Saturday, June 30, 2012

သင်သည် အမှန်တကယ် ဘွဲရ အလုပ်လက်မဲ့ဖြစ်ပြီလား

သင်သည်... အမှန်တကယ် ၊ဘွဲရ အလုပ်လက်မဲ့ ဖြစ်ပြီလား

လွန်ခဲ့တဲ့ တစ်လလောက်က...facebook ပေါ် က ဓာတ်ပုံတစ်ခု ထဲမှာ.... ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသူတွေထဲ....(ဘွဲ့ရအလုပ်လက်မဲ့များ) ဆိုတဲ့ ခေါင်းစဉ်နဲ့ လာရောက်ထောက်ခံကြတဲ့လူငယ်တွေကို တွေ့ရပါတယ်.... မှန်ပါတယ်... ကျွန်တော်တို့ နိုင်ငံမှာဘွဲ့ ရပြီး အလုပ်လက်မဲ့နေသူတွေ သိန်းနဲ့ ချီပြီးရှိနေပါတယ်...



ဒီထဲက နေခွဲထုတ်ကြည့်ချင်ပါတယ်.... ဘွဲရပြီး အလုပ်လက်မဲတာလား... ဘွဲရပြီး အလုပ်မလုပ်ချင်တာလား.... ဘွဲ့ရပြီးအလုပ်ရလောက်တဲ့ အရည် အချင်းမပြည့်စုံတာလားဆိုတာကိုပါ.... ဒီတော့ ပထမ အမျိုးအစားဖြစ်တဲ့ ဘွဲ့ရပြီးအရည် အချင်းလည်း ရှိလျက်နဲ့ အလုပ်မရသေးသူတွေ ကတော့ ဘာမှပြောစ၇ာမ၇ှိပါဘူး.... တိုင်းပြည်ထဲကို ၇င်နှီးမြုပ်နှံမှုတွေ များပြားလာတဲ့အခါ....ဒီကိတ်စပြေလည် သွားမှာပါ... ဒါပေမယ့်....နောက်ဒုတိယတစ်မျိုးဖြစ်တဲ့ သူတွေ ဘွဲ့ရပြီး အလုပ်မလုပ်ချင်လို့ အလုပ်လက်မဲ့ယောင်ဆောင်နေသူတွေ ကို လည်း ဘာမှ ပြောစရာမရှိပါဘူး.... ဘာလို့ လဲဆိုတော့ အဲလို လူစားမျိုးတွေက .. တိုင်းပြည်ဘယ်လောက်တိုးတက်တိုးတက်.... လဘက်ရည်ဆိုင်ထိုင်အာတဲ့ အဆင့်က မတက်လို့ပါပဲ..... သူတို့ ကို ဘာလုပ်ပေးရမလဲဆိုတော့... ကျွန်တော့ အမြင်တော့ ဘာမှ လုပ်ပေးလို့မရပါဘူး.... လူဖျင်း အဆင့်မှာပဲ ရှိနေမှာပါ... ဒါက နိုင်ငံတော်တော်များများ မှာရှိနေတတ်တဲ့ လူတန်းစားတစ်မျိုးပေါ့လေ...... ကောင်းပြီ နောက်ဆုံး တစ်မျိုး ကတော့ ဘွဲ့တော့ ရတယ်.. အလုပ်လုပ်ဖို့ အရည်အချင်းမပြည့်မှီတာကြောင့် အလုပ်လက်မဲ့ဖြစ်ကြရတဲ့လူငယ်တွေပါ..... ဒီလူငယ်တွေ အတွက်ကတော့....အားပေးချင်ပါတယ်....



ပထမဆုံးကျွန်တော်တို့ ရဲ့ ပညာရေးစနစ်ကြီးကို အပြစ်တင်ကြပါစို့..... မှန်ပါတယ်... ဘွဲ့ရပြီးအလုပ်မရတာဟာ .. ပညာရေးစနစ်မှာ .. အရည်အချင်းပြည့်မှီအောင် မသင်ကြားနိုင်ခဲ့လို့ ဆိုတဲ့ အချက်ကလည်း အဓိကကျပါတယ်....ဒါပေမယ့် ဒီလို အပြစ်တင်နေရုံနဲ့ ဘာမှ မဖြစ်လာပါဘူး.... ပထမဆုံးအမှန်တကယ် လုပ်ရမှာ က ကိုယ်အရည်အချင်းမပြည့်မှီသေးကြောင်းကိုယ့်ကိုယ်ကို ၀န်ခံဖို့ ပါပဲ...... ဒီလို ၀န်ခံမှ.... သင်ယူရေးကိ ဆက်လို့ရမှာပါ.... မတတ် တ တတ်... မသိ တသိ ဟာ အင်မတန်ကြောက်စရာကောင်းပါတယ်.... မိမိကိုယ်ကို ၀န်ခံခြင်းဟာ မိမိ ကိုယ်ကို အမှန်အတိုင်းကြည့်မြင်ခြင်းလည်း ဖြစ်ပါတယ်.. ကိုယ်ဘယ်အခြေအနေရှိနေပြီဆိုတာ သိမှ ဘာဆက်လုပ်ရမယ်ဆိုတာသိလာပါမယ်....



ကဲ ကိုယ့်ကိုယ်ကို ၀န်ခံပြီးပြီ ဆိုရင်တော့.... ဒုတိယအချက်အနေနဲ့ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိရပါမယ်... ကိုယ်ဟာ ကုမ်ပဏီ ၀န်ထမ်းလုပ်မှာလား....ကားမောင်းမှာလား.... စက်ပြင်ဆရာလုပ်မလား.. အရောင်းဝန်ထမ်းလုပ်မလား.. စာရင်းအင်းလုပ်မလား... စသဖြင့်ပေါ့လေ... ကိုယ့်ဘာဖြစ်ချင်တယ်ဆိုတာ ကို အရင်သိအောင်ကြိုးစားပါ....ကိုယ်ဘာနဲ့ အံဝင်ဂွင်ကျ သလဲ ဆိုတာထက်..... ဘယ်အလုပ်က ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်မလဲဆိုတာကို တွေးပါ...... ကိုယ့်ကိုယ်ကို လည်း သိပ်အထင်မသေးပါနဲ့ လေ.. ကျွန်တော်တို့ ဟာ ဘာမဆိုဖြစ်နိုင်ပါတယ်.. ကြိုးစားမယ်ဆိုရင်ပေါ့လေ......လူတွေက ဒီနိုင်ငံမှာနေလို့ ကတော့ ... ကိုယ်ဝါသနာပါရာလုပ်လို့ မရဘူးလို့ ပဲလို့ ပြောပြောနေတာ ကြားရပါတယ်... ဒီစကားဟာ မှန်သင့်သလောက်မှန်ပါတယ်.... ဒါပေမယ့် အချိန်ဆိုတာ ရှိပါသေးတယ်.... မကြာခင်ပွင့်လာမယ့် တံခါးတွေရှိပါတယ်..... စောင့် ဆိုင်းနေကြတဲ့ အချိန်အတွင်း မှာ ...ကိုယ်ကထိုင်နေလို့ မရပါဘူး... ကြိုးစားနေဖို့ လိုပါတယ်...



ကဲ ထားပါတော့ လေ.... ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာသိသွားပြီဆိုပါတော့.... ကိုယ်က ကုမ်ပဏီဝန်ထမ်း စာရေးတစ်ယောက်ဖြစ်ချင်တယ်ဆိုပါစို့..... လေ့လာသင့်တာတွေ စလေ့လာရပါမယ်.... ပထမဆုံး ဘာသာစကားကို လေ့လာပါမယ်.... ဘာသာစကားသင်တန်းတွေ တက်ဖို့ ပိုက်ဆံမရှိဘူးလို့ မငြီးပါနဲ့.... ဆရာဦးမြကြိုင် က တစ်လငါးထောင်နဲ့ ဆင်ရေတွင်းမှတ်တိုင်အနီးမှာ...အင်္ဂလိပ်စာသင်တန်းဖွင့်ထားပါတယ်.... ဒီလို ပဲ ဘုန်းကြီးကျောင်းတွေ မှာ ဘာသာစကားတွေ သင်ကြားပေးတာ ရှိပါတယ်.. .လေ့လာပါ.. တတ်နိုင်ရင် ကွန်ပျူတာ သင်တန်းလိုမျိုးတက်ထားသင့်ပါတယ်... မတတ်နိုင်ရင်လည်း အင်တာနက်ဆိုင်မှာ တစ်နာရီလေးရာနဲ့ (သက်သာတဲ့ဆိုင်ဆို သုံးရာ နှစ်ရာ) တတ်ကျွန်းတဲ့ သူငယ်ချင်းတစ်ယောကို ခေါ်ပြီး သွားသုံးနေရုံနဲ့ ကွန်ပျူတာ အခြေခံ တတ်လာနိုင်ပါတယ်.... ဘယ်သူမှ မသင်ပေးဘူးဆို ကျွန်တော့ ဆီဆက်သွယ်ပါ.... ကျွန်တော်အလကားသင်ပေးပါမယ်.... ဒီလိုပဲ တစ်ဆင့်ချင်းလေ့ လာ သွားရပါမယ်... ဒါဟာအကျိုးရှိစွာစောင့်ဆိုင်းခြင်းလို့ ခေါ်ပါတယ်...



တကယ်လို့ များ..... တဘက်နိုင်ငံက အလုပ်အကိုင်တွေ လာပါပြီရဲ့.... ဒီနိုင်ငံက လူငယ်တွေ အရည်အချင်းမပြည့် မှီလို့ အလုပ်ချက်ချင်းမပေးနိုင်တာမျိုးဖြစ်လာတဲ့ အခါ....ကိုယ်ထိုင်စောင့်နေတဲ့အချိန်တွေဟာ အင်မတန်နစ်နာပါတယ်.... ပေါ်မှာ ကျွန်တော်ပြောသွားတာတွေဟာ နည်းနည်းပဲရှီပါသေးတယ်... အခြား ပညာတွေကို လည်း ဒီလိုပဲလွယ်ကူစွာသင်ယူနိုင်ပါတယ်... ပညာဆိုတာ ကျွန်တော်တို့ ရဲ့ လက်တကမ်းမှာပါ..... လှမ်းမယူလို့ သာမရတာဆိုတာ သိပါ....



နိုင်ငံရပ်ခြားတစ်ခုမှာ ... ကျွန်တော် ဖတ်ခဲ့ ဘူးတဲ့ ဆိုင်းဘုတ်လေး တစ်ခု သဘောကျလို့ ပြောပြပါမယ်....



U DO YOUR BEST,

I'LL DO THE REST.

god.



ဘုရားသခင်တောင်မှ အရာရာဖန်ဆင်းနိုင်ပေးမယ့် သူပေးမယ့် အခွင့် အရေးအတွက် ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေဖို့ လိုပါတယ်.... ဒီတော့ ဘွဲ့ ရအလုပ်လက်မဲ့လူငယ်များ..... တာဝန်ရှိလူကြီးတွေကို အပြစ်တင်ပါ.... တင်သင့်သလောက်ပေါ့....

ကိုယ်က ရော တကယ် အရည်အချင်းပြည့်မှီပြီလား ဆိုတာ အရင် ဆန်းစစ်လိုက်ပါဦး....... ထိုင်နေရတဲ့ အချိန်တွေ အလကားမဖြစ်စေချင်လို့ ပါ..... လူတိုင်းအောင်မြင်နိုင်ပါစေ

by: လင်းလွန်းညို (ozzy win)

ကျောက်အောင်သူ

တကယ်တော့၊ ကျွန်တော်ဟာ " ကျောက်အောင်သူ " ပါ။ " ကျောက် " ဆိုလို့... ကျောက်စိမ်းတို့၊ နီလာတို့၊ ပတ္တမြားတို့လို ရတနာတန်းဝင်တွင်းထွက်ကျောက်တွေမဟုတ်ပါဘူး။ သဘော်က ကျောက်ဆူး Anchor လို့ခေါါတဲ့ " ကျောက်" ကိုပြောတာဖြစ်ပါတယ်။ သဘော်သားဘဝကတည်းကနေ၊ အခုလို staff ဖြစ်လာတဲ့ အထိ၊ ကျွန်တော်နဲ့ ပက်သက်တဲ့ သဘော်တွေမှာ၊  ကျောက်ပြတ်ကျတာတွေနဲ့ ကျောက်ဖြတ်ချခဲ့ရတာတွေ၊ ခဏခဏဖြစ်တတ်လွန်းလို့ " ကျောက်အောင်သူ " ရယ်လို့၊ လုပ်ဖော်ကိုင်ဖက်အပေါင်းအသင်းတွေက၊ နာမည်ပေးကြပါတယ်။

ကျောက်ပျောက်တာကတော့ ရေထဲကနေ ကျောက်ဆူး Anchor ကိုပြန်မတင်တဲ့အခါ၊ ကျောက် မရှိတော့ ပဲ ကျောက်ကြိုးလို့ခေါါတဲ့ Anchor Chain သာပါလာတာကိုပြောတာဖြစ်ပါတယ်။ ကျောက်ဖြတ်ချခဲ့ ရတာ ကတော့  ရေထဲကနေပြန်မတင်တဲ့အခါ၊ ရေအောက်မှာ တခုခုနဲ့ငြိနေတာမို့၊  ကျောက်ကြိုးဖြတ်ချပြီး သဘော်ကိုထွက်စေခဲ့တာဖြစ်ပါတယ်။

ကျောက်ပျောက်တယ်ဆိုတာက တကယ့်အမှုကြီးပါ။ သဘော်ရဲ့ Class Certificate အောက်က Hull ဆိုတဲ့ ခါင်းစဉ်အောက်မှာ Anchor and Anchor Chain ရဲ့ Specification ကို အတိအကျမှတ်ပုံတင်ထားရ ပါတယ်။ Anchor and anchor Chain ကျောက်ဆူးနဲ့ ကျောက်ကြိုးဟာ၊ Load Line Certificate နဲ့ Safety Construction Certificate တို့နဲ့ပက်သက်ပါတယ်။  International Load Line Certificate ကို၊ IMO ကပြဌာန်းထားတဲ့ International Convention on Load Line, 1966 as modified by the Protocol of 1988 ဆိုတဲ့၊ Regulation အရ၊ သက်ဆိုင်ရာ Classification Society မှသက်သေခံ လက်မှတ်အနေနဲ့၊ ထုတ်ပေးတာဖြစ်ပါတယ်။ Cargo Ship Safety Construction Certificate ကိုတော့ International Convention for The Safety of Life At Sea, 1974 as modified by the protocol of 1988 အရ၊ သက်ဆိုင်ရာ Classification Society မှသက်သေခံလက်မှတ်အနေနဲ့၊ ထုတ်ပေးတာဖြစ်ပါတယ်။

သဘော်ကို IS - Intermediate Survey လုပ်ဖို့ ဖြစ်စေ၊ SS - Special Survey လုပ်ဖို့ ဖြစ်စေ၊ Docking သဘော်ကျင်းကိုဝင်တဲ့အခါ Anchor နဲ့ Anchor Chain တွေကို Dock Floor မှာ ဖြန့်ခင်းပြီး၊ Calibration တိုင်းတာစစ်ဆေးကာ၊ Anchor Chain Link အဆစ်တိုင်းရဲ့ Calibration Report ကို သက်ဆိုင်ရာ Classification Society က Attending Surveyor ကိုပေးရပါတယ်။

Attending Surveyor က Anchor Chain ဟာ မူလသတ်မှတ်ထားတဲ့ Diameter ကနေ ဘယ်လောက် Wear Down စားသွားပြီဆိုတာကို စစ်ဆေးပြီး၊ သက်မှတ်ထားတဲ့ Limit ထက်ကျော်သွားရင် အသစ် လဲခိုင်းပါတယ်။ အလားတူ Anchor ရဲ့ကိုစစ်ဆေးပြီး၊ Anchor ဟာ စားပြီးပါးနေပြီလား၊ Anchor hinge-pin အထိုင်နေရာ wastage စားသွား ပြီလား၊ ဒါမှမဟုတ် Anchor Shackle ဟာ စားသွားပြီလား၊ အစရှိတာတွေ ကိုစစ်ဆေးပြီး၊ လိုအပ်ရင် အသစ်လဲခိုင်းပါတယ်။

Anchor Chain ရဲ့ Wear Down Limit ကို၊ Classification Societies တွေဖြစ်တဲ့၊ NK - Nippon Kaiji Kyokai နဲ့ GL - Germanischer Lloyd တို့က၊ မူလ Diameter ထက် (10 %) စားသွားတဲ့အထိ ခွင့်ပြု ပါတယ်။ ABS - American Bureau of Shipping, DNV - Det Norske Veritas နဲ့ LR - Lloyd Registration တို့က မူလ Diameter ထက် (12 %)  စားသွားတဲ့အထိနဲ့ BV - Bureau Veritas က၊ မူလ Diameter ထက် (13.5 %) အထိသုံးဖို့ခွင့်ပြုထားပါတယ်။ ခွင့်ပြုထားတဲ့ Limit ထက်ကျော်ရင်တော့၊ အသစ်လဲလှယ်ရမှာဖြစ်ပါတယ်။


Fig. Stud Link Anchor Chain Cable

အသုံးများတဲ့  Anchor Chain အမျိုးအစားကတော့ Stud Link Cable, Flush Butt Welded အမျိုးအစား ဖြစ်ပြီး အလျားအားဖြင့် တဆစ် (1 Length) မှာ၊ (25 ~ 27.5) Mtr အလျှားရှိပါတယ်။ သဘော် အရွယ် အစားပေါါမူတည်လို့၊ အနည်းဆုံး (၅) ဆစ်/ 5 Length ကနေ (၁၅) ဆစ်/ 15 Length လောက်အထိရှိနိုင် ပါတယ်။ Singapore Water မှာတော့၊ ကျောက်ချရင် (၃) ဆစ်ခွဲ ကနေ၊ (၄) ဆစ် လောက်ဆိုလုံလောက် ပါတယ်။

Anchor Chain ကို အသုံးပြုထားတဲ့ Material ပေါါမူတည်ပြီး Class 1 (ST 1), Class 2 (ST 2) နဲ့ Class 3 (ST 3) ဆိုပြီးခွဲထားပါတယ်။ Class 1 က Mild Steel SBC 31 သို့မဟုတ် SS 41B Material ကိုသုံးပြီး၊ Class 2 မှာ Special Steel SBC 50 ကိုသုံးပါတယ်။ Class 3 အတွက် Extra Special Steel SBC 70 ကို သုံးထားပါတယ်။ Anchor Chain တဆစ်နဲ့ တဆစ်ကို ဆက်ဖို့ Joining Shackle အဖြစ် D Shackle ဒါမှ မဟုတ် Kenter Shackle ကိုသုံးပါတယ်။ Anchor Chain တွေမှာလည်း စထုတ်ကတည်းက Classification Society တခုခုရဲ့ Approved Certificate ပါရှိပါတယ်။

Anchor Chain Diameter ဟာ၊ မူထက်ထက်သေးသွားရင် ကျောက်တင်တဲ့အခါ Gypsy ထဲမှာ ခုန်နေ တတ်ပြီး၊ ရစ်တင်နေရင်းနဲ့ ချော်ကျသွားလေ့ရှိပါတယ်။ Grisly က စားနေရင် Ware down ဖြစ်နေရင်

Hull, Bottom & Tank Corrosion Protection (၂)

ICCP ဆိုတဲ့ Impressed Current Cathodic Protection System အခြေခံအလုပ်လုပ်ပုံဟာ၊ Sacrificial Anode Protection System အခြေခံအလုပ်လုပ်ပုံနဲ့ ဆင်တူပါတယ်။ vulnerable material ဆိုတဲ့ electrons တွေပိုမိုထုတ်ပေးမယ့်၊ သတ္တုတမျိုးကိုအသုံးပြုကာ၊ အခြားသတ္တုတခုသို့ reverse direction အနေနဲ့ စီးဆင်းစေပြီး၊ corrosion rate ကိုလျှော့ချတာဖြစ်ပါတယ်။


တနည်းအားဖြင့် vulnerable material တခုခုကို၊ galvanic anode အနေနဲ့အသုံးပြုကာ၊ ပြင်ပမှ DC current ကို anodes အတွင်းပေးသွင်းပြီး၊ protective current ထုတ်ယူခြင်းလို့ဆိုနိင်ပါတယ်။ ယေဘုယျ အားဖြင့် graphite, silicon iron, lead alloy နဲ့ platinised metals တွေကို၊ galvanic anode အဖြစ် အသုံးပြုလေ့ရှိပါတယ်။ 

Fig. Anodic reaction

M ဟာ၊ metal ရဲ့ atomic symbol ဖြစ်ပြီး၊ n ကတော့၊ reaction မှာဖြစ်ပေါါလာမယ့်၊ electron အရည် အတွက် ဖြစ်ပါတယ်။ 'Anodic reaction' အရ၊ steel surface မှာ excess flow အနေနဲ့ electrons တွေ ကို ပိုမိုစီးဆင်းစေမယ်ဆိုရင်၊ steel ရဲ့ cathodic polarization ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ICCP system ဟာ၊ conductive electrolyte တခုခုအတွင်းမှာပေါါပေါက်လာမယ့်၊ metal ရဲ့ open circuit potential လို့ခေါါတဲ့ unique corrosion potential ကို၊ ပြင်ပမှ electric current ပေးသွင်းကာ၊ fixed value အနေနဲ့ ထိမ်းညှိထားခြင်းဖြစ်ပါတယ်။ potential ကို fixed အနေနဲ့ controlled လုပ်ထားတဲ့အခါ၊ metal မှာ 'anodic dissolution' မပေါါပေါက်နိုင်တော့အတွက်၊ sacrificial anodes တွေလို၊ စားသွားခြင်း မရှိတော့သလို၊ corrosion ကိုလည်းလျှော့ချနိုင်ပါတယ်။ 


Fig. Basic ICCP system

ICCP system မှာ အဓိကပါဝင်တဲ့အစိတ်အပိုင်းတွေကတော့၊ power supply, AC signal ကို DC signal အဖြစ်ပြောင်းလဲပေးမယ့်၊ transformer-rectifier, anode, reference electrodes နဲ့ dielectric shield တို့ပဲဖြစ်ပါတယ်။ dielectric shield ဟာ anode နဲ့ hull plate တို့ကို၊ short current အနေနဲ့စီးဆင်း မသွားစေဖို့ တားဆီးပေးပါတယ်။ အသုံးပြုတဲ့၊ vulnerable material ဆိုတဲ့ anodes တွေဟာ၊ corrosion resistance ရှိတဲ့၊ anodes တွေဖြစ်သလို၊ low resistance current flow anodes တွေလည်း ဖြစ်ပါတယ်။ ICCP anodes တွေ အဖြစ်၊ solid platinum anodes, platinum coated titanium anodes နဲ့ platinized niobium anodes တွေကို၊ အသုံးပြုကြပါတယ်။

ICCP system ဟာ၊ power supply operating range ပေါါမူတည်ပြီး၊ protective current ပမာဏ အများအပြား ရနိုင်သလို၊ anodes အသစ်တွေနဲ့ လှဲလှယ်အစားထိုးဖို့၊ မလိုတဲ့ protection system လည်း ဖြစ်ပါတယ်။ anode အရည်အတွက်အနည်းငယ်သာ အသုံးပြုထားတဲ့ အတွက်၊

Classification Societies & Their Role (၄)

Classification society အဖွဲ့အစည်းတခုခုကို၊ အပ်နှံကာ သဘော်တည်ဆောက်နေစဉ် ကာလအတွင်း၊ classification & statutory certificates တွေကို၊ မရရှိခင် သဘော်ပိုင်ရှင် ship owner မှ၊ သက်ဆိုင်ရာ တိုင်းပြည်တခုခုမှာ၊ 'port of registry' အဖြစ် သဘော်ကို မှတ်ပုံတင်ဖို့၊ လိုအပ်ပါတယ်။ သဘော် မှတ်ပုံတင်ရာ တိုင်းပြည်မှ၊ ရေကြောင်းဆိုင်ရာကြီးကြပ်အုပ်ချုပ်မှု administration အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင် authority အဖွဲ့အစည်း ရုံးစိုက်ရာ၊ 'မြို့' အမည်ကို၊ ရေးသားဖော်ပြနိုင်တဲ့အတွက်၊ port of registry အဖြစ်၊ ခေါါဆိုသုံးနှုံးကြပါတယ်။ မှတ်ပုံတင်ထားရာ၊ registered တိုင်းပြည်ရဲ့ ရေကြောင်းဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းကို၊ 'flag state' လို့ခေါါပါတယ်။

မှတ်ပုံတင်ထားရာ တိုင်းပြည်ရဲ့ နိုင်ငံတော်အလံ 'flag' ကို၊ သဘော်မှာလွှင့်ထူခွင့် ရတဲ့အတွက်၊ 'flag state' လို့ခေါါဆိုခြင်းဖြစ်သလို၊ သဘော်မှတ်ပုံတင်ထားရာတိုင်းပြည်ရဲ့၊ 'jurisdiction' ဆိုတဲ့ ဥပဒေကြောင်းအရ စီရင်ပိုင်ခွင့်တွေ၊ ဆုံးဖြတ်ပိုင်ခွင့်တွေနဲ့ ခံစားပိုင်ခွင့်တွေကိုလည်း၊ ရရှိပါတယ်။ တနည်းအားဖြင့် သဘော်ဟာ၊ မှတ်ပုံတင်ထားရာ flag state တိုင်းပြည်မှ၊ ပြဌာန်းထားတဲ့ ကုန်သွယ်ရေကြောင်းဆိုင်ရာ Merchant Shipping Act ဥပဒေတွေရဲ့ အကျိုးကို၊ ခံစားပိုင်ခွင့်တွေ ရှိတယ်လို့၊ ဆိုနိုင်ပါတယ်။

flag state မှ၊ အပြည်ပြည်ဆိုင်ရာ၊ သဘောတူညီချက်တွေ ဖြစ်တဲ့ SOLAS လို့ခေါါတဲ့၊ International Convention for the Safety of Life at Sea 1974 ရဲ့ Chapter V Regulation 14(2) အရ၊ 'Minimum Safe Manning Certificate' နဲ့ International Convention on Tonnage Measurement, 1969 အရ၊ 'International Tonnage Certificate' တို့ကို classification & statutory certificate တွေအဖြစ် ထုတ်ပေးပါတယ်။

ဘေးအန္တရာယ်ကင်းစွာဖြင့်သွားလာကာ၊ ထိမ်းသိမ်းမောင်းနှင်ခြင်း၊ ခရီးသည် သို့မဟုတ် ကုန်ပစ္စည်း တင်ဆောင်ခြင်းနဲ့ ပြုပြင် ထိန်းသိမ်းခြင်းတွေကို စီမံဆောင်ရွက်နိုင်စေဖို့၊ လိုအပ်မယ့် သဘော်ဝန်ထမ်း ship crews and staff လူဦးရေအရည်အတွက်ကို 'Minimum Safe Manning Certificate' မှ၊ သတ်မှတ်ပေးပါတယ်။ သဘော်ဆိုက်ကပ်ရပ်နားရာ၊ ဆိပ်ကမ်းမြို့တွေရဲ့ ရေကြောင်းဆိုင်ရာ ကြီးကြပ်အုပ်ချုပ်မှု administration အဖွဲ့အစည်း သို့မဟုတ် အာဏာပိုင် authority အဖွဲ့အစည်းကိုတော့၊ 'port state' လို့ခေါါပါတယ်။

သဘော်ဆိုက်ကပ်ရပ်နားရာ၊ ဆိပ်ကမ်းမြို့တွေဟာ သဘော်ရဲ့ 'International Tonnage Certificate' မှာဖော်ပြထားတဲ့၊ အချက်အလက်တွေအပေါါမူတည်ပြီး၊ 'ဆိပ်ကမ်းခွန်' ကောက်ယူ ပါတယ်။ ဒါ့အပြင် 'International Tonnage Certificate' ကိုအခြေခံကာ၊ Suez နဲ့ Panama Canal တူးမြောင်းအုပ်ချုပ်ရေး အဖွဲ့ထံမှ Suez နဲ့ Panama Canal Tonnage Certificate တွေ ကိုလည်း၊ လျှောက်ထား ရယူနိုင်ပါတယ်။ Suez နဲ့ Panama Canal Tonnage Certificate တွေဟာ၊ သီးခြား 'Special Tonnage Certificate' တွေ ဖြစ်ပြီး၊ သဘော်ဟာ Suez နဲ့ Panama Canal တူးမြောင်းတွေကို၊ ဖြတ်သန်းတဲ့အခါ၊ သက်ဆိုင်ရာ တူးမြောင်း အုပ်ချုပ်ရေးအဖွဲ့မှ၊ 'Special Tonnage Certificate' တွေမှာဖော်ပြထားတဲ့၊ အချက်အလက်တွေ အပေါါ မူတည်ပြီး၊ 'တူးမြောင်းဖြတ်သန်းခွန်' ကောက်ယူပါတယ်။

ကုန်သွယ်ရေကြောင်းခရီးသွားလာမှု merchant shipping အဖြစ်၊ တနေရာနဲ့တနေရာ သို့မဟုတ် နိုင်ငံတခုမှ၊ အခြားနိုင်ငံတခုသို့၊ သဘော်တွေကိုအသုံးပြုပြီး၊ သွားလာတဲ့အခါ၊ မတော်တဆ ကြုံလာနိုင်တဲ့ ဘေးအန္တရာယ်တွေ၊ လူတွေရဲ့ပေါ့ဆမှုတွေနဲ့ အသုံးပြုတည်ဆောက်ထားတဲ့ ပစ္စည်းတွေကြောင့်၊ ဖြစ်ပေါါလာနိုင်မယ့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို၊ တားဆီးကာကွယ်ဖို့ classification societies အဖွဲ့အစည်းတွေနဲ့ flag state အဖွဲ့အစည်းတို့ဟာ၊ တာဝန်ယူ ပူးပေါင်းဆောင်ရွက်ကြပါတယ်။

classification societies အဖွဲ့အစည်းတွေဟာ၊ နည်းပညာနဲ့အတတ်ပညာရှုဒေါင့် technical issue ကို၊ အခြေခံကာဆောင်ရွက်ပါတယ်။ flag state ဆိုတဲ့ ကုန်သွယ်ရေကြောင်းဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကတော့၊ on board safety လို့ခေါါတဲ့ ဘေးအန္တရာယ်ကင်းစွာဖြင့်သွားလာနိုင်ရေး၊ personal training လို့ခေါါတဲ့ လေ့ကျင့်သင်ကြားရေး၊ pollution prevention လို့ခေါါတဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို၊ တားဆီး ကာကွယ်ရေးနဲ့ ship to shore communication လို့ခေါါတဲ့ ပင်လယ်၊ သမုဒ္ဒရာထဲမှ သဘော်နဲ့ ကုန်းမြေဆိပ်ကမ်းတို့ရဲ့ ဆက်သွယ်ရေးကိစ္စတွေ နဲ့ပက်သက်ပြီး၊ ပြဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာ သဘော်တူညီချက်တွေကို၊ စနစ်တကျလိုက်နာကျင့်သုံးစေဖို့၊ ဆောင်ရွက်ပေးပါတယ်။

Reference : Classification Societies - What, Why and How, IACS - International Association of Classification Societies © IACS 2011, Ship Knowledge - A mordern encyclopedia by K. Van Dokkum.

Thursday, June 28, 2012

Hull, Bottom & Tank Corrosion Protection (၁)

marine organisms လို့ခေါါတဲ့၊ အဏ္ဏဝါဇီဝသက်ရှိတွေတွယ်ကပ်တာကို၊ fouling လို့ခေါါပါတယ်။ fouling ကြောင့်၊ သဘော်ကိုယ်ထည်သံပြားတွေမှာ၊ corrosion ဖြစ်သလို၊ သဘော်ရဲ့ rudder, propeller နဲ့ hull မှာ တွယ်ကပ်နေတဲ့၊ fouling တွေကြောင့် သဘော် speed ကျတတ်ပါတယ်။ fouling ဆိုတဲ့ marine organisms တွေမကပ်ငြိစေဖို့၊ ပင်လယ်ရေနဲ့ ထိနေမယ့် သဘော်ရဲ့ hull မှာ၊ coating ဆိုတဲ့ အလွှာတခု အနေနဲ့ဆေးသုတ်ကာ၊ တားဆီးပြီး၊ သုတ်တဲ့ဆေးကို anti-fouling paint လို့ ခေါါပါတယ်။ anti-fouling paint တွေမှာ (၁) နှစ် - (၁၂) လခံ၊ (၂) နှစ် - (၂၄) လခံ နဲ့ (၃) နှစ် (၃၆) လခံ ဆိုပြီး သက်တမ်းရှိသလို သက်တမ်းပေါါ မူတည်ပြီး၊ ဈေးနှုံးကွာခြားပါတယ်။



Fig. Barnacles on hull
Fig. Marine growth in hull
Fig. Corrosion on ship side
ဟိုးအရင်က anti-fouling အတွက်အသုံးပြုခဲ့တဲ့ paint တွေမှာ toxic metallic compounds တွေ ဖြစ်တဲ့ mercury သို့မဟုတ် copper ကိုထည့်သွင်းအသုံးပြုခဲ့ရာမှ၊ အလူမီနီယမ်နဲ့ သံဖြူကို၊ ထည့်သွင်း အသုံးပြုလာကြပါတယ်။ aluminum နဲ့ tin metallic compounds တွေကလည်း၊ သဘဝ ပါတ်ဝန်းကျင်ရဲ့ Ecology လို့ခေါါတဲ့ ဂေဟဗေဒစနစ်ကိုအကြီးအကျယ် ထိခိုက်စေကြောင်း၊ ထပ်မံတွေ့ရှိခဲ့ တဲ့အတွက်၊ IMO က လုံးဝထည့်သွင်းအသုံးမပြုရန်၊ ဥပဒေပြဌာန်းပြီး၊ "Classification Societies" တွေ ကို စစ်ဆေးစေပါတယ်။

Classification Societies တွေမှ၊ "International Anti-fouling Certificate" ကိုထုတ်ပေး၊ပြီး၊ anti-fouling အဖြစ်၊ အသုံးပြုထားတဲ့ paint ဟာ သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်နိုင်ကြောင်း၊ စစ်ဆေးပြီး သက်သေခံလက်မှတ်ထုတ်ပေးရပါတယ်။ အကယ်၍ သဘော်ရောက်ရှိ ဆိုက်ကပ်ရာ တိုင်းပြည်မှ  TBT tributylin free မဖြစ်တဲ့၊ anti-fouling paint ကိုအသုံးပြုထားကြောင်း၊  စစ်ဆေးတွေ့ရှိပါက၊ သဘော်ကို ဖမ်းဆီးအရေးယူခြင်းဆိုတဲ့ detaining ကိုဆောင်ရွက်နိုင်ခွင့် ရှိပါတယ်။



Fig. Anti-fouling painting

(၁၉၈၉) ခုနှစ်ခန့်မှ စပြီး သုသေသနပြုချက်တွေအရ၊ toxic metallic compounds တွေမှ တဆင့် လူတွေကို ထိခိုက်စေတာ တွေ့ရှိရတဲ့အတွက်၊ (၁၉၉၀) ခုနှစ်မှာ IMO ရဲ့ Marine Environment Protection Committee MEPC မှ၊ သက်ဆိုင်ရာနိုင်ငံ တွေကို၊ သတိပေးချက်တွေ ထုတ်ပြန်ပေးပို့ ခဲ့ပါတယ်။ အောက်တိုဘာလ (၅) ရက် (၂၀၀၁) ခုနှစ်မှာ "International Convention on the Control of Harmful Anti-fouling Systems on Ships" ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုကို၊ စတင် ခဲ့ပြီး၊ စက်တင်ဘာလ (၁၇) ရက် (၂၀၀၈) ခုနှစ်မှစပြီး၊ Anti-fouling Regulation နည်းဥပဒေကို အသက်ဝင်စေပါတယ်။ Anti-fouling ဆိုင်ရာနည်းဥပဒေအရ၊ LOA အလျား (၂၄) မီတာ၊ GRT တန် (၄၀၀) နှင့်အထက်၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းခရီး international voyages မှာ သွားနေတဲ့ သဘော်တွေ အားလုံးလိုက်နာရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ fixed or floating ရေနံတွင်းတူး စင်တွေ၊ FSU - floating services unit တွေနဲ့ FPSO - floating production services & operation ဆိုတဲ့ ရေနံထွက်ရာနေရာမှာတင် တစ်ပိုင်းတစ်စ ရေနံချက်ပေးနေတဲ့ သဘော်တွေတော့ ပြဌာန်းချက်မှာ၊ မပါဝင်သေးပါဘူး။

corrosion ကို လျှော့ချဖို့၊ zinc အတုံးလေးတွေ သို့မဟုတ် aluminum အတုံးလေးတွေကို တတ်ဆင် ကြတာကို၊ "Hull Cathodic Protection System" တနည်းအားဖြင့် "Sacrificial Anode Protection System" လို့ခေါါပြီး၊ "ICPP - Impressed Current Cathodic Protection System" လို့ခေါါတဲ့ DC voltage ပေးကာ၊ electrically protect လုပ်တဲ့၊ corrosion protection system မျိုးကိုလည်း အသုံးပြု ပါတယ်။


Fig. corrosion in tank

ပင်လယ်ရေနဲ့ sea moisture လို့ခေါါတဲ့ ဆားဓါတ်ပါတဲ့ရေခိုးရေငွေ့တွေကို၊ အမြဲထိတွေ့နေရတဲ့ သဘော် အတွက်တော့၊ corrosion ကို ဘယ်လို မှရှောင်လို့မရနိုင်တဲ့အတွက်၊ လျှော့ချဖို့ကိုသာ၊ အတတ်နိုင်ဆုံး ကြိုးစားရပါတယ်။ ရေနဲ့ ရေခိုးရေငွေ့တွေ အမြဲထိတွေ့နေရတဲ့ material တွေရဲ့ corrosion process reaction ကို chemical reaction နဲ့ electrochemical reaction process လို့ (၂) မျိုး ခွဲခြားနိုင်ပါတယ်။

Chemical Reactions
သဘော်တွေရဲ့ iron steel surface သံသားမျက်နှာပြင် နဲ့ လေထုထဲမှ atmospheric oxygen တို့ ထိတွေ့တဲ့အခါ၊ iron အိုင်းယွန်းပြိုကွဲမှုကြောင့် iron oxide ဖြစ်ပေါါလာပြီး၊ iron oxide ဟာ ရေ နဲ့ ရေခိုးရေငွေ့တို့နဲ့ ထပ်မံထိတွေ့ခြင်းဖြင့်၊ iron hydroxide သို့မဟုတ် rust လို့ခေါါတဲ့ သံချေးတွေ ဖြစ်ပေါါလာပါတယ်။ သံချေးဟာ oxygen နဲ့ ဆက်တိုက်ထိတွေ့ခြင်းဖြင့် သံချေးတက် ဧရိယာပမာဏ ပွားများလာပါတယ်။ chemical reactions ဟာ ပထမအလွှာမှာ ရှိတဲ့ oxide Layer မှာ oxygen ပါဝင်မှု နည်းတဲ့ stainless steel မှာတော့ မဖြစ်ပေါါပါဘူး။

Electrochemical Reactions
acid အက်စစ်၊ bases ဗေစ့် အချို့သော metal သတ္တုတွေနဲ့ gas compound ဓါတ်ငွေ့ဖွဲ့စည်းမှုတွေမှာ၊ iron အိုင်းယွန်းတွေပြိုကွဲ မှုကြောင့်၊ electrochemical reaction ကိုဖြစ်ပေါါစေပါတယ်။ compound တွေ ထဲမှ ပြိုကွဲထွက်တဲ့ အိုင်းယွန်းတွေ ရွှေ့လျှားမှုကြောင့်၊ current ဆိုတဲ့ လျှပ်စီးဖြစ်ပေါါလာပါတယ်။ ရေနဲ့ ထိတွေနေတဲ့ သဘော်ကိုယ်ထည်သံပြား တွေမှာ အိုင်းယွန်းပြိုကွဲ တဲ့အခါ၊ negative iron ဖြစ်စေပြီး၊ ရေမှာ positive iron ကိုဖြစ်ပေါါစေပါတယ်။


Fig. galvanic current flow

ရေထဲမှအမျိုးအစားမတူတဲ့သတ္တုအလွှာ (၂) ခုကြားမှာလည်း၊ အိုင်းယွန်းတွေရွှေ့လျှားမှုကြောင့် လျှပ်စီး ဟာ higher potential သတ္တုမှ၊ lower potential သတ္တုသို့စီးဆင်းပါတယ်။ potential မတူတဲ့သတ္တု (၂) မျိုးကြားမှာ electron flow ဖြစ်ပေါါနေတာမို့ lower potential သတ္တုဟာတဖြည်းဖြည်းနဲ့ iron တွေကို ရေထဲ စီးစေပါတယ်။ အချိန်အတိုင်း အတာတစ်ခု ရောက်သွားတဲ့အခါ lower potential သတ္တုမှာ iron လုံးဝမကျန်တော့ပဲ 'anodic reaction' လို့ခေါါပါတယ်။ သဘော်သံပြားတွေမှာ lower potential သတ္တုအမျိုးအစားကို တတ်ဆင်ပြီး၊ anode လို့အမည်ပေးကော higher potential သတ္တုဖြစ်တဲ့ သဘော်သံပြားကိုတော့ cathode လို့အမည်ပေးပါတယ်။ hull plate ဆိုတဲ့၊ သဘော် ကိုယ်ထည် သံပြားတွေတင်မက၊ propeller နဲ့အနီးတစ်ဝိုက်ဧရိယာတွေ၊ pipeline တွေနဲ့ heat exchanger တွေ မှာလည်း၊ zinc နဲ့ aluminum ကို anode အဖြစ်တတ်ဆင်အသုံးပြုပြီး၊ corrosion protection လုပ်ကြပါတယ်။

ရှောင်လွှဲလို့မရတဲ့ corrosion ကိုလျှော့ချနိုင်ဖို့ တစ်နည်းအားဖြင့် electrochemical reactions ကိုအဓိကထား လျှော့ချနိုင်ဖို့ သဘော်တွေမှာ (၁) ။ ဆေးသုတ်ခြင်း - by painting the metal surface that is continuously exposed to water or moisture (၂) ။ zinc anode များတတ်ဆင်ခြင်း - by reversing the current using sacrificial anode နှင့် (၃) ။ impressed current system တတ်ဆင်ခြင်း စတဲ့ နည်းလမ်းတွေကိုအသုံးပြုကြပါတယ်။


Fig. Anodes in rudder blade

anode တွေကို bolt type, welded type နဲ့ clamp type ဆိုပြီး၊ တတ်ဆင်မယ့်နေရာကိုလိုက်လို့ ခွဲခြားထားပါတယ်။ bolt type နဲ့ welded type ကို under water area တွေမှာ တတ်ဆင်ပြီး၊ clamp type တွေ ကို water ballast tank တွေထဲမှာတတ်ဆင်ကြပါတယ်။ iron တွေပြိုကွဲပြီး အချိန်ကာလ ကြာလာတာနဲ့အမျှ တတ်ဆင်လိုက်တဲ့ anode တွေဟာ၊ စားသွားပါတယ်။

dock တင်တိုင်း အစားထိုးအသစ်လဲလှယ်ပေးခြင်းဖြင့် ရေနဲ့ ထိနေတဲ့ သဘော်ရဲ့ hull နဲ့ under water parts တွေ corrosion ဖြစ်ခြင်းကို၊ အထိုက်အလျှောက် လျှော့ချနိုင်ပါတယ်။ anode တွေမှာလည်း (၂) နှစ် ခံ နဲ့ (၃) နှစ်ခံဆိုပြီးသက်တမ်းကွာခြားမှုရှိပါတယ်။ zinc anode ဟာ hull နဲ့ under Water area corrosion protection အတွက်၊ သင့်လျှော်ပြီး၊ pipeline တွေနဲ့ heat exchanger တွေစတဲ့ machinery parts တွေအတွက်ကတော့ aluminum anode တွေကို အသုံးပြုဖို့သင့်လျှော်ပါတယ်။

zinc နဲ့ aluminum ကို hull နဲ့ machinery parts တွေအတွက်အသုံးပြုဖို့ ပုံသေသတ်မှတ် ထားတာတော့ မဟုတ်ပါဘူး။ ISSA - International Ship Store Association Catalog စာအုပ်တို့၊ IMPA - International Marine Purchasing Association Catalog စာအုပ်တို့ မှာ zinc anode ကိုသာဖော်ပြ ထားပါတယ်။ zinc ဟာ aluminum ထက်စာရင်ဈေးကြီးပါတယ်။ machinery parts တွေ ဖြစ်တဲ့ cooler/ heat exchanger တွေ၊ sea chest strainer တွေကို မကြာခဏဖွင့်ကာသန့်ရှင်းရေး လုပ်ရပြီး၊ သန့်ရှင်းရေးလုပ်တိုင်း၊ corrosion protection အတွက်တတ်ဆင်ထားတဲ့ anode တွေကို တစ်လက်စတည်း လဲလှယ်ကြပါတယ်။ သက်တမ်းကုန်တဲ့အထိမသုံးပဲ၊ ကြုံတိုင်း ခဏခဏလဲလှယ်လေ့ ရှိတာမို့ ဈေးပိုသက်သာတဲ့ aluminum ကိုအသုံးပြုကြတာဖြစ်ပါတယ်။

သဘော်တွေအတွက် corrosion protection မှာ paint ဟာ primary protection ဖြစ်ပြီး၊ sacrificial anode တို့၊ impressed current system တို့ကတော့ secondary protection လို့သတ်မှတ်နိုင် ပါတယ်။ paint ရဲ့အရည်အသွေးကလည်းညံ့မယ်၊ coating ကလည်း ပါးမယ်ဆိုရင် anode တွေ မြန်မြန် စားသွားပြီး သက်တမ်းတိုပါတယ်။ anti-corrosive coating တွေ အဖြစ် paint နဲ့ epoxies တွေကို သုံးလေ့ရှိပြီး၊ corrosion protection အတွက် အသုံးပြုတဲ့ နည်းလမ်းတွေဟာ သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်စေဖို့လိုပါတယ်။ storage tank တွေ ဖြစ်တဲ့ fresh water tankတွေ၊ သဘော်ရဲ့ stability ကို ထိန်းညှိပေးတဲ့ water ballast tank တွေနဲ့ tanker တွေရဲ့ cargo tank တွေမှာ special anti-corrosive coating တွေသုံးရ ပါတယ်။ အသုံးပြုမယ့် anti-corrosive coating တွေအတွက် IMO မှ Regulations တွေထုတ်ပြန်ထားသလို၊ SOLAS Regulation နဲ့လည်း guide line လမ်းညွှန်ပေးထား ပါတယ်။

Understanding the ship's pivot point



 pivot point အကြောင်း ရှင်းပြထားတဲ့ ၃ ဖိုင်တွဲ file ဖြစ်ပါတယ် ။



lights and shapes

ဒါကတော့ light and shape indentification အတွက်ပါ ။ အထဲမှာ videos များစွာ တွဲရက် ပါဝင်ပါတယ် ၊ တခုပြီးတခု playlists ကနေ select လုပ်ပြီး ကြည့်သွားနိုင်ပါတယ်။


Rules and Chart Work .

ဒါကတော့ Rule and Chart Work ကို ရှင်းပြတဲ့ video files တွေဖြစ်ပါတယ် ၊ video files 20 ပါဝင်ပြီး select playlists ကနေ မိမိကြိုက်နှစ်သက်ရာကို တိုက်ရိုက်ကြည့်ရှု နိုင်မှာဖြစ်ပါတယ် ။



Anodes

မြန်မာအင်ဂျင်နီယာဖိုရမ် ရဲ့ ရေကြောင်းအင်ဂျင်နီယာဘာသာရပ်ခေါင်းစဉ်အောက်မှာ၊ "လွန်းကျင်းနှုန်း ထားခလေးများ သိချင်လို့ပါ" ဆိုပြီးမေးလာတဲ့အခါ၊ သဘော်ကျင်းတွေရဲ့ quotation တွေနဲ့ ပက်သက်ပြီး၊ ရေးဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှ Anodes ဆိုတဲ့ post ကိုပြန်လည် ကူးယူဖော်ပြလိုက်ပါတယ်။ ဒါ့အပြင် ဒီနေရာ နဲ့ ဒီနေရာတွေမှာ ရေးသားခဲ့တဲ့ Hull, Bottom & Tank Corrosion Protection ဆိုင်ရာ post တွေနဲ့အတူ၊ ဖတ်နိုင်ပါတယ်။

Anodes ဆိုတဲ့ခေါင်းစဉ်အောက်မှာ၊ cutting off existing corroded anodes သို့မဟုတ် crop off existing anodes ဆိုတဲ့ စားသွားတဲ့ anodes အဟောင်းတွေကို၊ ဖြတ်ယူခြင်း၊ သဘော်ပိုင်ရှင်ပေးတဲ့ anodes အသစ်တွေကို၊ လိုအပ်သလို တတ်ဆင်ခြင်းနဲ့ anodes အသစ်တွေကို တတ်ဆင်တဲ့အခါ၊ access work ဆိုတဲ့၊ staging တွေ၊ လှေကားတွေကို လိုအပ်သလို၊ အသုံးပြုခြင်းတို့ပါဝင်သလို anode တခုစီ ရဲ့ ဈေးနှုံးကို၊ အခြေခံကာတွက်ယူပါတယ်။


Fig. Welded type anodes


 

Fig. Bolted type anodes

anode တခုစီရဲ့ အလေးချိန်ကို၊ အမျိုးအစားအလိုက် 3 Kg, 5 Kg, 10 Kg နဲ့ 20 Kg ဆိုပြီးယေဘုယျ အနေနဲ့ ခွဲခြားသတ်မှတ်ထားပါတယ်။ ship’s underwater area ဆိုတဲ့ သဘော်ရဲ့ရေအောက်မှာ ရှိနေမယ့် ဧရိယာတွေမှာ welded type နဲ့ bolted type anodes တွေကိုတတ်ဆင်ပါတယ်။ clamped type anodes တွေကိုတော့၊ သဘော်ရဲ့ ballast tanks တွေနဲ့ fresh water tanks တွေအတွင်းမှာသာတတ်ဆင် အသုံးပြုပါတယ်။ သဘော်ရဲ့ရေအောက်မှာ ရှိနေမယ့် ဧရိယာတခုလုံးအတွက်၊ လိုအပ်မယ့် စုစုပေါင်း အလေးချိန်ကို အခြေခံကာ၊ anodes အရည်အတွက်ကို တွက်ယူလေ့ရှိပါတယ်။

Classification Societies & Their Role (၃)

Classification Society မှထုတ်ပေးတဲ့ သက်သေခံ statutory certificates တွေထဲမှ၊ Anti-fouling certificate ကလွဲလို့ကျန်၊ certificates တွေဟာလည်း၊ validity period အနေနဲ့ (၅) နှစ် သက်တမ်း ရှိပါတယ်။ statutory certificates တွေကိုစတင်ထုတ်ပေးစဉ်မှာ၊ (၃) လ သက်တမ်းရှိတဲ့ ယာယီ 'interim certificates' တွေအဖြစ်ထုတ်ပေးပြီး၊ သက်တမ်း (၃) လအတွင်း၊ အပြောင်းအလဲ တစုံတရာမရှိမှသာ၊ (၅) နှစ် သက်တမ်းရှိတဲ့ အမြဲတမ်း 'full certificates' တွေအဖြစ်၊ အတည်ပြုပေးပါတယ်။

  Classification society မှ ပြန်လည်ပြင်ဆင်ရန်လိုတဲ့စစ်ဆေးတွေ့ရှိချက် observations တွေကို၊ 'deficiencies' များအဖြစ်သတ်မှတ်ပြီး၊ rectification အနေနဲ့ အရေးယူပြင်ဆင်ပေးရပါတယ်။ classification services အနေနဲ့ စစ်ဆေးစဉ်၊ Safety Equipments Certificate နဲ့ International Oil Pollution Prevention Certificate တို့ဟာ၊ သဘော်မှာ လိုက်ပါစီးနင်းသူတွေရဲ့ human lives ဆိုတဲ့၊ လူ့အသက်တွေသာမက၊ environment ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ပါ၊ ထိခိုက်ဆုံးရှုံးမှုတွေမှ ကာကွယ်နိုင်ဖို့၊ ပြဌာန်းထားတဲ့၊ Regulations တွေနဲ့ ကိုက်ညီမှုမရှိကြောင်း၊ စစ်ဆေးတွေ့ရှိခဲ့လျှင် သက်သေခံ statutory certificate ထုတ်ပေးခြင်းကို၊ ရပ်ဆိုင်းထားနိုင်ပြီး၊ သဘော်ပိုင်ရှင်မှ ချက်ခြင်း အရေးယူ ပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။

အလားတူ Class certificate မှ hull and machinery ဆိုင်ရာ၊ အချက်အလက်အလက်များ၊ Safety Management Certificate, DOC Document Of Compliance, International Ship Security Certificate, Cargo Ship Safety Construction Certificate, Cargo Ship Safety Radio Certificate, International Load Line Certificate, International Air Pollution Prevention Certificate နဲ့ International Sewage Pollution Prevention Certificate တို့မှ အချက်အလက်အလက်များဟာ၊ regulations တွေနဲ့ ကိုက်ညီမှုမရှိကြောင်း၊ စစ်ဆေးတွေ့ရှိခဲ့လျှင်လည်း၊ 'deficiencies' အဖြစ် သတ်မှတ်ပြီး၊သဘော်ပိုင်ရှင်မှ အနည်းဆုံး (၁၄) ရက်မှ အများဆုံး ရက်ပေါင်း (၆၀) အတွင်း၊ အရေးယူ ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။

'classification services' အဖြစ်၊ တည်ဆောက်ရာမှာအသုံးပြုမယ့် materials အမျိုးအစားတွေဟာ၊ သတ်မှတ်ထားတဲ့အချက်အလက်တွေနဲ့ ကိုက်ညီမှရှိမရှိ၊ စစ်ဆေးကာ အတည်ပြုပေးခြင်း ကို၊ ဒီနေရာမှာ နမူနာတခုဖြင့်ဖော်ပြပါဦးမယ်။ သဘော်တည်ဆောက်ရာမှာအသုံးပြုတဲ့၊ materials တွေဟာ၊ ခိုင်မာပြီး ခံနိုင်ရည်ရှိတဲ့ 'strong mechanical properties' ဂုဏ်သတ္တိတွေ ရှိဖို့လိုအပ်ပါတယ်။ materials တွေရဲ့ ဂုဏ်သတ္တိကို toughness, ductility နဲ့ malleability ဆိုပြီး ခွဲခြားသတ်မှတ်လေ့ရှိပါတယ်။

material အမျိုးအစားတခုကို၊ bending အဖြစ် 'ကွေး' လိုက်တဲ့အခါ၊ fracture ဆိုတဲ့ အက်ကွဲကျိုးပဲ့မှု မဖြစ်ပေါါပဲ၊ ကွေးကောက်နိုင်ခြင်းကို 'toughness' လို့ခေါါပါတယ်။ tough material ဟာ material actually fail ဆိုတဲ့၊ အမှန်တကယ်အက်ကွဲကျိုးပဲ့တဲ့အခြေအနေအထိ၊ အကြိမ်ပေါင်းများစွာ cycles of bending အနေနဲ့၊ bending stress အကွေးဒါက်ကို၊ ခံနိုင်ရည်ရှိဖို့လိုပါတယ်။ 'toughness' ဟာ material အပေါါ bending force သက်ရောက်တာနဲ့၊ အလွယ်တကူ အက်ကွဲကျိုးပဲ့သွားခြင်းဆိုတဲ့ 'brittleness' ရဲ့ ဆန့်ကျင်ဖက်၊ ဂုဏ်သတ္တိဖြစ်ပါတယ်။


ဆူဘရာမားနီးယမ်းရဲ့ Practical Navigation စာအုပ်

အိန္ဒိယ က ကပ္ပတိန် အိတ်ခ်ျ ဆူဘရာမားနီးယမ်းရဲ့ Practical Navigation စာအုပ်ပါ...
စာမေးပွဲ ဖြေမယ့်သူတွေအတွက် Examples & Exercises တွေလည်းပါပါတယ်...
ရိုးရိုးရှင်းရှင်းနဲ့ ထိထိမိမိ ရှိတဲ့ Practical ပိုင်းကို အသားပေးထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ...
မူရင်းကတော့ ရူပီး ၅၀၀ =  ~ ၁၀ ဒေါ်လာလောက်ရှိတယ်လို့ သိရပါတယ်...
ရန်ကုန်မှာတော့ တစ်အုပ်ကို ၃၀၀၀ လောက်ပေးရပါတယ်...
ဒီမှာတော့ ထုံးစံအတိုင်း ဖရီးပေါ့ဗျာ...
သင်္ဘောသားများ ငွေကုန်သက်သာစေဖို့ တစ်ဖက်တစ်လမ်းက ကူညီတဲ့အနေနဲ့  ဖရီးတွေပဲ Share မယ်ဗျာ... :)

ဒေါင်းဖို့ ဒီကိုနှိပ်ပါ... (၁၇.၆ မဂ္ဂါဘိုက်)

Wednesday, June 27, 2012

စီးမင်းရှစ်examiner စာအုပ်နှင့် cd ဆော့ဝဲ

ဒီစာအုပ်ကလည်းoral ဖြေမည့်သူများဖတ်ထားသင့်တဲ့စာအုပ်ပါဘဲ။မူရင်းစာအုပ်မှာပါတယ့်cd နဲ့တွဲတင်ပေးလိုက်ပါတယ်။Size က9.04MBပါ။

ဒီနေရာမှာဒေါင်းပါ

Tuesday, June 26, 2012

Classification Societies တွေရဲ့ အစ

Classification Societies တွေရဲ့ အစကတော့၊ လန်ဒန်မြို့ကြီးရဲ့ Tower Street မှ၊ Edward Lloyd ရဲ့ ကော်ဖီဆိုင်ပဲဖြစ်ပါတယ်။ ရွှေပန်းတိမ်ဆရာတွေ သဘော်ပြန်လာ၊ မလာကို အလောင်းအစား လုပ်ကြရာမှာ၊ ကုန်သည် ပွဲစားတွေနဲ့ သဘော်သားတွေပါ၊ ပါဝင်လာခဲ့ပါတယ်။ Edward Lloyd ဟာ ကော်ဖီဆိုင်ရောင်းအားတက်ကာ၊ စည်ကားစေဖို့၊ ရွက်လွှင့်ထွက်ခွာမယ့် သဘော်တွေနဲ့ ပက်သက်တဲ့အချက်အလက်တွေကို၊ စုဆောင်းကာ၊ ပုံနှိပ်ဝေဌပေးခဲ့ပါတယ်။ အလောင်းအစားကို စနစ်တကျရှိစေဖို့အတွက်လည်း၊ စာအုပ်တအုပ်မှာ ရေးသား မှတ်တမ်းတင်ခဲ့ ပါတယ်။ အလောင်းအစားနဲ့ပက်သက်ပြီး မှတ်တမ်းတင်တဲ့ စာအုပ်ကို 'Lloyd's Register Book' လို့၊ နာမည်ပေးခဲ့ကြပါတယ်။

ရေစီးကြောင်းနဲ့ လေတိုက်အားကို အားကိုးကာ၊ နေ့မှာ 'နေ'၊ ညမှာတော့ 'လ နဲ့ ကြယ်တာရာ' တွေရဲ့၊ အကူအညီကိုယူပြီး၊ 'ကမ်း' မမြင်နိုင်တဲ့ ပင်လယ်တွေနဲ့ 'လမ်း' ရှာတွေ့ဖို့မလွယ်တဲ့ သမုဒ္ဒရာကြီးတွေကို ၊ ဖြတ်သန်းခြင်းဟာ၊ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ မာယာများတဲ့ ပင်လယ်၊ သမုဒ္ဒရာမှာ၊ ရေကြောင်းခရီး သွားလာမှု အတတ်ပညာနဲ့ သဘော်တည်ဆောက်မှု နည်းပညာတို့သာလျှင်၊ အားကိုးစရာဖြစ်ပါတယ်။ အာမခံဝယ်ယူတဲ့အခါ၊ တိကျတဲ့ နည်းပညာဆိုင်ရာ သတ်မှတ်ပြဌာန်းချက် 'technical assessment' တခုပေါါ အခြေခံဖို့လိုအပ်တဲ့အတွက်၊ Edward Lloyd ရဲ့ ကော်ဖီဆိုင်မှ၊ စခဲ့တဲ့ အဖွဲ့အစည်းမှ၊ ပထမဆုံး classification regulation ကို၊ (၁၇၆၄) ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။

Classification Societies

သဘော်တစီးကို၊ တည်ဆောက်အသုံးပြုရာမှာ နည်းပညာ၊ အတတ်ပညာနဲ့ တတ်ဆင်ထားတဲ့ စက်ပစ္စည်း၊ ကရိယာတွေဟာ 'technically satisfactory state' ဆိုတဲ့၊ အဆင့်မှီပြီး၊ စိတ်ချ ယုံကြည်စွာအသုံးပြုနိုင်တဲ့ အနေအထားမှာ မရှိခဲ့လျှင်၊ မတော်တဆ ကြုံတွေ့လာမယ့်ဘေးအန္ထရာယ် accidents တွေနဲ့ ပျက်စီးမှု damages တွေဖြစ်ပေါါနိုင်ပါတယ်။ ဘေးအန္ထရာယ်နဲ့ ပျက်စီးမှုတွေကြောင့် သဘော်မှာလိုက်ပါစီးနင်းသူတွေရဲ့ human lives ဆိုတဲ့၊ လူ့အသက်တွေသာမက၊ environment ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ပါ၊ ထိခိုက်ဆုံးရှုံးနိုင်ပါတယ်။

ရေကြောင်းခရီးသွားလာကုန်သွယ်မှု 'shipping industry' မှတဆင့်၊ human lives နဲ့ environment ကို မထိခိုက်စေဖို့၊ တနည်းအားဖြင့် သဘော်တစီးဟာ 'technically satisfactory state' အနေအထားမှာ၊ အမြဲပုံမှန်ရှိနေစေဖို့ 'regulations and codes' ဆိုတဲ့ စည်းမျှဉ်းနဲ့ ဥပဒေတွေကို၊ အပြည်ပြည်ဆိုင်ရာသသဘောတူညီချက် 'international conventions' တွေအရ၊ ပြဌာန်းထားပါတယ်။ အမှန်တကယ် လိုက်နာကျင့်သုံးခြင်း ရှိမရှိကိုလည်း၊ အာဏာပိုင် အဖွဲ့အစည်းတွေကိုယ်စား၊ စစ်ဆေးထိန်းကြောင်းပေးဖို့လိုလာပါတယ်။ 'Classification Societies' တွေဟာ၊ အာဏာပိုင်အဖွဲ့အစည်းတွေ ကိုယ်စား၊ 'technical issues' ဆိုတဲ့ နည်းပညာနဲ့ အတတ်ပညာဆိုင်ရာရှူဒေါင့်မှ စစ်ဆေးသတ်မှတ်ကာ အတည်ပြုပေးတဲ့၊ 'classification and statutory services' လုပ်ငန်းကို၊ တာဝန်ယူဆောင်ရွက်ပေးပါတယ်။



3 Point Fix

Colreg 72 examiner

ဒီ software ကလည်း size သေးသေးနဲ့အရမ်းကောင်းပါတယ်။အဓိက ကတော့မီးကပ်တွေကိုပြပေးတာပါ။Size က 1MB ပဲရှိပါတယ်။
Download from mediafire

Facebook လုပ်ဆောင်ချက်များ

facebook အကြောင်းကောင်းကောင်းမသိသေးတဲ့ဘော်ဘော်တို့အတွက်ပါ။Sizeက8.7MBပါ။
Download from mediafire

ကမ္ဘာ့အကြီးဆုံးသင်္ဘောတင်သင်္ဘော





သင်္ဘောတစ်ကာတို့ ရဲ့ ထိပ်ခေါင်.... ဆိပ်ခံဘော ၄ ခု၊ သင်္ဘောကိုယ်ထည် ၁၈ခုတို့ အား
တင်ဆောင်ကာ တရုတ်နိုင်ငံ နန်တုံဆိပ်ကမ်းမှ တင်ဆောင်ထွက်ခွာလာစဉ်... The ship of all ships: The largest cargo transport ship in the world, the Blue Marlin of Dockwise, carries four pontoons and 18 hulls on its back from Nantong Port, China

အဆိုပါ ဘလူးမာလင်း သင်္ဘောကြီးဟာ ပေ ၇၁၂ ပေရှည်ကာ အနက်၊ စောက် ၁၃၈ ပေရှိကာ သူ့ ရဲ့ ကုန်းပတ်အကျယ်က ဘောလုံးကွင်း ၂ ကွင်းစာလောက်ရှိပါတယ်... ရေမိုင် ၁၃ မိုင်အထိမောင်းနှင်နိုင်ပြီး မြင်းကောင်ရေ ၁၇၀၀၀ အားရှိတဲ့ ဒီဇယ်အင်ဂျင်တပ်ဆင် ထားကာ သင်္ဘောဝန်ထမ်းပေါင်း ၂၄ ဦးရှိပါတယ်... ဒီသင်္ဘောကြီးကိုထိမ်းကျောင်းမောင်းနှင်ရတာဟာ ရေပေါ်မျှောနေသည့် အဆောက်အဦးကြီး တစ်ခုလုံးအား ထိမ်းရသလိုဖြစ်နေမှာလို့ ဆိုနိုင်ပါတယ်.... အထက်ပါပုံတွင်ပါရှိသည့် တန်ချိန် ၆ သောင်းကျော်ရှိမည့် သင်္ဘောကိုယ်ထည်များနှင့် ဆိပ်ခံ ဘောများဟာ ကိုရီးယားတွင် အကြမ်းထည်ပြုလုပ်ကာ ရိုတာဒမ် သို့ ပို့ ဆောင်ပြီး အချောသတ် တည်ဆောက်မှာဖြစ်ပါတယ်...
တစ်ချို့ သောသင်္ဘောများကိုတော့ မြစ်တွင်းသွားသင်္ဘောများအဖြစ်တည်ဆောက်မှာဖြစ်ပြီး တစ်ချို့ ကိုတော့ ပင်လယ်ပြင်ရေနံတူးခြင်းကဲ့ သို့ သောဆောက်လုပ်ရေးဆိုင်ရာသင်္ဘောများအ ဖြစ်ဖန်တီးတည်ဆောက်မှာဖြစ်ပါတယ်... ဒီသင်္ဘောကြီးပေါ်တွင်တင်ဆောင်ထားသည့် ကုန်ပစ္စည်း ( သင်္ဘော၊ ရေနံတူးစင် ) များအား မ, ချီနိုင်မည့် ကရိန်း၊ ၀န်ချီစက်မရှိတာမို့  ၎င်းသင်္ဘောအား နည်းပညာအသစ်ဖြစ်ဝမ်းဗိုက်ရေသို လှောင်ကန်များအတွင်းရေဖြည့် လိုက်ရုံဖြင့် ကုန်းပါတ်အား ရေအောက်၁၃မီတာအထိနှစ်မြုပ်ထား စေရန်ဖန်တီးတည်ဆောက်ထားပါတယ်... သင်္ဘောများ၊ ရေနံတူးစင်များအား ထိုကုန်းပါတ်ပေါ်တွင် ရပ်တန့် ကာ သိုလှောင်ကန်အတွင်းမှ ရေများ ဖယ်ထုတ်လိုက်ရုံဖြင့်ကုန်တင်သင်္ဘောကြီးပေါ် တင်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်...


Dictionary of engineering

ဒါကတော့engineersသူငယ်ချင်းများအတွက် dictionary ပါ။Size ကတော့ 5MBပါ။
Download from mediafire

Cargo Notes

ဒီစာအုပ်ကလည်း second oral အတွက် dma ကထုတ်ပေးတဲ့စာအုပ်ပါဘဲ။အောက်မှာဒေါင်းပါ။Size က 27MBပါ။
Download from ziddu
Download from depositfile
Download from megashare
Download from bandogo
Download from hotfile
Download from queenshare
Download from rapid gator
Download from fileflyer
Download bayfile

ဘောင်းဒစ်ခ်ျ navigation စာအုပ်

ဘောင်းဒစ်ခ်ျ navigation စာအုပ်

အမေရိကန် Practical Navigator... ဘောင်းဒစ်ခ်ျ စာအုပ်ပါ...
ပါဝင်တဲ့ အကြောင်းအရာတွေ တော်တော်စုံပါတယ်...

ဒေါင်းဖို့  ဒီကိုနှိပ်ပါ

(အခု Post ကစပြီး ကျနော်တတ်နိုင်သလောက် မြန်မာလို ညှပ်ရေးပြီးတင်ပါမယ်... Copy Right တွေ ဘာတွေနဲ့ ညိလို့ Blog ကို report လုပ်ခံရမှာ စိုးလို့ ပါ... )

Monday, June 25, 2012

Seamanship Notes

                      Second mate Oral စာမေးပွဲဖြေမည့်သူများအတွက်ဖတ်ထားသင့်တဲ့စာအုပ်ပါ။ second mate ဖြေမည့်သူများကိုdma ကထုတ်ပေးတဲ့စာအုပ်လည်းဖြစ်တယ်။လိုချင်ရင်တော့                                       Download from deposit                                                                                                                                Download from hotfile 
Download from sendmyway                                                                                                                                                                                                                                         

Safe Speed Presentation Video



Safe Speed အကြောင်းကို နားလည်သဘောပေါက်တဲ့ ဘက်ကနေ ပြောပြထားတဲ့ ဗွီဒီယို ဖိုင်လေးတခုအနေနဲ့ share လုပ်လိုက်တာပါ ။ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေအနေဲ့

 Click Here to Download . ok .

Change Your Windows Log On Pic by Yourself .




This is the portable softwares that you can use as log on change setting from your windows 7 os computer , you can change your defalt screen pic to your favourite one , even it is portable and small , i hope you may useful when you really create log on screen you yourself .

if you wanna download ,            Click Here to Download !!! 

Ballast Water Presentation

This time I would like you to share one of my data which is ballast water presentation swf file , you no need to install that file , just download and watch this , if you dont have that presentation , i hope you will got some data for your career , so anyone who want to watch that please click here to download . thanks .


Morse ကုဒ် တွေကို PC မှာလေ့ကျင့်ကြမယ်...

စူပါ Aldis ဆိုတဲ့ Morse Code ပရိုဂရမ် လေးပါ...
Install လုပ်ဖို့ မလိုတဲ့ Portable လေးပါ
.exe ကို Run ပြီး Control ဆိုတာကို ဖွင့်ပြီး ကိုယ်ရေးချင်တာရေးပြီး Speed တို့  Colour တို့ 
လိုချင်တာရွေးပြီး Start နှိပ်လိုက်ရင် Program က Morse Code တွေလွှတ်ပါပြီ...
Signal ဖြေမယ့်သူတွေ... Morse Code ကို Practice လုပ်ချင်သူတွေအတွက် အသုံးဝင်မယ့် ပေါ့ပေါ့ပါးပါး Program လေးပါ...

ဒေါင်းဖို့ ဒီကိုနှိပ်ပါ

(Original owner - Unknown )

STS စာအုပ်

Tanker သမားတွေအတွက် STS ဂိုက်ဒ် ( :P ) စာအုပ်ပါ...
၂၀၀၅ခုနှစ်ကစာအုပ်... ၄ ကြိမ်မြောက်ထုတ်တဲ့စာအုပ်...

ဒေါင်းဖို့ ဒီကိုနှိပ်ပါ

(Original owner - Unknown )

Sunday, June 24, 2012

ဝေလငါးတွေရဲ့ကုသိုလ်။

Note ဝေလငါး = သင်္ဘောသားများ

ဝေလငါးများသည် သမုဒ္ဒရာတစ်ခုမှ တစ်ခု အတွင်း အန္တရယ်နဲ့ကြုံတွေ့ပါက
တစ်ကောင်နဲ့တစ်ကောင် ရေအောက် အသံလှိုင်းများနှင့်ဆက်သွယ်သတိပေးတတ်လေသည်။
သူတို့၏ ဘာသာရပ်သည် တိုထိမိ သော Morse code များ သဖွယ်ဖြစ်၏
ထို့အပြင် ဝေလငါးတစ်ကောင်၏ နှာမှုတ်သံ ကို တစ်ခြားဂြိုလ်ကပင် ပဲ့တင်သံကြား
ရသည်ဟူ၍ ဖတ်ဖူး သဖြင့် ကဗျာ ထက်မှာစာတင် ဂုဏ်ပြုဖွဲ့လိုက်ရပါသည်။


ဝေလငါးတွေရဲ့ကုသိုလ်။
--------------------------

ပြာသောညတစ်ည
ကောင်းကင်ယံထက်မှာ
ကျနော်  ကြယ်စုတစ်စုကို
ရှာဖွေတွေ့ရှိလာခဲ့ပါတယ်။

အဲဒီကြယ်စုက
ကျနော့် အဖေပိုင်တဲ့ကြယ်စုပဲ
ကဲ..
ခင်ဗျားတို့ရယ်ချင်ရယ်
ကျနော်ကတော့
ခပ်တည်တည်ဘဲ
အဖေလမ်းပြတဲ့နောက်
တောက်လျှောက်လိုက်ပါခဲ့ပါပေါ့။

အဖေ့ပိုင်ဆိုင်တဲ့ဂြိုလ်ငယ်လေးမှာ
ငြိမ်းချမ်းရေးစိုက်ခင်းတွေပျိုးထားတယ်
ဟယ်လီကွန် နဲ့ Ambulance ကိုဆင်ထားတယ်
ကန္တာရထဲက ကုလားအုပ်တွေလို
ဇွဲရှိတဲ့လူယဉ်ကျေးတွေနေထိုင်တယ်
ပိုပြီး ကိုယ်ကျင့်တရားသက်လုံလဲကောင်းကြတယ်။

ဒီလိုနဲ့ဘဲ
မြေနင်းသားတွေ
ငွေခင်းကစားနေရင်း
ထင်တဲ့အတိုင်း
စေတန်ကိုအပြစ်တင်
ထိုးစစ်ဆင်ကြ ပြန်ပြီဗျာ...

ဘုရားသခင်လဲ
အရင်အတိုင်းပဲ
ဘာမှမတတ်နိုင်ရှာပြန်ဘူး
သိကြားမင်းက ခပ်မဆိတ်
လက်ပိုက်ကြည့်နေ
နတ်ဒေ၀ါတွေကလဲ ..
ဒစ္စကိုမှာ စတေးရှောင်ပုန်းလို့
အဲ့ဒီ
သရဲတစ္ဆေရော့ခ်သဘင်ကြီးအလယ်မှာ
ဒိုင်ယာနာ ည၀တ်အင်ကျီပါးပါးတစ်ထည်ကို
အလုအယက် ပြေး
လေလံ တင် ဈေးကြီးပေးဝယ်နေတဲ့ညကပေါ့။

ပိစိဖိတ် ညလည့်ယံ က
ကျနော်တို့ဝေလငါးတွေ
ပေးပို့လိုက်တဲ့
အက်စ်အိုအက်စ် (ကယ်ဆယ်ရေး)
ရေဒီယိုလှိုင်းတွေကြားရင်..

ပင်လယ်ပျော် ကျနော်တို့တွေ
နေခြည်နုမှာ လူစုလို့
ဒီတစ်ခါလဲ
ကောင်းမှုတွေပြုရစ် ကြပြန်ဘီလို့မှတ်
ကုသိုလ်တွေကို
ဘုရားမှာကပ် ပါတယ်အဖေ။
သာဓုခေါ်နော်...

ဒီကနေရေတွက်
သမိုင်းတွင်မဲ့နေ့တစ်ရက်မှာ
အဖေနဲသား
ဆုံတွေ့ ကြမယ်လေ..

အဖေရယ်
ကျနော်ရယ်
ဟယ်လီကွန်ရယ်
ကုလားအုပ်တွေရယ်
ဝေလငါးတွေရယ်...

ပေါင်းစည်းတဲ့
ဘုံကထိန်ပွဲမှာ
ဦးရွှေရိုးတစ်ပွဲလောက်တော့
နွဲလိုက်ချင်သေး။


(မိသားစုအတွက် ချွေးနဲစာနဲ့ အသက်စွန့်စားနေသူသင်္ဘောသားများကိုယ်စား)

ရာစု
ကမ္ဘာ့ရေပြင်ကျယ်တစ်နေရာ။

copyright by Yarzu. 

ဒီဂျေဟောက်စ် ရဲ့ Seamanship စာအုပ်

ဒီဂျေဟောက်စ် ရဲ့ Seamanship စာအုပ်ပါ...
အရမ်းကောင်းပါတယ်...
အပြင်မှာတစ်အုပ်ကို တစ်သောင်းလောက် ပေးရပါတယ်...
အဲဒါနဲ့ ကျနော်လည်းအပြင်မှာမဝယ်ဘူး... Online ကပဲ ဒေါင်းပါတယ် :)
အားလုံးအတွက်ပြန် share ပေးတာပါ...

ဒေါင်းဖို့ ဒီမှာ click နှိပ်ပါ

Unit တွေပြောင်းဖို့ ...

Unit တွေပြောင်းတဲ့ ပရိုဂရမ် လေးပါ...
file size သေးသေးနဲ့ ... သုံးရတာလွယ်ပြီး Unit တော်တော်စုံပါတယ်...
သင်္ဘောသားတိုင်းဆောင်ထားသင့်တယ်ထင်လို့ ပါ...
" .exe "  ကို run ပြီးရင် ခဏစောင့်ပါ။
ပြီးရင် "Continue Evaluation" ဆိုတာကိုနှိပ်ပြီးရင်သုံးနိုင်ပါပြီ...

ဒေါင်းဖို့ ဒီမှာ နှိပ်ပါ

Thursday, June 21, 2012

marlins english test trainer for my friends

Marlins english စာအုပ်နဲ့Audio ကိုတော့တင်ပြီးသွာပြီ။ဒီ software ကတော့ marlins english test trainer ပါ။လိုချင်သူများအောက်မှာဒေါင်းလိုက်ပါ။File size က 3.18MB ဘဲရှိပါတယ်။
Download

Marlins english စာအုပ်နှင့် Audio cd

မင်္ဂလာပါဘော်ဘော်တို့။Maritime english လေ့လာချင်သူများအတွက်အခြေခံကနေပြီးစသင်ရမှာပါ။Audio fileလည်းပါတယ်။လိုချင်သူများဒေါင်းလုပ်လွယ်အောင်လို့ ကျွှန်တော် mediafireကနေတင်ပေးလိုက်ပါတယ်။File size ကတော့67.7MBပါ။


Download from mediafire

Thursday, June 14, 2012

definitions 8000ကျော်ပါတဲ့ nautical term dictionary

definitions 8000ကျော်ပါတဲ့ nautical term dictionary

http://www.mirrorcreator.com/files/KOQLHPOZ/Dictionary_of_Nautical_Words.zip_links 

Download from mediafire
Download from depositfile
Download from ziddu
Download from rapidshare

ကို ဖော်ပြရာနေရာမှာ သွားရောက် ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ် ဆိုတဲ့ အကြောင်း ။

ABသွေး ၊ A - သွေး ၊ B-သွေး ၊ O-သွေး ပိုင်ရှင်တို့ရဲ့ အကြောင်း




သွေးအုပ်စု - O

၁။ မုဆိုးနှင့်တူသော စရိုက်လက္ခဏာ ရှိသည်။

၂။ အစာ၊ ရေမျိုပြွန် တစ်လျှောက်မကောင်း။

၃။ လွန်ကဲသော ရောဂါခုခံ ကာကွယ်မှုစနစ်ကို ပိုင်ဆိုင်ထားသည်။

၎။ အစားအသောက် ပတ်ဝန်းကျင်တို့နှင့် လိုက်လျော ညီထွေမှု မရှိပါ။

၅။ ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားခြင်းဖြင့်ကိုယ်လက်လှုပ်ရှားမှုကို အကောင်းဆုံး တုံ့ပြန်နိုင်သည်။

၆။ကျစ်ကျစ်လျစ်လျစ်နှင့် အင်အားပြည့်နေစေရန် သွက်လက်ထိရောက်သာ ဇီဝဖြစ်ပျက်မှု ဖြစ်စဉ် လိုအပ်သည်။


International Transport Worker’s Federation – ITF အဖွဲ့အစည်း မြန်မာနိုင်ငံတွင်ရှိစေလို(အယ်ဒီတာ့ထံ ပေးစာ)

အယ်ဒီတာရှင့်
ဒီစာက ကျွန်မရဲ့ ပုဂ္ဂလိက ခံစားချက်ဆိုပေမယ့် အားလုံးရဲ့ ကောင်းကျိုးအတွက် ကျွန်မ အကြံ ပြု ရေးသားရခြင်းပါ။ တကယ်တော့ ဒီစာရေးဖြစ်တဲ့ အကြောင်းတရားက ကျွန်မအတွက် တန်ဖိုးကြီးမားပါတယ်။ သားတစ်ယောက်လုံး ဆုံးရှုံးခံလိုက်ရပြီးမှ တခြားတခြားသော သားတွေ၊ တခြားတခြားသောမိခင်တွေ မိသားစုတွေအတွက် ရည်ရွယ် ရေးသားရခြင်း ဖြစ်ပါတယ်။
ကျွန်မ၏ တစ်ဦးတည်းသော သားဖြစ်သူ စောနိုးနိုးထွန်းလင်းသည် ရေကြောင်းသိပ္ပံ (ယခု- ကောလိပ်)အမှတ်စဉ်(၃၅)ကို တက်ရောက်အောင်မြင်ခဲ့ပြီး Sea Service နှစ်နှစ်ရရှိရန်အတွက် ပထမအကြိမ်တွင် THACOSMARITING Co., Ltdတွင် ၁ နှစ်တာ တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ဒုတိယအကြိမ်တွင် မြန်မာနိုင်ငံ ရှိ ဒေသခံ Marlow ကုမ္ပဏီ၏ စီစဉ်ပေးမှုဖြင့် ၆-၄-၂ဝ၁၁ တွင် DECK-CADET တာဝန်ထမ်းဆောင်ရင်း ၈-၁၁-၂ဝ၁၁တွင် စပိန်နိုင်ငံ Malaga ဆိပ်ကမ်း၌ ကွယ်လွန် ခဲ့ရပါသည်။
 
ကွယ်လွန်စဉ် ကုမ္ပဏီမှ သင်္ဘောပေါ်မှကျ၍ ရေနစ်သေဆုံး ကြောင်း ဖုန်းဖြင့် အကြောင်းကြားခဲ့ပါသည်။ ၂၅-၁၁-၂ဝ၁၁ တွင် သား၏ ရုပ်ကလာပ် စပိန်မှ ရန်ကုန် သို့ ရောက်ရှိခဲ့ပါသည်။
၂၇-၁၁-၂ဝ၁၁ ရက်တွင် သားအား သင်္ဂြိုလ်ရန် ဈာပနပြင်ဆင်ရာတွင် သား၏မျက်နှာ၊မေးစေ့၊ နှာခေါင်းရင်းတို့တွင် ပြင်းထန်စွာ ထိုးနှက်ထားသော ဒဏ်ရာများ အပြင် ခြေထောက်တွင် U ပုံသဏ္ဌာန်ချုပ် ထားသောဒဏ်ရာများကို ဝမ်းနည်းမှု များစွာဖြင့် တွေ့မြင်ခဲ့ရပါသည်။ အထက်ပါဖြစ်စဉ်ကို ဒေသခံကိုယ်စားလှယ် ကပ္ပတိန်၏ မိသားစုလည်း တွေ့မြင်ခဲ့ပါသည်။
သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီက သားအမှုနှင့်ပတ်သက်၍ ITF (International Transport Worker’s Federation) သို့ တိုင်ကြား နိုင်ကြောင်း ပြောဆိုခဲ့ပါသည်။
သား၏ဖြစ်စဉ်များကို သင်္ဘောသားများနှင့် သက်ဆိုင်သောဝန်ကြီး အဖွဲ့အစည်းအသီးသီး၊ SECD၊ MOSA ဌာနများသို့ ဓာတ်ပုံ အထောက်အထားများဖြင့် တင်ပြ အကူအညီ တောင်းခံခဲ့ရာတွင်လည်း ITF သို့ တိုင်ကြားနိုင်ကြောင်းကို အကြံပြုပြောဆိုခဲ့ပါသည်။


လွတ်လပ်သော သင်္ဘောသား သမဂ္ဂ ပေါ်ပေါက်သင့်ပြီ



ကျွန်တော်တို့ မြန်မာပြည်မှာ အထူးသဖြင်. ကျွန်တော်တို့သက်တမ်းတွေမှာ သင်္ဘောသားတွေဟာ လူ.အခွင့်အရေး မိမိရပိုင်ခွင့် အဆုံးရှုံးဆုံး အလုပ်သမားလူတန်းစားအနေနဲ့ ရပ်တည်လာကြရတာ ကြာပါပြီ
အသုံးမကျတဲ့ ရုပ်ရှင် ဗီဒီယို နဲ. စာပေတွေကြောင့်လည်း ပြည်သူတွေကလည်း သင်္ဘောသားတွေပေါ် အကောင်းမြင်တာနဲပါတယ်။ဝင်ငွေခွန်ဆိုယင်လည်း အခြားသူတွေထက် မြားပျားလှစွာ ဆောင်ခဲ့ရတာအားလုံးအသိပါပဲ။
ကျွန်တော်တို့အတွက် အဆိုးဆုံးအခြေအနေကတော့ နိုင်ငံရပ်ခြားမှာ ဒုက္ခရောက်တဲ့အချိန် မြန်မာ သံရုံးတွေနဲ့ အစိုးရက ဘာတစ်ခုမှပြန်မကြည့်တဲ့အပြင် နိုင်ငံပြန်ရောက်လာယင် အခွန်ကိုမဖြစ်မနေပေးဆောင်
ကြရတာအားလုံးအသိပါပဲ။အဲဒီ့အဖြစ်အပျက်တွေက တဆင့်စကားကြားတာမဟုတ်ဖူး ကိုယ်တွေ.ဖြစ်ရပ်မှန်တွေပါ သက်သေအထောက်အထားအပြည့် အစုံရှိပါတယ်။

Wednesday, June 13, 2012

Myanmar Typing Tutor

ဒါကတော့ကျွှန်တော့သူငယ်ချင်းထွန်းထွန်းလင်းတောင်းထားတဲ့ software လေးပါ။မြန်မာလက်ကွက်ကျင့်ချင်သူများအတွက်ပါ။အရမ်းကောင်းပါတယ်။မြန်မာလူမျိုးတစ်ယောက်ကဒီ software ကိုရေးထားတာပါ။မြန်မာလက်ကွကလေ့ကျင့်နိုင်တဲ့အပြင် နောက်ခံတီးလုံးကလည်းမြန်မာဆိုင်းကိုထည့်ထားပါတယ်။Typing  uကျင့်ရင်းမြန်မာမူ့မြန်မာ့ဟန်အပြည့်အဝခံစားရမှာပါ။game တွေလည်းပါတယ်။မြန်မာသူချင်းကို keyboard နဲ့လည်းတီးလို့ရတယ်နော်။English typing လည်းရပါတယ်။လိုချင်သူများအောက်မှာဒေါင်းလိုက်ပါ။


Download from deposit
Download from megashare
Download from bayfile
Download from crocko
Download fromjumbofile
Download from bandago
Download from ziddu
Download from file flyer
Download from rghost

Tuesday, June 12, 2012

mariner များအတွက် screensaver

မင်္ဂလာပါ။ဘော်ဘော်တို့။ဒီတစ်ခါတင်ပေးမယ့် software ကတော့screen saver software ဖြစ်ပါတယ်။သဘောင်္သားနဲ့သက်ဆိုင်တဲ့ screen saver လေးပါ။သူကဘာကိုပြလဲဆိုရင်မိမိရဲ့contract ကိုပြပါတယ်။မိမိသဘောင်္မှာဘယ်နှစ်ရက်နေပြီးပြီလဲ။sing off လုပ်ဖို့ဘယ်နှစ်ရက်ကျန်သေးလဲ။လစာဘယ်လောက်ရပြီလဲ။second နဲ့အမျှလစာတိုးနေတာကိုဖော်ပြပေးပါတယ်။sign off ခါနီးလူကတော့ဒါကိုကြည်ပြီးပျော်နေမှာပါ။အောက်မှာscreen shot နဲ့ပြထားပါတယ်။
လိုချင်သူများဒီမှာသွားဒေါင်းလိုက်ပါ။
အထက်ပါလင့်မှာဒေါင်းမရသူများအတွက် media fire ကနေတင်ပေးလိုက်ပါတယ်။

Download from mediafire
Download from depositfile
Download from ziddu

Monday, June 11, 2012

သင်္ဘောကြီးမောင်းကြရအောင်။




ကျနော်တို့ စာရွက်စာတမ်းကိစ္စတွေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေစည်းမျဉ်းတွေခဏထားပြီး
ရိုးရိုး ပုံမှန်သင်္ဘော တစ်စီးကိုကိုင်တွယ်တာရယ်ကျောက်ချတာရယ် သိသလောက်လေး
ကြုံဘူးတာလေးတွေ အရာရှိတွေကိုမျှဝေချင်ပါတယ်။(သူကြီးတွေ ကို မပြောပါ)

သင်္ဘောပေါ်မှာအမြင့်ဆုံးမှန်းနိုင်တာ သူကြီးပါ၊ သူကြီးတစ်ယောက်အတွက် အရေးကြီးတာက

ဆိပ်ကမ်း အ၀င်အထွက် ကမ်းကပ်တာနဲ့ ကျောက်ချ တာ Channeling လုပ်တာလို့ထင်ပါတယ်။

ကျနော်က စာအုပ်ကြီးသမားမဟုတ်လို့ ကိုယ်သိတာကိုဘဲပြောပါမယ် လှေနံ့ဒါးထစ် မမှတ်ယူဘဲ

ဗဟုသုတ အဖြစ်မှတ်ကြစေလိုပါတယ်။ဆရာစားမချန်သိတာလေးနဲနဲကို share လုပ်တာပါဗျာ။


ကျောက်ချတဲ့ ကိစ္စ မလုပ်ခင်

ကျနော် ကိုယ်တိုင် လေ့လာတွေ့ရှိချက် နဲ့ ကျနော်တို့Ship Handling Course တွေ မှာသင်ရတတ်တဲ့ သင်္ဘောနဲ့ပတ်သတ်တဲ့

သိသင့်တာလေးနဲနဲပါးပါးကို Summarize လုပ်ကြည့်ရအောင်။

Sunday, June 10, 2012

Worldwide Nautical Schools List

Cape Town 
- Center for Maritime Studies - Cape Town , South Africa -Australian Maritime College Tasmania

United States Merchant Marine Academy

... -California Maritime Academy- Maritime College of Engineering, Business & Transportation
-Massachusetts Maritime Academy
-U.S. Merchant Marine Academy - Kings Point

United Kingdon

-Governmental Aberdeen College
-Governmental Glasgow College of Nautical Studies
-Governmental Greenwich Maritime Institute

Saturday, June 9, 2012

Navi Trainer

scribd မှာ download လုပ်ရတာ အဆင်မပြေသော သူများအတွက် click here to download  
 မှာ ပြု လုပ်နိုင်ပါတယ် ။ Navi Trainer

ရေကြောင်းအရာရှိနှုတ်ဖြေ အတွက် လေ့လာရန် စာအုပ်

သူငယ်ချင်းတွေ ၊မိတ်ဆွေတွေ ဗဟုသုတလည်းရ ၊ စာမေးပွဲ အတွက်လည်း အထောက်အကူဖြစ်အောင် တင်ပေးထားတာပါ ။ ဒီစာမျက်နှာမှာပဲ တခါတည်း ဖတ်ရှုနိုင်သလို ၊ သဘောကျတယ်ဆိုရင်                       

Click here to download this book .

O r a l

COLLISION REGULATION BOOK

ရေကြောင်းပညာရပ်မှာ လိုက်နာရမယ့် နည်းဥပဒေသတွေကို အဓိပယ်ရှင်းလင်းချက်တွေနဲ့တကွ ဖော်ပြထားတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပြီး ၊ စာမေးပွဲဖြေဆိုရန်အတွက် အကောင်းဆုံး အထောက်အကူပြုစာအုပ်တအုပ်လည်း ဖြစ်ပါတယ် ၊ download လုပ်မယ် ဆိုရင်


 click here to download ! 



COLLISION REGULATION EBOOK

Hand Book for Junior Nautical Officer(Capt - Moe Kyaw)

ရေကြောင်းအရာရှိငယ်တွေအတွက် အထောက်အကူဖြစ်စေမယ့် အကြောင်းအရာတွေကို ရေးသားတင်ပြပေးထားတဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ် ။ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ် ။

Hand Book for Junior Nautical Officer(Capt - Moe Kyaw) - HG

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျောက်ထားမည့်သင်္ဘောသားများအတွက် လမ်းညွှန် ။

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျောက်ထားမည့်သင်္ဘောသားများအတွက် လမ်းညွှန် ။

သက်တမ်းတိုး လျောက်မယ့်လူတွေက 

၁ ။ ပုံစံ ၁၇ အရင် လုပ်ရပါ့မယ် ၊
၂ ။ ရလာတဲ့ ပုံစံ ၁၇ နှင့် ပုံစံ၁၉ လုပ်ရပါမယ် ။
၃ ။ မနလ ရုံးတွင် ဖောင် နှင့် ဓတ်ပုံ နှင့် ဘဏ်ငွေသွင်းရပါမယ် ။ 
၎ ။ ထို့နောက် ရေကြောင်းတွင် စာရွက်စာတမ်းများ ဆုံလင်အောင် ပြုလုပ်ရပါမယ် ။ 
၅ ။ နောက်ဆုံး မနလတွင် ကျွန်တော်တို့ ၏ စာရွက်စာတမ်းများကို ပြန်လည် အစစ်ဆေးခံပြီး 
သက်တမ်းတိုးလျောက်ပြီးကျောင်းစာရွက် လက်ခံပြီးသည်မှ ၂ ပတ်ပြည့်တဲ့နေ့မှာ
ရေကြောင်းဦးစီးမှာ မနလစာအုပ်ကို ပြန်လည် ထုပ်ယူနိုင်ပါပြီ ။