းက..မသေးပါဘူး.။



၆လက်မလောက်..အမြင့်ရှိတဲ့..တန်းဆိုလို့..ကတော့..လူတော်တော်များများက..တင်ပါးလေး..လိန်ကျစ်..လိန် ကျစ်.တွန့်လျှောက်ပြီး.ဂန်ဒူး.ကျော်နည်းလေးနဲ့.ကျော်သွားမှာပါ..။ တစ်ဘက်ကျော်သွားပေမဲ့..လမ်းလျှောက်ရင်း ခဲနဲ့..ခလုပ်တိုက်မိရင်..သွပ်ပြား.ကို..ခဲကြီးက..လာတိုက်တယ်..အဟင့်..အဟင့်..နဲ့..ငိုမှာပါ..။

ဟိုး..အမြင့်ကြီးတွေကနေ..ကျွန်တော့်.အမျိုး..လေး..စောင်မ..ပေးပါ..ဆိုတာတွေလည်း..မလာသင့်..တော့ဘူး..။

တိုင်စာကို..အရေးယူသင့်ပေမဲ့..ပစ်စာတွေ..ကိုတော့..လစ်လျှူရှုသင့်ပါတယ်..။ အခြေအနေမှန်ကို..တာဝန်ရှိသူများက..သိသင့်ပါတယ်..။ သိအောင်လည်း..လုပ်ရမှာပါ..။ တစ်ခါတစ်ရံမှာ..၀န်ထမ်းတွေဟာ..တစ်ကယ်..လုပ်ရမဲ့.လုပ်သင့်တဲ့.အလုပ်တွေကို..ပစ်ပြီး.၊ ပစ်စာကို..ရှင်းနေရတာတွေ.. ရှိပါတယ်..။

။။။။။။။။။။။။။။။။။။။။။။။။။။။



မေး..။ စာမေးပွဲတွေကို..(၂)လ..တစ်ခါ..(၃) လ..တစ်ခါ..လုပ်သင့်တယ်လို့..မြင်ပါသလား..။



ဖြေ..။ မြင်ပါတယ်..ဗျာ..။ ဖြစ်နိုင်ရင်..တစ်လ.တစ်ခါ..လုပ်သင့်ပါတယ်.။ ဒါမှ..ကျသွားတဲ့..ကလေးတွေ..မြန်မြန်..ပြန်ဖြေနိုင်..မယ်..။ ကမ်းနားမှာ..စောင့်ရမဲ့..ကာလတွေ..နည်းမယ်..။ ကုန်ကျစားရိတ်တွေ..မထောင်းတော့ဘူးပေါ့..။

ဒါပေမဲ့..အဲဒါက..Examiner တွေလုပ်လို့..မရဘူး..။ နိုင်ငံတော်က..လုပ်ပေးရမှာ..။

ကျွန်တော်လုပ်ခဲ့ဘူးတဲ့...Engine Dept: ဘက်မှာ..ဟိုး..အရင်က..CE exam ဖြေသူ..(၁၅) 2E exam ဖြေသူ (၂၅) 3E exam ဖြေသူ (၅၀)..လောက်ရှိပေမဲ့..။

ဒီနေ့ခေတ်တွေမှာ..CE exam ဖြေသူ (၅၀) , 2E exam (၁၂၀) 3E exam (၃၀၀)..ဆိုတာမျိုးဖြစ်လာတော့..။ ရေးဖြေစစ်ရတာ..နှုတ်ဖြေစစ်ရတာမှာ..အချိန်တွေ..အလုပ်တွေ..အဆများစွာပိုလာပါတယ်..။ အတိုင်းအတော..တွေရှိတဲ့..အတွက်..Answer Paper ကို..နောက်တစ်ဖွဲ့က..Counter Check ထပ်စစ် ရ ပါတယ်..။ အလုပ်..အဆင့်တွေလည်း..ပိုလာပါတယ်..။ ဒီတော့..လက်တွေ့မှာ.ပိုကြာလာပါတယ်..။

Deck Dept ဘက်မှာ..ပိုဆိုးတယ်.လို့..ကြားပါတယ်.။



(၁) Examiner အရေအတွက်..တိုးမလာသေးပါဘူး..၊ အရင်..နှစ်(၂၀)လောက်က..အတိုင်းပါဘဲ..။

(၂) Examiner တွေဟာ..တစ်ခြား..ရုံး..အလုပ်တွေ..ရှိပါသေးတယ်..။စာမေးပွဲ..တစ်ခုထည်း..လုပ်ရတာ

မဟုတ်ပါဘူး..။ တစ်ခြား..ရုံးအလုပ်တွေလည်း..ခေတ်ကာလ..အလျှောက်..တိုး..နေပါတယ်..။



ဒီတော့..ကြာနေဦးမှာပါ..။ Examiner လူအင်အားတိုးရင်…ရမယ်ဆိုပေမဲ့.. ဘယ်လိုလူတွေ..တိုးမှာလည်း..တကယ်အလုပ်လုပ်နိုင်မဲ့သူတွေ..ရနိုင်မှာလား..။ လာမဲ့သူ..ရှိလား..။ ရှိသူက..Qualified ဖြစ်ရဲ့.လား..။ ကြယ်ငါးပွင့်ကလည်း..နိုင်ငံပိုင်ဌာန..မဟုတ်တော့တဲ့..အတွက်..DMA ရဲ့..ပညာရှင် Resources ကို..ဘယ်က..ပြောင်းယူကြမှာလဲ..။ စဉ်းစားကြရမဲ့..အချက်ပါ..။ မေ့ထားလို့..မရပါ..။ ပြင်ပသဘောင်္လိုင်း..က..ရေကြောင်းပညာရှင်တွေကို..၀န်ထမ်းရွေးချယ်ရေး (PSC) ကနေ..ခေါ်မှာလား..။ တစ်ချိန်မှာ..ကြုံရမဲ့..ပြဿနာအကြီးကြီး..တစ်ခုပါ..။ နောက်မကျခင်..စဉ်းစားသင့်.ပါတယ်..။

။။။။။။။။။။။။။။။။။။။

မေး..။ အောင်ချက်မြင့်မားလာဘို့..၊ ရေကြောင်းလောကမှာ..ကျွမ်းကျင်ပညာရှင်တွေ..ပေါ်ထွန်းလာဘို့.. ဘယ်လို..လုပ်ရမယ်..ဆိုတာ..ပြောပြပေးပါ..လား..။



ဖြေ..။ ဟုတ်ကဲ့..အခြေခံပညာရေးစနစ်ကို..အရင်..စပြင်ရပါ့မယ်..။

တချိန်ထည်းမှာဘဲ..အဆင့်မြင့်ပညာရေး..လည်း..လိုက်ပြင်နေရပါမယ်..။ တော်ရိ..ရော်ရိ..တူးထား.. စီထားတဲ့..မဆလာမပါတဲ့..အုတ်မြစ်ပေါ်မှာ..တိုက်အမြင့်ကြီး..ဆောက်လို့..မရပါဘူး..။

ကျွန်တော်တို့..ဆရာများကလည်း..Well Prepared လုပ်ထားတဲ့..Lesson Plan နဲ့..Lecture Notes နဲ့..စာသင်သင့်ပါတယ်..။ အတွေ့အကြုံတွေ..လျှောက်ပြောနေလို့..မရတော့ပါဘူး..။



တိုင်းပြည်..တို့..၊ ကိုယ့်အသက်မွေးဝမ်းကျောင်း..တို့..၊ တာဝန်ဝတ္တရားတို့..ဆိုတာဟာ..ချစ်ရမဲ့..တန်ဘိုးထားရမဲ့..အရာတွေ..ပါ..။

အဲဒါကို..စာသင်ခန်းထဲမှာ..လူကြီးအရွယ်တွေကို..သင်ပေး..နေရပါတယ်..။



လက်ရှိအနေအထားက..၊ ကျွန်တော်တို့..ပြောင်းလဲမှုရဲ့..အဆင်..ကို..မြင်နေရတာပါ..။

အသွင်..ပြောင်းဘို့..၊ အနှစ်သာရ..ပြောင်းဘို့..က..၊ တော်တော်လေး..လုပ်ကြရဦးမှာပါ..။

အပေါ်က..စပြီး..လုပ်မှ..အောက်ကလည်း..လိုက်လုပ်လို့..ရမှာပါ..။

။။။။။။။။။။။။။။။။။





မေး..။ ခင်ဗျားတို့..ရေကြောင်းပညာရေး..က..နိုင်ငံအတွက်..ဘယ်လောက်အရေးပါ..တယ်လို့..ထင်ပါသလဲ..။



ဖြေ..။ ထိပ်တန်းလို့..မပြောလိုပါဘူး..။ ခပ်ညံ့ညံ့..မဟုတ်ဘူး..ဆိုတာတော့..ပြောချင်ပါတယ်..။

လွန်ခဲ့တဲ့..ဆယ်နှစ်က.ဆောင်းပါးတပုဒ်မှာ..ဖတ်မိ..မှတ်မိတာလေး..ပြောပါ့မယ်.။

ဖိလစ်ပိုင်မှာ..Mariners တွေက..နိုင်ငံကို..ပြန်ပို့တဲ့..Hard Currency က..တစ်နှစ်ကို.. ဒေါ်လာသန်းလေးထောင် ကျော်ပါတယ်..။ အခု..ဆို..တွေးကြည့်..နိုင်ပါတယ်..။

Natural Resources is limited, Human resources is unlimited တဲ့..။ ကျောက်မျက်ရတနာ..ရောင်းတာ..၊ကျွန်းသစ်ရောင်းတာ..ထက်..ရေရှည်မှာ..နိုင်ငံကို..အကျိုးပြုမဲ့..လုပ်ငန်းပါ..။



မေး..။ တစ်ခြား.အကြောင်းအရာ..လေးတွေကော..ဆရာ့ကို..မေးလို့..ရမလား..ခင်ဗျာ..။



ဖြေ..။ ဟုတ်ကဲ့..၊ ဖြေချင်ပါတယ်..။

ဒါပေမဲ့..မိန်းမချက်တဲ့..ထမင်းလေး..စားချင်လို့.. ဒီမှာဘဲ..ရပ်လိုက်ပါတော့မယ်.။ ခွင့်လွှတ်ပေးပါ.နော်..။

။။။။။။။။။။။။။

ဝင်းအောင်

၁၅၆၆၈

iPIRB (individual position indicating rescue beacon)

EPIRB ထက်ပိုကောင်းတဲ့ iPIRB (individual position indicating rescue beacon) ဆိုတာမကြာခင်သဘောင်္တွေပေါ်သို့ရောက်လာပါတော့မယ်..သူ့ရဲ့အားသာချက်တွေက EPIRB တွေလိုအရွယ်အစားမကြီးမားဘဲ သယ်ဆောင်ရလွယ်ကူပါတယ်တဲ့...အရေးအကြောင်းသဘောင်္နစ်လို့ရှိရင် life-jacket ဝတ် iPIRBကိုင်ပြီး ခုန်ချလိုက်ပါ...ကိုယ်ရဲ့position ကို iPIRBကအတိအကျဖော်ပြပေးပါလိမ့်မယ်......

via navoski : MSU WEB DEVELOPER

Workshop Skills Training

Workshop Skills Training ဖွင့်ပြီ။ဒီနေ့သတင်းစာမှာကြော်ငြာထားတာပါ။နာမည်ကMercury training centre;ဖုန်း - ၂၉၄၄၂၀ ၊ ၂၀၁၄၆၄ ၊ ၀၉၄၂၁၁၆၅၆၅၆ ။ နေရာကဒေါပုံသဘောင်္ကျင်းဝင်းလို့ပဲရေးထားပါတယ်။ကျွန်တော်စုံစမ်းကြည့်တော့သင်တန်းကြေးသိန်း၂၀လို့ပြောပါတယ်။သင်တန်းကာလကတော့၆လ၃ပတ်ပါ။

via Kyaw Soe Han : MSU @ facebook member

Port State Control - A Guide for Members on Scribd !!

Port State Control - A Guide for Members

Stop Oil Pollution on Scribd !

Stop Oil Pollution

I.S.M Code 10 Min Guide

I.S.M Code 10 Min Guide

Maritime Ebooks and Software Collections

1. ဒါလေးကိုကြိုက်ကျမယ်လို့ထင်ပါတယ်၊ CES 4.1 ပါ။ Word file မှာ ကီး ပါပါတယ်။ ရုရှားစာလုံးတွေကိုနားလည်ချင်ရင်တော့ Ace Translator, Babylone တို့ လိုမျိုး ဘာသာတော်တော် များများကနေ English ကိုဘာသာပြန်ပေးတဲ့ Software တွေကိုသုံးပါလို့ (မသိသေးသူများအတွက် သာလေကြောရှည်မိပါသည်)
LINK:  Click here to download the Software !


2. SHIPBOARD AUTOMATIC IDENTIFICATION SYSTEM DISPLAYS ကို Download လုပ်ရခက်နေရင် ဒီကနေယူလိုက်ပါ -
LINK:  Click here to download the book!

3. IMO Ship's Routeing 8th Edition ပါ -
Link: Click here to Download the book !!!




4. RADAR SIMULATOR Software လေးပါ။ Windows XP နဲ့ဘဲရပါလိမ့်မယ်။


LINK:  Click here to download Software!




5. Maritime Progress Book ပါ၊( IMO symbol , safety poster ...etc)
LINK:   Click here to Download !!!

6. ကျွန်တော် လွန်ခဲ့တဲ့နှစ်တွေက Internet မှာ Surfing လုပ်ရင်းနဲ့ သူ့နိုင်ငံ သူ့လူမျိုး သဘောင်္သားတွေ တိုးတက်ရေးအတွက်လုပ်ထားကြတဲ့ forum တွေ ကိုစမ်းတ၀ါးဝါးနဲ့ရောက်ခဲ့ပါတယ်၊ အဲဒီတုန်းက အော်... ငါတို့ဆီမှာလည်း ဒီလိုအကျိုးပြု forum တွေရှိရင်ကောင်းမှာဘဲလို့တွေးမိခဲ့ပါတယ်။ မိမိအနေနဲ့လဲ စပီး အကောင်အထည် မဖေါ်တတ်လေတော့ အတွေးမှာဘဲေ၀၀ါးပျောက်ကွယ်ခဲ့ရပါတယ်။ ခုတော့ Myanmar Seamen Union လိုမျိုး ဖြစ်ပေါ်လာတာကိုတွေ့ရတော့ အတော့်ကို ၀မ်းသာမိခဲ့ပါတယ်။ သိလို့ဒီကိုရောက်ခဲ့တာတော့မဟုတ်ပါဘူး၊ Internet မှာ စမ်းတ၀ါးဝါး လမ်းသလားရင်း တွေ့လိုက်ရတာပါ။
ဘာကိုဘယ်လိုလုပ်ရမယ်မသိတော့ SHOUT BOX ကနေ ကျွန်တော်သိထားတဲ့ Link တွေကို တင်တာပေါ့။
အရမ်းကို မြင်ချင်တဲ့ အရာကိုမြင်လိုက်ရတာကိုး၊ လုပ်မိတော့တာပေါ့၊ ဒီမှာဘဲ အီးမေးနဲ့ ပေးပို့လို့ရတယ် ဆိုလို့လဲ ပို့တာပေါ့၊ အ၇မ်းကိုပို့ချင်နေတာလေ၊ ဖိုးပို့ချင်ဆိုပါတော့၊ ဆရာ Hlaing Pyae ကိုအရမ်းကျေးဇူး တင်ပါ တယ်။ ကျွန်တော်ကို Blogger လုပ်တတ်သွားအောင် Invite လုပ်ပေးတယ်လေ၊ Scribe.com မှာ ဆရာစုဆောင်းထားတာတွေကိုလည်း ကျွန်တော်တွေ့ခဲ့ download လုပ်ခဲ့တာကြာခဲ့ပါပြီ။ ကျေးဇူးကျိတ်တင်နေခဲ့တာပါ။ ခုတော့အွန်လိုင်းကနေကျေးဇူးတင်ပါကြောင်းပြောခွင့်ရလိုက်ပြီလေ။ အဲဒီမှာလည်း bear7 ဆိုတဲ့nick name နဲ့ကျွန်တော်upload လုပ်ထားတာတွေရှိပါတယ်။   လူတွင်ကျယ် ကိုစာတတ်ကြီး လုပ်တာတော့ မဟုတ်ပါဘူး၊ အချိန်ကုန် ငွေကုန် ကျန်းမာရေးထိခိုက်မှန်းမသိထိခိုက် ခံပီး သဲကြီး မဲကြီး မိမိအတွက် Essential, Non-essential ခွဲခြားမနေဘဲ Surfing လုပ်ရင်း တွေ့ထားသမျှတွေ ကို SHARE ပေးတာပါ ဆိုတာကိုပြောပါရစေ၊ ဘယ်အရာမဆို မသိရင်ခက်တယ်မဟုတ်ပါလား၊ သိသွားရင်တော့ easy going ပေါ့၊ အရာအားလုံးကိုတော့ ပြီးပြည့်စုံအောင် မသိနိုင်ပေမဲ့လည်း သိသမျှကို Share ပေးတာပါ။ ဒီလိုသူသိ ကိုယ်သိတွေကို share ကျရင် ဘယ်လောက်တောင်ကောင်းလိုက်သလဲဗျား။ သိထားတာတွေထပ်တူကျနေရင်လဲ ဘာဖြစ်လဲ၊ ကိုယ့်အတွက်မလိုပေမဲ့လည်း လိုတဲ့သူတော့ ရှိအုံးမယ် မဟုတ်လားနော်။
" MYANMAR SEAMEN UNION " အဓွန့်ရှည်တည့်တံ့ခိုင်မြဲပါစေ လို့လှိုက်လှိုက်လှဲလှဲ ရင်ထဲကနေ ဆုတောင်းပါတယ်။

ဒါကတော့ Stability and Trim for the ship's officer ဆိုတဲ့စာအုပ်ပါ-
LINK: Click here to Download !!!

7. ဒါလေးကတော့ CHART WORK ပါ-
LINK:   Click here to Download !!!


Thursday, November 15, 2012

Maritime Ebooks List !

Union ကနေခုလိုဖိတ်ခေါ်လို့ လေးစားစွာနဲ့ကျေးဇူးတင်ရှိပါတယ်၊ အင်တာနက်မှာတွေ့ရှိထားသမျှတွေကို အချိန်ရတာနဲ့အမျှညီနောင်များကို လက်ဆင့်ကမ်းပေးပါမယ်။ မိမိရဲ့ကွန်ပျူတာနဲ့Certificateတွေအားလုံးသူခိုးအခိုးခံရပြီး အရမ်းကိုစိတ်ညစ်နေလို့ အင်တာနက်တောင်သိပ်သုံးဖြစ်မယ်မထင်တော့ပါဘူး။

ဒီ link ကတော့ ဖေါ်ပြပါ ပုံ ခေါင်းစဉ်အတိုင်းဘဲဖြစ်ပါတယ်။ အဆင်ပြေစွာနဲ့ဒေါင်းနိုင်ကြပါစေ။
click here to download!!!


နောက်ထပ် link တစ်ခုကတော့ -
Nautical Chart User's Manual ဖြစ်ပါတယ်။ အရင်ကတော့ မိမိ download လုပ်ထားပြီးသားပါ၊ ခုတော့ ခုတော့ အားလုံးကို တစ်ကစပြန်ဒေါင်းရပါတော့မယ်၊ 500 Gb external HDD ပါ ခိုးရာပါသွားလေတော့ အကုန် ကုန်ပါပြီဗျား။ မိမိဒေါင်းရင်းနဲ့ ဒေါင်းသမျှအားလုံးကို မျှဝေပေးသွားပါမယ်၊


Link:  click here to download

ဒါလေးလဲလိုအပ်ကြလိမ့်မယ်လို့ထင်ပါတယ်-

Link: click here to download !!!

Link တွေက click လို့မရရင် copy လုပ်ပီး Search engine ရဲ့ box တွေထဲကိုထည့်ပြီးဒေါင်းရင်ရသလို ဒါမှမဟုတ် မိမိတို့ gtalk မှာတယောက်နဲ့တယောက်စကားပြောတဲ့ပုံစံအတိုင်း link ကိုထည့်လိုက်ပြီး enter ခေါက်လိုက်ရင် ဒီလင့်ကactive ဖြစ်သွားပီး တိုက်ရိုက် gtalk boxထဲမှာအပြာရောင်လေးနဲ့ပေါ်လာမှာဖြစ်ပြီး Mouse Cursor ထောက်လိုက်ရင် လက်ပုံပေါ်လာမှာဖြစ်ပါတယ်။ click လိုက်ရင် မီဒီယာဖါးယား ဆီရောက်သွားပါလိမ့်မယ်၊ သိသူများအတွက်တော့မရည်ရွယ်ပါဘူးနော်၊ တချို့မလုပ်တတ်မှာ စိုးလို့သာ လေကြောရှည်မိတာပါ၊ နားလည်ပေးကြမယ်လို့မျှော်လင့်ပါတယ်။

ဒါလေးလဲ အသုံးဝင်ကြမှာပါ-


Link: click here to download

မရှိသေးရင်တော့ ဒေါင်းပေါ့-

Link:  click here to download !!!

ဒီနေ့တော့ ဒီလောက်နဲ့ဘဲ ပြန်ပါတော့မယ်၊ သုံးစရာကိုယ်ပိုင်စက် မရှိတော့လေတော့ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေလို့..

Tuesday, November 13, 2012

Critical Equipments & System

Engine Dept: နှုတ်ဖြေမှာ..မေးတတ်တဲ့..Critical Equipments & System..မှာ..ကိုးကားနိုင်ဘို့..  
via Win Aung : MSU WEB DEVELOPERS 
 
 
Critical Equipments (Critical Equipments)

New System for OEW


 via Zaw Bhone Pyaie : MSU @ facebook member

 


MARPOL Annex V (resolution MEPC.201(62))

 MARPOL Annex V (resolution MEPC.201(62)) which will enter into force on 1 January 2013

via Tun Min Kyaw : MSU @ facebook member


SHIPBOARD AUTOMATIC IDENTIFICATION SYSTEM DISPLAYS

SHIPBOARD AUTOMATIC IDENTIFICATION SYSTEM DISPLAYS
linkis-
Click here to Download the book !!!


THE SEAMANSHIP EXAMINER

THE SEAMANSHIP EXAMINER FOR STCW CERTIFICATION EXAMINATIONS
link is here.
Click here to Download the book !!! 


via Fredric Tun : MSU @ facebook visitor  






Ship Handling

DEAR BRO,
FOR ALL ANOTHER BOOK:ship handling
link-
 


via Fredric Tun  : MSU @ facebook visitor

Click here to Download the Book !!!

အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ ( IMO )



(ရေကြောင်းသိပ္ပံမဂ္ဂဇင်းတွင် ရေးသားဖော်ပြခဲ့ဖူးသော ဆရာကြီးကပ္ပတိန်ဦးစိုးလွင်ဧ။် ဆောင်းပါးတစ်ပုဒ်အား ပြန်လည်တူးဖော်လိုက်ပါသည်)
နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကုန်စည်ကူးသန်းရောင်းဝယ်ကြရာတွင်လည်းကောင်း

ခရီးသွားလာကြရာတွင် လည်းကောင်း၊ စားနပ်ရိက္ခာအတွက် ငါးဖမ်းစီးခြင်းများပြုလုပ်ကြရာတွင် လည်းကောင်း၊ ရေပေါ်ရေအောက်သယံဇာတများ ဖော်ယူကြရာတွင် လည်းကောင်း ပင်လယ်ပြင်သည် လွန်စွာအရေးပါလှပေသည်။ ထို့သို့အရေးပါလှသောပင်လယ်ပြင်အား ထိန်းသိမ်းထားရန်နှင့် ပင်လယ်ပြင်တွင်သွားလာကြသည့် သဘောင်္များအန္တရာယ်ကင်းစွာ သွားလာခုတ်မောင်းနိုင်ရေးမှာ နိုင်ငံတစ်နိုင်ငံတည်းဖြင့် ဆောင်ရွက်ရန်မဖြစ်နိုင်ကြောင်း သိရှိလာကြသည်နှင့်အညီ၊ ကုလသမဂ္ဂမှ ၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉) ရက်နေ့မှစတင်ရု ဂျီနီဗာမြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာရေကြောင်းဘက်ဆိုင်ရာ အစည်းအဝေးတွင် တင်ပြခဲ့ပါသည်။ ထိုအစည်းအဝေးမှ အစိုးရချင်းဆိုင်ရာ ရေကြောင်းအတိုင်ပင်ခံအဖွဲ့ ( Inter-governmental Maritime Consultative Organization – IMCO) ဖွဲ့စည်းရန် ၁၉၄၈ ခုနှစ်၊ မတ်လ(၆)ရက်နေ့တွင် သဘောတူချမှတ်ခဲ့ပါသည်။ လိုအပ်သည့်အဖွဲ့ဝင်နိုင်ငံအရေအတွက်နှင့် အဘောင်္တန်ချိန်များပြည့်မီသည့်အချိန်ဖြစ်သည့် ၁၉၅၈ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့တွင် အဖွဲ့အစည်းအဖြစ်ပေါ်ပေါက်လာခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့်မူ ၁၉၅၁ ခုနှစ်၊ မေလ(၂၅)ရက်နေ့မှပင် စတင်ပါဝင်လာခဲ့ပါသည်။
အစိုးရချင်းဆိုင်ရာ ရေကြောင်းအတိုင်ပင်ခံအဖွဲ့ဧ။် ပထမဆုံးသော ညီလာခံအား ၁၉၅၉ ခုနှစ်၊ ဇန်နဝါရီလ (၆)ရက်နေ့တွင်ကျင်းပခဲ့ပါသည်။ အစိုးရချင်းဆိုင်ရာ ရေကြောင်းအတိုင်ပင်ခံအဖွဲ့အား ပြင်ဆင်ချက်ထုတ်ပြန်ပြီး ၁၉၈၂ ခုနှစ်၊ မေလ (၂၂)ရက်နေ့မှစတင်ရု အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ ( International Maritime Organization - IMO) ဟူရု အမည်ပြောင်းလဲခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ဧ။်ဖွဲ့စည်းပုံပါ ရည်ရွယ်ချက်များအနက် အရေးပါသည့်ရည်ရွယ်ချက်များမှာ -
- အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှု သဘောင်္လုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရများက ပြဌာန်းသောစည်းမျဉ်း၊ စည်းကမ်းဥပဒေများ၊ လိုက်နာကျင့်သုံးသည့် ကျင့်ထုံးများနှင့်သက်ဆိုင်သည့် ကျွမ်းကျင်မှုဆိုင်ရာကိစ္စများတွင် အစိုးရအချင်းချင်း ပူးပေါင်းကူညီဆောင်ရွက်ကြရန်၊
- ရေကြောင်းဘက်ဆိုင်ရာအန္တရာယ် လုံခြုံရေး၊ ရေကြောင်းသွားလာမှု စနစ်တကျနှင့် ကျွမ်းကျင်မှုရှိစေရေး၊ ပင်လယ်ပြင်ရေထု ညစ်ညမ်းမှု ကာကွယ်ရေးတို့အတွက် အဆင့်အတန်းမြင့်မားပြီး လက်တွေ့ကျသည့် သတ်မှတ်ချက်များ ပူးပေါင်းဆောင်ရွက်ကြစေရန်၊
- အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှု သဘောင်္လုပ်ငန်းများတွင် နိုင်ငံအချင်းချင်းခွဲခြားမှုမရှိသော သဘောင်္လုပ်ငန်းတိုးတက်စေရန်အတွက် အစိုးရများဧ။်ခွဲခြားဘက်လိုက်ခြင်း၊ မလိုလားအပ်သည့် ချုပ်ချယ်ကန့်သတ်သည့် ဖြစ်ရပ်များ ဖယ်ရှားရန်အတွက် အားပေးကူညီဆောင်ရွက်ရန်ဟူသော ကောင်းမွန်သည့်အချက်များ ပါဝင်ပါသည်။
အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့တွင် ၁၉၉၄ ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းအရ အဖွဲ့ဝင်နိုင်ငံ (၁၄၈) နိုင်ငံရှိပြီး တွဲဖက်အဖွဲ့ဝင် (associate member) နှစ်နိုင်ငံရှိကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့အား (က) ညီလာခံ ( Assembly) (ခ) ကောင်စီ (Council) (ဂ) လုပ်ငန်းအဖွဲ့ (Committee) စသည့်အဆင့်မျာဖြင့် ဖွဲ့စည်းဆောင်ရွက်ပါသည်။
(က) ညီလာခံ (Assembly)
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ဧ။် လုပ်ငန်းအဖွဲ့များအနက် အမြင့်မားဆုံးသော စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့ ဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံအားလုံးမှပါဝင်ပြီး သာမန်အားဖြင့် ညီလာခံအား (၂)နှစ် တစ်ကြိမ်အဖွဲ့ဧ။်တည်ရာဖြစ်သည့် လန်ဒန်မြို့တွင်ပြုလုပ်ကျင်းပကြပါသည်။ ညီလာခံသည် ကောင်စီလုပ်ငန်းအဖွဲ့တို့မှ ပြုလုပ်မည့်လုပ်ငန်းစဉ်များအား အတည်ပြုခြင်း ငွေကြေးဆိုင်ရာများသတ်မှတ်ပေးခြင်းနှင့် ကောင်စီဝင်များရွေးချယ်ပေးခြင်းစသည့် လုပ်ငန်းစဉ်များဆောင်ရွက်ပါသည်။
(ခ) ကောင်စီ (Council)
အဖွဲ့ဝင်နိုင်ငံ(၃၂) နိုင်ငံဖြင့် ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်သည်။ ကောင်စီဧ။်သက်တမ်းမှာ (၂)နှစ်ဖြစ်ပြီး၊ ကောင်စီအစည်းအဝေးအား တစ်လကြိုတင်အကြောင်းကြားပြီး လုပ်ငန်းလိုအပ်ချက်အရ မည်သည့်အချိန်တွင်မဆို ခေါ်ယူကျင်းပနိုင်ပါသည်။ ညီလာခံမကျင်းမသည့် ကြားကာလများတွင် အဖွဲ့ဝင်ဧ။် အမြင့်ဆုံးသော စီမံခန့်ခွဲရေးအဖွဲ့ဖြစ်သည်။ ကောင်စီဧ။်လုပ်ငန်းတာဝန်များအနက် အရေးကြီးသည့် အချက်တချို့မှာ
- လုပ်ငန်းအဖွဲ့အသီးသီးမှ တင်ပြလာသည့် လုပ်ငန်းအစီအစဉ်များနှင့် ရသုံးမှန်းခြေစာရင်းများအား စီစစ်၍ ညီလာခံသို့ တင်ပြခြင်း
- လုပ်ငန်းအဖွဲ့အသီးသီးဧ။် အစီရင်ခံစာများ၊ အဆိုပြုချက်များနှင့် ထောက်ခံချက်များအား စီစစ်၍ ညီလာခံသို့ တင်ပြခြင်း၊ ညီလာခံမကျင်းပသည့် ကြားကာလများတွင် အဖွဲ့ဝင်များထံသို့ ကောင်စီဧ။်သုံးသပ်ချက် ထောက်ခံချက်များနှင့်အတူ ပေးပို့ခြင်း
- ကောင်စီမှ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများဧ။် အစီရင်ခံစာအား ညီလာခံသို့တင်သွင်းခြင်း
- ကောင်စီဧ။်ငွေကြေးအစီရင်ခံစာအား သုံးသပ်ချက်၊ ထောက်ခံချက်များဖြင့် ညီလာခံသို့တင်ပြခြင်းတို့ဖြစ်သည်။
၁၉၉၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ညီလာခံတွင် ကောင်စီအဖွဲ့ဝင်နိုင်ငံ (၃၂)နိုင်ငံမှ (၄၀)နိုင်ငံအထိ တိုးမြှင့်ရန်တင်ပြခဲ့ပါသည်။ ကောင်စီအဖွဲ့ဝင်များ ရွေးချယ်ပုံစနစ်မှာ၊ သဘောင်္လုပ်ငန်းအား စိတ်ပါအဝင်စားဆုံးနှင့် အများဆုံးလုပ်ကိုင်သည့် အဖွဲ့ဝင်နိုင်ငံများအနက်မှ ကောင်စီဝင်ဦးရေဧ။် ၂၅%ကိုလည်းကောင်း၊ သဘောင်္လုပ်ငန်းကုန်သွယ်မှုအများဆုံးလုပ်ကိုင်သည့် အဖွဲ့ဝင်နိုင်ငံများအနက်မှ ကောင်စီဝင်ဦးရေဧ။် ၂၅%ကိုလည်းကောင်း၊ ပထဝီအနေအထားအရ အထက်ဖော်ပြပါ အဖွဲ့ဝင်နိုင်ငံများမှအပ ကျန်အဖွဲ့ဝင်နိုင်ငံများမှ ကောင်စီဝင်ဦးရေဧ။် ၅၀%ကိုလည်းကောင်း ရွေးချယ်ရန်သတ်မှတ်ထားပါသည်။
(ဂ) လုပ်ငန်းအဖွဲ့များ (Committee)
ရေကြောင်းဘက်ဆိုင်ရာလုပ်ခြုံရေး ကော်မတီ (Maritime Safety Committee – MSC) သည် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ဧ။် အမြင့်မားဆုံးသော ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီတစ်ခု ဖြစ်ပါသည်။ ထိုကော်မတီတွင် အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်ပါသည်။
ရေကြောင်းဘက်ဆိုင်ရာကော်မတီသည်
- ရေကြောင်းသွားလာမှု အထောက်အကူပစ္စည်းများ (Aids to Navigations)
- သဘောင်္တည်ဆောက်မှုနှင့် သဘောင်္ပေါ်ရှိမစ္စည်းများ (Constructions and Equipment of Vessels)
- သဘောင်္ပေါ်တွင် တာဝန်ပေးရမည့် ကျွမ်းကျင်မှုလူဦးရေအား အန္တရာယ်လုံခြုံရေး ရှု့ဒေါင့်မှ သတ်မှတ်ပေးခြင်း (Manning from a Safety Stand point)
- သဘောင်္များတိုက်မှုအန္တရာယ်မှ ကင်းဝင်းစေရန် သတ်မှတ်ချက်နည်းဥပဒေများ ပြုစုခြင်း (Rules for the Prevention of Collision)
- ဘေးအန္တရာယ်ဖြစ်စေသည့် ကုန်ပစ္စည်းများကိုင်တွယ်ခြင်းကိစ္စများ (Handling of Dangerous Goods)
- ရေကြောင်းဘက်ဆိုင်ရာ လုံခြုံရေးကိစ္စများဧ။် လုပ်ထုံးလုပ်နည်းများနှင့် လိုအပ်ချက်များ (Maritime Safety Procedures and Requirements)
- ဇလဗေဒ တိုင်းထွာချက်များ (Hydrographic Informations)
- မှတ်တမ်းစာအုပ်များနှင့် ရေကြောင်းဘက်ဆိုင်ရာမှတ်တမ်းများ (Log Books and Navigational Records)
- ရေကြောင်းဘက်ဆိုင်ရာထိခိုက်မှုများဧ။် စုံစမ်းစစ်ဆေးခြင်း (Maritime Casualty Investigations)
- ဆယ်ယူခြင်းနှင့် ကယ်ဆယ်ခြင်း (Salvage and Rescue)
- အခြားရေကြောင်း လုံခြုံရေးဆိုင်ရာနှင့်စပ်လျဉ်းသည့် မည်သည့်ကိစ္စများမဆို (Any Other Matters Directly Relating Maritime Safety)
စသည်တို့အားအခြေခံ၍ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ဧ။် ကိုယ်စားဆောင်ရွက်ပေးရပါသည်။ ဖော်ပြပါအကြောင်းအရာများအား အခြေခံ၍ ရေကြောင်းဘက်ဆိုင်ရာလုံခြုံရေး ထောက်ခံချက်များ (recommendation) ရေးဆွဲ၍ ညီလာခံမှအတည်ပြုချမှတ်နိုင်ရန် တင်ပြရပါသည်။ ရေကြောင်းဘက်ဆိုင်ရာ လုံခြုံရေးကော်မတီဧ။် လုပ်ငန်းများပြားသည့်အတွက် အောက်ဖော်ပြပါ ဆပ်ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ပါသည်။
- (၁) ဓာတုပစ္စည်းများ စု-ပုံသယ်ဆောင်ခြင်း (Bulk Chemicals)
- (၂) ဘေးအန္တရာယ်ဖြစ်စေသည့် ကုန်ပစ္စည်းများသယ်ဆောင်ခြင်း (Carriage of Dangerous Goods)
- (၃) ကုန်သေတ္တာနှင့် ကုန်ပစ္စည်းများ (Containers and Cargoes)
- (၄) မီးဘေးအန္တရာယ် ကာကွယ်ခြင်း (Fire Protection)
- (၅) အသက်အန္တရာယ်မှ ကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ခြင်း (Life saving, Search and Rescue)
- (၆) အသံလှိုင်း ဆက်သွယ်ခြင်း (Radio Communications)
- (၇) ရေကြောင်းသွားလာမှု အန္တရာယ်လုံခြုံရေး (Safety of Navigation)
- (၈) သဘောင်္ပုံစံပြုစုခြင်းနှင့် သဘောင်္ပေါ်ရှိပစ္စည်းကိရိယာများ (Ship Design and Equipment)
- (၉) သေဘာၤဧ။်ဟန်ချက်၊ ကုန်တင်မျဉ်းသတ်မှတ်ချက်နှင့် ငါးဖမ်းသဘောင်္များ အန္တရာယ်လုံခြုံရေး (Stability and Load Lines and Fishing Vessels Safety)
- (၁၀) သဘောင်္ဝန်ထမ်းများအား သင်တန်းပို့ချခြင်းနှင့် တာဝန်ယူခြင်းဆိုင်ရာ စံနှုန်းများ (Standards of Training and Watch-keeping)
- (၁၁) မှတ်ပုံတင်ရာနိုင်ငံဧ။် အကောင်အထည်ဖော်ဆောင်ရွက်မှု (Flag State Implementations)
(ဃ) ဥပဒေရေးရာ ကော်မတီ (Legal Committee)
ဥပဒေရေးရာ ကော်မတီတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှပါဝင်ပြီး ထိုကော်မတီအား ၁၉၆၇ ခုနှစ် Torrey Canyon သဘောင်္နစ်မြုပ်မှုမှ စတင်၍ ထားရှိရန်လိုအပ်သည်ဟုထင်မြင်ပြီး ဖွဲ့စည်းခဲ့ပါသည်။ ဥပဒေရေးရာ ကော်မတီသည် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ဧ။် လိုအပ်ချက်ဘောင်အတွင်းမှ ဥပဒေရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရမည်ဖြစ်ပါသည်။
(င) ရေထုညစ်ညမ်းမှု ကာကွယ်ရေးကော်မတီ (Marine Environment Protection Committee-MEPC)
ရေထုညစ်ညမ်းမှု ကာကွယ်ရေးကော်မတီတွင် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ဧ။် အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်ပြီး ရေထုညစ်ညမ်းမှုထိန်းသိမ်းရေး၊ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာများအား အဖွဲ့ဧ။်ကန့်သတ်ချက်ဘောင်အတွင်းမှ ဆောင်ရွက်ရပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် သဘောင်္များမှ ဖြစ်ပေါ်စေသည့် ရေထုညစ်ညမ်းမှုအား ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
(စ) ကျွမ်းကျင်မှုပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (Technical Co-operation Committee)
အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ဧ။် သတ်မှတ်သောစည်းမျဉ်းဘောင်အတွင်းမှ အဖွဲ့ဝင်နိုင်ငံများသို့ကျွမ်းကျင်မှုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခြင်း၊ အကူအညီပေးခြင်း ဆောင်ရွက်ပေးသည့် ကော်မတီဖြစ်သည်။
(ဆ) လုပ်ငန်းချောမွေ့စေရေးဆိုင်ရာ ကော်မတီ (Facilitation Committee)
လုပ်ငန်းချောမွေ့စေရေးဆိုင်ရာ ကော်မတီသည် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ကောင်စီဧ။် အရန်အင်အားဖြစ်ပြီး၊ ၁၉၇၂ ခုနှစ်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ ကော်မတီသည် အပြည်ပြည်ဆိုင်ရာရေကြောင်းသွားလာမှုလုပ်ငန်း ချောမွေ့စေရန်အတွက် မလိုအပ်သော ကန့်သတ်ချက်များ ကြိုးနီစနစ်များအား ပယ်ဖျက်ပြီး သဘောင်္များဆိပ်ကမ်းသို့ အဝင်အထွက်လွယ်ကူချောမွေ့စေရန် ဆောင်ရွက်ပေးသည့် ကော်မတီဖြစ်ပါသည်။ အဖွဲ့ဝင်နိုင်ငံအားလုံးမှ ပါဝင်ဆောင်ရွက်ပါသည်။
(ဇ) အတွင်းရေးမှုးအဖွဲ့ (Secretariat)
အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ဧ။် အတွင်းရေးမှုးအဖွဲ့တွင် အထွေထွေအတွင်းရေးမှုး(Secretary-General) နှင့် ဝန်ထမ်း ၃၀၀ခန့်ပါဝင်ပြီးအဖွဲ့တည်ရှိရာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင်ရုံးစိုက်ပါသည်။
(ဈ) အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ (International Conventions)
အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့သည် ပင်လယ်ပြင်တွင်သဘောင်္များ အန္တရာယ်လုံခြုံစွာသွားလာနိုင်ရေး၊ ပင်လယ်ပြင်ညစ်ညမ်းမှု ကာကွယ်ရေးနှင့် အခြားကိစ္စရပ်များအတွက် အဖွဲ့ဝင်များလိုက်နာဆောင်ရွက်ရန် သဘောင်္တူညီချက်ပေါင်း (၃၃)ခုပြဌာန်းဆောင်ရွက်ထားပါသည်။ ထိုသဘောတူညီချက်များအား အဖွဲ့ဝင်နိုင်ငံများမှလိုက်နာဆောင်ရွက်ကြခြင်းဖြင့် ရေကြောင်းသွားလာမှု အန္တရာယ်နှင့် ရေထုညစ်ညမ်းမှုတို့မှ ကာကွယ်နိုင်ပြီး ပင်လယ်ပြင်အား ရေရှည်အကျိုးရှိစွာ အသုံးပြုနိုင်ရန် အဖွဲ့ဝင်နိုင်ငံများသည် အထူးအလေးထားကြရန် လိုအပ်လှပေသည်။
(၁၉၉၅ ခုနှစ်က ရေးသားခဲ့သော ဆောင်းပါးဖြစ်သောကြောင့် အချို့အချက်အလက်များမှာ အပြောင်းအလဲအနည်းငယ် ရှိပါသည်။ www.imo.org တွင်အသေးစိတ် ဖတ်ရှု့လေ့လာနိုင်ပါသည်။)


navoski

ငါတို့ဘာကြောင့် သဘောင်္လိုက်နေရတာလဲ


ကျွန်တော်တို့ဘာလို့ သဘောင်္လိုက်နေရတာလဲ။ ကျွန်တော်နဲ့သဘောင်္တစ်စီးထဲ အတူစီးဖူးတဲ့ တက်မကိုင် (AB) အကိုကြီးတစ်ယောက်ကို အကိုဘာလို့သဘောင်္လိုက်နေတာလဲလို့ မေးဖူးတယ်။ အိမ်ကမိန်းမက လိုက်ခိုင်းနေလို့ပေါ့ င့ါညီရာ ငါ့ဟာငါဆို taxi တစ်စီးလောက်ထောင် ကိုယ်တိုင်မောင်းပြီး ရန်ကုန်မှာ အေးဆေးပဲနေမှာပေါ့ကွာတဲ့။
ကျွန်တော်ငယ်ငယ်က စွ

န်ရာသီဆို စွန်လွှတ်တယ် ဒီလိုပဲ ရာသီအလိုက်ဗျာ ဂျင်ပေါက်တယ်၊ အရုပ်ထောင်ပစ်တယ်၊ ဂေါ်လီရိုက်တယ်။ ဂေါ်လီရိုက်တယ်ဆိုရင် ဂေါ်လီက မြောင်းထဲခဏခဏကျလို့ ရွှံ့တွေကြားထဲ ဆင်းနှိုက်ရတယ်။ ကျောက်ဂေါ်လီတို့ ဖန်ဂေါ်လီတို့က ပေါ့တော့ရွှံ့ထဲသိပ်မနစ်ဘူး။ သံဂေါ်လီကျ လေးတော့ရွှံ့ထဲနစ်နေတာ နှိုက်စမ်းပေတော့ပဲ။ လောကမှာ ရှိရှိသမျှ အရာအားလုံးက မော်လီကျုး (molecules) တွေနဲ့တည်ဆောက်ထားတာလေ။ ပေါ့ခြင်း၊ လေးခြင်း၊ မာခြင်း၊ ပျော့ခြင်းဆိုတာ အဲဒီမော်လီကျုးတွေ တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အပေါ် မူတည်တယ်။ စိန်မှာရှိတဲ့ မော်လီကျုးတွေက တစ်ခုနဲ့တစ်ခု ပူးကပ်ကြပ်ညပ်ပြီး တင်းတင်းရင်းရင်း ချိတ်ဆက်ထားကြတယ်။ ဘယ်သူခွဲခွဲ တို့မကွဲပေါ့။ ဒီတော့စိန်ကမာတယ်၊ လေးတယ်။ ကျွန်တော်ကြိုက်တဲ့ ဂျယ်လီကျတော့ ဆန့်ကျင်ဘက်ဗျာ။ လျော့တိလျော့ရွဲ မော်လီကျုးတွေက စားလိုက်ရင် ရွှတ်ခနဲပဲ ပါးစပ်ထဲဘယ်လိုပျောက်သွားမှန်းကို မသိတာ။
ဒါဆိုလေးတာခြင်းအတူတူကို သံဂေါ်လီကျရေထဲနစ်ပြီး ရေချိုးကန်က သံရေခွက်က ဘာလို့ရေပေါ်ပေါ်နေတာလဲ။ ကျွန်တော်ကိုးတန်းရောက်တော့ အာခိမီဒီး(archimedes) ဆိုတဲ့အရှက်နည်းတဲ့ လူကြီးတစ်ယောက်အကြောင်းသင်ရတယ်။ အဲဒီမှာတင် ရေချိုးကန်က သံရေခွက်က မနစ်ရတဲ့ နိယာမ (laws of floatation) ကိုနားလည်သွားပါတယ်။ ထိုနိယာမကို အခြေခံပြီး သံထည်နဲ့လုပ်ထားတဲ့ သဘောင်္ကြီးတွေ ရေပေါ်ရောက်လာတော့တာပဲ။
ကျွန်တော်တို့ သဘောင်္လိုက်နေရတဲ့အကြောင်းက အာခိမီဒီးကြောင့်ချည်းတော့ မဟုတ်ပါဘူး။ လူတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘကြောင့်လဲပါတယ်။ အကောင်းဆုံးဇိမ်ခံပစ္စည်းတွေနဲ့ အဆင့်အတန်းမြင့်မြင့် နေချင်ကြတယ်။ နောက်ဆုံးထွက်တဲ့ iphone ကိုမှကိုင်ချင်တယ်။ ဂျပန်က carမှ၊ ဘရာဇီးက ကော်ဖီမှ၊ နယူးဇီလန်ကနွားနို့မှ ဖြစ်လာကြတယ်။ နည်းပညာတွေမြင့်မားလာတော့ စက်ရုံတွေကလည်း ကုန်ပစ္စည်းတွေ အမြောက်အများ (mass production) လိုသလောက် ထုတ်လုပ်လာနိုင်တယ်။ ဒီလိုနဲ့ ကုန်ပစ္စည်းအမြောက်အများကို တစ်နိုင်ငံနဲ့တစ်နိုင်ငံကုန်သွယ်တဲ့နေရာမှာ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်တဲ့ ပင်လယ်ရေကြောင်းက အရေးပါတဲ့ အခန်းကဏ္ဍကို ရောက်လာပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့စွမ်းအင်လိုအပ်ချက်အရ သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ ရေနံတွေ၊ သဘာဝဓာတ်ငွေ့တွေ၊ ကျောက်မီးသွေးလောင်စာတွေကို အဆမတန်သုံးစွဲကြတယ်။
ဒီလောက်ပမာဏများများ အရင်းအမြစ်တွေ တစ်နိုင်ငံကနေတစ်နိုင်ငံကို ရွေ့လျားဖို့ ပင်လယ်ရေကြောင်းကလွဲရင် တခြားဘယ်လမ်းရှိမလဲဗျာ။ အိမ်နီးချင်းနိုင်ငံတွေဆိုရင်တော့ ပိုက်လိုင်းတွေလောက်နဲ့ အလုပ်ဖြစ်ပါတယ်။ တရုတ်ကြီးကတော့ အဲဒါနဲ့တင် တော်တော်အဆင်ပြေနေတာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တချို့လူချမ်းသာတွေများ ကုန်းပေါ်မှာပျော်တာအားမရလို့ ရေထဲဆင်းပျော်ကြသေးတယ်။ အပျော်စီးသဘောင်္ကြီးတွေနဲ့ ခရီးတွေထွက်ကြတယ်။ တိုက်တန်းနစ်ကားလဲ ကြည့်ဖူးနေကြတာပဲ။ သေချာမမြင်မှာစိုးလို့ 3Dနဲ့တောင်ပြန်ရိုက်ပြထားသေးတယ်။ သိပ်မကြာသေးခင်ကပဲ Costa Concordia အပျော်စီးသဘောင်္ကြီးလဲ captain ဖွံကြောင်နေလို့ သောင်တင်ပြီးမှောက်ပြီးပြီ။ ဒါလဲမမှတ်ကြသေးဘူး စီးချင်နေကြတုန်းပဲ။ IMO ရဲ့စေတနာကလည်းကြီးလွန်းပါတယ်။ တစ်ခုခုမဖြစ်လိုက်နဲ့ဟိုဟာဖြည့်မယ်၊ ဒီဟာထပ်တိုးမယ်ဆိုတာကြီးပဲ။ တိုက်တန်းနစ်မြုပ်တော့ SOLAS ကျမ်းကြီးတွေ၊ ပြင်သစ်ကမ်းခြေမှာ Torrey Canyon ကသောင်တင်ပြီးဆီလျှံတော့ MARPOL ဆိုတဲ့ကျမ်းကြီးတွေပေါ်လာတယ်။ ဟိုကုလားကလဲ ဖင်ယားပြီး(ကန်တော့ပါရဲ့) world trade centre ကိုလေယာဉ်နဲ့ဝင်တိုက်တော့ မဆီမဆိုင်သဘောင်္သားတွေလဲ ပဲကြီးလှော်ဆားညပ်ပြီး ISPS အရ ကမ်းတောင် ကောင်းကောင်းမဆင်းရတော့ဘူး။
လူတွေကလည်း တခါလာဒီသဘောင်္ပဲ အပြစ်ရှာချင်နေကြတယ်။ MAPOL annex-6 က air pollution ဗျာ။ သဘောင်္မှမဟုတ်ဘူး လေယာဉ်တွေ မော်တော်ကားတွေလည်း မီးခိုးတွေထုတ်နေကြတာဘဲ။ အဲဒါကို သဘောင်္ကိုမှ ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေကြတယ်။ သဘောင်္ပိုင်ရှင် သူ့ဟာသာသူ ဆီပြောင်းသုံးရလို့ပိုက်ဆံပိုကုန်တာ ကျွန်တော်တို့နဲ့မဆိုင်ပါဘူးဗျာ။ သဘောင်္ပေါ်ကအရာရှိတွေ တနေ့တနေ့ အင်ထုပြီးဖြည့်နေရတဲ့ စာရွက်စာတမ်းနဲ့ပတ်သက်တဲ့အလုပ်တွေများလာတယ်။ သဘောင်္အရာရှိစာမေးပွဲအတွက် ဖတ်ရမဲ့စာတွေကလည်း တိုးတိုးလာတယ်။ အရင်တုန်းကလို သဘောင်္သားတွေ ရွှေခေတ်မဟုတ်တော့ပါဘူး။ ယူရတဲ့တာဝန်၊ လုပ်ရတဲ့အလုပ်ကို ရတဲ့လစာနဲ့တွက်ကြည့်ရင် မတန်ပါဘူး။ မိဝေးဖဝေး၊ ချစ်သူဝေး၊ အကုန်ဝေးနဲ့ ကမ်းမမြင်လမ်းမမြင်လုပ်နေရတဲ့ ရေပေါ်ကလူတွေကို ကုန်းပေါ်မှာ နေ့တိုင်းမိန်းမနဲ့နေနေတဲ့သူတွေက ဘာလို့အတင်းလိုက်ကြပ်နေကြတာလဲမသိဘူးဗျာ။
ဒီကြားထဲ ဆိုမားလီးယားက ရှမ်းတရုတ်တွေက တစ်မှောင့်။ မရှိလို့လုပ်စားပါတယ်ဆိုမှ သူတို့လဲကြောက်နေရတယ်။ ဒုတိယစီးတဲ့သဘောင်္တုန်းက ဆိုမားလီးယားဖြတ်ရတယ်။ သဘောင်္ဘေးနားကနေ အဲဒီကောင်တွေ ကပ်ကပ်ဖြတ်သွားတာ မြင်နေတာပဲ။ မတိုက်ချင်လို့သာ တိုက်ချင်ရင်လွယ်လွယ်လေး။ သေဘာၤေနာက္ဘက္ကေန ကပ္တက္လာတာ။ တကယ်လို့သဘောင်္ကရပ်မပေးဘဲ ထွက်ပြေးလို့ကတော့ RPG နဲ့သဘောင်္ဘေးကိုလှမ်းထုတာ။ ဆိုမားလီယားဖြတ်နေတုန်းတစ်ရက် သဘောင်္မောင်းတဲ့အခန်း (bridge) ပေါ်မှာ ဂျူတီကို ကိုရီးယားchief mate နဲ့အတူတူယူနေတုန်း သူက ကျွန်တော့်ကိုမေးတယ်။ ကဒက်တဲ့ မင်း ဆိုမားလီးယားဖြတ်တော့ ရန်ကုန်က ကုမ္ပဏီက မင်းကိုဖြတ်ခ ဘယ်လောက်ပေးလဲတဲ့။ ကျွန်တော်က တစ်ခါဖြတ် ၁၅ဒေါ်လာရတယ်ပေါ့။ ပြီးတော့ သူကဆက်မေးတယ် မင်းဟိုတစ်ခေါက်က ပောာင်ကောင်မှာ ကမ်းဆင်းတော့ ဘဲကင်ဝယ်စားတာ ဘယ်လောက်ပေးရလဲတဲ့။ ကျွန်တော်က ဒေါ်လာ၂၀ပေးရတယ်ပေါ့။ ဒါဆိုဆိုမားလီးယားဖြတ်တဲ့ မင်းအသက်က ဘဲကင်တစ်ကောင်လောက်တောင် တန်ဖိုးမရှိဘူးတဲ့။ ဟုတ်တယ်ဗျာ…သူပြောမှစဉ်းစားမိတယ် ကျွန်တော်က ဘဲကင်လောက်တောင်တန်ဖိုး မရှိဘူးဖြစ်နေတယ်။ သြော်…ဘဲကင်…ဘဲကင်…ဘဲကင်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်သဘောင်္သားဖြစ်လာရတာ ကျွန်တော့်အဘိုးကြောင့်လို့ပြောလို့ရတယ်။ ကျွန်တော့်အဘိုးက ဟိုးအရင် P.Henderson line ကသဘောင်္သားပောာင်းကြီးဗျ။ CDC မပေါ်ခင် နလီလက်ထက်ကတည်းက သဘောင်္လိုက်နေတာ။ CDC တွေအစိုးရကထုတ်ပေးတော့ အဘိုးနံပါတ်က (၂၀၁၀) …CDC နံပါတ်တွေက (၂၀၀၀) ကစတာလေ။ အခုတော့အဘိုးက အသက်၈၀ကျော် ၉၀နားကပ်နေပါပြီ။ အဘိုးကြီးဆိုတော့ ပြောရရင် စကားများတယ်ဗျာ။ အဲဒီတော့သူ့နား ဘယ်သူမှမကပ်ချင်ကြဘူး။ တစ်ခါတစ်ခါ လေကြောမိရင် ၂နာရီ ၃နာရီလောက် ကြာတတ်တာကိုး။ ကျွန်တော်တစ်ယောက်ပဲ သူပြောတာကောင်းကောင်း နားထောင်ပေးတာ။ ပြီးရင်သူက မုန့်ဖိုးပေးတယ်လေ…ဟီး။ ကျွန်တော်လာပြီဆို သူ့ရဲ့မရိုးအီနိုင်တဲ့ နိုင်ငံတကာအတွေ့အကြုံတွေ၊ ဒီခေတ်နဲ့မလျော်ညီတော့တဲ့ သူ့ရဲ့သဘောင်္သားဘဝ အတွေအကြုံတွေ ပြောတော့တာပဲ။ ကြားပါများတော့ သဘောင်္သားအလုပ်ကို စိတ်ဝင်စားလာပြီး ရေကြောင်းသိပ္ပံ စတက်ဖြစ်တာပဲ။
အဘိုးကတစ်ကယ့်သဘောင်္သားစစ်စစ်ကြီးဗျ။ သဘောင်္သားဘဝကို နှစ်သက်တယ် ဂုဏ်ယူတယ်။ သဘောင်္ကပ်တဲ့ ဆိပ်ကမ်းတိုင်းဆင်းဖြစ်အောင်ဆင်းတယ်။ အင်္ဂလန်မှာ ကမ်းကပ်ရင် ပြင်သစ်ထိပါရောက်တယ် လျှောက်လည်တာ။ အသက်၆ဝကျော်တဲ့အထိ သဘောင်္လိုက်ခဲ့တာ။ ဒါတောင် ၇၀နားနီးမှ ချက်ကြီး (chief cook)နဲ့ပြန်လိုက်ဦးမယ်ဆိုပြီး ဟင်းချက်နည်းစာအုပ် တစ်အုပ်နဲ့မီးဖိုချောင်မှာအလုပ်တွေရှုပ်နေသေးတယ်။ သားသမီးတွေက အဖေရယ် အသက်လည်းကြီးနေပါပြီဆိုပြီး ဝိုင်းတားတော့မှ လက်လျှော့သွားတာ။
ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကကိုယ်လုပ်တဲ့အလုပ်ကို တကယ်စုံမက်နှစ်သက်ဖို့တော့ လိုတယ်လေ ဒါမှလည်း အလုပ်မှာတိုးတက်မှုရှိမှာ။ ချမ်းသာတဲ့နိုင်ငံတွေကတော့ သဘောင်္မလိုက်ကြတော့ဘူးဗျ။ သဘောင်္သားအလုပ်က မကောင်းဘူးလို့ ဘယ်သူတွေ ဘာပဲပြောပြောဗျာ ကျွန်တော်တို့က ဒီအသက်မွေးဝမ်းကျောင်းကို ရွေးချယ်ပြီးပြီပဲ၊ ကိုယ်လုပ်ရမယ့်အလုပ်ကို အကောင်းဆုံးလုပ်ပြီး ဒီသဘောင်္လောကကြီးတိုးတက်လာအောင် ကိုယ်ဘယ်တစ်ထောင့်တစ်နေရာက ပါဝင်ရမလဲ ဝိုင်းစဉ်းစားကြပါစို့လားဗျာ။
အခုလည်း တက္ကသိုလ်ဝင်ခွင့်အမှတ်စာရင်းတွေ ထွက်လာပါပြီ။ ရေကြောင်းတက္ကသိုလ်၊ ရေကြောင်းကောလိပ်အမှတ်တွေကလည်း မိုးပျံနေပါတယ်။ အခုမှဘယ်တက္ကသိုလ်တက်ရမလဲ စဉ်းစားနေကြတဲ့ သူတွေကိုအကြံပေးချင်တာက ရေကြောင်းတက္ကသိုလ် ရေကြောင်းသိပ္ပံမှမဟုတ်ပါဘူး ကိုယ်နှစ်သက်ရာ အသက်မွေးဝမ်းကျောင်းကို ရွေးချယ်ကြပါ။ ကျွန်တော်တွေ့နေရတာတွေက ပိုက်ဆံကိုငယ်ငယ်ရွယ်ရွယ်နဲ့ မြန်မြန်ရှာနိုင်တယ်ဆိုပြီး ရွေးချယ်လိုက်ပြီးကာမှ ကိုယ့်ရဲ့ဝါသနာနဲ့မကိုက်ညီလို့ သဘောင်္ဆက်မလိုက်တော့တာတွေရှိပါတယ်။ ကျွန်တော်သူငယ်ချင်းအရင်းကြီးတွေကိုပါနေတာပါ။ အချိန်ကုန် ငွေကုန်တာပဲအဖတ်တင်ပါတယ်။
ကမ္ဘာကျော် အက်ပလဲ ကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ခဲ့တဲ့ စတိဗ်ဂျော့ပြောခဲ့တာလေးကိုလဲ ဖတ်ကြည့်ပါဦး “ ကျုပ်သိတာက ကိုယ်စုံမက်တဲ့ အလုပ်ကပဲကျုပ်ကို ဆက်သွားနိုင်အောင် အားရှိစေတာ၊ ခင်ဗျားအနေနဲ့လည်း ခင်ဗျားဘာကိုစုံမက်သလဲ ဒါကိုခင်ဗျားရှာဖွေတွေ့ရှိဖို့လိုတယ်။ အလုပ်ပဲဖြစ်စေ ချစ်သူပဲဖြစ်စေ တကယ်စုံမက်ဖို့လိုသဗျ။ အလုပ်က ခင်ဗျားဘဝရဲ့ အစိတ်အပိုင်းအတော်ကြီးကြီး မဟုတ်လား။ ကျေနပ်ပျော်ရွှင်နေဖို့အတွက် တစ်ခုတည်းသောနည်းလမ်းဟာ ကြီးကျယ်တဲ့အလုပ်လို့ ကိုယ်ယုံကြည်နေတဲ့အလုပ်ကို လုပ်နေဖို့ပဲ။ ကြီးကျယ်တဲ့အလုပ်ကို လုပ်နိုင်ဖို့တစ်ခုတည်းသော နည်းလမ်းကတော့ ကိုယ်လုပ်တဲ့အလုပ်ကိုစုံမက်တာပဲ။ ကိုယ်စုံမက်တဲ့အလုပ်ကို မတွေ့သေးဘူးဆိုရင် ရှာပေရော့။ အသည်းနှလုံးနဲ့သက်ဆိုင်တဲ့အရာဆိုတာကတော့ ခင်ဗျားတွေ့များတွေ့ရင်တန်းသိတာပဲ။ နှစ်ကာလတွေနဲ့အတူပိုပြီးစုံမက်လာလည်း အမှန်ပဲ။ မတွေ့မချင်းတာရှာပေရော့။”
စတိဗ်ဂျော့က ကျွန်တော်လေးစားအားကျရတဲ့ ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပါပဲ။ သူက တက္ကသိုလ်ဘွဲ့မရခဲ့ပါဘူး ဒါပေမယ့် သူဝါသနာပါရာ သူလုပ်ချင်တာကို အကောင်းဆုံးလုပ်သွားနိုင်ခဲ့ပါတယ်။

navoski

MSU All In One Suite For Android Users

လက်ကိုင်ဖုန်း နဲ့ အင်တာနက် အသုံးပြုနေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို ဖုန်းပေါ်မှာ တထိုင်တည်း ကျွန်တော်တို့ အဖွဲ့ရဲ့ ဘလော့ဆောင်းပါးတွေ ၊ Group and Public Page တွေကို တပြိုင်နက်ထဲ ၀င်ရောက်ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားတဲ့ Android V
ersion MSU app ဖြစ်ပါတယ် ။


ဒီ application ကို friends တို့ရဲ့ ဖုန်းထဲမှာ ထည့်သွင်း အသုံးပြုလိုက်တာနဲ့
MSU @ facebook blog page :
MSU @ facebook member page :
MSU @ facebook public page and
MSU @ facebook developer page

တွေကို အဲဒီ ဆော့ဝဲကနေ အင်တာနက် ဘရောက်ဇာတွေ ခံစရာမလိုပဲ တထိုင်တည်း သွားရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။

MSU app for Android ကို ရယူရမယ့် အင်တာနက် လိပ်စာကတော့

https://docs.google.com/open?id=0B2Gw72ymDWicSUtsUDkwb3dZNk0

ဖြစ်ပါတယ် ။



အားလုံး အသုံးပြုရတာ အဆင်မပြေရင်ပဲ ဖြစ်ဖြစ် ၊ အကြံဥာဏ်ပေးချင်ရင်ပဲ ဖြစ်ဖြစ် ကွန်မန့်မှာ ရေးခဲ့ နိုင်ပါတယ်ခင်ဗျာ ။ကျေးဇူးတင်ပါတယ် ။

8 - ) .

credit to mma : MSU WEB DEVELOPER
for such kind of app creation

Sunday, November 11, 2012

Maritime Books on Nov : Part 1

 ရေကြောင်း အချက်အလက် နဲ့ သင်္ဘောသား တွေနဲ့ သက်ဆိုင်တဲ့ စာအုပ်စာတမ်းတွေကို  Maritime Books on Nov : Part 1  မှာ တစုတစည်း တည်း ဖော်ပြပေးလိုက်ပါတယ် ။ 


 စာအုပ်  Download Link များကို အဖွဲ့ email လိပ်စာသို့ ပို့ဆောင်ပေးသော supporters များကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ။



Update Annex 13 CSS Code 2010 MPA Singapore

Click here to Download !!!

International Convention for Safe Containers 1972 (CSC 1972)

Click here to Download !!!

International Convention for the Prevention of Pollution From Ships, 1973 as modified by the Protocol of 1978 (MARPOL 73/78)

Click Here to Download !!!

International Ship & Port Facilities Security (ISPS) code

Click Here To Download !!!

ISPS Code Introduction:

Click Here To Download !!!

International Code on Intact Stability 2008, 2009 Edition

Click Here To Download

International Code for the Construction and Equipment of Ships Carrying Liquefied Gases in Bulk (IGC Code) 1983

Click here to Download !!!

International Code for the Construction and Equipment of Ships Carrying Dangerous Chemicals is Bulk (IBC Code) 2007 Edition

Click Here to Download !!!

Click Here to Download