Tuesday, August 28, 2012

ဝေလငါးတစ်ကောင်ရဲ့ နာရေး ။( အဆုံးသတ် )




အပိုင်း၆။ ။ “သင်္ဘောသားတွေ ဘာလုပ်?”

အဓိကအလုပ်သည် ထုထည်ကြီးမား များပြားစွာသော ကုန်ပစ္စည်းများကို ပွိုင့် A, B, C, D မှ ပွိုင့် E, F, G အစရှိသည်တို့ထံ အပျက်အဆီး၊ အဆုံးအရှုံး၊ အလေအလွင့် နည်းနိုင်သမျှနည်းအောင် သယ်ယူဝန်ဆောင် ပေးရခြင်းပါ။ 1st May တိုက်ပွဲဝင်သူရဲကောင်းကြီး စပါးတာကဒ် အသက်စွန့် ရယူပေးခဲ့သော “မေဒေး” (May Day) Resolution အရ ကမ္ဘာ့အလုပ်သမား ရပိုင်ခွင
့်မူ အလုပ်သမားတစ်ယောက်သည် တစ်နေ့လျှင် ၈နာရီ အလုပ်လုပ် ၈နာရီ အိပ်စက်ကာ ၈နာရီ အပမ်းဖြေ တိုးတက်လေ့လာသမှုပြုရပါသည်။ ထို့ကြောင့် ၂၄ နာရီ လည်ပတ်နေသော သင်္ဘောပေါ်တွင် ဂျုတီသာချိန်းသည် အလုပ်ကားမရပ် စနေ တနင်္ဂနွေ အားရက်လည်း မရှိပေ။


တစ်စီးလုံးအုပ်ချုပ်သူ ရေယဉ်မှုး၊ မာလိန်မှုး၊ ကပ္ပတိန်၊ skipper oldman သူကြီး၊ Ah Lou ခေါ် ခေါင်းဆောင်သည် ခေါင်းထိုးခံရန် အမြဲ အသင့်ဆောင်ထားရ၏။ ကျန်အရာရှိ ၃ဦး Chief Officer (အရာရှိချုပ်)၊ Second Officer (ဒုတိယ အရာရှိ)၊ Third Officer (တတိယ အရာရှိ)၊ ကျွမ်းကျင်သင်္ဘောသား AB able bodied ‘တက်မ’ကိုင် များက တစ်ရက်လျှင် ၄နာရီစီ ည၊ နေ့ ၄နာရီ ကုန်းပတ် အလုပ်အရာရှိများကား ၈နာရီ (ည ၄၊ နေ့၎) ၂ပိုင်း ခွဲကာ တစ်ဦးလျှင် ၈နာရီ သင်္ဘောဦးခန်းတွင် ဂျူတီကျလေသည်။ ကျန်အချိန်များတွင် အပန်းဖြေ တီဗွီကြည့်၊ အင်တာနက်သုံး၊ စာရေး၊ စာဖတ်၊ စာသင်ဝိုင်းဖွဲ့ စုစည်းပျော်ရွှင်စွာ နေကြပါသည်။

သင်္ဘောကြီး နှင့်တစ်ကွ ကုန်များ၊ အလုပ်လုပ်နေသူများ အသက်အန္တရာယ်ကင်းစေရန် ၂၄နာရီ အမြင်၊ အကြား၊ အသံ၊ ရေဒါ၊ မှန်ပြောင်း၊ မျက်လုံး တွင်တွင်သုံးကာ စောင့်ရှောက်နေရပါသည်။

ဂျူတီလေးနာရီ အချိန်တွင်း ၃၆၀ဒီဂရီ ကောင်းကင် နှင့် ပင်လယ် တိုက်ခိုက်နိုင်စွမ်းရှိသော ပစ်မှတ်တို့ကို ရှာဖွေနေရ၏။ ကင်းစောင့်ဆိုသည်မှာ ထိုင်မနေရပါ။ ထိုင်လျှင် အိပ်ချင် ပျင်းရိလာကာ တာဝန်လစ်ဟင်းသော် ဆုံးရှုံးမှုကြီးမားကာ အသက်များစွာသေကျေနိုင်ပါသည်။ တစ်ရက်ကို ၈နာရီ ဂဏှာမငြိမ်သော အကျင့်သည် နှစ်အလွန်ကြာသော သင်္ဘောအရာရှိများစွာတို့အတွက် မရှောင်တိမ်းနိုင်သော hard habit to break

ပင် ကျွန်တော်လွန်စွာ ဂဏှာမငြိမ်သည်ကို ကြည့်မရကုန်သော အပေါင်းအသင်း မိတ်ဆွေတို့ နားလည်ပေးကြစေလိုသည်။


Duty Roaster

00-04 Middle watch - 2nd Off and AB

04-08 Morning Watch- Ch Off and AB

08-12 ForeNoon Watch- 3rd Off နေ့အချိန် တွင် တစ်ဦးတည်း

12-16 AfterNoon Watch-2nd Off နေ့အချိန် တွင် တစ်ဦးတည်း

16-18 Dog watch 1 - Ch Off နေ့အချိန် တွင် တစ်ဦးတည်း

18-20 Dog Watch 2-Ch Off and AB နေ၀င်လျှင် ၂ဦး

20-24 First Watch-3nd Off and AB တို့ဖြစ်ကာ

ဆိပ်ကမ်းကပ်လျှင်တော့

အရာရှိ တစ်၊ AB တစ်၊ အကူ တစ် ၃ယောက်တို့သည် ၆နာရီလုပ် ၆နာရီနား ၂၄ နာရီပတ်လည် လုပ်ကြရရှာလေသည်။ လက်ရှိ ကျွန်တော်တို့စီးနေသော သင်္ဘောများသည် မီတာ ၃၀၀၊ ပေ ၁၀၀၀ ကျော်ကာ

စက်ခန်း ၆ထပ်၊ ကုန်းပတ် ၇ထပ်/၈ထပ်ရှိပြီး အမြင့် ပေ၂၀၀ခန့် မြင့်အောင် ထုတည်ကြီးမားပါသည်။

AIMP 3.10.1072

audio files တွေအားလုံးကို အသံအားကောင်းကောင်းနဲ့ အဆင်ပြေပြေ နားထောင်ချင်တဲ့ သူငယ်ချင်းများအတွက် အခုနောက်ဆုံး ရေပန်းစားနေတဲ့ AIMP latest version ကို share လုပ်လိုက်ပါတယ် ခင်ဗျာ ၊ အဆင်ပြေလိမ့်မယ်လို့ မျော်လင့်ပါတယ် ။ အဆင်မပြေရင် ကွန်မန့်ထားခဲ့ကြပါ ။

သုံးစွဲချင်တယ်ဆိုရင်တော့ click here to download !!!

English - Myanmar Dictionary

English to Myanmar Dictionary ကို လွယ်ကူစွာ ဖတ်ရှုချင်သူများအတွက် portable dictionary တခု ကို တင်ဆက်ပေးလိုက်ပါတယ် ။

အားလုံး အဆင်ပြေလိမ့်မယ်လို့ မျော်လင့်ပါတယ်ခင်ဗျာ ။

အသုံးပြုချင်တယ်ဆို၇င်တော့ ဒီနေရာကို ကလစ်နှိပ်ပြီး ဒေါင်းလုပ်ရယူလိုက်ပါ ။

Monday, August 20, 2012

ရေကြောင်းညွန်ကြားမှုဦးစားဌာန ကြေငြာချက်အမှတ် ၇/၂၀၁၂

ေ၇ကြောင်း ညွန်ကြားမှု ဦးစီးဌာန ၊ Myanmar Merchant Shipping Act Sector အရ ထုန်ပေးလျက်ရှိသည့် Continuous Certificate of Discharge ( CDC ) သင်္ဘောသား လုပ်သက်မှတ်တမ်း စာအုပ်များကို ခေတ်နှင့်လျော်ညီသော လုံခြုံမှုစနစ်များထည့်သွင်း ထည့်သွင်းထားသည့် စာအုပ်ပုံစံအသစ်များဖြင့် စက်တင်ဘာလ ( September ) အတွင်း စတင်လဲလှယ်ထုပ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည် ။

( ရေကြောင်းညွန်ကြားမှုဦးစားဌာန ကြေငြာချက်အမှတ် ၇/၂၀၁၂ တွင် ဖော်ပြချက်အရ )

သင်္ဘောသား ဆောင်ရန် ရှောင်ရန်....


ကျနော် အတွေ့ အကြုံတွေ နဲ့ ညီနောင်တော်တွေ ကို Misleading လုပ်ချင်တာမဟုတ်ပါဘူးဗျာ....
ကျနော် ဖြတ်သန်းလာတဲ့ ရေကြောင်းသက်တမ်း ၂၅-၂၆ နှစ်မှာ သိခဲ့တာလေးတွေ ကို Sharing လုပ်တာပါ။

ကျနော် တို့တွေ အရင်တုန်းက ဆို သင်္ဘောပေါ်မှာ ၁ နှစ် ၂ နှစ် လောက်နေကြရပါတယ်
သင်္ဘောသားအများစုက လူလတ်ပိုင်း၊ အိမ်ထောင်သည်တွေများပါတယ်
ကျနော်တို့ ရွေးချယ်တဲ့လမ်

းကြောင်း က လူယဉ်ကျေးတွေ ရှိတဲ့ Society နဲ့တော့ နဲနဲ ခြားနားပါတယ်
အဲဒီနေရာမှာ ကျနော်တို့ လူမျိုးပေါင်းစုံ Character ပေါင်းစုံတွေ့ ရပါလိမ့်မယ်။

Religion ,beliefs ,Common background ,Customaries တွေ မတူညီကြတဲ့ အခါ
ခရီးတစ်ခုထဲ ကို သွားနေကြပေမဲ့ ၊ အဖုထစ်လေးတွေ ရှိလာတတ်ပါတယ်
ပြဿနာ မျိုးစုံကြုံလိမ့်မယ်၊
ငွေကြေးအဆင်မပြေဘူး၊ ရည်းစားကွဲတယ်၊ အိမ်ကအကြွေးပူတယ်
ဆေးချ ချင်တယ်၊ အရက်သောက်ချင်တယ်၊ ကာမ စိတ်ဖြေသိမ့်စရာမရှိဘူး
အရေးထဲ သူကြီးက ရိုင်းတယ် ကုန်းကြောင်၊ စက်ချူပ်၊ စက်နစ် မတရားခိုင်းကြတယ်ပေါ့ဗျာ..
ရန်ဖြစ်ချင်လာကြတယ်၊ အောင့်အီးရတာတွေ ပွင့်ထွက်ချင်လာကြတယ်။
Sexual Release လဲ လိုအပ်လာကြပါတယ်။
ပင်လယ်က လူကိုရူးစေတယ်ဗျ...ပင်ပန်းတာကတစ်မျိုး ၊မတရားတာကတစ်ဖုံ
အလုပ်ရဖို့ ခေါင်းပုံဖြတ်ခံရတာ နဲ့ အင်္ဂလိပ်စာအားနည်းတာနဲ့ နိုင်ငံက ဆင်းရဲတော့ အထင်သေးတာနဲ့စုံလို့ပါဗျာ။

အဲဒီတော့
ကျနော် လွတ်မြောက်ခဲ့တဲ့ ရာသီတွေ၊ နာရီတွေ ကို share လုပ်ချင်ပါတယ်
ကျနော် မှားသည်မှန်သည် အငြင်းပွားဘို့ တင်တာမဟုတ်ပါဘူး
Food for Thought ...Soup for Soul ပေါ့ဗျာ...။

၁။သင်္ဘောပေါ်မှာ ပထမ အရေးကြီးဆုံးကတော့ Attitude ဘဲဗျ
စတက်လာကတည်းက လာဆရာလုပ်ရင် ပြန်ရိုက်မယ်ဆိုတဲ့ အတွေးနဲ့ဆိုရင် ချီးထုတ်ဖြစ်ပြီသာမှတ်
တတ်နိုင်သလောက်တော့ ကြိုးစားလုပ်မယ်ဆိုရင် မဆိုးသေးပါဘူး ..ဒါကလဲ အခြေနေအပေါ်တည်ပြီး
လူဆိုတာ လူပါးဝတတ်တာကိုး...အောက်ခြေ ကနေရလေ သည်းခံရလေ ပါ။

၂။ စစ်တပ်လို အထက်အောက် အမိန့်နာခံမှုနဲ့ အုပ်ချုပ်တာဖြစ်လို့
Ego ကို ရာထူးအပေါ်မှာမူတည်ပြီး နေရာရွေ့တတ်ရပါမယ် ( ကိုယ်ဘယ်နေရာရောက်နေလဲ ဘာလုပ်ပိုင်ခွင့်ရှိသလဲ အမြဲသိနေရမယ်)
လူတိုင်းအပေါ် သဘောကောင်းနေလို့မရပါဘူး ၊လိုအပ်ရင်ပြတ်ပြတ်သားသားဆုံးဖြတ်အရေးယူရတယ်
အရေးမကြီးလို့ မသိချင်ယောင် မကြားချင်ဟန်ဆောင်ရတဲ့ အခါတွေ လဲ ရှိပါတယ်။

၃။ သင်္ဘောမှာလူအမျိုးမျိုးရှိတော့ အခြေ အနေကို သုံးသပ်လေ့လာရပါမယ် ( မီးစင်ကြည့်ကဖို့ပြောတာပါ) လိုက်လျှောညီထွေမှုရှိပါစေ
အင်္ဂရုပ် ကို လေ့လာတတ်ရတယ၊် Body Language ကြည့်တတ်ရမယ်၊ ဥပါယ်တမှင် နဲ့ ခိုင်း ၊စကားပြောရင် အကျိုးကြောင်းဆီလျှော်အောင်ပြောရတယ်
ပြောချင်တာချင်းအတူတူ ပြောဆိုပုံချင်းကွဲရင်တောင် ပြသနာဖြစ်တတ်တယ်၊ ဆိုလိုတာက Arrogant နဲ့ Assertive နဲ့ ခွဲသိဘို့ပါဘဲ။

လူတစ်ယောက်ကို သုံးသပ်ပြီး ဘယ်လိုကောင်စားမျိုး လဲဆိုတာ ကို အကျမ်းပျဉ်းတော့ သိထားသင့်တယ်။
တစ်ချို့ က ကောင်းကောင်းမွန်မွန်ပြောရင်ရသလို တစ်ချို့ကိုတော့ ပုံစံ ပေးမှရတယ်။
ရန်ဖြစ်မဲ့ အရေး ကိုယ်ထိလက်ရောက် ကျူးလွန်စရာမရှိပါဘူး။ မိမိအသက်အန္ထရယ် ထက် အရေးကြီးတဲ့ ကိစ္စဘာမှမရှိနိုင်ပါဘူး ။

၎။သင်္ဘောကိုရောက်တာနဲ့ ကိုယ့်အိမ်လိုသဘောထား ပြီးစောင့်ရှောက်ကာကွယ် ရန် စိတ်ကို အသင့် လုပ်ထားပါ
အလုပ်ကိစ္စ တစ်ခုကအရေးကြီးတယ် သင်္ဘော Seaworthiness အတွက် အန္ထရယ် ရှိတယ် ဆိုရင် အချိန်ဘယ်လောက်ကြာကြာ
ဘယ်လောက်ကုန်ကုန် ပြီးအောင်လုပ်ရတော့မယ်ဆိုတာ သင်္ဘောသားတိုင်းရဲ့ တာဝန်ဆိုတာ ကို နားလည်ပါ...

၅။ကိုယ့်အလုပ်ကို ပိုင်အောင် ၊ လေ့လာပါ သင်္ဘောမှာ ကိုယ့်အလုပ်နဲ့ကို လုပ်နေကြရတာ သူများတွေ က ကိုယ့် အလုပ်လုပ်ပေးနေရဘီဆိုရင်
ကြာကြာမခံနိုင်ပါ၊ မသိရင်မေးခွင့်ရှိတယ်၊ ညာဖြီး ပြီး လုပ်ခဲ့ရင်ကြီးကြီးမားမားပေးဆပ်ရပါလိမ့်မယ်။

၆။ တစ်ချို့က အစားမက်တယ်၊ တစ်ချို့ အရက် ကြိုက်တယ်၊ တစ်ချို့ ကာမဂုဏ်လိုအပ်တယ်။
အဲဒါတွေ မလုပ်ရရင် အလိုလိုနေရင်း ပြသနာရှာတတ်တဲ့လူတွေ ရှိပါတယ်။
ကိုယ့် Limit နဲ့ ကိုယ် အဆင်ပြေအောင် နေကြပေါ့ဗျာ...ဒါတွေ က self control ပါ၊ ဘယ်သူ့ ကိုမှ အန္ထရယ်မပြုရင်ပြီးတာဘဲ။
မိမိခန္ဒာကိုယ်က ငွေကြေး ရှာပေးနေတာကို သူ့လိုအင်ကို လည်း၊ လိုအပ်သလို ပြန်လည်ဖြည့်ဆည်းပေးတတ်ရပါတယ်။
စိတ်ရောကိုယ်ပါ ပျော်ရွှင်ကြည်နူးနေရင် အလုပ်ကောင်းတွေ ရတတ်ပါတယ်။
(ဒီ အချက်မှာ ကျနော် နဲ့ လူအများစု ကွဲပြားနိုင်ပါတယ် )

၇။ လူတွေ ကို အခြေအနေကြည့်ပြီး အလုပ်ကိုပေးရပါတယ်
ခက်ခဲတဲ့ အလုပ်ကို မသိတဲ့လူ၊ မတတ်တဲ့လူ၊ အိပ်ရေးပျက်နေသူတွေ ကို ဘယ်တော့ မှမခိုင်းပါနဲ့။

၈။ အရေးကြီးတာက လူတစ်ဖက်သားကို မောက်မာစွာပြောဆို ဆက်ဆံခြင်း၊
အကြောင်းမဲ့ (Stupid တို့ စောက်ရူးတို့ အသုံးမကျတဲ့ကောင်)ဆိုတဲ့ အသုံးနှုံးတွေ မသုံးမိကြစေချင်ပါဘူး။

၉။ လူတိုင်းမှာကောင်းတာဆိုးတာတွေ ဒွန်တွဲနေပါတယ် ၊ ဆိုးတာတွေ ကို ခွင့်လွှတ်၊ကောင်းတာကို အသုံးချဘို့ ကခေါင်းဆောင်တွေရဲ့တာဝန်ပါ
လက်အောက်ငယ်သားမတတ်ရင်သင်ပေး ပါ ၊ သိတ်ဆိုးဝါးလာရင် အကျိုးအကြောင်းပြောပြပြီး နောက်တစ်စီးပြောင်းခိုင်းကြည့်ပါ။

၁၀။ ကျနော် တို့ အလုပ် က Motivate လုပ်ဘို့ Train လုပ်ပေးဘို့ Human Resource ကို နေရာတကျ အသုံးချတတ်ဘို့ပါဘဲ
သင်္ဘောသားတစ်ယောက်ကို အသုံးမကျဘူးဆိုပြီး တွင်တွင် ခေါင်းခါပြီးပြန်လွှတ်တဲ့ ခေါင်းဆောင်မှာ လဲ
ခေါင်းဆောင် မပီသမှုတွေ ရှိတယ်ဆိုတာ အထက်က လူတွေ က သိပြီးသား ဖြစ်နေတယ်ဆိုတာမမေ့ပါနဲ့။

၁၁။ ကျနော် တို့ တစ်လှေထည်းစီးတစ်ခရီးထဲ သွားနေကြသူတွေပါ၊ အားလုံးမိဝေးဖဝေး မှာ မိသားစု အတွက်ဝင်ငွေ
လာရှာတာဖြစ်လို့ တစ်ဦးနဲ့တစ်ဦး စောင့်ရှောက်သင့်ပါတယ်။ ကျနော် တို့ လကမ္ဘာ ပေါ် လူလွှတ်တာမဟုတ်ပါ
စည်းမျဉ်းတွေ ဟာ Guideline တွေ ဖြစ်လို့ Common Sense ( ကိုမိုးဆန်း ) ကိုလဲ မမေ့ကြပါနဲ့ဗျာ....

ကျနော် ကုန်းချုပ် (ချီးဘုံး) နဲ့ သူကြီးဖြစ်လာခဲ့တဲ့ ၁၀ စုနှစ်မှာ ကျနော့် သင်္ဘောမှာ ဘယ် သင်္ဘောသားမှ ပြသနာကြီးငယ် ဖြစ်ခြင်း
ရန်ရှာခြင်း အိမ်ပြန်ရခြင်းမရှိခဲ့ပါဘူး ...ဒါက ကျနော် လေ့ လာ ကျင့်သုံးခဲ့တဲ့ နည်းဗျူ ဟာတွေ ပါ။

Have a Safe and Fun Sailing..( Yar Zu : MSU ADMIN )

ဆရာစား ။


------------
ကျနော် စာတွေ ကို စေတနာထားရေးနေပေမဲ့ ..
တစ်ချို့ ကျနော်ရေးနေတာတွေ ဟာ သီအိုရီ သမားတွေ နဲ့ Conflict ဖြစ်နိုင်ပါတယ်။
ကျနော် က Practical သမားဖြစ်နေတဲ့ အခါ တော်တော် များများကိစ္စတွေ မှာ ဥပဒေ နဲ့ မညီ ဖြစ်တတ်တာလေးတွေ ကိုတော့
သိသူတွေ ဖြည့်တွေး ကြစေချင်ပါတယ် ဗျာ...။

ကျနော် လိုက်ခဲ့တဲ့ သက်တမ်းမှာတွေ့ ခဲ့တဲ့ မြန်မာအရာရှိတိုင်း ကျနော့် ထက် တော် ကြတာ များတာကိုတွေ့ ရပါတယ်။
အထူးသဖြင့် စာတွေ

့ သာပါတယ် ၊ လက်တွေ့ ကတော့ အများနည်းတူ တော်သူရှိသလို မတော်သူလဲရှိပါတယ်။
ကျနော်အားသာတာကတော့ Attitude လို့ထင်ပါတယ်။
ကျနော် ဘယ်တော့ မှ ဆရာစားမချန်တတ်ပါဘူး။ တတ်သမျှ အကုန်သင်ပေးပါတယ် (တတ်တာကလဲ နည်းပါတယ်)
အထူးသဖြင့်တော့ အသုံးဝင်တဲ့ နည်းလေးတွေ ပေါ့ဗျာ။

ဒါကြောင့် သိတဲ့အထဲကကောင်းမယ်ထင်တာလေးတွေ ကို ကိုယ့်လို ယောင်နန ဖြစ်နေမဲ့သူတွေ အတွက်ရေးတာပါ။

Be a Good Observer
စူးစမ်းလေ့လာပါ။ စာရွက်စာတမ်းစုဆောင်းပါ။ ပိုင်ပိုင်နိုင်နိုင်ရှိသူ စေ့စပ်သေချာသူဆီက တစ်ခုခု ရအောင် ယူပါ။

ဥပမာ ပြောပြရရင် ကျနော် တို့တွေ ၁၀ တန်း အောင်ဘို့/ဘွဲ့ရဖို့ / 2nd Mate အောင်ဘို့ စာတွေ အများကြီးကျက်ရတယ် ဗျာ..
တကယ်တန်း လက်တွေ့မှာ တော်တော် များများ က ပြန် အသုံး မ၀င်တာတွေ များပါတယ်။
တစ်ချို့ နည်းနည်းလောက်ကိုတော့ ပြန်သုံးရတတ်တယ်။
တစ်ချို့ ခက်ခဲစွာကျက်မှတ်ရတာတွေ ကိုလဲ စာအုပ်တွေ လှန်၊ကွန်ပြူတာ ပရိုဂရမ်တွေ နဲ့ လွယ်လွယ်ကူကူ ဖြေ ရှင်းသွား နေပါ ပြီ။

အဲဒီ အတွက် Competency လက်မှတ် ရတာကလွဲ လို့ ကျန်တာ တွေ တော် တော် များများ ဟာအသုံးမ၀င်ပါဘူး။
သင်္ဘောပေါ် က Monkey see Monkey do တွေ နဲ့ အမှားသိ အမှန်ပြင် လုပ်လာကြတာ များပါတယ်။
အဲဒီတော့ သူများလုပ်တာတွေ ကို စောင့်ကြည့်လေ့လာပြီး ပိုကောင်းအောင် လုပ်ပါ။
စာထဲကနဲ့ ဘယ်လိုကွာလဲ ဘာထပ်တွေ့လဲ လေ့လာပြီးဆင့်ပွားပေးပါ။

Priorities ။
အရေးကြီးတာကို အချိန်ကုန်ခံသင်ပြီး ၊အရေးမကြီးတာတွေ ကို သိရုံသာလုပ်ပါ။

ကျနော် အလုပ်သင်ဘ၀ မှာ အဆူအဆဲ ခံ အထုအထောင်းအပင်ပမ်းခံပြီးသင်လာရတဲ့
Seamanship သံဂျေးခေါက် ၊ဆေးသုတ်၊ ဆီထိုး ကြိုး ထိုးနည်း နဲ့ ကျန်တဲ့ အပရိက တွေ က
အရာရှိဖြစ်တော့ သိတ်အထောက်ကူ မပြုပါဘူး ၊ အဲဒါ အမှန်ပါဘဲ
မတန်ဘူးဗျာ သေချာစဉ်းစားတော့ အလုပ်သင် ၂နှစ်၃နှစ်ကို ဆရာ ဆရာ သာခေါ်လိုက်ရတာ
ဘယ်သူကမှ အချိန်ကုန် ခံမသင်ပေးဘူး အောက်ခြေသိမ်းခိုင်းကောင်းရုံသင်ပေးပြီး
ညစ်တီးညစ်ပတ် အလုပ်တွေ ဘဲခိုင်းတယ်။ အရေးကြီးတာတွေ တစ်ခါမှလဲမသင်ပေးကြဘူးဗျာ။
အဆဲခံနိုင်တာရယ် အကြမ်းခံနိုင်တာရယ် တော့ ရ ခဲ့ပါတယ်။

ကုန်းနှစ် ဖြေ တော့ ကျောင်းရောက်တော့ သူငယ်ချင်းတွေ စုဆောင်းထားတဲ့ notes တွေ က
ကိုယ်သိလာတာ ၊ စုဆောင်းလာတာတွေ ထက် အများကြီးသာနေပါတယ်။
ကျနော် သိချင်တဲ့ second mate နဲ့ ပတ်သက်သမျှတွေ ကို Mariner Handbook မှာ အားလုံး ရှိတယ်
မင်းအားရင် ဖတ်လို့သာအရာရှိတစ်ယောက်ယောက်က များကျနော့် ကိုပြောပြခဲ့ရင် ကျနော် ကျေးဇူးတင်မိမှာဘဲဗျာ။

အခုတော့ သူတို့ အလုပ် List of Light ,Sailing Direction, Radio , T & P Chart corrections တွေ အပင်ပန်းခံ လုပ်ပေးခဲ့ပြီး
ဘာမှလဲမသင်ပေးပါဘုး။ကျောင်းရောက်မှ Mariner's Handbook ကို စာကြည့်တိုက်မှာအပြေးလွှားရှာပြီးဖတ်ရတယ်။

တကယ်တန်း ကုန်းနှစ်လုပ်တော့ Edics တို့ Digitrace တို့ လို online ကနေ Publications တွေ Charts တွေ
မှာရတာ Update လုပ်ရတာ လိုင်စင်တွေ တောင်းရတာ က ကျောင်းမှာမသင်ရဘူးဗျ။
ပြီးတော့ performance၊ NoonChit ခေါ် Noon report တွေ က လဲ အရင်ကထက် ပို Complicate ဖြစ်လာတယ်။
သင်္ဘော ဆီစားသက်သာကြောင်းပြဖို့ သာအဓိကလိမ်နေရတယ်။
Observe distance/Log distance တွေ ကအစလိုက်ညာနေရတယ်။
ကဲ ကျောင်းတော်ကြီး ကဘာမှလဲ သင်မပေးလိုက်ဘူး။

Five Star ဘိုးအေကြီး ကျနော့် ဦးလေးက ငါတို့ ခုခေတ်သင်္ဘောတွေ မမောင်းတတ်တော့ဘူးလို့ပြောနေဘီ။
Generation Gap မှာ Syllabus တွေ မပြင်ကြဘူး သိတာတွေ ကို အချိန်ကုန်ခံပြီး ပေသင်နေတယ်။

Gyro Failure ဖြစ်ရင် ဆိုပြီး Compass သင်ရတယ် ။ Compass စာတွေ အရမ်းများနေတယ်။
အခြေခံဘဲသင်ပြီး တစ်ခြား Computer နဲ့ Digital Equipment တွေ သင်သင့်နေပြီ။

Stability တွေ ချေး ကသေးက အစလိုက်တွက် တာတွေ က သိရင်တော်ပြီ
(What If ) ဆိုတာတွေ နဲ့ လိုက်ချင့်နေရင် မိုးပြိုမှာဆိုးတဲ့ တီးတီတူးတွေ ဖြစ်လာပြီး ကျန်ခဲ့မယ်။

အဲဒါတွေ က ဥပမာပြောပြတာပါ

ကုန်းပတ်ပေါ်မှာလဲ အဲလိုပါဘဲဗျာ....(ဒုအရာရှိမှ ကုန်းချုပ်မဖြစ်ခင်)
ဆေးအမျိုးမျိုး ရှိတယ် သုတ်ပုံသုတ်နည်း ရာသီဥတု အပူချိန် သုံးရမည့်ပစ္စည်းစတာတွေ ကို
Paint Manual ထဲ မှာ ရှိရဲ့သားနဲ့ အခန်းထဲဖွက်ထားပြီး လာလာ စားတဲ့ ကုန်းချုပ်တွေ

Load star တို့ Lodicator တို့ ကို အခန်းထဲ မှာ ဘဲ ထားတယ် Manual တွေ ကိုလဲ ဖွက်ထားတယ်
Cadet တွေ ကို IMDG data တွေ ဖြည့် ခိုင်းပြီး တစ်ခြား အရာရှိတွေ ကို အမှောင်ချထားတဲ့ကုန်းချုပ်တွေ ကြောင့်
အရာရှိငယ်တွေ မှာ နှစ်တွေကြာလဲ ဘာမှမတတ် အရမ်းခက်ခဲမယ်ထင်ပြီး ရာထူးတက် ဖို့ လုပ်ဖို့
ကြောက်နေတာတွေ တပုံကြီး။

ကျနော် ကုန်း ချုပ် ရာထူးမတိုးခင် မှာ ကုလားကုန်းကျောင် တစ်ယောက်က စိတ်ရှည် လက်ရှည် စဆုံး
ကုန်တင်ကုန်ချ ကို ၂နာရီလောက်ရှင်းပြခဲ့ပါတယ်။ ပြီးတော့ ဆိပ် ကမ်း ၃ -၄ ခုလောက် လုပ်အပြီးမှာ Confident အပြည့်ရသွားပါတယ်။ အဲဒီ လူ ကို ကျေးဇူးတင်ရတယ်။
သူကလည်း သူအထက် က မြန်မာ အရာရှိတစ်ဦး သူ့ကိုပြခဲ့လို့ ကျေးဇူးဆပ်တဲ့သဘောပါဘဲ။
ဒါတွေ က သံသရာလည်တယ်ဗျ။

ကျနော် Junior တုန်း က Senior မြန်မာအရာရှိတွေ နဲ့ လိုက်တော့ ဆင်းခါနီးမှာသူတို့ က ဆဲသွားကြတယ် ...
ငါလခွီး ကုန်း (၂) ....စာလဲ တစ်ခုမှ မလေ့လာဘူး အားရင် စော် အကြောင်း၊ ဏှာ အကြောင်းဘဲ လို့ ...
ပြောကြတော့ ကျနော် က ပြန်ပြောပါတယ် ။
မြန်မာတွေ က စာလေးတစ်ကြောင်း နှစ်ကြောင်း နဲနဲ သင်ပေးရင် တစ်သက်လုံးဆရာ အခေါ်ခံချင်တာ
ကုလား၊ စလုံး နဲ့ မလေးတွေ ဆီ က ဘဲ သင်တော့ မယ် လို့ ဘဲပြော လိုက်ဘူးတယ်။

ကိုယ်ကလူကြီး တတ်သင့်တာကိုသင်ပေးရမှာကိုတာဝန်လို့ ထားတတ်ရမယ်။
ဆန်ပေးမှ ဆီ ရမယ် စနစ် ကိုကျနော် တော့ မကြိုက်ဘူး၊ ငါ့တုန်းကဘယ်လို ခံရတာ ငါ့အလှည့် ဘယ်လိုပြန် ဖိနှိပ်မယ်ဆို
ငယ်ငယ်တုန်း က လူ၃ ယောက် ထိုင်ပြီး ဘ၀ သံသရာ နားရင်း ရိုက် ခိုင်းသလို ဆုံးလဲမဆုံး ပိုလဲ နာနာ လာမယ်။
ကိုယ့်အောက်က လူတတ်ရင် ကိုယ်လဲ သက်သာတယ် ဦးနှောက်တစ်စုံတိုးလာတာ ပိုကောင်းတယ်ထင်မိတယ်။

တကယ်တန်း လဲ အနှစ်တွေ ကို ပြောပြတတ်သူတွေ က နိုင်ငံခြားသားတွေ များပါတယ်၊သူတို့လဲ ဆရာစားတော့ ချန်ကြပါတယ်။
ဒါကတော့ Diplomacy သုံး ပြီးကိုယ် သိသလိုလိုနဲ့ ဟိုဘက်က၌ ဒီဘက်က၌ ပေါ့ဗျာ။

Ballasting and Piping ။

ရေ နံ တင်သင်္ဘော လိုက်တုန်း က Sister Ship တစ် စီး ကို Danish လူမျိုးတွေ ဆီက အယူမှာ
Pumps မျိုးစုံ အကြောင်း Centrifugal, Capacity , Bilge , Eductor , others ဆိုင်ရာ
Notes ကလေးတစ်ခုကို ကုန်း နှစ် တစ်ယောက် အခန်း အံဆွဲ ထဲ က ရပါတယ်။

ကုလား ကုန်း ချုပ် က ကျနော် နဲ့ ညီအစ်ကို လိုခင်လို့ Ballast နဲ့ Pump system ...
Gravity တွေ Head တွေ Back Pressure တွေ အကြောင်းမေးတော့ ရှင်းပြလို့ သတိထားမိသွားစေခဲ့တယ်။

ဘယ်သင်္ဘောမှာ မဆို Main Sea chest /Main Overboard / suction/ discharge ..Tank အကွာအဝေး
အမြင့် နဲ့ Back Pressure တွေ သိလာတော့ လုပ်ရလွယ်ကူလာတယ်။

အဲဒါလေးတွေ မရခဲ့ရင် သေချာ ရှင်းပြမဲ့ လူမရှိရင် ကြာနေမှာ ယောင်လည်လည် ဖြစ်နေ မှာဗျ။
သင်္ဘော Blue book or ship manual ရှိရင် ဘယ် Pump / Pipe line မဆို ကျနော်တို့
ရအောင် Trace လိုက်တတ် ရမယ် ။ အချိန် တိုတို အတွင်း ရေထုတ်ရေ သွင်း လုပ်တတ်စေတယ်ဗျာ။

ကုန်းချုပ်သာအောင်ထားတယ် သင်္ဘော အသစ်မှာ ၃ ၊၄ လကြာလဲ ရေသွင်းရေထုတ် မလုပ်နိုင်သေးတဲ့
Second Mate တွေ အများကြီးတွေ့ခဲ့ဘူးတယ်။ မပြရင် မသင်ချင်ကြဘူး။

Meteorology။
ငယ်ငယ်တုန်း က ပထ၀ီ သင်တုန်း ကပူပွပေါ့ အထက် ကိုပျံတက် တာရယ်
အေးရင် High pressure ပူ ရင် Low Pressure ၊
ကုန်းမြေ ထက် ပင်လယ် သည် အပူချိန်ကို ကြာကြာထိမ်းထားသည် ဆိုတဲ့အချက်လေးသုံးချက် နဲ့ Air Pressure system ကို သိတာ
ကမ္ဘာ လေစီးကြောင်း Air Mass ၊ ရေစီးကြောင်း Warm and Cold current (Occlusion) ပုံ ၂ပုံကို လေ့လာပြီး
Meteorology ကို ကိုယ့်စိတ်ထဲ ပေါ်တာချရေးပြီး အောင်လာခဲ့ ပါတယ်။

Tropical Depression path ကိုသိရမယ် ရှောင်နည်း ကိုလက်တွေ့ သင်္ဘောမှာလေ့လာထားရင်
Master ဖြေရင် အရမ်းလွယ်တာသိလာလိမ့်မယ်။

ရာသီဥတု မကောင်းတိုင်း ကိုယ်သိသလောက်တော့
အရာရှိငယ်တွေ နဲ့ အမြဲတိုင်ပင် ရင်း နောက်ဖြစ်နိုင်ခြေတွေ ကို ခန့် မှန်း ကြည့်ကြတယ် အကျိုးရှိပါတယ်။
ကျနော့် Grade ကတော့ မကောင်းပါဘူး၊ဒါပေမဲ့ ရာသီဥတု အခြေအနေကို ကျနော် သေချာတော့ သိတယ်ဗျာ။

ကုန်းချုပ်တစ်ယောက် ဖြစ် ခါနီးမှာ သူများတွေ ဘာတွေ ပြောနေနေ။

၁။ သင်္ဘော ကုန်တင်၊ကုန် ချ စနစ် ကိုသိကိုသိရမယ် Port ၃..၄ ခု အနည်းဆုံး လုပ် ဖူးရမယ်။
အရေးကြီးတာ Negative GM မဖြစ်ဖို့နဲ့ Stress 100% Load-line မကျော်ဖို့ Overload မဖြစ်ဖို့
နောက် ရောက် မဲ့ ဆိပ် ကမ်း Draft and UKC အိုကေဖို့

၂။ ရေသွင်းရေထုတ် Ballast / Bilge /educting /stripping အခြေခံ သိထားရမယ်
ရောက်တဲ့ သင်္ဘောမှာ လွယ်ကူမဲ့ Idiot proof Pumping procedure တွေ
ရေးထား Marking တွေ လုပ်ထား သင့်တယ်။
မရှိရင် ကိုယ်က ရေးပေးထား Cadet က အစ တတ်နေတော့ အချိန်မရွေး ကြုံတဲ့လူခိုင်းရုံဘဲ။

၃။ Cargo Securing/Lashing system... ပစ္စည်း အလုံလောက်ရှိရမယ်။
Inventory စစ်တာထား Deck ပေါ်မှာ အလုံလောက် မရှိလို့ Store ခန်းထဲ က နေ ဖုတ်ပူမီးတိုက်သယ်ရရင်
ချီး ဘူး ညံ့ တာ သေချာနေပြီ ။ ဘယ်နေရာ ဘယ်လောက် ရှိလဲ အစောကြီးထဲက နေရာချထားရမှာ။

၎။ သင်္ဘောတစ်စီးလုံးမှာ ရှိတဲ့ Mooring ropes ( Maintenance /Certificate Log) spare
Wire log /Certificate /spare and maintenance log အရေးကြီးတယ်
ကြိုးတွေ Wire တွေ အမြဲ မသုံးခင် နဲ့ သုံး အပြီး အထူးသဖြင့် Port Rotation များသွားရင် စစ်ဆေး ပါ
Accident တွေ မဖြစ် ဘဲ အသက်အန္ထရယ် ကာကွယ်ရေး အဓိက မှာ Mooring နဲ့ Wire Lifting gear တွေ က
ပြသနာ အဖြစ်ဆုံး လူAccident အဖြစ်ဆုံး ။
Lifting appliance /wire /net/ strot/ chain Block/ Sling တွေ စစ်ဆေး ပါ Certifiate ရှိပါစေ။

၅။ Pre Arrival preparations နဲ့ Departure securing က အရေး အလွန် ကြီးတယ်
Port မှာ သုံး မဲ့ Facilities မှန်သမျှ စစ်ဆေးထားမှ ဆိပ်ကမ်းကပ်ရင် လူတိုင်း
break downs တွေ ရော့နည်းပြီး ပြသနာ နည်း ပါးစေ ကာ သက်တောင့်သက်သာနေရမယ်
Crane ရပ်သွားတာ ၊ Gangway /Pilot Ladder / တစ်ခြား Winches ပျက်လို့ အသည်းသန် ဟိုလူခေါ်ဒီလူနိုး နဲ့
Arrival /Departure preparation သေချာ မလုပ် တဲ့ ကုန်း ချောင် ကြောင့် ဖြစ်ရတာတွေ ကြီးဘဲ။

၆။ Crew Management -
စရောက်တာနဲ့ သဘောင်္ တပတ်ပတ် ပြီး လုပ်စရာတွေ တန်းစီရေးထားပေတော့
ရှိသမျှ Stores တွေ ကို ၃-၄ ရက် အတွင်း လျှောက်ကြည့်ထားရင် ဘယ်နေရာ ဘာရှိတယ် သိနေတဲ့ အတွက်
သင်္ဘော သားရော သူကြီးရော လာရွှီးလို့ မရတော့ပါ။

Only stupid Management can result in Overtime တဲ့
Overtime ဆိုတာ သတ်မှတ်အချိန်တွင်း ပြီးမြောက်အောင်မလုပ်နိင်တဲ့အတွက်
( ကိုယ်အသုံးမကျ လို့) ဖြစ်လာတာပါ

အဓိက ကျတာတွေ ပြီးမြောက်ရန်သာ ဦးစားပေးပါ
သင်္ဘောအလုပ်ဆိုတာ ဘယ်တော့ မှ မပြီးတာမို့ ကြောင်ရေချိုးတာတွေ မလုပ်သင့်ပါ..

သင်္ဘောသားသည် ၉ လ တစ်နှစ် အလုပ် လုပ်နေရ၍ ကြာလာရင် စွမ်းရည်ကျ တာကို နားလည်ပေးပါ
တစ်ခါတစ်ရန် သူတို့ အဓိကအလုပ်များပြီး လို့ ခိုကပ်နေတာကို မသိချင်ယောင်ဆောင်ပေးလိုက်ပါ။
Habit တော့ မဖြစ်စေနဲ့ပေါ့ဗျာ။
ပင်ပန်းနေသူအတွက် တစ်နာရီ နှစ်နာရီ စော အိပ်ရရင် ရမယ့် ပျော်ရွှင်မှုတွေ ကို လက်ဆောင်ပေးတတ်ပါစေ

May Day Resolution မှာ ၈နာရီ အိပ်၊ ၈နာရီ ဆည်းပူးလေ့လာ ဖွံဖြိုးရေး လုပ်ပြီး ၊ ၈နာရီ အိပ်ရပါမည်။
လိုက်နာနိုင်ပါစေဗျာ။

အထက် က ပြောထားတဲ့ ကိစ္စတွေ ပြင်ပြီးမှ Cosmetic touch သဘောင်္ အလှဆင်တာတွေ လုပ်သင့်ပါတယ်။

ဆရာစားသိတ်မချန်ပါနဲ့ဗျာ...
ကိုသိတာ လေးနည်းနည်းလေးကို ချန်နေရင် နလဘိန်းတုံးတွေ ဘဲ ဖြစ်ကုန်တော့မှာပေါ့
မြန်မာအချင်းချင်း ရာထူးတိုးပေးဖို့ မတတ်သေးရင် သင်ပေးပါ ။
ကိုယ့်လူမျိုး ကို ကိုယ်ကိုယ်တိုင်က မှ မချီးမြှောက်ရင် သူတို့ အားငယ်သွားမယ် လူများကလဲ ပြောတော့ မယ်။

တစ်ချို့ လူတွေ က ပညာတွေ စုဆောင်း ထား ပြီး အစပျောက်နေတတ်တာမို့
ကိုယ်ကစပေးမှ သူတို့ က ကွင်းဆက် ချိတ်တတ်သွားကြတာ။
သူတို့ ကျေးဇူးမတင် လဲ အရေးမကြီးပါဘူး တစ်ချိန်ချိန်ကြ နားလည်လာကြပါလိမ့်မယ်။

နားမလည်လဲ ကိုယ့် အလုပ် တစ်ခု ကို ကိုယ်အောင်မြင်အောင်လုပ်လိုက်တယ်လို့ဘဲသဘောထားပါ။
ဆရာစားမချန်ပါနဲ့ ဗျာ။ နည်းပညာအသစ်တွေ က ပေါ်ပြီးရင်းပေါ်နေတော့ သူများဆီက လဲ ကိုယ်က ပြန်သင်နေရတာဘဲလေ။

written by Ko Yar Zu ( MSU ADMIN )

သဘောင်္သားလည်း အသည်းနဲ့ ပါ… (၁)





ဟိုတစ်နေ့က ပျင်းပျင်းရှိတာ နဲ့ မြန်မာကားတစ်ကားငှားကြည့်ဖြစ်ပါတယ်….. ကျွန်တော်က ရုပ်ရှင်အင်မတန်ကြိုက်ပါတယ်……. ရုပ်ရှင်များကြည့်ရမယ်ဆိုရင် ထမင်းမေ့ဟင်းမေ့ပါပဲ….. ဒါပေမယ့်မြန်မာကားတွေကိုတော့ အတော်ကြည့်ခဲပါတယ်…. ဘာလို့ လဲဆိုတာတော့ ပြောပြရင်တစ်နေကုန်သွားမှာမို့ မပြောတော့ပါဘူး …. ထားပါလေ… ရုပ်ရှင်ကြည့်ဖြစ်တယ်ပေါ့….



ဘယ်ကားဘယ်နာမည်လည်းလည်းမမှတ်မိတော့ပါဘူးလေ…. ဒါပေမယ့်အဲဒီထဲက ဇာတ်ဝင်ခန်းလေး တစ်ခုကိုတော့ သတိထားမိလိုက်ပါတယ်….. ဒီလိုပဲ အဲဒီလိုဇာတ်ဝင်ခန
်းတွေ သတိထားမိတာကြာပါပြီ…. အတော်ကလေးကြာပါပြီ… မကြာခဏဆိုသလိုပါပဲ….. ဇာတ်ဝင်ခန်းက …. မင်းသမီးကို မိဘက သဘောတူတဲ့လူနဲ့ လာမြန်းတဲ့ အခန်းပါ…. သဘောတူတဲ့ လူက သဘောင်္သား …. အဲဒီနေရာမှာ သရုပ်ဆောင်တာက … လူရွှင်တော်သရုပ်ဆောင်တစ်ယောက်ပါ…. ထမင်းစားပွဲမှာ မင်းသမီးကို ငမ်းရင်း.. ငါးပိရည်နဲ့ … ချဉ်ရည်ဟင်းမှားသောက်တဲ့ အကွက်… ဟာသ… တဲ့…. ကဲ ဘယ်မလဲဟာသ…. ကျွန်တော်စဉ်းစားကြည့်လို့ မရပါ….



ကိုယ်က သဘောင်္သားမို့ … သဘောင်္သားများ ဘက်က နာတယ်ပဲဆိုကြပါ….. ဒါပေမယ့် … သဘောင်္သားတွေ ထဲမှာ အဲဒီလို ပေါချာချာ လုပ်တဲ့လူမျိုး …ကျွန်တော့ တစ်သက် တော့ တစ်ခါမှ မတွေ့ဖူးသေးတာပါ…..ကျွန်တော့ အဖေဟာ လည်း သဘောင်္သားပဲမို့ သူ့ သူငယ်ချင်းပေါင်းများစွာလည်း တွေ့ဖူးပါတယ်…. ဒါပေမယ့် …. အဲဒိလိုကိုမတွေ့ဖူးတာ ပါ…. ဒါရိုက်တာ ကို လည်း မေးကြည့်ချင်ပါတယ်… အဲဒီလို သဘောင်္သားမျိုး များတွေ့ခဲ့ရင် ဂုတ်ကဆွဲပြီးခေါ်လာပြစေချင်ပါတယ်. ဗျာ …….



မြန်မာရုပ်ရှင်ကားတွေမှာ မိဘသဘောတူရင် သဘောင်္သားဖြစ်ရင်ဖြစ် မဖြစ်ရင် ဆရာဝန်ဖြစ် မဖြစ်ရင် နိုင်ငံခြားက စီးပွားရေးပညာရှင်ဖြစ်….. ဒီလိုလာပါတယ်…. ဒီအထဲမှာ ဆရာဝန်ကအသက်သာဆုံးပါပဲ … ဆရာဝန်ဆို လူရွှင်တော်မသုံးပါဘူး … ပေါချာချာ မလုပ်ပါဘူး ..နောက်ဆုံး ဆရာဝန်က မင်းသမီးကိုလက်လွှတ်အဆုံးရှုံးခံ …သဘောထားကြီးနောက်ဆုတ်ပေးလိုက်သူ ဇာတ်ရုပ်တွေသာများပါတယ်… အော်ကောင်းလေစွ….. နောက်တစ်မျိုးကတော့ … စီးပွားရေးလုပ်ငန်းရှင် နိုင်ငံခြားပြန်ပါ….. ဒါကတော့ တစ်ဝက်သက်သာ တစ်ဝက်မသက်သာပါပဲ…. သူ့နေရာကိုတော့ တစ်ခါတစ်လေ.. ခပ်ချောချာ မင်းသားငယ်များက သရုပ်ဆောင်ပြီး တစ်ခါတစ်လေတော့….. လူရွှင်တော်တွေက ပေါချာချာ သရုပ်ဆောင်တတ်ပါတယ်…..အဆိုးဆုံး ကတော့ သေဘာၤသားပါပဲ….. သေဘာၤသားဆိုၾကိဳက္တဲ့ ကားသွားကြည့်လူကြမ်းဖြစ်ရင်ဖြစ် … မဖြစ်ရင်လူရွှင်တော်ဖြစ်….. သရုပ်ဆောင်ထားတဲ့ပုံကလည်း ကြာကူလီဖြစ်ရင်ဖြစ်… တဏှာရူးဖြစ်ရင်ဖြစ်… မဖြစ်ရင် ငပေါဖြစ်….. ဒါမျိုးချည်းပါပဲ….



ဒီလို ဇာတ်ဝင်ခန်းမျိုးက ခုမှတွေ့ရတာ မဟုတ်ပါဘူး … မြန်မာ ကားအတော်များများ မှာဗီလိန်ဆိုတာနဲ့ သဘောင်္သားဖြစ်….. မိဘက သဘောတူတဲ့ ငပေါဆိုတာနဲ့ သဘောင်္သားဖြစ်….. မင်းသားဆိုလို့ ရှားရှားပါးပါး .. တစ်ကားလားပဲတွေ့ဖူးပါတယ်… ဒါတောင်အဲဒီကားမှာ မင်းသားက လူရှုပ်လူပွေတဲ့  ကဲကောင်းရော…. ကျွန်တော်မြန်မာကားအကြည့်နည်းနေလို့ များလား…. မဟုတ်ပါဘူး.. ကြည့်နေကျလူတွေသွားမေးလည်း အဲဒီအတိုင်းပါပဲတဲ့ ….ကျွန်တော်တို့ သဘောင်္သားများ တစ်နိုင်ငံလုံးမှာ သောင်းချီရှိနေတာ … မင်းသားနေရာလေးများ မပေးနိုင်ကြဘူးလားလို့ တောင်တွေးမိပါတယ်….



ဒီတော့ သဘောသားဆိုတာ လူရှုပ်… လူပွေ… ခပ်ပေါပေါ .. ခပ်ချာချာ .. ကြောင်တောင်တောင်…. ဘိုလို မပီကလာ ပီကလာတွေလျှောက်မှုတ်နေတဲ့ လူလို့ … ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ … အသက်သွင်းလာခဲ့ပါတယ်…. ဒီကြားထဲ … AIDS ကို သဘောင်္သားတွေ သယ်လာပါတယ်လို့ လည်း ပြောကြပြန်ပါတယ်…….ဒါဟာ ဟုတ်သလား မဟုတ်သလားတော့မသိပါဘူး .. အဲဒီလှိုင်းကတော့ အခုထိရိုက်ခတ်နေတုန်းပါပဲ….. တခါတလေ .. ဒီပေါ်မှာ ချာတိတ်မတွေ လာမိတ်ဆက်တဲ့ အခါ…. အစ်ကိုက ဘာလုပ်သလဲ ဆို… အစ်ကိုက သဘောင်္သားပါပေါ့ … ဟာ ဒါဆို လေးလုံး ရောဂါရောကင်းရဲ့လား ဆိုတာမျိုးတွေ ခုထိအမေးခံနေရတုန်းပါပဲ …… ရင်ထဲလည်း မကောင်းပါဘူး … ဒါတွေအားလုံးဟာ … အပြစ်တွေအားလုံး ရုပ်ရှင်ဆိုတာကြီးကို မဖို့ ချင်ပေမယ့် ဖို့လိုက်ရပါတော့မယ်…. ခေတ်အဆက်ဆက် သူတို့ ဒီလိုပဲ အသက်သွင်းရိုက်ခဲ့ကြသည်ကိုး…… သဘောင်္သားအကြောင်း ဘာတစ်လုံးမှ ဂဃနဏ မသိပဲ …. မင်းသားက သဘောင်္တက်သွား … သုံးနှစ်နေတော့ ကပ္ပတိန်ကြီးဖြစ်ပြီးပြန်လာ .. အော်…

ရယ်စရာတောင်ကောင်းပါသေးတော့တယ်…..



အဲဒီတော့ … ခေတ်အဆက်ဆက် … ဒီလို ရိုက်ခဲ့ကြတဲ့ .. .အချို့ အချို့ သော ဥာဏ်ကြီးရှင် ဒါရိုက်တာကြီးများ ကို .. ကျွန်တော် သဘောင်္သား ငပေါလေး လင်းလွန်းညိုကနေ … အထွန့်ကလေးတက်ပါရစေလို့ ခွင့်တောင်းလိုက်ပါ့မယ်….. အထွန့်တက်သမျှကိုလည်း ….နားလည်နိုင်အောင်လို့ တတ်နိုင်သမျှ သဘောင်္သားစကားလုံးတွေ ရှောင်ပြီး အပြင်လူအသုံးအနှုန်းနဲ့ ပဲဖော်ပြပါရစေ….



ပေါချာချာ သဘောင်္သားတစ်ယောက် ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ……



ဟုတ်ကဲ့ ….. ပေါချာချာ သဘောင်္သားတစ်ယောက်ဖြစ်ဖို့ အတွက်….. နံပါတ်တစ် … ပညာအရည်အချင်း ပြည့်ဝဖို့ လိုပါတယ်…. အခုမှ ဖွင့်တဲ့ BEST သင်တန်းတောင်မှ ပညာအရည်အချင်းကို …ဆယ်တန်းအောင်မှလက်ခံပါတယ်…. ရေကြောင်း တက္ကသိုလ်ကြီးကို တက်ဖို့ အတွက်ဆိုရင်တော့ …. မြန်မာနိုင်ငံမှာ အမြင့်ဆုံးအမှတ်တွေကို ရဖို့ လိုပါမယ်….. ဆေးအမှတ်ကိုတောင်ကျော်နေပါတယ်….. ကျွန်တော်တက်ခဲ့တဲ့ ရေကြောင်းသိပ္ပံ (ယခု ရေကြောင်းပညာကောလိပ်) ကို တက်ချင်တယ်ဆိုရင်တော့ …. ရေကြောင်းတက္ကသိုလ်လို အမှတ်အများကြိးမမြင့်ပေမယ့်လည်း….. လူအကန့်အသတ်ရှိတာမို့ … လူတွေ့စာမေးပွဲကို ခက်ခက်ခဲခဲ ဖြေဆိုကြရပြန်ပါတယ်…… ပျမ်းမျှအားဖြင့် တစ်နှစ်ကို လူ ရှစ်ရာကျော်ကနေ တစ်ထောင်ဝန်းကျင်… လျှောက်ထားကြပြီး … လူသုံးရာသာလက်ခံပါတယ်…..



ကဲဒိလိုပညာရည်ပြည့်ဝနေရုံပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး …. ကျန်းမာရေးမှာလည်း ဒေါင်ဒေါင်မြည်ရပါသေးတယ်….. အထက်ပါ ကျောင်းနှစ်ကျောင်းလုံးကို စတက်တော့မယ်ဆိုကတည်းက …. ဆေးတွေစစ်ပါတယ်…. HIV… အသည်းရောင် အသားဝါဘီ…. စိတ်ကျန်းမာရေး… မျက်စိ… နား….. အကုန် အကုန် စစ်ဆေးပါတယ.် ရေကြောင်းပညာကောလိပ်မှာဆို ယောက်ကျား စစ်မစစ်ပါစစ်ဆေးပါသေးတယ်… သတ်မှတ်ထားတဲ့ အသက်…. အရပ်အမြင့် .. ကိုယ်အလေးချိန်ကို မှီရပါတယ်…. ….. ဒါတွေ အားလုံးအောင်ရပါတယ်…..

ဟုတ်ပါပြီ ဒါတွေ အောင်သွားပါပြီတဲ့ ..



သဘောင်္သားကြီးဖြစ်သွားပါလေရောလား ဆိုတော့ … မဟုတ်သေးပါဘူး …. ရေကြောင်းတက္ကသိုလ်ကြိးမှာ … ခက်ခဲလှတဲ့ ပထမနှစ်ကို အမှတ်များများ ရအောင် ကြိုးစားရပါသေးတယ်… ပထမနှစ်မှာ အမှတ်များ မှ…. NS (Nautical Science) နဲ့ ME (Marine Engineering) , EE (Electrical Engeering) အစရှိတဲ့ .. နိုင်ငံတကာသဘောင်္များပေါ်မှာ အမှုထမ်းနိုင်မယ့် လိုင်းကို ရပါတယ်…. မဟုတ်ရင်တော့ သဘောင်္သားဖြစ်ဖို့ မစဉ်းစားပါနဲ့တော့ ….. ဒီလိုပဲရေကြောင်းသိပ္ပံမှာရော ဆိုတော့ …. တစ်ပတ်ကို တစ်ကြိမ်… စာမေးပွဲများရှိပြီး term သုံးခုလုံးကို လွတ်လွတ်ကျွတ်ကျွန်အောင်ပါမှ…သဘောင်္သားလမ်းကြောင်းကိုရပါမယ်…. ဒါတောင်ဒီကြားထဲမှာ … များပြားလှတဲ့ စည်းကမ်းတွေထဲက ဖောက်ဖျက်လို့ ….. ကျောင်းနားခံရတာတွေရှိပါသေးတယ်…… ဒီလိုနဲ့ ရေကြောင်း တက္ကသိုလ်ဆို .. ငါးနှစ်… ရေကြောင်းပညာကောလိပ်ဆို နှစ်နှစ်… တက်ပြီးရင်. .. အင်ဂျင်နီယာများ က သဘောင်္ကျင်းလုပ်သက်ယူပေးရပါသေးတယ်….ယခုတော့ ကျောင်း တက်နှစ်ထဲမှာ သက်သက်ညှာညှာ ထည့်ပေါင်းပေးတယ်လို့ ကြားပါတယ်….



ဒီလိုမှမလုပ်ချင်ဘူးဆိုရင်လည်း …. စကာင်္ပူ (Poly Technic) နေပြီး လည်း သဘောင်္သားဖြစ်လာနိုင်ပါသေးတယ်…. ဒါလည်းလွယ်လှတဲ့ ကိစ္စတော့မဟုတ်ပါဘူး … ဒီလမ်းကြောင်းနဲ့ သဘောင်္သားဖြစ်လာသူ .. မြန်မာပြည်မှာ အတော်ကလေးရှားပါသေးတယ်….



ကဲဒါဆို ဒီဟာတွေအားလုံးအောင်ပြီကွာ သဘောင်္သားဖြစ်ပြီလား ဆိုတော့…. မဖြစ်သေးဘူးခင်ဗျ…. မွန်းမံသင်တန်းပေါင်းများစွာ…… safety အတွက် သင်တန်းများ များစွာတက်ရပါတယ်….အဲဒီ ကနေ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးပါတယ်….. နိုင်ငံတကားအသိအမှတ်ပြုလက်မှတ်များကို ရမှပဲ ….. နိုင်ငံတကာသဘောင်္များမှာ အလုပ်လုပ်လို့ ရပါမယ်…..



ထားပါလေ… ပြီးပါပြိပေါ့ … သဘောင်္သားဖြစ်ပြီလား .. မဖြစ်သေးပါဘူးခင်ဗျာ……..သေဘာၤသားဆိုတာ သေဘာၤေပၚမေရာက္မခ်င္း သေဘာၤသားမၿဖစ္ပါဘူး …… သံပြားမနင်းဖူးမချင်းမဖြစ်ပါဘူး …. သဘောင်္လိုင်းတွေကို လိုက်ရှာရပါသေးတယ်….. ဒီနေရာမှာ ရိုက်ကြေးတွေ အများကြီးပေးရတာ …… ကိုယ့် မိသားစု လိုင်းမို့ အင်တာဗျူးနဲ့ ပါတာ အမျိုးမျိုးရှိပါတယ်…… အသေးစိတ်အခက်အခဲတွေရေးရင် ရှည်နေဦးမှာမို့ … သိချင်ရင်… ဒေါပုံသဘောင်္သားရုံးကိုသာလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်……



ဒိလိုတွေ အဆင့်ဆင့်သွားပြီးသွားမှ….. အပြည်ပြည်ဆိုင်ရာ ရေကြောင်းမှာ အမှုထမ်းနိုင်မယ့် သဘောင်္သားများ စဖြစ်ပါတယ်….



အခုပြောပြတာက လမ်းကြောင်းနည်းနေပါသေးတယ်…. အခြားလမ်းကြောင်းလေးတွေလည်းရှိပါတယ်.... အဲ… အဲဒါတွေကော လွယ်သလားမေး တစ်ခုမှ မလွယ်ပါဘူး … သိချင်ရင် ကိုယ့်အမျိုးတစ်ယောက်လောက် သဘောင်္တင်ကြည့်လိုက်ပါ သိသွားပါလိမ့်မယ်……



ကဲဟုတ်ပြီ

ဒီတော့ မေးစရာရှိပါတယ်… ဘာလို့ ဒီလောက်တောင်….. ပညာတွေ တတ်နေရတာလဲ … သဘောင်္သား အဲဒီလောက်ပညာတတ်ဖို့လိုသလား ဆိုတော့ …..လိုသပေါ့ဗျာလို့ ပဲဖြေရမှာပါပဲ



အခုလက်ရှိ ကျွန်တော်စီးလာခဲ့တဲ့သဘောင်္က….. ဓါတုဗေဒ ပစ္စည်းများ တင်တဲ့ သဘောင်္ပါ….. အဲဒီသဘောင်္ရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်းလေးဆယ်ကျော်တန်ပါတယ်….. တန်ချိန်သုံးသောင်းကျော်ရှိပါတယ်….Tanker အမျိုးအစား ဖြစ်ပါတယ်…သဘောင်္ပေါ်မှာ tank ပေါင်း ၁၆ tank ပါဝင်ပါတယ်…. အဲဒီ သဘောင်္ပေါ်ကို တစ်ခါသားတော့ cargo တစ်မျိုးတင်လာပါတယ်… အဲဒိ ကုန် (cargo)ဟာ …. မော်တော်ကား ဘော်ဒီလုပ်တဲ့ နေရာမှာ အသုံးပြုမယ့် သံသား (Metal) ထဲမှာ ရောစပ်ရမယ့် chemical ဖြစ်ပါတယ်…. သူ့ tank တစ် tank တန်ဖိုးဟာ သဘောင်္တန်ဖိုးနဲ့ တူပါတယ်…. ဆယ့်ခြောက် tank ဆိုရင်တော့ တွက်သာကြည့်ပါတော့လေ….



ဒီလိုအရေးကြီးတဲ့ cargo တွေကို တင်ဆောင်နေတဲ့ သဘောင်္များကို မောင်းနှင်ဖို့ … ကုန်အတင်အချ လုပ်ဖို့ အတွက်….. ဘာပညာမှ မတတ်တဲ့လူတွေ လုပ်လို့ ရမယ်လို့ သင်ထင်ပါသလား ……ပေါချာချာ ရူးနှမ်းနှမ်းတွေလုပ်လို့ ရမယ်လို့ သင်ထင်ပါသလား ….ငါးပိရည် နဲ့ ချည်ရည်ဟင်းမှားသောက်တဲ့လူစားမျိုး လုပ်လို့ ရမယ့် အလုပ်မျိုးလို့ သင်ထင်ပါသလား…... ဒါဟာ တစ်ခုတည်းသော ဥပမာပါ… ထပ်ပေးရင် များကုန်ပါ့မယ်…



ပေါချာချာ ..သဘောင်္သားတွေ ဘယ်လို ရာထူးတိုးသလဲ …



အလွယ်တကူဖြေရရင်တော့ ….သဘောင်္သားတွေ….. ရာထူးတိုး အောင်စာမေးပွဲများစွာကိုခက်ခက်ခဲခဲ…. ရေးဖြေ.. ရော နှုတ်ဖြေပါ ဖြေကြရပါတယ်…. အချိန်နဲ့ ရာထူးတိုးတယ်ဆိုတာ သဘောင်္သား စစ်စစ်တွေ ရဲ့လောကမှာမရှိပါဘူး …. (သဘောင်္သား အစစ် များကိုသာ ရည်ညွှန်းပါသည်)



ကျွန်တော်က အင်ဂျင်နီယာမို့ …ကုန်းဘတ်ပိုင်း .. (DECK) က စာမေးပွဲသဘောတရားကိုနားမလည်ပါဘူး … ဒါပေမယ့် …. စာမေးပွဲလာဖြေတဲ့ second mate တွေကို သွားကြည့်ရင်…. ဇီးကွက်သာသာ မျက်နှာများ နဲ့ ဖြစ်ပါတယ်….. စာကျက်ရလွန်းလို့ အိပ်ရေးပျက်….မျက်နှာချောင်ပြီး … ဇောချွေးခဏခဏပြန်တာ တွေ့ဖူးပါတယ်….လွယ်လွယ်ကူကူတော့ မရပါဘူးလေ…..



Deck officer တစ်ယောက်ဖြစ်ဖို့ …. ပထမဦးဆုံး သတ်မှတ်ထားတဲ့ ပင်လယ်ပြင်လုပ်သက်ပြည့်ရပါတယ်… လုပ်သက်ပြည့်မှ စာမေးပွဲဖြေခွင့်ရပါတယ်….. စာမေးပွဲမှာ ဘာသာပေါင်းများစွာပါရှိပြီး …. ရေးဖြေ နှင့် နှုတ်ဖြေ ဆိုပြီး နှစ်မျိုးနှစ်စားဖြေကြရပါတယ်…… နှစ်ခုလုံးအောင်မှ officer ဖြစ်ပါတယ်……ဒါလူအများ သိနေတဲ့ second mate စာမေးပွဲဆိုတာပါပဲ …. ပြီးရင်… chief officer စာမေးပွဲ …. Captain တန်း စာမေးပွဲဆိုပြီး ပင်လယ်ပြင်လုပ်သက်များ ယူကာ အဆင့်ဆင့် ဖြေဆိုကြရပါတယ်……



Engineer များမှာလည်း .. ပထမဆုံး ဆီလောင်း ဘ၀ကနေ… Engineer ဖြစ်လာဖို့ ….MOT second class part Aစာမေးပွဲကိုဖြေဆိုကြရပါတယ်…. ဒီစာမေးပွဲကလည်း အတော်ခက်ပါတယ်… Applied Mechanic, Heat and Heat Engine, Maths, Marine Engineering Drawing, Ship construction and Naval Architacture . E – Tech..အစ ရှိတဲ့ ဘာသာရပ်ပေါင်းများစွာကို ဖြေဆိုကြရပါတယ်.. ဒါတွေကို အောင်မှပဲ… Junior Engineer တစ်ယောက်ဖြစ်ပါတယ်…. ဒါက … Junior တစ်ယောက်ဖြစ်ဖို့ပါ…. အရာရှိတန်းဝင်မယ့် Senior Engineer တစ်ယောက်ဖြစ်ချင်ရင်တော့ …. Third Competency စာမေးပွဲကို စဖြေရပါတယ်…. ဒါကိုလည်း ပင်လယ်ပြင်လုပ်သက်ရှိမှရမှာပါ…. အဲဒီကနေမှာ Chief Engineer တစ်ယောက်ဖြစ်တဲ့အထိ…. Second class Part B., First Class Part A Part B အစရှိတာတွေကို ပင်လယ်ပြင်လုပ်သက် များ ယူပြီး အဆင့်ဆင့် ရေးဖြေရော.. နှုတ်ဖြေပါ….ဖြေဆိုကြရပါတယ်…..



အထက်ပါစာမေးပွဲများ အားလုံး အတွက် ပြဌာန်းစာအုပ်ရယ်လို့ မရှိပါဘူး … ကျွမ်းကျင်မှုလက်မှတ်များ ဖြစ်တဲ့ အတွက်…. Open book ဆန်ဆန်…. နယ်ပယ်တစ်ခုလုံးက စာတွေအားလုံးကို လေ့လာကြရပါတယ်…. အကုန်သိမှ အကုန်ကျွမ်းကျင်တယ်လို့ လက်ခံပါတယ်….

ဒီလိုစာမေးပွဲတွေဖြေပါမှ…. ရာထူးတက်ပါတယ်… ဒါတွေကို ပေါချာချာ .. ရူးနှမ်းနှမ်း…. ငါးပိရည်နှင့် ချည်ပေါင်ဟင်း မှားသောက်တဲ့ လူတွေဖြေလို့ ရမယ်လို့ သင်ထင်ပါသလား……အထက်က ပြောထားတာတွေ က အကျဉ်းချုံ့ထားရုံပဲရှိပါသေးတယ်…..



ဒါဆို သဘောင်္သားတွေ မပေါတာတော့ ဟုတ်ပြီ…. မင်းတို့ မိန်းမတော့ ပွေကို ပွေတယ်ကွာ ဟုတ်သလား …



ဒီမေးခွန်းအတွက် အလွယ်ဆုံးအဖြေကို ပေးပါမယ်…. သဘောင်္သားမှ မဟုတ်ပါဘူး မိန်းမပွေတတ်တဲ့လူက … သဘောင်္သားမဟုတ်လည်း …. ယောက်ကျားတောထဲသွားထားတောင်ရှာကြံပွေမှာပါပဲ …… သဘောင်္သားမှထူးပြီး ဒီကိစ္စမှာ ထူးချွန်ပြောင်မြောက်နေတာ မဟုတ်ပါဘူး…. လွယ်လွယ်ကူကူဆိုရင်တော့ .. အနုပညာလောက ထဲက ဇာတ်ထုပ်တွေကို ခင်းချပစ်လိုက်ရင်… သဘောင်္သားတွေ …ပွေတယ်ဆိုတာ … သနားတယ်ဖြစ်သွားပါမယ်…..



ရှေးရှေးခေတ်ဟောင်း ဟိုး .. နိုင်တီးဂွမ်တီး က သဘောင်္သားကြီးတွေ ကိုတော့ … မသိပါဘူး …. ဘာလို့ ဆို သူတို့ လက်ထက်က .. ကျွန်တော်တို့ လောက် paper work တွေ.. inspection တွေ…. စက်ပစ္စည်းပိုင်း ဆိုင်ရာ တိုးတက်မှုတွေ နည်းသေးတာကြောင့် …. ဖြစ်ကောင်းလည်းဖြစ်နိုင်ပါတယ်…



ဒီဘက်ခေတ်သဘောင်္သားတစ်ယောက်… ကမ်းကပ်လို့ မိန်းမပွေဖို့ ကို …. အချိန်ရမရ ကျွန်တော် အကြမ်းဖြင်းတွက်ပြပါမယ်….



ရေထဲနေတဲ့ အချိန်ကတော့ … ဘယ်မိန်းမမှ သဘောင်္ပေါ်ပါမလာတာကြောင့်ဘာမှမဖြစ်နိုင်ပါဘူး …. ဟုတ်ပါပြီ ကမ်းကပ်ပါပြီ……. ဆိပ်ကမ်းတစ်ခုကိုရောက်တာနဲ့ အဲဒီ ဆိပ်ကမ်းက ဆိပ်ကမ်းအာဏာပိုင်များ က တက်လာပြီး ပထမဆုံး .. သဘောင်္ကို စစ်တော့ တာပါပဲ…..သဘောင်္အခြေအနေ… အန္တရယ်ကင်းရှင်းရေးအစီအစဉ်တွေ .. လုံခြုံရေး အစီအစဉ်တွေ….. စာရွက် စာတမ်းတွေ…. အကုန် အကုန်ကို စစ်တာပါပဲ…… ဒါတွေက Deck officer များနဲ့ Captain ကြီးများ ပိုသိပါလိမ့်မယ်…… တစ်ပြိုင်တည်းမှာပဲ … ကုန်တင်ကုန်ချဖို့ စစ်ဆေးရေးအဖွဲ့တွေနဲ့ ဆိပ်ကမ်းက အလုပ်သမားများစွာက ကုန်ကို အမြန်ဆုံးချပြီး အမြန်ဆုံး ထွက်သွားနိုင်အောင် လုပ်တော့ တာပါပဲ… သဘောင်္ကလည်း အချိန်ပိုနေလို့ မရပါဘူး …. ဆိပ်ကမ်းကို company က နာရီနဲ့ ပိုက်ဆံပေးထားရတာပါ…..ဘယ် Company ကမှ ပိုက်ဆံကို အလကားနေရင်း အကုန်မခံပါဘူး …. ဒီကြားထဲမှာ .. နှစ်စဉ် စစ်ဆေးနေကျ .. inspection များ Audit များ ကလည်း လာပါသေးတယ်……. အဲဒိလို အချိန်ဆိုလို့ ကတော့ သဘောင်္တစ်ဆင်းလုံး ရူးမတတ်ပါပဲ….. ဒါတောင်ရိက္ခာလာပို့ တဲ့ ဟာမပါသေးပါဘူး …..



ကုန်ချတာကလည်း ယခုခေတ် စက်ပစ္စည်းတွေ ရဲ့ကောင်းမွန်ချက်ကြောင့် မြန်မှ မြန်ပါပဲ …..တန်ထောင်ချီတင်လာတဲ့ Tank တစ် Tank ဆို နာရီပိုင်းပါပဲ…… ကျွန်တော့ … တစ်သက်တော့ သဘောင်္တစ်ဆင်း ကမ်းမှာ အကြာဆုံးနေတာ အလွန့်အလွန်ဆုံး နှစ်ရက်ပါပဲ… ဒါ ရှာမှ ရှားပါ….



ကျွန်တော်တို့ လို အင်ဂျင်နီယာများ အနေနဲ့ ကလည်း …. လနဲ့ ချီ ပြီးမောင်းလာတဲ့ စက်ပစ္စည်း .. အင်ဂျင်များကို …. ကြံခိုင်အောင် ရပ်ထားတဲ့ အချိန်လေးမှာ အချိန်လုပြီးလုပ်ကြရပါတယ်…. ပြင်စရာရှိတာကိုလည်း ပြင်ကြရပါတယ်…. စက်ပစ္စည်းများ က သက်တမ်း (Running Hour) နဲ့ ချိန်ပြီး … အဟောင်းဖြုတ်အသစ်လဲ … သန့်ရှင်းရေး….. စတာတွေလုပ်ရတာကြောင့် …သက်တမ်းကုန်တာနဲ့ ရောက်တဲ့ port မှာ ဖြုတ်လဲတပ်ဆင်ကြရပါတယ်…. လုပ်ပြီးရင်လည်း လုပ်သမျှ ဖြုတ်သမျှကို ဓာတ်ပုံရိုက်ပြီး ရုံးကို ပို့ ပေးရပါတယ်… လိမ်လို့ မရပါဘူး….. အဲ စက်ပစ္စည်းများ က သေးသေးကွေးကွေးလား ဆိုတော့ …. ကျွန်တော်တို့ ဖြုတ်ရတဲ့ တစ်ချို့ ဂွ ဆိုက် (အရွယ်အစား) များ ဟာ ၄၈ ၅၀ အထိရှိပါတယ်…. အင်ဂျင်ကိုင်ဖူးသူများ မှန်းတတ်ပါလိမ့်မယ်…. မမှန်းတတ်သူများ အတွက်ကတော့ … ဖြုတ်ထားသမျှ ပစ္စည်းများ အားလုံး လက်နဲ့ မနိုင်တာ တစ်ခုမှ မရှိပါဘူး ..ကရိန်းများ နဲ့ သာမရပါတယ်… ဒီလောက်ဆို အင်ဂျင် များ ဘယ်လောက်ကြီးမယ်ဆိုတာမှန်းလို့ ရပါလိမ့်မယ်…..



အချိန်များ တွက်ပါပြီ….. ပျမ်းမျှ တစ်ရက် အချိန့်ရတဲ့ ဆိပ်ကမ်းများ ဆိုပါစို့



Deck officer များ ကတော့ … အောက်ကို ဆင်းဖို့ လုံးဝမစဉ်းစားပါနဲ့ Cargo Duty ရှိလို့ ပါ…အထက်မှာပြောခဲ့သလို ကုန်ပစ္စည်းများ တန်ဖိုးဟာ ဒေါ်လာသန်းချီတန်တာကြောင့် … ဘာတစ်ခုမှ အမှားအယွင်းအတိမ်းအစောင်းမခံပါဘူး…… ကုန်ချနေတဲ့ တစ်လျှောက်လုံး အလှည့်နဲ့ စောင့်ရပါတယ်….. ကိုယ်နားပြီဆိုရင်လည်း အောက်မဆင်းအားပါဘူး …. နောက်တစ်ချိန်မှာ အလုပ်လုပ်ဖို့ အားမွေးပြီးအိပ်ရတယ်…. ထမင်းကို ကသုတ်ကရက်စားကြရပါတယ်…. အထက်က ပြောခဲ့သလို inspectionများရှိလို့ ကတော့ .. တစ်ချို့ဆို ထမင်းပါငတ်ပါတယ်….. ဒီတော့ Deck officer များကတော့ အောက်ကို မဆင်းဖြစ်ကြပါဘူး …



ကဲ အင်ဂျင်နီယာများ ကရော…. ကျွန်တော်တို့ မိန်းအင်ဂျင်ကို တစ်ခါကိုင်ရင်…. အနည်းဆုံး ခြောက်နာရီကနေ ရှစ်နာရီဝန်းကျင်ကြာပါတယ်.. ဒါဟာ အားလုံးချောချောမွေ့မွေ့ပြီးတာပေါ့လေ….. အဲဒီထဲမှာ မှ ခက်ခက်ခဲခဲလေးတွေ တွေ့ပြီဆိုလို့ ကတော့ ….. အိပ်ပါမအိပ်ရတော့ပါဘူး …… inspection များ ရှိလို့ ကတော့ … သူတို့ မစစ်ပြီးမချင်း ဘာ ဖြုတ်တပ်မှ လုပ်လို့ မရပါဘူး … အင်ဂျင်ခန်းကြီးတစ်ခုလုံးကို တောက်ပြောင်နေအောင်ထားရတာပါ…. စစ်ဆေးရေးပြီးမှ…. အချိန်ကို မှန်းပြီး တက်သုတ်ရိုက်လုပ်ကြရတာပါ….



ကဲမိတ်ဆွေ …. ဘယ်မှာလဲ ကမ်းဆင်းချိန်…. ဘယ်မှာလဲနိုက်ကလပ်…..



အဲ.. အားတဲ့ပို့(PORT) ဆိပ်ကမ်းတွေမရှိဘူးလား ဆိုတော့ ရှိပါတယ်….



ကျွန်တော်ပြီးခဲ့တဲ့ တစ်ခေါက် ဆယ့်သုံးလ သဘောင်္စီးလာတာမှာ … လုံးဝ အားပြီး ကမ်းကို ဆင်းရတာ .. နှစ်ခါပါ…… တစ်နှစ်မှာ နှစ်ခါပါပဲ …. တစ်ခါဆင်း တော့ သုံးနာရီထက်ပိုမနေရပါဘူး …….



ဒီတော့ ရှင်းသွားအောင်အလွယ်တကူတွက်လိုက်ပါမယ်…



သဘောင်္သားတစ်ယောက်အတွက် အလုပ်ချိန်က ဆယ်နာရီပါ….. အိပ်ချိန် ရှစ်နာရီပေါင်းပါ…. ဆယ့်ရှစ်နာရီပေါ့… အဲဒါကို နှစ်ဆယ့်လေးနာရီထဲက နှုတ်ပစ်လိုက်ပါ… ခြောက်နာရီကျန်ပါမယ်…



အဲဒီခြောက်နာရီမှာ .. ကျွန်တော်တို့ ရေချိုး အ၀တ်လျှော် ထမင်းစား …. နဲ့ ကမ်းနားရောက်ရင်… သဘောင်္ပေါ်လာပြီးရောင်းတဲ့ တယ်လီဖုန်းကတ်လေးများနဲ့ … အိမ်က အိမ်သူများ ဆီ…. လွမ်းလွမ်းဆွေးဆွေး ဖုန်းဆက်ကြရတာပါပဲ….. သဘောင်္ပေါ်က ဖုန်းထက် ဒီဖုန်းတွေက သက်သာတာကိုး….. ဖုန်းက တစ်ခါပြော တစ်နာရီနဲ့ သာတွက်…. အိုး သဘောင်္သား အိမ်လွမ်းသမား ဖိုးပြောချင်များ အတွက်ကတော့ … ကျန်နေတဲ့ခြောက်နာရီတောင်မလောက်လို့ ထမင်းစားရင်းတောင်ဖုန်းပြောကြရတာပါ……



ဒီတော့ တွက်ကြည့်လိုက်ပါ… ဘယ်မှာလဲ မိန်းမပွေချိန်…….



ဒါကတော့ မင်းသက်သက် ကပ်သပ်ပြောတာပါကွာ…. မင်းတို့ ပျော်ပျော်ပါးပါး ရိုက်ထားတဲ့ ပုံတွေ အများ ကြီးငါတွေ့ဖူးပါတယ်ဆိုလည်း …. တစ်နှစ်လုံးမှာမှ. …ကမ်းကို သုံးလေးခေါက်ဆင်းပြီး အပျော်ဓာတ်ပုံလေး ရိုက်ခွင့်ရတာကိုတော့ အပြစ်မတင်တန်ကောင်းပါဘူးလို့ ပဲမျှော်လင့်ပါတယ်…..



ကဲဒါဆို မင်းတို့ ကမ်းနားဆင်းတဲ့ အချိန်ကတော့ ရှိကို ရှိမှာပဲ .....လို့ မေးလာရင်တော့ …



ဆက်ပါမယ်...

လင်းလွန်းညို

သဘောင်္သားလည်း အသည်းနဲ့ ပါ (၂)



ကဲဒါဆို မင်းတို့ ကမ်းနားဆင်းတဲ့ အချိန်ကတော့ ရှိကို ရှိမှာပဲ .....လို့ မေးလာရင်တော့ …

ဟုတ်ကဲ့ ရှိပါတယ်လို့ ဖြေရမှာပါပဲ…..

လူပွေလှုရှုပ်သဘောင်္သားများ ကမ်းဆင်းလျှင်ဘာလုပ်သလဲ….
မေးခွန်းကိုအလွယ်ကူဆုံးဖြေပါမယ်… ကမ်းဆင်းရင်

ကျွန်တော်တို့ ဈေးဝယ်ပါတယ်… အချိန်ကလည်း ဈေးဝယ်ချိန်ပဲရပါတယ်….
တစ်လ တစ်လရေထဲမှာ ပဲ နေကြာတာမို့ …. ကုန်းပေါ်ရောက်ရင် ကျွန်တော်တို့ သဘောင်္သားများ အလွန်ပျော်ပါတယ်….. ဒါပေမယ့် .. ခေတ်ကာလအရ… ကျွန်တော်တို့ ကမ်းတိုင်းဆင်းခွင့်မရပါဘူး … ကျွန်တော် Chille နိုင်ငံကို အခေါက်ပေါင်းများ စွာရောက်ခဲ့ဖူးပါတယ်…. အနည်းဆုံးရှစ်ခေါက်ထက်မနည်းပါဘူး .. ဒါပေမယ့် ကမ်းကိုတော့ မနှစ်က တစ်ခါပဲဆင်းခွင့်ရပါတယ်… ဈေးဆင်းဝယ်တာပါ…..

ခေတ်ကာလအရ.. နိုင်ငံတကာ က ချမှတ်ထားတဲ့ တင်းကြပ်လာတဲ့ လုံခြုံရေးအရရော…. အလုပ်လုပ်ကိုင်တာ လျှင်မြန်လာတာ အရရော…. သဘောင်္များ Policy ဆိပ်ကမ်းများ Policy အရပါ… ကျွန်တော်တို့ မြန်မာသဘောင်္သားများ အတွက် ကမ်းဆင်းပိုင်ခွင့်ဟာ တစ်ဖြေးဖြေးနည်းလာသလို… ကမ်းဆင်းချိန်ဟာလည်း နည်းသထက်နည်းလာပါတယ်…..

ဒီတော့ အချိန်သိပ်နည်းတဲ့ ကမ်းဆင်းချိန်မျိုးမှာ အဓိကကတော့ စားစရာသောက်စရာများ ၀ယ်ခြမ်းကြပါတယ်… သဘောင်္ပေါ်က စားဖိုမှုးမကောင်းရင် ပိုဝယ်ရပါတယ်…. စားဖိုမှုးကောင်းခဲ့ရင်တောင်… သဘောင်္သားများ ခင်မျာ လနဲ့ချီပြီး ရေခဲရီုက်အသားများ ကို စားခဲ့ရတာကြောင့် လတ်လတ်ဆတ်ဆတ်ဟင်းလျာ်များ ကို ကမ်းရောက်မှ စားခွင့်ရကြပါတယ်… အသားငါးဆိုတာကလည်း ရေခဲရီုက်ြ့ပီး ကြာကြာထားလိုက်ရင်…. ဖော့တုံးကြီးတွေ …ရာဘာတုံးကြီးတွေ စားရသလိုဘာအရသာမှမရှိတော့ ပါဘူး …. ဒါကြောင့် ကျွန်တော်တို့ ဈေးဝယ်ပါတယ်….

ဈေးဝယ်လို့ သိပ်အချိန်ပိုပါမှ နိုင်ကလပ်ဘက်ကိုလှမ်းနိုင်ပါတယ်…. ဒါကလည်း ပိုက်ဆံဖြုန်းနိုင်မှပါ…. တော်ရုံတော့ မသွားကြတာပဲများပါတယ်…. တစ်နှစ်မှာ နိုင်ကလပ်မှာ ဘီယာ တစ်ခါလောက်သောက်ပြီးရင် ပြီးသွားတာပါပဲ …. ဈေးကလည်း ကြီးတာ မို့ တော်ရုံမသွားနိုင်ကြပါဘူး …..

အဓိက တော့ ကမ်းရောက်ရင်ဈေးဝယ်မယ် မြန်မာပြည်ကို ဈေးသက်သက်သာသာနဲ့ဖုန်းဆက်မယ်… အင်တာနက်များ ရရင်တော့လည်း သုံးပါတယ်….

မနှစ်က သဘောင်္ပေါ်မှာဆိုရင်…. တစ်နှစ်လုံးနေပြီး ကမ်းကို တစ်ခါမှ ဆင်းမသွားရှာတဲ့ သဘောင်္သားများကိုတောင်တွေ့ခဲ့ရပါတယ်…. ပိုက်ဆံကို ရသလောက်စုပြီး အိမ်ကို ပို့ ပါတယ်… အခန်းထဲပဲအောင်းပြီး စာဖတ်အခွေကြည့်နဲ့ တစ်နှစ်တာလုံး ကို ကုန်ဆုံးခဲ့ရှာတာပါ……
ဒီတော့ ကျွန်တော်တို့ ကမ်းဆင်းရင် အများဆုံးလုပ်တဲ့အလုပ်ကို ပြောပြီးပါပြီ …

ဒါဆိုမင်းအတင်းကပ်သပ်ပြောလို့ …. မရှုပ်ပွေဘူးဆိုတာ တော့ဟုတ်ပြီ မင်းတို့ သဘောင်္သားတွေ အရက်အသေသောက်ပြီးတော့ ပျော်နေတာ တော့ ဟုတ်တယ်မဟုတ်လား … သဘောင်္သားတွေက အရက်သမားများတယ်လေ…..

တစ်ချိန်လုံးမူးနေတာမဟုတ်လားလို့ မေးလာခဲ့ရင်….

ကျွန်တော့မှာဖြေစရာ အဆင်သင့်ပါပဲ … မဟုတ်ပါဘူး…..

သဘောင်္တိုင်းမှာ သူ့ alcohol policy drug policy ရှိကြပါတယ်… ဟိုးအရင်ကလို အရက်မူးပြီးအလုပ်လုပ်တဲ့ခေတ်က ကုန်သွားပါပြီ…..
ကျွန်တော်တို့ ကုမ္မဏီမှာတော့ … သဘောင်္သား တစ်ယောက်ကို alcohol test လုပ်လိုက်လို့ … 0.04 % ထက်ကျော်လွန်နေတယ်ဆို .. ကိုယ့်စားရိတ်နဲ့ ကိုယ်ချက်ချင်းပြန်ခိုင်းလိုက်လို့ ရပါတယ်…

0.04 % ဆိုတာ ဘီယာ နှစ်ဘူး ပါ…. ဒီတော့ သဘောင်္သားတစ်ယောက်ဟာ သိပ်သောက်ချင်ရင်တောင် ဘီယာ နှစ်ဘူးထက်ပိုသောက်လို့ မရပါဘူး …. နောက်တစ်ချက်ကတော့… ဘီယာကို သဘောင်္ပေါ်မှာလိုသလောက်လည်း ထုတ်မပေးပါဘူး … အခု တင်းကျပ်လာတဲ့ alcohol policy အရ တစ်လမှ ဘီယာ တစ်ကေ့ပဲထုတ်ပေးပါတော့တယ်…. တစ်ကေ့မှာ သုံးဆယ့် ခြောက်လုံးသာ ပါပါတယ်.. .တစ်နေ့ကို ဘီယာ တစ်ဘူးပဲပေးသောက်ပါတော့တယ်… ဒီတော့ ကျွန်တော်တို့ မူးနိုင်သလား မမူးနိုင်သလား စဉ်းစားကြည့်ပါတော့ …

မင်းတို့ ခိုးသောက်မယ်ဆိုရင်ကော…

ဟုတ်ကဲ့ ခိုးသောက်မယ်ဆိုရင်လည်း ရပါတယ်…. ခိုးလည်းသောက်ခဲ့ဖူးပါတယ်…. ဒါပေမယ့်… အဲဒီလို အရက်ကို သောက်ဖို့ အချိန်လိုပါတယ်… နေရာလိုပါတယ်… အဖော်လိုပါတယ်…. အဲဒီ အထဲမှာတော့ အချိန်က အရေးအကြီးဆုံးပါပဲ…..
သဘောင်္သားတွေရဲ့ အလုပ်ချိန်ကို အပေါ်မှာလည်း တွက်ပြခဲ့ပါတယ်…. အလုပ်ချိန်ဟာ Day man တစ်ဆက်တည်း လုပ်တဲ့လူတွေရှိသလို watch man တွေလည်းရှိပါတယ်…. Watch နဲ့ အလုပ်လုပ်ရသူက ပိုများပါတယ်… ဒီတော့ …. ဥပမာတစ်ခုပြပါမယ်..

4 ~ 8 သမားတစ်ယောက်ဆိုပါစို့ … အဲဒီလို ပြောလိုက်တာနဲ့ အဲဒီ လူရဲ့ အလုပ်ချိန်ဟာ .. နံနက်လေးနာရီက နေ.. နံနက်ရှစ်နာရီ တစ်ကြိမ်…. ညနေလေးနာရီကနေ ညရှစ်နာရီတစ်ကြိမ်.. တစ်နေ့ကို နှစ်ကြိမ်.. ရှစ်နာရီအလုပ်ရှိပါတယ်… ဒီကြားထဲမှာ overtime နှစ်နာရီ အဖြစ် မနက်ရှစ်နာရီကနေ ..ဆယ်နာရီအထိလုပ်ပေးရပါတယ်… အလုပ်များတဲ့ အခါတွေဆို …. နေ့လယ် ၁၂နာရီ တစ်နာရီအထိ မနားကြရပါဘူး ….. အဲဒီလိုမနားကြရလို့ ညနေ လေးနာရီကိုလျှော့ပေးမလား ဆိုတော့လည်း .. မလျှော့ပေးပါဘူး … ညနေလေးနာရီမှာ အလုပ်ချိန်အတိုင်းပြန်ဝင်ကြရတာပါပဲ…. ဒါကြောင့် .. သဘောင်္သားတစ်ယောက်ရဲ့အလုပ်ချိန်ဟာ ပျမ်းမျှအားဖြင့် ၁၀နုာရီ အနည်းဆုံးရှိပါတယ်… အဲဒါကလည်း ဆက်တိုက်မဟုတ်ပြန်တော့ … အိပ်ချိန်ကိုလည်း တစ်ဆက်တည်း ဆက်တိုက်အိပ်လို့ မရပြန်ပါဘူး ... အလုပ်ကို ပင်ပင်ပန်းပန်းလုပ်ကြရတာမို့ …. တစ်နေ့ကို ရှစ်နာရီလောက်တော့ အိပ်မှလုံလောက်ပါတယ်..

ဒါကြောင့် တစ်နေ့မှာ လေးနာရီဆီခွဲခွဲပြီး အိပ်ကြရပါတယ်…. မနက်အလုပ်တစ်ခါဝင် .. ပြန်ထွက်လာတာနဲ့ ရေမိုးချိုး ပြီး အိပ်ဖို့ ပြင်ရပါတယ်…. အဲဒီ အိပ်ချိန်မှာ လည်း အိပ်ပျော်အောင်အိပ်ရပါတယ်…. မအိပ်လို့ ရှိရင် .. နောက်တစ်ချိန်ကို အလုပ်မလုပ်နိုင်တော့ ပါဘူး ….အလုပ်ကို အစားဝင်ပေးမယ့်လူလည်း မရှိပါဘူး .. ခွင့်လည်း တင်လို့ မရပါဘူး …. ကိုယ့် ရာထူးမှာ ကိုယ်တစ်ယောက်တည်းချည်းပါပဲ… နေကောင်းကောင်းမကောင်းကောင်း အလုပ်လုပ်ကြရပါတယ်….. ဒီတော့ အရက်သောက်ဖို့ မူးဖို့ ရုးဖို့ အချိန်ဆိုတာ …. အင်မတန် အချောင်ခို … အပြင်းထူတဲ့ သဘောင်္သားတွေမှာမှ ပဲရှိပါတယ်…. အဲ.. အဲဒီလို အချောင်ခို အပျင်းထူတဲ့လူကို လည်း သဘောင်္ပေါ်မထားပါဘူး … ကန်ချတာ ပါပဲ …. ဘာလို့ ဆို .. သူ့ အလုပ်ကို သူများ က ၀င်လုပ်နေရရင်….. အလုပ်နှစ်ခုကို လူတစ်ယောက်တည်းက လုပ်နေရတာမို့ သတ်မှတ်ထားသလောက် အလုပ်မတွင်ပါဘူး .. တစ်ယောက်ဆိုတစ်ယောက်ခုကပ်လိုက်တာ နဲ့ သိပ်သိသာပါတယ်… ဒါကြောင့် သဘောင်္ပေါ်မှာအဲဒီလို
အလုပ်မလုပ်ဘူးဆိုတာနဲ့ ပြန်ပို့ တာပါပဲ… ဘယ်သူမှ အပင်ပန်းခံသည်းခံပြီးခေါ်မထားပါဘူး ……

ဒီတော့ ကျွန်တော်ပြောသွားတဲ့ထဲမှာ
အရက်အေးအေးဆေးဆေး သောက်ချိန် ဘယ်မှာရှာတွေ့ပါသလဲ …
ဟုတ်ပါတယ်… ကျွန်တော်တို့ မှာ အရက်ကို ထိုင်သောက်ချိန်ကို ရှားပါတယ်…. သောက်လည်း တစ်နာရီလောက် သောက်ပြီးတာ နဲ့ အိပ်ကြတာ ပါပဲ….. မဟုတ်ရင်အလုပ်မလုပ်နိုင်တဲ့အခါ…. အတော်ဒုက္ခရောက်တာ မို့ ပါ… ကမ်းဆင်းတာလည်း ဒီလိုပါပဲ … ကမ်းဆင်းရင်လည်း ကိုယ့်အိပ်ချိန်ထဲက … ဖဲ့ဆင်းရတာ ပါ…. ဒီတော့ … ကမ်းဆင်းပြီး အလုပ်တမ်းဝင်ရမှာမို့ .. ဘယ်သူမှ အလကားနေရင်းမဆင်းဖြစ်ပါဘူး .. ဆင်းဖြစ်ရင်တောင် အားကုန်မယ့် အလုပ်ကို မလုပ်ဖြစ်ကြပါဘူး ခင်ဗျာ…..

နောက်ဆုံး တစ်ချက်ကတော့ သဘောင်္သားများ နဲ့ HIV ပါပဲ…..

ဒီအချက်ကို တော့အလွယ်တကူဖြေ၇ရင် သဘောင်္သားများ ဟာ သာမန်လူများ ထက်ပိုပြီး … ကျန်းမာအောင်နေကြရပါတယ်….. ဆေးကိုလည်း တစ်နှစ်ကို နှစ်ခါလောက်အနည်းဆုံး စစ်ကြရပါတယ်…. ဒီတော့ …. သဘောင်္သားHIV ရှိတယ်ဆိုတာ အတော်ကလေး မလွယ်တဲ့ ကိစ္စပါပဲ……. ရှိနေခဲ့ရင်တောင် ချက်ချင်းသိနိုင်ပါတယ်……. ရန်ကုန်မှာ ဆေးစစ်ဆေးမှု အများ ဆုံးလုပ်နေတာ ဟာ သဘောင်္သားတွေပါ…. နိုင်ငံခြားထွက်တဲ့လူတွေတောင် အထွက်တစ်ခါပဲစစ်ပြီး ပြီးသွားတာပါ…. ကျွန်တော်တို့ ကတော့ သွားလိုက်ပြန်လိုက်မို့ .. .အမြဲစစ်ဆေးနေရပါတယ်…. ဒါကြောင့် သဘောင်္သားနဲ့ HIV တွဲတွေ့ဖို့ မလွယ်ပါဘူး …. HIV ရှိနေရင်လည်း သဘောင်္သားမဖြစ်နိုင်တော့ ပါဘူး ခင်ဗျာ ….

အထက်မှာ ပြောသွားတာတွေကို ကြည့် ရင် သဘောင်္သားတွေဟာ သူတော်ကောင်းတွေ …. ဘာမဟုတ်တာမှ လုပ်ချိန်မရှိသူတွေလို့ အတင်းလုပ်ပြောတယ်လို့ ထင်ကြမှာပါပဲ…… ထင်နိုင်ပါတယ်ခင်ဗျာ…. ထင်နိုင်ပါတယ်….

ကျွန်တော်တို့ သဘောင်္သားတွေ…. ဒုက္ခကို .. သဘောင်္သားအချင်းချင်း ပဲနားလည်ပါတယ်…. အခုပြောနေတာတွေကို လည်း
စိတ်ဝင်တစားဖတ်သူတွေ ရှိချင်မှလည်း ရှိပါလိမ့်မယ်….. ဘာလို့ လဲဆိုတော့ .. သဘောင်္သားအလုပ်ဆိုတာ .. သာမန်ကုန်းပေါ်မှာ နေရသူတွေလုပ်နဲ့ အလုပ်နဲ့ .. အတော်ကလေး ကွာဟလို့ ပါပဲ …

ကမ္ဘာမှာ လေထဲမှာ အလုပ်လုပ်သူများ ကို သာမန်ကုန်းပေါ်မှာ အလုပ်လုပ်သူများ ထက်လစာ သုံးဆပိုပေးပါတယ်…. ဒါဟာ အသက်အန္တရယ်သိပ်နီးလို့ ပါ….. ဒုတိယလိုက်တာ ကတော့ ကျွန်တော်တို့ သဘောင်္သား … ရေထဲမှာ အလုပ်လုပ်ကြသူများပါပဲ …. လစာ နှစ်ဆ ပိုပေးပါတယ်.. ဒါကြောင့်ကျွန်တော်တို့ လုပ်ခဟာ သာမန်ထက်များနေတာ ပါ….. ဥပမာ .. ကုန်းပေါ်က စက်ပြင်တစ်ယောက်ထက် ရေထဲက စက်ပြင်တစ်ယောက်က လစာပိုပါတယ်…. ဘာလို့ လဲဆိုတော့ အသက်ဘေး သိပ်များ လို့ ပါ.. …

ဒါပေမယ့် မြန်မာသဘောင်္သားများ ကတော့ အားလုံးထဲမှာ အနိုမ်ခံပါပဲ .. .နိုင်ငံပေါင်းစုံက သဘောင်္သားတွေအားလုံးထဲမှာ အနည်းဆုံးလစာကို နဲ့ …အသက်ကို ရင်းပြီး သဘောင်္လိုက်ကြရပါတယ်…. သာမာန် ဖိလစ်ပိုင် သဘောင်္သားတစ်ယောက်နဲ့ မြန်မာ သဘောင်္သားတစ်ယောက်ဟာ …. ရာထူးချင်းတူနေခဲ့ရင်တောင် .. လစာ တစ်ထောင် ကျော်ကွာပါတယ်… အချို့ လိုင်းတွေမှာ ဒိထက်ဆိုးပါတယ်….. ဒါပေမယ့် ITF ကိုတင်ထားတဲ့ ကျွန်တော်တို့ လစာတွေကို တော့ … အမှန်အတိုင်းမဟုတ်ပဲ …. ပိုပြထားပါတယ်…. ဒါဟာ အစိုးရက သဘောင်္သားများ ဘက်မှာ မရပ်တည်လို့ ပါပဲ … ကျွန်တော်တို့ သဘောင်္သားများလည်း ဒီအလုပ်ပဲလုပ်ပြီး လစာ တန်းတူလိုချင်ပါတယ်…. ဒါပေမယ့် မရကြပါဘူး …. မြန်မာ သဘောင်္သားတွေ ဟာ မညံ့ပါဘူး ဆိုတာထက်ကို အတော်လွန်နေပါတယ်….. ဥာဏ်သိပ်ပြေးတယ်…. အလုပ်လာဘ်မြင်တယ်…. အိုးချီးမွမ်းရရင်ကုန်တောင်မကုန်နိုင်ပါဘူး …. နောက်ဆုံး ကုန်ကုန်ပြောရရင်.. ကျွန်တော်တို့ သဘောင်္သားတွေ စားသောက်ရတဲ့ အနေအထား .. နေထိုင်ရတဲ့ အနေအထားဟာ .. တစ်ခြား နိုင်ငံသား သဘောင်္သားတွေ နေရတာနဲ့ တောင်မတူပါဘူး …… မြန်မာ သဘောင်္သားတစ်ယောက်အတွက်ကို ကျွန်တော်တို့ လိုင်းမှာ … တစ်ရက် ခြောက်ကျပ်ပြားရှစ်ဆယ်.. (USD) ပဲ အစားအစာအတွက်ပေးပါတယ်… တခြား company များ လိုင်းများမှာတော့ ဖိလစ်ပိုင်များ အတွက်ကိုတော့ .. တစ်ဆယ်ကျော်ပေးရပါတယ်… ဒါဟာ ဖိလစ်ပိုင်အစိုးရက သူ့ နိုင်ငံသားသဘောင်္သားများ ဘက်က နေ ရပ်တည်ပေးလို့ ပါပဲ…..

ဆိုမာလီယာ ကို ဖြတ်တဲ့ အခါ…ကျွန်တော်တို့ မြန်မာသဘောင်္သားများ ရင် တစ်ထိတ်ထိတ်နဲ့ ဖြတ်ကြရပါတယ်… ဘယ်တော့ ဖမ်းမလဲဟဲ .. ဘယ်တော့ တက်လာမလဲဟဲ့ ဆိုပြီး ကင်းတွေချ… ပြီးဖြတ်ကြရပါတယ်…. ဖိလစ်ပိုင်များ အတွက်ကတော့ … သူတို့ သဘောင်္သားများ ကို လူလဲပေးရပါတယ်…. ဆိုမာလီယာ ကို ကိုယ်နိုင်ငံသားတွေ ဒုက္ခရောက်မှာဆိုးလို့ ပေးမဖြတ်ပါဘူး ….

ဒီတော့ အခုလက်ရှိဆောင်းပါးကို တိုတိုပဲ အဆုံးသတ်လိုက်ပါမယ်…အထက်မှာပြောသွားတာတွေ အပြင် ..

ပင်လယ်ပြင်က သေမလောက်ကြီးတဲ့ မုန်တိုင်းတွေ … ကြောင့် မျက်ရည်သွင်သွင်ကျရတာ….. ဓားမြရန်ကြောက်လို့ …. ရင်တထိတ်ထိတ်နဲ့ အသက်ကို ကျွတ်ကျွတ်အိပ်နဲ့ ထုပ်ထားရတာ…..

ကမ်းကို ဆင်းရင်တောင် ဓားမြတိုက်… လုယက်… သတ်ဖြတ်… ခံရတာ … ဒါတောင်မြန်မာသဘောင်္သားမို့ ဘယ်ရဲက မှ အဖတ်လုပ်ပြီး အရေးမယူတာ ….
သဘောင်္ပေါ်မှာ မြန်မာ တစ်ယောက်တည်းမို့ …. နိုင်ငံခြားသားတွေ ၀ိုင်းအနိုင်ကျင့်လို့ လူငယ်မြန်မာ သဘောင်္သားလေးတွေ သေဆုံးသွားတာ….

နောက်ဆုံး စိတ်ဖိစီးမှုဒဏ်……လူများများ နဲ့ မတွေ့ရတဲ့ ဒဏ်….. ကုန်းမြေကို လချီမနင်းရတဲ့ ဒဏ်… မိသားစုကနေ… ပိုက်ဆံတပူပူ တဆာဆာလုပ်….. ရှာသမျှ ဖြုန်း …. အမေတွေ အမတွေ.. က ဖဲရိုက်လို့ ကုန်.. မိန်းမ က ချဲထီထိုးလို့ ကုန်….. နှစ်နဲ့ ချီ ဖင်ကြားချွေးယိုအောင်လုပ်ြ့ပီး ကိုယ် ပို့လိုက်သမျှ .. ဘာမှ မဖတ်မတင်ပဲ ….
မိန်းမက နောက်ယောက်ကျားနောက်ကို ပိုက်ဆံထုပ်ပါပိုက်ပြိးလိုက်ပြေးသွားတာ…. ပြန်လာရင်လက်ထက်ဖို့ …. ပိုက်ဆံတွေပို့ အိမ်တွေဆောက်….. ပြီးကာမှ အဲဒီ အိမ်ပေါ် ကို .. တခြားယောက်ကျားတစ်ယောက်နဲ့ ယူပြီး တက်နေသွားတာ .. ကိုယ့်မှာ လက်ဗလာနဲ့ ကျန်ခဲ့တာ ….အလုပ်ဝန်မတရားပိတဲ့ ဒဏ်တွေကြောင့်… စိတ်ဖောက်ပြန်သွား တာ…. ရူးသွားတာ…

အချို့ဆို ရူးပြီး သဘောင်္ပေါ်က ခုန်ချသွားတာ ….

ဒါကို တစ်ချို့က ရေကြောင်ကြောင်တယ်လို့ လည်း နိုမ်ခေါ်ပါသေးတယ်..

မှန်ပါတယ်လေ... ရေထဲနေတဲ့လူ ရေကြောင်ကြောင်ပေမပေါ့ ....

ဒီတော့ ဒီလို ဒုက္ခ သုက္ခ တွေကိုပါပြာ ရင်…. သဘောင်္သားကို ပေါချာချာ ရူးနှမ်းနှမ်း…. ငမ်းကြောဆွဲ…… ငါးပိရည်နဲ့ ချဉ်ပေါင်ဟင်း မှားသောက်တယ်လို့ ရိုက်ခဲ့တဲ့ ဒါရိုက်တာရော .. လူရွှင်တော်ပါ…. သောကမျက်ရည်ဘူးသီးလုံးလောက်ကျသွားနိုင်ပါတယ်……

ကဲ .. နောက်ဆုံးအနေနဲ့ .. ပြောချင်တာ ကတော့ …. ဖြစ်နိုင်ရင် သဘောင်္သားများ ကို အဲဒီလို မျိုး မြင်အောင်ဇာတ်ရုပ်မသွင်းစေချင်ပါဘူး …… လူဆိုတာ ကောင်းတဲ့လူရှိသလို ဆိုးတဲ့လူရှိမှာပါပဲ .. သဘောင်္သားမှာလည်း ကောင်းသူရှိသလို ဆိုးတဲ့လူရှိတာပါပဲ …… ဒါပေမယ့် အားလုံး ရဲ့ အမြင်မှာ … သဘောင်္သားဆိုတာ အလကားပါကွာ … ကုန်းပတ်တိုက်နေတာ ပါ (ဒီစကားကို နာမည်ကြီး မင်းသမီးတစ်ယောက်က ရုပ်ရှင်တစ်ခုထဲမှာပြောသွားတာပါ)ဆိုတဲ့ ပေါချာချာ စကားလုံး လိုမျိုးပြောနေတာတွေ…. AIDS နဲ့ သဘောင်္သား ခွဲမရဘူးဆိုတာတွေ …. သဘောင်္သားတိုင်း … ဟာ ငပေါတွေ… ဘာမှ နကန်းတစ်လုံးမသိတဲ့လူတွေ … လို့ ပြောနေကြတဲ့ လူတွေ အတွက်… သဘောင်္သားဖြစဖို့ …ဘယ်လောက်ခက်ခဲသလဲ …သဘောင်္သားဖြစ်လာရင်တောင် ရပ်တည်ဖို့ ဘယ်လောက်ခက်ခဲသလဲ … ဘယ်လောက်ရုန်းကန်ရသလဲဆိုတာလေး သိစေချင်တာ ပါ…… ဒါတွေဟာ အကင်းပဲရှိပါသေးတယ်…..

တစ်ချို့လည်း ပြောပါတယ်… ဒါဆိုလည်း လိုက်မနေပါနဲ့ တော့ လား … ပိုက်ဆံရတာကျထည့်မပြောဘူးလို့ ပြောလာတတတ်ပါတယ်…
မိတ်ဆွေ …. ပိုက်ဆံဆိုတာ လူသားတိုင်းသည်းခြေကြိုက်ပါ…… သဘောင်္သားများ လည်း ပိုက်ဆံကို ကြိုက်ပါတယ်….. ဒါပေမယ့် ….. ကျွန်တော်တို့ ဘာလို့ ပိုက်ဆံပိုရနေပါသလဲ … အပေါ်မှာပြောခဲ့ပြီးပါပြီ…. အသက်နဲ့ ရင်းထားတာကြောင့်ပါ….. အသက်အန္တရာယ်နဲ့ သိပ်နည်းစပ်တာ မို့ ပိုက်ဆံကို ပိုပေးထားတာ ပါ….
ကျွန်တော်တို့လည်း ဘယ်လုပ်ချင်ပါ့မလဲလေ…. ကိုယ့်ပညာအရည်အချင်းနဲ့ ဆိုရင်…. ပြည်တွင်းမှာသာ စိးပွားရေးကောင်းနေရင်.. သဘောင်္လိုက်နေစရာမရှိဘူးပေါ့ ….. ခေတ်ကာလကြောင့်ပါ……
နိုင်ငံရဲ့ စီးပွားရေးမကောင်းလို့ ပါ...

ကျွန်တော်တို့လည်း ကိုယ့်အရည်အချင်းနဲ့ ကိုယ်... ထိုက်သင့်တဲ့လစာတော့လိုချင်ကြတာ ပါပဲ ..... ဘယ်သူက သားကွဲ မယားကွဲ.... မိဘကွဲ .. မိသားစုနဲ့ ခွဲပြီး .... ရေလယ်ကောင်မှာသွားနေချင်ပါ့မလဲဗျာ .... မှန်ပါတယ်.. ငွေကြောင့်ပါပဲ

ကဲကဲ ရေးရင်းနဲ့ ရှည်လျားနေပါပြီ….
ကျွန်တော် ငပေါလေး လင်းလွန်းညို ကနေ.. အချို့ အချို့ သော မြန်မာ ဒါရိုက်တာ ကြီးများ နဲ့ …. သဘောင်္သားများ အလကားဆိုသူတွေကို …. နောက်ဆုံးရဲ့ မှ နောက်ဆုံး စကားလေး တစ်ခွန်းပြောပါရစေ…..
သဘောင်္သားများ ဟာလည်း လူထဲက လူပါပဲ….. ဒါပေမယ့် ထုးခြားပါလိမ့်မယ်…. ဘာလို့ ဆိုတော့ .. ရေထဲမှာ နေရတာ များတော့ …. တစ်ခါတစ်ခါ ပတ်ဝန်းကျင်နဲ့ မဆီလျှော်တတ်ပါဘူး …. ဒါပေမယ့် … ငါးပိရည်နဲ့ ချဉ်ပေါင်ဟင်းမှားသောက်သလောက်လည်း မဟုတ်ပါဘူးလေ.. ဗျာ …နော်… ဒီတော့ …

နည်းနည်းပါးပါးလေ့လာပါဦး …..ခုခေတ်ကာလသဘောင်္သားတွေ … ဘယ်လောက်တော်နေ .. ထက်နေ .. တောက်ပြောင်နေသလဲဆိုတာ …. စိတ်ထင်ရာတွေ ရမ်းပြော .. ရမ်းရိုက်တာ တွေ လျှော့သင့်ပါပြီ….. သဘောင်္သားများလည်း နှလုံးသားနဲ့ ပါဗျာ…. ခံစားတတ်ပါတယ်…..

ရုပ်ရှုင်ဒါရိုက်တာ ဆိုပြီး .. ပေါချာ ချာ ဇာတ်ရုပ်ကြီးနဲ့
တစ်ခါလောက်ရိုက်ကြည့်စမ်းပါ…. နှာဘူးဒါရိုက်တာ .. ငမ်းကြောဆွဲဒါရိုက်တာ
အဲဒါမှ မဟုတ်. .. နှာဘူး စစ်သား ငမ်းကြောဆွဲစစ်သား .. ဒါမျိုးလေးလည်း ရိုက်ပါဥိး …. မရိုက်ရဲဘူးမဟုတ်လား …... ဒီလိုမျိုးပေါ့ ….

ယုံပါ… မြန်မာကားကြည့်သူတွေထဲမှာ သဘောင်္သားများ လည်း ပါပါတယ်……. ၀မ်းလည်း နည်းတတ်ပါတယ်… ကိုယ့် ကို အသရေဖျက်နေမှန်းလည်း သိပါတယ်….. ဒါပေမယ့် …. ပြောပြစရာလူကလည်း မရှိ…. မီဒီယာဆိုတာတွေကလည်း .. မရင်းနှီး …. တစ်ခါတစ်ခါဆို အချို့ အချို့ သော မီဒီယာသမားများ ကပါနားမလည်ပါးမလည်နဲ ..မြန်မာ သဘောင်္သားများ အသုံးမကျသယောင်ယောင်… ရေးသေးတာ … ဟို လိုင်းအေးဂျင့်တွေ သွေးထိုး ရေးခိုင်းတိုင်းလေ……..ဒီကြောင့် …. ရင်ဖွင့်စရာလူမရှိ ….. နားလည်ပေးမယ့်လူကလည်း မရှိမို့ … အားလုံး ရေငုံ နှုတ်ပိတ်နေကြရတာပါ….. ဟုတ်လို့ ငြိမ်နေတယ်တော့ မထင်ပါနဲ့ လေ…..

ကျေးဇူး ပြုပြီးလည်း ယုံစေချင်ပါတယ် ..………သဘောင်္သားလည်း အသည်းနဲ့ ပါ.ပဲ.... ကျွန်တော်တို့ တကယ်ခံစားတတ်ပါတယ်…….ဗျာ

By: လင်းလွန်းညို