Wednesday, October 5, 2016

သေဘာၤသား နှင့် ပေးဆပ်ရင်းအသက်ရှင်နေရသူ


             အမေ ကသားသမီးတွေအတွက်
တနေ့တာ ချက်ပြုတ် ကျွေးမွေး ယုယချစ်ခင်
အတူနေတဲ့ အချိန်
            အဖေကတော့  မိသားတစ်စု အစဉ်ပြေ
ဖို့ သားသမီးဇနီးမယား အကြင်နာမပေးအား
လှိုင်းလေ တွေကြား အပြေးအလွှား
ကိုယ့်အတွက် မစဉ်းစားအားဘဲ အလုပ်များနေခဲ့
ကြတယ်။

          အမေ က လှလှပပ ဖြီးလိမ်း သားသမီး
တွေကို ကျောင်းပို့ချိန်မှာ
          အဖေကတော့  ခက်ခဲကြမ်းတမ်း ပင်ပန်းတဲ့ အလုပ်တွေလုပ်ရင်း သားသမီးပညာတက်ဖြစ်ရေး အတွေးနဲ့
မမောမပန်း နေနိုင်ခဲ့ကြတယ်။

         အမေ က သားသမီး လိုအပ်တာ ပူစာ
တာတွေ လိုက်ဝယ်ပေးလို့ သားသမီးတွေ
ပျော်နေချိန်မှာ
         အဖေကတော့  လစာလေး မပွန်းသွားရ
အောင် ကြိုက်တက်တာတွေ ရှောင်လို့
အပိုမကုန်အောင် ကြိုးစားနေထိုင် ခဲ့ကြတယ်။

        အမေက ကျောင်းပိတ် ရက်တွေမှာ သားသမီးတွေနဲ့ ဟိုဟိုဒီဒီ လျှောက်လည်နေတဲ့
အချိန်
အဖေက သဘောင်္ပေါ်မှာ အားရက်လည်း
သဘောင်္ပေါ်မှာဘဲ သတိရစိတ်ကို ဓါတ်ပုံကြည့်
ရင်း ကျေနပ်နေရတယ်။

      အမေ က သားသမီးကို နေပူထဲ မသွားဖို့
မကစားဖို့ တားမြစ်နေချိန်
   အဖေကတော့ ပူပြင်းတဲ့နေရောင်အောက်မှာ
အလုပ်တွေ လုပ်ရင်း သားသမီးတွေ မပူပင်
ရဖို့ အလုပ်ကြိုးစားလုပ်နေခဲ့ရတယ်။

     အမေ က သားသမီးတွေအပြင်အဝေး တနေရာ သွားတိုင်း ဖုန်းခဏခဏဆက် စောစောပြန်လာဖို့  သတိပေးနေချိန်
     အဖေကတော့ တခုခုဖြစ်ရင်တောင်    ဘယ်သူမှမသိနိုင်တဲ့ သမုဒ္ဒရာ ပင်လယ်ပြင်မှာ။

ဒါပေမဲ့ သားသမီးတွေကတော့
အမေ ကိုဘဲ ပိုချစ်တယ်
အမေ သာသူတို့ ကမ္ဘာ သူတို့ဘဝ
အမေ ပြောရင်လက်ခံတယ်

အဖေ ဆိုတာ သူတို့အတွက် ဧည့်သည်
ခဏ လာပြီး ပြန်သွားရမယ့် သူ
အဖေ ပြောရင် အရေးမပါဘူး
အဖေ ခဏ အိမ်မှာ နေချိန်လေးကိုကြည့်ပြီး
သူတို့ ဘဝတွေအတွက် အသက်စွန့်စား
လုပ်ကိုင်ခဲ့ရတဲ့ ပင်လယ်ပြင်ထဲက အချိန်တွေ
ကိုမေ့လျှောနေပြီး အဖေတွေကို ဆက်ဆံ
နေကြတော့တယ်။

Wednesday, March 19, 2014

Cargo Handbook Android App...

Cargo Handbook Android App
+=+=+=+=+=+=+=+=+=+=+=
















ဒီ App မှာ Cargo အမျိုးအစား ၇၅၀ ကျော်ရဲ့ အသေးစိတ်အချက်အလက်များ... ပင်လယ်ရေကြောင်းနဲ့ သယ်ယူပို့ ဆောင်ရာတွင် ဆောင်ရန် ရှောင်ရန်များကို ဖတ်ရှု လေ့လာ နိုင်မှာဖြစ်ပါတယ်။

" The world's largest cargo transport guidline app " ပါတဲ့...

Android Version 2.2 နဲ့ အထက် device တွေမှာ အသုံးပြုနိုင်ပါတယ်...

ဒီ App ကို သုံးဖို့ မိမိ device မှာ internet connection ရှိဖို့ တော့လိုအပ်ပါတယ်...

စမ်းသုံးကြည့်ချင်ရင်တော့

ဒီမှာ ဒေါင်းပါ။ (0.7 MB)

အသုံးပြုလျင် သတိပြုရန်-
((( Specific information provided by manufacturers, shippers, authorities and shipping lines may differ and the user of this app may therefore wish to make further enquiries as to the most suitable guidance. In no circumstance, does the information on this app replace provisions governing the carriage of goods as stipulated in IMO publications, Production Safety Data sheets, advice given by insurance companies, regulations by any national or international authority, etc. )))

Credit to: www.bmtsurveys.com , www.cargohandbook.com

Friday, December 27, 2013

လောင်စာဆီကုန်သက်သာအောင် (Trim Optimization) လုပ်ကြည့်ခြင်း။


 

Marpol Annex VI အသက်ဝင်ပြီးနောက် SEEMP (Ship Energy Efficiency Management Plan) အရ ဆီကုန်သက်သာ အောင်၊ ကာဗွန်၊ NOx တွေထုပ်လုပ်မှုနည်း အောင် နည်းမျိုးစုံ ကြံဆကြ တဲ့အခါမှာ Trim Optimization လို့ခေါ်တဲ့ Trim ကိုလက်ရှိရောက်နေတဲ့ရေစူး (Draft) ရယ်၊ သွား မယ့်ခရီးမှာ လိုအပ်တဲ့အရှိန် (Speed) အပေါ်မူတည်ပြီး တွက်ချက်သတ်မှတ် ပြီးပြောင်းပေး ရတဲ့ နည်းလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ တကယ်လက်တွေ့မှာ အသုံးတည့်၏ မတည့်၏နဲ့ ဘေး ထွက်ဆိုးကျိုးများ သေချာဆန်းစစ်မှုများပြုလုပ်၍မပြီးခင်မှာဘဲ ခေတ်စားပြီး အသုံးများလာတဲ့နည်း တစ်ခုဖြစ်ပါတယ်။ - - - - - - - - - Trim အပြောင်းအလဲ ကြောင့် Hydrodynamic Efficiency ကိုအကျိုးသက်ရောက်စေတယ်ဆိုတဲ့ သီအိုရီကိုအခြေခံ ထားတဲ့နည်းတစ်ခုလည်းဖြစ်ပါတယ်။ Ballast Water များကိုရွှေ့ပြောင်းပြီး ရ လာတဲ့၊ လက်ရှိသွားနေတဲ့အရှိန်ရယ်၊ရေစူး ရယ် တွက်ပြီးရလာတဲ့ Trim ဟာ သင်္ဘောကိုယ်ထည် ကနေဖြစ်တဲ့ Resistance ပိုလျှော့ချပေးတယ်လို့ဆိုပါတယ်။ - - - - - - - - - အကောင်းဆုံးအလေ့အထ တစ်ခု ကတော့ ကုန်တင်ဘို့အတွက် Plan ဆွဲကတည်းက (Minimum Ballast) အနည်းဆုံး Ballast ဖြစ်အောင်ညှိပြီး Plan ဆွဲ၊ တစ်ချိန်တည်းမှာ Trim Optimization Programme နဲ့ Trim ပါညှိပြီးတော့ ကုန်တင်နိုင်ရင်အကောင်းဆုံးပါ။ - - - - - - - - - - အကယ်၍သွားမယ့်ခရီးလမ်းအတွက် လိုအပ်တဲ့ Trim က Negative / ဦးစိုက်နေရင် တော့ ကမ်းကပ် ကမ်းခွာ ရေကြောင်းပြ နဲ့သွားရမယ့်အကွာအဝေးအတွက် Evenkeel / Trim တန်ဘိုး သုညဖြစ်အောင် (သို့) ဆိပ်ကမ်း မှသတ်မှတ် ထားသော Trim ကိုအချိန်မရွေးပြန်လုပ်နိုင်ရမယ့် Stability အခြေအနေ ရှိရပါတယ်။ ကမ္ဘာ့ဆိပ်ကမ်းအားလုံးနီးပါးလောက်မှာ ဦးစိုက်ပြီး တမင် တကာဝင်ထွက်တဲ့သင်္ဘောတွေကို လက်မခံပါဘူး၊ ကမ်းကပ် ကမ်းခွာ အလှည့်အပြောင်းများ လုပ်ရာမှာလည်း သင်္ဘောရဲ့ အန္တရာယ်ကင်းရေးအတွက် အနှောင့်အယှက် ဖြစ်တဲ့အတွက် ဆိပ်ကမ်း က ခွင့်ပြုပေမဲ့လည်းခေါင်းစိုက်ပြီးမ၀င်တာ အကောင်းဆုံးပါ။ - - - - - - - - - အဲဒီမှာ အငြင်းပွားစရာ တစ်ခုက ကုန် တင်ပြီး Minimum Ballast ဖြစ်နေပြီး Trim Optimization မဖြစ်တာ နဲ့ သင်္ဘော ကို ခရီးဆက် မလား၊ ဒါမှမဟုတ် Ballast ထပ်ဖြည့်ပြီး Trim Optimization ရအောင်လုပ်၍ ခရီးဆက် မလား ဆိုတာပါဘဲ။ ဆီကုန်သက်သာအောင်ကတော့ Ballast ထပ်ဖြည့်ပြီး Trim Optimization ရအောင်လုပ်၍ ခရီးဆက်ရပါမယ်။ မည်သည့်အချိန် မှာမဆို အကောင်းဆုံး နဲ့ အနီးစပ်ဆုံး Trim Optimization ကိုဖန်တီးတော့မယ်ဆိုရင် Safe Stability Limits တွေကို ကျော်မသွားအောင်တော့ သတိထားရပါမယ်။ - - - - - - - - - - Trim Optimization ဆိုတိုင်း ဦးစိုက်Trim နှင့် မောင်းရခြင်းမဟုတ်ပါ။ ရည်ရွယ်ထားတဲ့အရှိန်ရယ် ၊ရောက်နေတဲ့ရေစူးပေါ်မူတည် ပြီးရယ်၊ သင်္ဘောရဲ့ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံရယ် မူတည်ပြီး ဦးစိုက် ပဲ့စိုက်ကွဲသွားပါတယ်။ ယေဘူယျအားဖြင့် သင်္ဘောသွားနေတဲ့အရှိန် (တစ်ချို့သင်္ဘောတွေ မှာ ၁၆ မိုင် / ဒါပေမဲ့တချို့မှာတော့ ၁၂ မိုင်/ တချို့မှာတော့၁၅ မိုင်) အောက် ရောက်သွားရင် ဦး စိုက်မောင်းတာဆီစားမသက်သာဘဲ ပိုကုန်နိုင်လို့ ပဲ့စိုက်ပြီးပုံမှန် သာသွားရပါတော့မယ်။ - - - - - - - သွားချင်တဲ့အရှိန်ပြီးရင် ရေစူး ကလည်းအရေးပါတဲ့အခန်းကပါပါတယ်။ ကုန်မပါတဲ့အခါကုန်ပေါ့တဲ့ အခါကျရင် Trim Optimization လုပ်ဖို့အတွက် အရမ်းခက်သလို (သို့) မထိရောက်နိုင်သလို၊ Computor (Trim) Programme ကအစအမှားပြ လာပါတယ်။ အဲဒီအတွက် ကုန်အပြည့် (သို့) ကုန်ပါတဲ့ခရီးစဉ်အတွက်ဘဲ Trim Optimization လုပ်ရမယ်လို့ပြောရင် ရပါတယ်။ ကမ်းဝင် ကမ်းထွက် များပြီး စိတ်တဲ့အခြေအနေ (ဥပမာ / နေ့ဝက်ခရီး၊ တစ်ရက်ခရီး) မှာလည်း Trim Optimization ကိုလုပ်ဖို့အတွက်အဆင်မပြေပါဘူး။ Ballast ရေပြောင်း ရေထုတ်အတွက် အချိန်အား လူအားကောကုန်တဲ့အပြင် ဆီစား သက်သာတဲ့ နှုန်း အပိုင်းကလည်း ပြောပလောက်အောင် မဟုတ် တဲ့အတွက် ပုံမှန်အတိုင်းသွားတာအကောင်းဆုံးပါ။ မိုင် ၁၀၀၀ ကျော်တဲ့ခရီးလောက်မှ သိသိသာသာ ဆီစားသက်သာတာကိုတွေ့နိုင်တဲ့အတွက် မိုင် ၁၀၀၀ ကျော်တဲ့ခရီးမျိုး ဆိုရင်တော့ စပြီး Trim Optimization လုပ်ရင်ရပါပြီ။- - - - - - - - Trim Optimization အတွက် အရေးကြီးဆုံးအချက်တစ်ချက် ရာသီဥတုအခြေအနေဖြစ်ပါတယ်။ ရာသီဥတုက (Calm condition / force 3 ~ 4 ) ငြိမ်သက်တဲ့အနေအထားမှာ အခြေခံတဲ့ သီအိုရီ ဖြစ် တဲ့ အတွက် ရာသီဥတုက မျက်နှာသာမပေးတာနဲ့ချက်ချင်းပုံမှန်အနေအထား ကိုပြန်ပြောင်းနိုင်ပြီး၊ ပြန်ပြောင်းပေးကိုပေးရပါမယ်။ ပြန်မပြောင်းရင် တော့ ရာသီဥတုဒဏ်ကြောင့် ရယ်၊ ပန်ကာ ရေပေါ်ကို ပေါ်ပေါ်နေတဲ့အတွက်ရယ်နဲ့တင်ဆီ ပိုစားစေမှာဖြစ်ပါတယ်။ - - - - - - - - အခြေခံ Formula ကတော့ - Propulsion power=(Hull Resistance x speed)/(propulsive Efficiency) ဖြစ်ပါတယ်။ သင်္ဘောများရဲ့ Bul-Bus Bow ရေထဲလုံးဝမမြုပ်နေရင် လောင်စာဆီ ပိုကုန်စေတယ် ဆိုတဲ့ သီအိုရီ နဲ့လည်းဆက်စပ်မှုရှိ ပါတယ်။ Bul-Bus Bow အကုန်မြုပ် ရင် (သို့) အကုန်ပေါ် ရင် အောင် လုပ်ထား တဲ့ နည်းလို့ ပြောရင် ရပါတယ်။ လက်ရှိ သင်္ဘော တွေမှာ ရှိပြီးသား Bul-Bus Bow ကိုဖြတ်ပစ်ခြင်း၊ အသစ်ဆောက်သော သင်္ဘောများမှာ Fuel Efficiency မြင့်စေသော Bul-Bus Bow Design များဖြင့် အစားထိုး တည်ဆောက်ခြင်း များပြုလုပ်လာ ကြပါတယ်။ - - - - - - - - Trim Optimization အရ ဦးစိုက်ပြီးသွားရပြီဆိုရင်သတိထားရမှာကတော့ ကုန်ပေါက်တွေရဲ့ ၀မ်းရေ (Bilge) တွေက နောက်မှာရှိတဲ့အပြင် ၀မ်းရေ တိုး မတိုး၊ လျှံမလျှံ ကိုသတိပေးတဲ့စနစ် ကလည်း နောက် မှာရှိတဲ့အတွက် ကုန်ပေါက်ထဲ လူကိုယ်တိုင်ဆင်းကြည့် စစ်ဆေးပေးရပါမယ်။ ရေ ၀င်မှု ရေလျှံမှု ရှိ မရှိ၊ မိုးရွာရင် ရေ၀င်နေ မနေ အတွက်ပါ။ ဒါ့အပြင်စက်ခန်း (Engine Room) တွင်းရှိ Aux Gen အတွင်းရှိ ချောဆီများ၊ Main Engine အတွင်းရှိ ချောဆီများ၊ တခြားချောဆီသုံး ဆီကန်များရဲ့ Low Level သတိပေးစနစ်က နောက်ဘက်မှာရှိတဲ့အတွက် ကြိုပြီး Low Level မရောက်အောင်ထပ်ဖြည့်ခြင်း များလုပ်ပေးထားရပါမယ်။ ဥပမာအားဖြင့် မီတာ ၃၀၀ အရှည်ရှိတဲ့ သင်္ဘောတစ်စီး အတွက် အကောင်းဆုံး Trim Optimization အရ ဦးစိုက် Trim ဟာ တစ်ခါတစ်ရံ ၂ မီတာ ကျော်နေတတ် တဲ့အတွက်ပါ။ - - - - - - - - - လောင်စာဆီစားမှုကို ရေစူးနှင့်အရှိန်အကောင်းဆုံးပေါင်းစပ်နိုင်ရင် ၁% မှ ၁၈% အထိကိုလျှော့ ချပေးစေနိုင်တယ် လို့ညွှန်းတဲ့အတွက် သင်္ဘောပိုင်ရှင်များအတွက် (သို့) သင်္ဘောအုပ်ချုပ်သူ မန်နေဂျာများအတွက်နောင်ခါလာနောင်လာဈေး လက်ရှိဆီစားသက်သာပြီးရော ဆိုပြီးရေပန်းစား၊ အသုံးများလာတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ - - - - - - - -

Capt Win Naing Nyunt (American President Line, APL)

UNTOLD STORY OF SEAFARER'S LOVE





ဆုရေ..
********************************************


သူကမေဗေစ့်မေမေသဘောတူခဲ့ဖူးသူပါ.. သူကသဘောင်္အရာရှိတစ်ဦးပေါ့.. သူကသဘောကောင်းတယ်..ပွင့်လင်းတယ်.. ဂရုလဲစိုက်တယ်...

သဘောင်္ကမ်းပြန်ကပ်တိုင်းတစ်ခုမဟုတ်တစ်ခုဝယ်လာတတ်တယ်.. မေဗေစ့်သူ့ကိုချစ်တယ်လို့ခံစားရတဲ့အချိန်တွေရှိခဲ့ဘူးတယ်..

အစ်ကိုတစ်ယောက်ထက်ပိုတဲ့သံယောဇဉ်မျိုးနဲ့သူပြန်လာတိုင်းလက်ခံတွေ့ပေးတတ်ပါတယ်.. တစ်ခုပဲမေဗေစ့်မကြိုက်ခဲ့ဘူး..

သူကအရက်သောက်တတ်ပါတယ်.. ဖြတ်ပါ့မယ်လို့ကတိပေးခဲ့ပေမယ်.. (ဆုံးသွားတဲ့အချိန်ထိ)သောက်နေခဲ့ပါတယ်.

လက်ထပ်ဖို့အတွက်အကြိမ်ကြိမ်ဆွေးနွေးဖူးပေမယ့်ကျောင်းမပြီးသေးလို့ဆိုတဲ့ကန့်သတ်ချက်နဲ့သူမေဗေစ့်ကိုအကြိမ်ကြိမ်ရှုံးပါတယ်..

ချစ်လို့ပါဆုရယ်လို့စကားများပြီးတိုင်း တိုးတိုးလေးကျိတ်ရေရွတ်တတ်ပါတယ်..အဲ့လိုနဲ့မထင်မှတ်ထားတဲ့နေ့တစ်ခုကိုသူရောမေဗေစ့်ကောကြုံလိုက်ကြပါတယ်.. မနက်ခင်းလို(မှတ်မှတ်ရရပါပဲ.. ဒီလိုနိုဝင်ဘာလထဲမှာပေါ့.) သူ့ဆီကဖုန်းလာပါတယ်...

လိုင်းမကြည်မလင်နဲ့မို့ဘာပြောမှန်းကိုသေချာနားထောင်ရပါတယ်.. သူတို့သဘောင်္ကမ်းပြန်ကပ်တော့မယ်လို့ပြောပါတယ်.. ထိုင်းကနေ transit ပြန်မလုပ်ခင်ဘာဝယ်လာရမလဲဘာလဲညာလဲပေါ့.. ရတယ်.. ကျန်းကျန်းမာမာနဲ့ပြန်လာရင်တော်ပြီလို့ပဲပြန်ပြောလိုက်ပါတယ်.. သူကအိုကေ လေ ဒါဆိုဖုန်းချတော့မယ် ဆုကို ကိုကိုချစ်တယ်နော်.. လို့ပြောပါတယ်.. (မှတ်မှတ်ရရ) မေဗေစ့်ကလဲ ချစ်ပါတယ်စောင့်နေမယ်နော် လို့ပြန်ပြောမိလိုက်ပါတယ်..ခပ်တိုးတိုးသဘောကျသလိုရယ်ပြီးဖုန်းချသွားပါတယ်..

စိတ်ထဲမှာလဲတစ်မျိုးကြီးဖြစ်သွားပါတယ်.. နောက်နေ့ညနေသုံးနာရီမှာ ဖုန်းဝင်လာပါတယ်.. သူဆုံးသွားပါပြီတဲ့.. ရင်ထဲမှာဘာမှန်းကိုမသိလိုက်တော့တာပါ.. မနက်၁၀း၀၀ ခန့်ကလို့ပြောတာနဲ့တပြိုင်နက်သိလိုက်ပါတယ်.. သူဖုန်းဆက်လာတာလဲ ၁၀း၀၀ ခန့်ကပါ.. အတိုပဲခြုန်းပြောပါမယ်.. သူ့၇ုပ်အလောင်းကိုထုံးစံအ၇ပင်လယ်ထဲပဲမျောခဲ့တာပေါ့.. နောက်မှသူနဲ့ပက်သက်တဲ့ပစ္စည်းတွေ၇န်ကုန်ကိုပြန်သယ်ပေးပါတယ်.. သူ့မှာအမေနဲ့ညီမပဲရှိပါတယ်.. ကိုယ်လဲ၁၇က်ခြားလောက်သွားနေပေးရတာပေါ့..

သူနေခဲ့တဲ့အပေါ်ထပ်ကိုသူ့ရဲ့မောင်နှမတွေနဲ့ရှင်းပေးတဲ့အချိန်မှာ. သူ့ညီမလေးအ်ာငိုပါတယ်.. မေဗေစ့်နားမှာသူ့အကိုကိုတွေ့ပါတယ်ဆိုပြီးပေါ့.. မေဗေစ့်လဲလန့်တာပေါ့.. အဲ့လိုနဲ့ပဲအိမ်ပြန်တဲ့အချိန်ကပဲ၇း၀၀လောက်ရှိပါပြီအငှားကားနဲ့ပဲပြန်ဖြစ်ပါတယ်.. ကားပေါ်လဲတက်ပြီးရော.. ကားစထွက်တာနဲ့သူသုံးနေကြရေမွှေးနံ့စရပါတယ်.. လူက၇ိန်းတိန်းဖိန်းတိန်းတောင်ဖြစ်ပါတယ်.. ကိုယ်အဲ့လိုဖြစ်ရင်းကားဒရိုက်ဘာကြီးကိုကြည့်မိတော့သူလဲဘက်ကြည့်မှန်ကနေလှည့်လှည့်ကြည့်နေပါတယ်.. ပြတင်းပေါက်ဘက်ကိုကွေးပြီထိုင်လိုက်ရင်းဘုရားစာရွတ့်ရင်းနဲ့ပဲအိမ်ရောက်မှသက်ပြင်းချရပါတယ်.. ကားခပေးပြီးဆင်းတော့..ကလေးမအခုဘယ်ကပြန်လာတာလဲလို့မေးတယ်.. သူငယ်ချင်းအိမ်ကလို့ပြောတော့.. ကလေးမနားမှာခုနကယူနီဖောင်းနဲ့လူတစ်ယောက်ကိုတွေ့တွေ့နေလို့ပါလို့ပြောလာတယ်လူလဲကြောက်ကြောက်နဲ့အိမ်ထဲပြေးဝင်မိရပါတယ်.. နောက်နေ့မနက်ကြတော့လဲသံချောင်းခေါက်တဲ့ဦးလေးကညီးမောင်ညကအပြင်ထွက်ထိုင်တယ်နော်.. အကျီင်္အဖြူနဲ့လို့ပြောလို့ပိုပြီးလန့်ရပါတယ်..

အဲ့ဒါနဲ့နောက်နေ့တွေအိမ်ပြန်နောက်ကျရင် လှိုင်ကအဒေါ်အိမ်မှာပဲအိပ်ရပါတော့တယ်..ဖြစ်ချင်တော့တော့မေဗေစ့်အိမ်ပေါ်တက်လာတာကိုအဒေါ်ကငုံ့ကြည့်မိတယ်.. မေဗေစ့်နောက်မှာသူပါလာပါတယ်ဆိုပြီးအိမ်ထဲပေးမဝင်လို့မနည်းငိုယိုပြီးတောင်းပန်ရပါတယ်.. ဒါတောင်ဦးလေးပြန်လာတဲ့အထိ လှေခါးမှာရေမွှေးနံ့တွေရနေတုန်းလို့ပြောတယ်.. တစ်ခါတစ်လေဆုရေလို့ခပ်တိုးတိုးခေါ်သံကြားရတတ်ပါတယ်..ရက်မလည်မချင်းမေဗေစ့်ကအသံလောက်ပဲကြားခဲ့ပေးမယ့်..ကျန်လူတွေတော့ပုံစံပါတွေ့ကြပါတယ်...ရက်မလည်ခင်မှာအိမ်မက်ပဲမက်သလိုလိုနဲ့ ..သူ့ကိုမနှင်ပါနဲ့ဆုအနားမှာပဲနေခွင့်ပေးပါလို့တောင်းပန်တယ်..

အိပ်ရာကလန့်နိုးတိုင်းငိုမိပါတယ်..ရက်လည်နေ့မတိုင်ခင်ရက်တွေမှာသူမေဗေစ့်နားမှာ၇ှိနေတယ်လို့လာလာပြောတတ်ပါတယ်. နောက်တော့သူတို့အိမ်ရဲ့အပေါ်ထပ်သူအခန်းထဲမှာဂစ်တာတီးသံတွေသီးချင်းညီးသံတွေကြားရတယ်လို့သူ့ညီမကပြောပြတယ်.. ရက်လည်ပြီးသွားတော့လဲမေဗေစ့်အိမ်ေ၇ှ့မှာညနက်တိုင်းအုတ်ခုံလေးပေါ်မှာထိုင်နေတတ်တဲ့အ၇ာ၇ှိဝတ်စုံနဲ့သူ့ကိုတချို့တချို့တွေ့မိကြတယ်လို့ပြောကြတယ်..၃ရက်လောက်ကြာတော့အိမ်မက်ပဲမက်သလိုတကယ်လိုလိုနဲ့သူကဆုအနားမှာမနေတော့ပါဘူး..

ဆုကိုကို၇ှိနေတာကိုကြောက်နေမှာပဲ..ကိုကိုထွက်သွားပေးပါ့မယ်လို့ပြောပါတယ်.. မေဗေစ့်ကကိုကို့ကိုချစ်ခဲ့ပါတယ်..အခုတော့သွားတော့နော်လို့ပြောတော့သူပြုံးပါတယ်.. ကျေကျေနပ်နပ်နဲ့ကိုပြုံးပြပြီးမေဗေစ့်လဲလန့်နိုးသွားပါတယ်..အဲ့နောက်ပိုင်းသူ့ဆီက Connection ပြတ်တောက်သွားပါတယ်..


************************************************
( သစ္စာကြီးကြီးနဲ့ချစ်ခဲ့ပေးသော.. SE တေဇကို အား.. သတိ၇စွာဖြင့်)

Credit-
Min Myo Min Nwe & သရဲ သဘက် ဘီလူး အစရှိသော ပေတလောကသားများအကြောင်း
ကုန်သွယ်ရေကြောင်းခရီးသွားလာရေးရဲ့ သမိုင်းကြောင်းကို သိသလောက်လေး၊ အရင်ဆုံးပြောပြချင်ပါတယ်။ သက်တမ်းအရ နှစ်ပေါင်း (၅၀၀၀) လောက် ရှိခဲ့ပြီဖြစ်တဲ့ ကုန်သွယ်ရေကြောင်းခရီးသွားလာရေးဟာ၊ နိုင်းမြစ်ဝှမ်း ယဉ်ကျေးမှုနဲ့အတူ၊ ပေါက်ဖွား လာခဲ့ပါတယ်။ ကုန်သွယ်ရေကြောင်း သမိုင်းကြောင်းအစမှာ၊ ထင်ရှားလူသိများခဲ့တဲ့လူမျိုးတွေကို အစဉ်လိုက်၊ ပြောရလျှင်၊ Phoenicians ဖိုနီးရှန်းလူမျိုးတွေ၊ ခေါါမ လို့ခါါတဲ့ Ancient Greece လူမျိုးတွေ၊ Persians ပါရှန်းလူမျိုးတွေ၊ Arabians အာရေဘီယံလူမျိုးတွေ၊ Norse ဆိုတဲ့ Indo-European ဘာသာစကားပြော၊ Norwegian, Icelandic, Faroese, Swedish လူမျိုးတွေနဲ့ Danish လူမျိုးတွေ၊ တနည်းအားဖြင့် 'Viking' တွေအပါအဝင် Austronesian လူမျိုးတွေရယ်လို့ မှတ်သားမိပါတယ်။

ကုန်သွယ်ရေကြောင်းခရီးသွားလာရေးမှာ၊ 'Navigation' ဆိုတဲ့ ရေကြောင်းဆိုင်ရာ ပဲ့ကိုင်လမ်းပြနည်းပညာကို စတင်ပြီး၊ စနစ်တကျအသုံးပြုခဲ့တဲ့ လူမျိုးတွေကိုတော့၊ Polynesia နဲ့ Micronesia ဆိုတဲ့ တောင်သမုဒ္ဒရာမှ၊ လူမျိုးစုတွေရယ်လို့ သတ်မှတ်ပါတယ်။ ‘နေ’ လည်း ‘သာ’ ‘လေ’ ကလည်း ‘တိုက်’ ပြီး၊၊ ‘ရေ’ ဟာလည်း ‘ကြည်’ နေတော့ ‘နေ့’ နဲ့ ‘ည’ မခွဲပဲ၊ တောင် သမုဒ္ဒပြင်မှာ၊ အေးအေးဆေးဆေး စဉ်းစားတွေးခေါါ အသုံးချခဲ့ကြပုံရပါတယ်။

'Navigation' နည်းပညာဝေါဟာရရဲ့ မူလရင်းမြစ်ကို၊ လေ့လာကြည့်တဲ့အခါ၊ လက်တင်ဘာသာစကား 'navigate' ဆိုတဲ့ ရွက်လွှင့်ခြင်းမှ၊ ဆင်းသက်လာတယ်လို့ ဆိုကြသလို၊ သက္ကရိုက်ဘာသာစကား 'navgathi' မှ ဆင်းသက်လာတာရယ်လို့လည်း၊ မူကွဲတခု အနေနဲ့တွေ့ရပါတယ်။

ဘာသာဗေဒပညာရှင်တွေဟာ 'navi' ကို 'boat' ၊ 'gathi' ကို 'direction' ရယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ 'Indus Valley Civilization' ဆိုတဲ့ အန္ဒုမြစ်ဝှမ်းယဉ်ကျေးမှုနဲ့ ပက်သက်ပြီး၊ တူးဖော်တွေ့ရှိမှုတွေအရ၊ ဘီစီ (၂၃၀၀) ခုနှစ်လောက်က၊ တည်ဆောက်ခဲ့တဲ့၊ ရေလုံသဘော်ကျင်း 'dry dock' တခုကို၊ လက်ရှိ အိန္နိယနိုင်ငံမှ ဂူဂျာရတ်ပြည်နယ် 'Lothal' မှာရှိခဲ့ကြာင်း သက်သေပြခဲ့ပါတယ်။ ယုံသူရှိသလို မယုံသူတွေလည်း ရှိပါတယ်။

(၁၁) ရာစုမှာ၊ အီတလီက 'မာကိုပိုလို' ဟာ ကုန်းလမ်းခရီးဖြင့် အနောက်ကနေ အရှေ့ကို သွားခဲ့သလို၊ စပိန်က 'ခရစ္စတိုဘာကိုလံဘတ်စ်' ကလည်း (၁၅) ရာစုမှာ ရေလမ်းခရီးနဲ့ အရှေ့ကနေသွားရင်၊ ကမ္ဘာကြီးဟာ အလုံးကြီးမို့ အရှေ့ကိုပဲပြန်ရောက်မယ်ထင်ပြီး၊ သွားခဲ့ပါတယ်။ ကိုလံဘတ်စ် ရောက်သွားတာက 'အမေရိကတိုက်' ဖြစ်ပေမယ့်၊ အရှေ့ကိုရောက်ခဲ့တယ်လို့ ကွယ်လွန်သည်အထိ၊ ယုံကြည်သွားခဲ့ပါတယ်။

အလောင်းစည်သူမင်းကြီး ဖောင်စကြ်ာနဲ့ ခြေဆန့်ခဲ့တဲ့ ရာဇဝင်တွေကို၊ အခြေပြုစဉ်းစားမယ်ဆိုရင်၊ မြန်မာလူမျိုးတွေဟာလည်း ရေကြောင်းခရီးသွားလာရေးကို (၁၁) ရာစု လောက်ကတည်းက၊ ရင်းနှီးတတ်မြောက်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။

(၁၇၆၉) ခုနှစ်မှာ စကော့လူမျိုး ဂျိမ်းဝပ် James Watt ဟာ ရေနွေးငွေ့အင်ဂျင်စက်ကို တီထွင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ 'Industrial Revolution' လို့ခေါါတဲ့ စက်မှုတော်လှန်ရေးကြီး ပေါါပေါက်လာပြီး၊ American - British အမေရိကန်ဗြိတိသျှ လူမျိုးတွေနဲ့ European ဥရောပ တိုက်သားတွေရဲ့ လူနေမှုဘဝနဲ့ တီထွင်ဖန်တည်းနိုင်မှုတွေဟာ၊ တခေါါတ်ဆန်းခဲ့ပါတော့တယ်။ စက်မှုတော်လှန်ရေးနဲ့အတူ၊ ကုန်သွယ်ရေကြောင်းခရီး သွားလာရေးဟာလည်း၊ တခေါါတ်ဆန်းသစ်လာပြီး၊ လေနဲ့ ရေစီးကြောင်းကို အသုံးပြုကာသွားလာတဲ့ 'ရွက်' သဘော်တွေနေရာမှာ၊ ရေနွေးငွေ့ အင်ဂျင်စက် steam engine တတ်ဆင်ထားတဲ့ သဘော်တွေ၊ အစားထိုး ဝင်ရောက်လာခဲ့ပါတယ်။

ရေနွေးငွေ့အင်ဂျင်စက်၊ တတ်ဆင်ထားတဲ့ ပထမဆုံး သဘော်ကို၊ အမေရိကန်လူမျိုး John Fitch (1743-1798) တည်ဆောက်ခဲ့ပါတယ်။ John Fitch ရဲ့ LOA အလျှား (၄၅) ပေရှိပြီး၊ steam engine တတ်ဆင်ထားတဲ့ သဘော်ကို၊ 22th August, 1787 မှာ၊ Delaware River အတွင်း ခုတ်မောင်းခဲ့တယ်လို့ မှတ်သားမိပါတယ်။ ရေနွေးငွေ့ အင်ဂျင်စက်တတ်ဆင်ထားတဲ့ သဘော်တွေကို၊ (၁၈) ရာစု အကုန်လောက်မှ၊ (၂၀) ရာစုနှစ် အလယ်ပိုင်းတွေအထိ၊ ကုန်သွယ်ရေကြောင်းခရီးသွားလာရေးမှာ တွင်ကျယ်စွာအသုံးပြုခဲ့ပါတယ်။

(၁၈၉၃) ခုနှစ်မှာတော့၊ 'Rudolf Diesel' ဟာ 'Diesel Engine' ကို စတင်တည်ထွင်ခဲ့ပါတယ်။၊ ဂျာမန် Bavarian ဘာဗေးရီးယန်းလူမျိုး 'Rudolf Diesel' ကို၊ (၁၈၅၈) ခုနှစ်က ပါရီမြို့မှာ၊ မွေးဖွားခဲ့ပြီး၊ မြူးနစ်ပိုလီတက်ကနစ် Munich Polytechnic ကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ ကျောင်းမှ၊ ဆင်းပြီးနောက် ဦးလေးတော်သူက အအေးခန်းဆိုင်ရာ Refrigeration Engineer အဖြစ်၊ အလုပ်ခန့်အပ်ခဲ့ပါတယ်။

ဒီဇယ်အင်ဂျင်ကို စတင် တည်ထွင်ခဲ့သူ Rudolf Diesel ဟာ၊ (၁၈၉၈) ခုနှစ်လောက်မှာ၊ မူပိုင်ခွင့်တွေနဲ့အတူ၊ သန်းကြွယ်သူဌေးဖြစ်နေပါပြီ။ (၁၉၁၃) ခုနှစ် မှာ၊ ကွယ်လွန်ခဲ့တဲ့ Rudolf Diesel သေဆုံးခြင်းဟာ၊ မိမိကိုယ်ကို အဆုံးစီရင်ခြင်း 'suicide' ရယ်လို့၊ ယခုအချိန်အထိ၊ သံသယများနဲ့ လက်ခံယုံကြည်ထားကြပါတယ်။

သဘော်တွေမှာ၊ စတင် တတ်ဆင်ခဲ့တဲ့ diesel engines တွေဟာ၊ ယခုခေါါတ်မှာ တွေ့နေရတဲ့ 'totally internal combustion engine' အမျိုးအစားတွေ၊ မဟုတ်သေးပဲ၊ 'external combustion engine' ဖြစ်တဲ့ steam engine နဲ့ ပေါင်းစပ်အသုံးပြုပြီး၊ စတင်တည်ဆောက်ခဲ့သူ 'W J Still' က 'Still Engine' များရယ်လို့၊ အမည်ပေးခဲ့ပါတယ်။

Engine ရဲ့အပေါါပိုင်းမှာ၊ diesel လောင်စာဆီ အသုံးပြုကာ၊ မီးလောင်ပေါက်ကွဲစေပြီး၊ down stroke မှာ၊ piston ကို၊ အောက်သို့ဆင်းစေပါတယ်။ upward stroke မှာတော့ steam pressure ကို အသုံးပြုကာ၊ အပေါါသို့ piston ပြန်တက်စေတဲ့ အင်ဂျင်တွေ ဖြစ်ပြီး၊ နောင်မှာ 'SULZER' ရယ်လို့ နာမည်ကြီး အင်ဂျင်ထုတ်လုပ်တဲ့ 'Scott Company' က Still Engine တွေကို၊ ထပ်မံ ပြင်ဆင်ကာ 'Scott Still Engine' များရယ်လို့ နာမည်ပေးခဲ့ပါတယ်။ Ocean Steam Ship Company မှ (၁၉၂၄) ခုနှစ်မှာ၊ တည်ဆောက်ခဲ့တဲ့ M.V. Dolius နဲ့ (၁၉၂၈) ခုနှစ်မှာ၊ တည်ဆောက်ခဲ့တဲ့ M.V. Eurybates တို့မှာ ပထမဆုံး Scott- Still Engine တွေကို၊ တတ်ဆင် အသုံးပြုခဲ့ပါတယ်။

ဒီလိုနဲ့ Scott Still Engine များရဲ့နေရာမှာ၊ Scott Company ကထုတ်လုပ်တဲ့ 'Sulzer' နဲ့ Burmeister & Wain Company ကထုတ်လုပ်တဲ့ 'B & W' fully internal combustion engine တွေ၊ တဖြည်းဖြည်း ဝင်ရောက်အစားထိုးလာကြပါတယ်။

ကုန်သွယ်ရေကြောင်းလောကမှာ၊ နည်းပညာ အသစ်တွေကို ရှာဖွေအသုံးချရင်းနဲ့ (၁၉၁၂) ခုနှစ်က 'Titanic' သဘော်ရဲ့ အဖြစ်ဆိုးကြောင့် 'Safety of Life at Sea' ဆိုပြီး၊ ဘေးအန္တရာယ် ကင်းရှင်းရေးကိုပါ၊ စတင်ထည့်သွင်း စဉ်းစားလာကြပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၈) ခုနှစ်မှာတော့၊ ယနေ့ IMO ရယ်လို့ အမည်တွင်လာမယ့် IMCO ဆိုတဲ့ 'Inter-Governmental Maritime Consultative Organization' အဖွဲ့၊ ဖွဲ့စည်းပြီး၊ နိုင်ငံစုံမှ ကုန်သွယ်ရေကြောင်းလောကမှာ၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နဲ့ တပြေးညီဖြစ်စေရန် ဥပဒေတွေ နဲ့ နည်းဥပဒေ ‘Rules & Regulations’ တွေကို စတင်ပြဌာန်းခဲ့ပါတယ်။

(၁၉၅၄) ခုနှစ်မှာ၊ ‘Prevention of Pollution of the Sea by Oil (OILPOL)’ ကို စတင်ပြဌာန်းပြီး၊ ‘International Regulations for Preventing Collisions at Sea (COLREG)’ ကို၊ (၁၉၇၂) ခုနှစ်မှာ ပြဌာန်းခဲ့ပါတယ်။ (၁၉၇၃) ခုနှစ်မှာတော့ ‘Convention on the Prevention of Maritime Pollution (MARPOL)’ ကို ပြဌာန်းကာ၊ (၁၉၇၄) ခုနှစ်မှာတော့ ‘Safety of Life at Sea (SOLAS)’ ကိုစတင် ပြဌာန်းခဲ့ပါတယ်။

(၁၉၇၈) ခုနှစ်မှာ၊ International Convention on Standards of Training, Certification and Watchkeeping for Seafarers (STCW) ကိုပြဌာန်းခဲ့ပါတယ်။ (၁၉၈၂) ခုနှစ်မှာ IMCO ဟာ၊ IMO International Maritime Organization (IMO) ရယ်လို့အမည်ပြောင်းခဲ့ပါတယ်။

ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်၊ SOLAS requirement အရ၊ International Ship and Port Facility Security Code (ISPS Code), International Code for Fire Safety System Code (FSS Code) နဲ့ International Safety Management System Code (ISM Code) အစရှိတဲ့ 'ကိုဓဥပဒေ' တနည်းအားဖြင့် လုပ်ထုံးလုပ်နည်းတွေကိုလည်း၊ ဆက်လက်ပြဌာန်း ခဲ့ပါတယ်။ သက်တမ်းအရ နှစ်ပေါင်း (၅၀၀၀) လောက်ရှိခဲ့ပြီဖြစ်တဲ့ ကုန်သွယ်ရေကြောင်းဆိုင်ရာ၊ ခရီးသွားလာရေးလောကဟာ၊ ယနေ့ခေါါတ်ကာလမှာတော့ Rules, Regulations နဲ့ Codes တွေကို၊ အတိအကျ လိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါတယ်။

ဒီနေရာလေးမှာ 'COLREG' ဆိုတဲ့ International Regulations for Preventing Collisions at Sea, 1972 Regulation Part C မှ၊ Lights and Shapes ဆိုတဲ့ လျှပ်စစ် 'မီးသီး၊ မီးလုံး' ဆိုင်ရာ၊ သတ်မှတ်ချက်တွေကို၊ မှတ်သားမိသလောက်လေး၊ ဖော်ပြပါရစေ။ 'Navigation' နဲ့ သက်ဆိုင်တဲ့၊ COLREG - Part C မှာ၊ လျှပ်စစ် 'မီးသီး၊ မီးလုံး' တွေကို 'Navigation Lights' နဲ့ 'Signal Lights' ဆိုပြီး၊ ခွဲခြားသတ်မှတ်ထားပါတယ်။ Masthead light, Sidelight, Stern Lights နဲ့ Towing light တို့ဟာ၊ Navigation Lights များဖြစ်ပါတယ်။



Masthead light – LOA အလျှား မီတာ (၅၀) သို့မဟုတ် (၁၆၄) ပေထက် ရှည်တဲ့ သဘော်တွေမှာ၊ ရေမိုင် (၆) မိုင်အကွာ၊ အလျှားမီတာ (၅၀) အောက် သို့မဟုတ် (၁၆၄) ပေ ထက် နည်းတဲ့ သဘော်တွေမှာ၊ ရေမိုင် (၅) မိုင်အကွာ၊ အလျှားမီတာ (၂၀) အောက် သဘော်တွေမှာ၊ ရေမိုင် (၃) မိုင်အကွာနဲ့ အလျှား (၁၂) မီတာအောက်၊ သဘော်တွေမှာ၊ ရေမိုင် (၂) မိုင်အကွာမှ၊ မြင်နိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

Sidelight - အလျှားမီတာ (၅၀) သို့မဟုတ် (၁၆၄) ပေထက် ရှည်တဲ့သဘော်တွေမှာ ရေမိုင် (၃) မိုင်အကွာ၊ အလျှားမီတာ (၅၀) အောက် သို့မဟုတ် (၁၆၄) ပေထက်နည်းတဲ့ သဘော်တွေမှာ ရေမိုင် (၂) မိုင်အကွာ နဲ့ (၁၂) မီတာအောက်ရှည်တဲ့ သဘော်တွေမှာ ရေမိုင် (၁) မိုင်အကွာမှ၊ မြင်နိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

Towing light - အလျှားမီတာ (၅၀) သို့မဟုတ် (၁၆၄) ပေထက်ရှည်တဲ့ သဘော်တွေမှာ ရေမိုင် (၃) မိုင်အကွာ၊ မီတာ (၅၀) အောက် သို့မဟုတ် (၁၆၄) ပေထက်နည်းတဲ့ သဘော်တွေမှာ ရေမိုင် (၂) မိုင်အကွာ နဲ့ (၁၂) မီတာအောက်ရှည်တဲ့ သဘော်တွေမှာ ရေမိုင် (၂) မိုင်အကွာမှ၊ မြင်နိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

White, red, green or yellow all-around light - အလျှားမီတာ (၅၀) သို့မဟုတ် (၁၆၄) ပေထက်ရှည်တဲ့ သဘော်တွေမှာ ရေမိုင် (၃) မိုင်အကွာ၊ မီတာ (၅၀) အောက် သို့မဟုတ် (၁၆၄) ပေထက်နည်းတဲ့ သဘော်တွေမှာ ရေမိုင် (၂) မိုင်အကွာ နဲ့ (၁၂) မီတာအောက်ရှည်တဲ့ သဘော်တွေမှာ ရေမိုင် (၂) မိုင် အကွာမှ၊ မြင်နိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

Masthead light, Sidelight, Stern Lights နဲ့ Towing light တို့ဟာ၊ Navigation Lights များဖြစ်ပါတယ်။ Mast Head Light ဟာ အဖြူရောင်ဖြစ်ပြီး Forward Mast တိုင်နဲ့ Christmas Tree လို့ခေါါတဲ့ Main Mast မှာတတ်ဆင်ထားကာ၊ visible beam အနေနဲ့ (၂၂၅) ဒီဂရီ ရှိရမှာဖြစ်ပါတယ်။ ‘ဝဲ နီ ယာ စိမ်း’ ဆိုတဲ့ ဘယ်နဲ့ညာမှ၊ Sidelight (၂) လုံးဟာလည်း၊ visible beam (၂၂၅) ဒီဂရီရှိပြီး၊ နောက်မှာတတ်တားတဲ့ အဖြူရောင် Stern Light ကတော့ (၁၃၅) ဒီဂရီ visible beam ရှိရမှာဖြစ်ပါတယ်။

အဖြူရောင်၊ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အပြာရောင် အစရှိတဲ့ မီးလုံးတွေကို Signal Lights တွေရယ်လို့သတ်မှတ်ပြီး၊ visible beam ဟာ (၃၆၀) ဒီဂရီ ရှိရမှာဖြစ်ပါတယ်။ Forward Mast နဲ့ Stern Mast သို့မဟုတ် သဘော်ရဲ့ Astern မှာ တတ်ဆင်ထားတဲ့ Anchor Light၊ Forward Mast မှာ တတ်ဆင်ထားတဲ့ အပြာရောင် Panama Canal Light နဲ့ Christmas Tree လို့ခေါါတဲ့ Main Mast မှာတတ်ဆင်ထားတဲ့ Bunker Light, NUC - Not Under Command Light နဲ့ Suez Canal Light တို့ဟာ visible beam (၃၆၀) ဒီဂရီရှိ signal lights များဖြစ်ပါတယ်။ ဒီနေရာမှာ ‘Suez Canal Light’ နဲ့ ‘Suez Canal Search Light’ တို့ကို မရောထွေးစေချင်ပါဘူး။

Navigation နဲ့ Signal Lights တွေ အတွက်၊ E ဆိုတဲ့ 'Edison Type' lamp base၊ PN ဆိုတဲ့ 'Pre-focus Type' lamp base ကို အသုံးများပြီး၊ B ဆိုတဲ့ 'Bayonet Type' lamp base ကိုတော့ အသုံးနည်းပါတယ်။ တခါတလေ Signal Lights အဖြစ် B Type lamp base ကို သုံးတာတွေ့မိပါတယ်။ B Type lamp base ကိုမသုံးတဲ့ အဓိကအကြောင်းရင်းက၊ သဘော်ဟာ Vibration ရှိတဲ့အတွက်၊ lamp base အနေနဲ့ proper secured ဖြစ်စေမယ့် lamp base မျိုးကိုသာ ရွေးချယ်တတ်ဆင်ခြင်းဖြစ်ပါတယ်။

Navigation နဲ့ Signal Lamps တွေဟာ၊ ဝပ် (၄၀) မှ ဝပ် (၆၀) လောက်ရှိပြီး၊ power supply အနေနဲ့ DC (၂၄) ဗို့၊ AC (၁၁၀) သို့မဟုတ်(၂၂၀) ဗို့အားခန့် အသုံးပြုကြပါတယ်။ ထွန်းညှိထားတဲ့ Navigation Lamp တလုံးကြွမ်းသွားတာနဲ့ Navigation Lamp Panel မှာ အချက်ပေးခြင်းအဖြစ် audible နဲ့ visible alarm အနေနဲ့ activated လုပ်ပါတယ်။ Navigation Lights နဲ့ Signal Lights တွေဟာ Classification Societies တွေရဲ့ 'SE' ဆိုတဲ့ Safety Equipment Survey နဲ့ အကျုံးဝင်သလို၊ 'SC' ဆိုတဲ့ Safety Construction Survey နဲ့လည် အကျုံးဝင်ပါတယ်။





Safety Equipment Survey စစ်ဆေးတဲ့အခါ၊ များသောအားဖြင့် Navigation Lamp ကိုဖြုတ်ကာ Power ပေးခြင်းဖြင့် audible နဲ့ visible alarm တွေ activated ဖြစ်မဖြစ် စစ်ဆေးပါတယ်။ Safety Construction Survey မှာတော့ Navigation Lights နဲ့ Signal Lights တွေရဲ့ installation နဲ့ fittings များကို မျက်မြင် visival inspection အနေနဲ့ စစ်ဆေးလေ့ရှိပါတယ်။

ကိုထွန်းသူ (Superintendent/ DPA/ CSO).

Reference : COLREG - International Regulations for Preventing Collisions at Sea, 1972 Regulation Part C.

ဘဝအတွက် မျှော်လင့်ချက်များ




ဘဝအတွက် မျှော်လင့်ချက်များ
ထမ်းပိုးကာ မြန်မာပြည်ကထွက်ခွာ
မိသားစုကို လက်ပြ နှုတ်ဆက်ကာ မျက်နှာလွှဲကာ
တဖြည်းဖြည်းနဲ့ လေယာဉ်က မြန်မာပြည်နဲ့ဝေးကွာ
ရင်ထဲမှာဆို့နင့်ကာ နေပေမယ့် မျက်နှာက ပြုံးထား
ငါဘယ်တော့မှ မရှုံးပါ
စိတ်ထဲမှာအားတင်းကာ ပင်လယ်ပြင်ကို ခြေချ
နေရမဲ့ အခန်းကျဉ်းထဲ တစ်ယောက်တည်းပဲ ပင့်သက်ကို ရှိုက်သွင်းခဲ့ ငွေကြေးနောက်ကို လိုက်ရင်းနဲ့ လောကဓံစစ်ပွဲ ရင်ဆိုင်နွဲ ငါ့စိတ်ဓါတ်တွေ ရင့်ကျက်ခဲ့

တခါတလေဆို အိပ်ပျက်တဲ့ ညများ
မျက်ကွင်းတွေက ချောင်ကျ
အိပ်ချိန်က မလောက်ငှ
အိပ်မက်တွေ အစရှာလို့မရ
ပင်လယ်ပြင် ဘဝက မလှမပ
ရေနှင်ရာ စီးမျောနေဆဲ
ပင်လယ်ပျော် သင်္ဘောသားပါ

တချို့အမြင်မှာတော့ ဒေါ်လာစားများ
ကျုပ်တို့ကတော့ အိပ်မက်တွေကိုရောင်းစား သံယောဇဉ်တွေကို ဖြတ်ချ
လူမှုအခွင့်အရေးက သုည
အသက်အန္တရာယ်က အလွန်များ
ကျုပ်တို့ရဲ့ အသက်တစ်ချောင်းကို
ငါးဆယ်ရာခိုင်နှုန်းစတေးပီးသား
တွေးကြည့်ပါ
ဒေါ်လာတစ်ရွက်က တန်ဖိုးရှိလား
အသက်နဲ့ယှဉ်ရင် နတ္တိပါ


Conceptualize rap
lyrics of my soul
Copyright. . .
Represent to all seafarers.

**(Credit >> Thiha Aung)**

ကြီးကျယ်ခန့်ညား၊ ပင်လယ်ခရီးသွား သူရဲကောင်းများ။ /

ကမ္ဘာကျော်ပန်းချီဆရာ ပီကာဆို က သူ့အမေပြောခဲ့တာလေးကိုပြန်သတိ၇ရင်း ပြောပြခဲ့တာ တစ်ခု ကတော့ (( စစ်သားဖြစ်ခဲ့မယ်ဆိုရင် စစ်ဗိုလ်ချုပ်မှူးကြီးဖြစ်အောင်ကြိုးစားပါ။ ဘုန်းကြီးဝတ်ဖြစ်ခဲ့မယ် ဆိုရင်လည်း ဂိုဏ်းချုပ်ပုတ်ရဟန်းမင်းကြီးဖြစ်အောင်ကြိုးစားပါတဲ့ ။ ဒါပေမဲ့ငါကတော့ပန်းချီဆရာဖြစ်လာပြီး ပီကာဆို ဖြစ်လာခဲ့တယ်)) တဲ့။ အရမ်းကောင်းတဲ့ စကားစု တစ်ခုပါ။ ။ IMO နှင့်အခြားအဖွဲ့များဧ။်ဆန်းစစ်လေ့လာချက်များအရ၊ကမ္ဘာ့လူသားများအသက်ရှင်နေထိုင်ရေးအတွက်လိုအပ်ချက်ကိုဖြည့် ဆည်းပေးနေသောပစ္စည်းများအားလုံးရဲ့ (၉၀%) ဟာရေကြောင်းနဲ့ တစ်နည်းမဟုတ်တစ်နည်း၊ ပါဝင်ပတ်သက်ပြီးမှ လူတွေရဲ့ လက်ထဲရောက်ခဲ့တာချဉ်းဘဲ ဖြစ်ပါတယ် တဲ့။

တစ်နည်းပြောရရင်ကမ္ဘာ့ကုန်သွယ်ရေးရဲ့အဓိကကုန်စည်ဖလှယ်မှု (၉၀%) ကို ရေကြောင်း ကဘဲ လုပ်ခဲ့တာလို့ပြောရင်ရပါတယ်။ ။ နောက်ထပ်ဆန်းစစ်လေ့လာချက်များအရ၊ ရေကြောင်းအခြေခံကုန်သွယ်ခြင်း ( သို့ ) ကုန်စည်ဖလှယ်ခြင်းကိုအစားထိုးဖို့ တခြားနည်း နောင်အနှစ်(၁၀၀) အထိမပေါ်နိုင်သေးဘူး ဆိုတာပါဘဲ။ ခရစ်တော်မပေါ်ခင် ဖိုနီးရှန်းများနှင့်အီဂျစ်များ၊ နောက်ဂရိ နှင့် ကာသေ့ လူမျိုးများ၊ နောက် တရုတ်နှင့် ဗိုက်ကင်းများ၊ အိုမန်နွယ်ဖွားများ၊ နောက် ဥရောပမှ စပိန်၊ ပေါ်တူဂီ၊ အီတလီ၊ ပြင်သစ်တို့ နှင့် အင်္ဂလိပ်အဆုံး အကုန်လုံးဟာရေကြောင်းနဲ့ လူစွာ လုပ်ကုန်သွယ် ခဲ့ကြတာပါဘဲ။ လက်ရှိ Globalization အရ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုဟာကောင်းပြီ ဆိုရင် နိုင်ငံနယ်နမိတ်မရှိတော့ဘဲ တစ်ကမ္ဘာလုံး တမဟုတ်ချင်း ပျံ့နှံ့သွားတာရယ်၊ ချမ်းသာ တဲ့နိုင်ငံကြီး တွေက လုပ်အားခသက်သာသော ဖွံ့ဖြိုးစနိုင်ငံတွေမှာ စက်မှုလုပ်ငန်းဆိုင်ရာ နယ်ကျော်ရင်းနှီးမြုပ်နှံခြင်းများရယ် စသဖြင့် အသစ်သစ် ပေါ်လာသောလုပ်ငန်း များက လည်း ရေကြောင်းလောကကို ပိုပြီး ဖွံ့ဖြိုးစည်ပင် စေခဲ့ပြန်ပါတယ်။

စည်ပင်ခဲ့စေရုံမကပါဘူး၊ ခေတ်မီ နည်းစနစ်များကရေကြောင်းလောက ရဲ့အဓိကဇါတ်ကောင်သင်္ဘောများ ကိုလည်း၊ အာကာသယာဉ် တစ်စီးကဲ့သို့ ဖြစ်အောင်တိုးတက် စေခဲ့တယ်ဆို ရင်မမှားပါဘူး။ တက်မနဲ့ရွက်ဘဲ သုံးခဲ့တဲ့ခေတ် ကနေ အခု “ Computor Mouse “ ကိုင်မောင်း ရတဲ့ခေတ်ရောက်လာတာ ကိုကြည့် ခြင်းအားဖြင့်၊ မည်၍ မည်မျှ တိုးတက်လာခဲ့တာကို မှန်းလို့ရပါတယ်။ အဲဒီထက်တိုးတက်ဖို့ဘဲ ရှိပြီး၊ နောက်ပြန်လှည့် ဖို့ ကိုအကြောင်းမရှိပါဘူး။ ။ နောက်ဆုံးဆန်းစစ်ချက်တစ်ခုအရ တစ် ကမ္ဘာလုံးအတိုင်းအတာနဲ့ ရေကြောင်းလောက ရဲ့သင်္ဘော မျိုးစုံ (၇) သောင်းကျော်ဟာ ကုန်မျိုးစုံကို တစ်နှစ် ပျမ်းမျှခြင်း တန်ချိန် (၈) ဘီလျံ ၀န်းကျင်ကို (၁၉၇၀) မှယခုအချိန် အထိ သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ မှတ်တမ်းများကဖေါ်ပြထားပါတယ်။ စီးပွားပျက်ခဲ့တဲ့ (၁၉၉၇/၂၀၀၈) လိုနှစ်တွေမှာတောင် (၇) ဘီလျံ လောက်ထိရှိနေခဲ့တုန်းပါဘဲ။ (၂၀၁၀) ခုနှစ် IMO စာရင်းဇယားများအရ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆီမျိုးစုံ တန်ချိန် (၂.၇၅၂)ဘီလျံ ၊ Bulk Cargo အမျိုးစုံ တန်ချိန် (၂.၃၃၃)ဘီလျံ ၊ နဲ့ အခြားကုန်မျိုးစုံ တန်ချိန် (၃.၃၂၃)ဘီလျံ ကိုရွှေ့ပြောင်းသယ်ယူပေး ခဲ့တယ်လို့ ပါလာပါတယ်။ ဒေါက်တာမာတင်စတက်ဖို့( ဒ်) ( Clarkson Research Svcး ) ရဲ့လေ့လာချက် စာတမ်းအရ နောက်လာမည့် (၂၀၆၀) မှာ လက်ရှိဖြစ်နေတဲ့ ကုန်ဖလှယ်မှု (၈) ဘီလျံတန် ကနေ (၂၃) ဘီလျံ တန်အထိ တိုးတက်လာနိုင် တယ်လို့ဆိုထားပါတယ်။ (၃၀၀%) တိုးတက်ခြင်းပါ။ တစ်ဆက်တည်းမှာဘဲ အြိန္ဒိယနိုင်ငံ နဲ့ တရုတ်နိုင်ငံတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးကို ဦးဆောင်တဲ့နိုင်ငံ တွေ ဖြစ်လာမယ်ဆိုတာပါဘဲ။ သိပ်တော့လည်းမဆန်းပါ။ (လူများရင်ပွဲစည်) စီးပွားရေးသီအိုရီက ကမ္ဘာ့ စီးပွားရေးကို ထိန်းချုပ်ထား သလိုဖြစ်နေတာ ကြောင့်လည်း ပါပါတယ်။ ။ နောက်ထပ်ဆန်းစစ်ချက် ဂဏန်းတစ်ခုကိုဆက်ရေးရရင် ၂၀၁၁ခုနှစ် စာရင်းဇယားများအရ ကမ္ဘာပေါ်မှာ ကုန်တန်ချိန် (၁၀၀) အထက်တင်နိုင်တဲ့ သင်္ဘောပေါင်း (၅၅ ၀၀၀) ကျော် ရှိရာမှာ၊ နိုင်ငံပေါင်း (၁၅၀) မှ သင်္ဘောသားပေါင်း (၁.၅) မီလျံကျော်အလုပ် တာဝန် ထမ်းဆောင် နေတယ်လို့ဆိုပါတယ်။

တစ်နည်းပြောရရင်ကမ္ဘာ့ကုန်သွယ်ရေးဇာတ်ခုံမှာ လူသား အကျိုးပြု ပြဇာတ်အတွက် ကပြအသုံးတော်ခံနေ တဲ့ ဇာတ်လိုက်ကျော် သင်္ဘောများကို မောင်းနှင် ကိုင်တွယ်နေတဲ့ သူရဲကောင်း မင်းသားအကျော်အမော် ၁.၅ မီလျံကျော်ရှိတယ် ဆိုရင်မမှားပါဘူး။ ဇာတ်လိုက်ကျော် သင်္ဘောများ အကြောင်းပြီးရင် ပြဇာတ်မှာ တစ်ဆက်တည်း ပါနေတဲ့ ဇာတ်ပို့များ အကြောင်းပါဆက် ရေးရပါမယ်။ ။ ကမ္ဘာ့ရေကြောင်း ကုန်သွယ်ရေး မှာ ဆိပ်ကမ်းကောင်းများမရှိရင် ရေကြောင်းလောကကြီး တိုးတက်လာစရာမရှိပါဘူး။ သင်္ဘောဆိပ်ကမ်းကောင်းများ ဆိုတဲ့ အပိုင်းကိုကြည့်ရင် နိုင်ငံ တစ်နိုင်ငံ တိုးတက်၏၊ မတက်၏၊ ကို ခန့်မှန်းကြည့်လို့ရပါတယ်။ ကမ္ဘာ့စီးပွားရေး အတိုးတက်ဆုံးဖြစ်တဲ့ တရုတ်နိုင်ငံမှာ ကမ္ဘာ့အဆင့်မှီ ဆိပ်ကမ်းပေါင်း (၃၈) ခု (ဆောက်လက်စမပါ) ရှိပါတယ်။ အဲဒီအထဲမှာ ကမ္ဘာ့ထိပ်တန်းဆိပ်ကမ်း (၅၀) စာရင်းဝင်တဲ့ ဆိပ်ကမ်း (၁၀) ခုရှိပါတယ်။ အထက်ပါဆိပ်ကမ်းတွေကတော့ ကုန်သေတ္တာအခြေခံကုန်များကို အတင်အချလုပ်တဲ့နှုန်းပေါ် မူတည်ပြီးသတ်မှတ်ထားတာပါ။ ဒါပေမဲ့ ဆီသင်္ဘောအတင်အချ၊ Bulk Cargo အတင်အချ တွေပါ ထည့်တွက်ရင်လည်း ထိပ်တန်း ကမဆင်းပါဘူး။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ကုန်သွယ်ရေး လုပ်ငန်း လုပ်ကိုင်နိုင်ဖို့ ဆိပ်ကမ်းကောင်းများလိုအပ်တယ် ဆိုရင်မမှားပါဘူး။ ကမ္ဘာ့ထိပ်တန်း ပထမ နေရာက ဆိပ်ကမ်းဖြစ်တဲ့ ရှန်ဟိုင်း ဆိပ်ကမ်းဟာ ပုံမှန် ကုန်သေတ္တာပေါင်း တစ်နှစ်ကို (၃၂) သန်း အတင်အချလုပ်နေခဲ့ပါတယ်။ စင်္ကာပူကတော့ (၃၁) သန်း နဲ့ ဒုတိယ ပါ။ ဟောင်ကောင် က (၂၆) သန်းနဲ့ တတိယ၊ ရှန်ဇန် က (၂၃) သန်း နဲ့ စတုတ္ထ၊ ပြီးတော့ အစဉ်အတိုင်း ဘူဆန်၊ နင်ဘို၊ ကွမ်ကျိုး၊ ရှင်တောင်း၊ ဂျဘယ်အလီ(ယူအေအီး) နဲ့ ရော့(တ)တာဒန်(နယ်သာလန်) က ဒဿမမြောက်မှာ ရှိပါတယ်။ ထိပ်တန်း ၁၀ ခုယှဉ်တဲ့အထဲမှာ အာရှတိုက်ကချဉ်းဘဲ (၉) ခုပါတာကိုကြည့် ခြင်းအားဖြင့် ဘယ်လိုနေရာမှာ စီးပွားရေးအင်အားရှိနေတယ်ဆိုတာကို ခန့်မှန်းလို့ရပါတယ်။

ထိပ်တန်းသင်္ဘောကုမ္ပဏီ (၁၀) ခု ထဲက (၆) ခုဟာ အာရှ ကပါ။ အဲဒီမှာစီးပွားရေးတိုးတက်မှု၊ ကုန်းတွင်းပိုင်းနဲ့ပင်လယ်ကမ်းနားပိုင်းတွေ ကွာခြား မှုကြောင့် ပြဿနာ ပေါင်းစုံ ကြုံတွေ့ နေရတဲ့ တရုတ်နိုင်ငံမှာ၊ တိုးတက်မှုနှေးကွေးတဲ့ ကုန်းတွင်းပိုင်းကို စီးပွားရေးလမ်းပွင့် အောင်အားထုတ်တဲ့ အနေနဲ့ မြန်မာနိုင်ငံ ကျောက်ဖြူမှာ ပင်လယ်ရေနက်ဆိပ်ကမ်းမရအရ လာဆောက်တာကဘဲ စီးပွားရေးတိုးတက်ရေးမှာ ဆိပ်ကမ်းတွေနဲ့ ရေကြောင်းကုန်သွယ်မှုဘယ်လို အရေးပါတယ်ဆိုတာမှန်းလို့ရပါတယ်။ ။ အဲဒီမှာမြန်မာနိုင်ငံရဲ့အနေအထားပုံစံကိုပြောရရင် က မ္ဘာ့စီးပွားရေး ဦးဆောင် ထိပ်တန်းနိုင်ငံ များဖြစ်လာမယ့် ၀ါဒမတူ ဒီမိုကရေစီ နိုင်ငံ အိန္ဒြိယနှင့် ကွန်မြူနစ်နိုင်ငံတရုတ်ကြားမှာ ပထ၀ီဝင် အနေအထားအရရှိနေပါတယ်။ (လူများပွဲစည်) စီးပွားရေးသီအိုရီအရ ၎င်းနှစ်နိုင်ငံ အတွက် အကောင်းဆုံး ထောက်ပံ့ပေးနေတာက သူတို့နိုင်ငံကလူဦးရေပါ။ သူတို့နိုင်ငံမှာ ဥာဏ်အားမလို ကာယအားကိုး အလုပ်လုပ်နိုင်သူတွေမရေမတွက်နိုင်အောင်ရှိသလို၊ ဥာဏ်အားသုံးပညာတတ်တွေ၊ အိုင်းစတိုင်းနီးပါးတော်သူ ဥာဏ်ကြီးရှင်များကလည်းထုနဲ့ဒေးပါ။ အဲဒီနှစ်နိုင်ငံက ခံယူတဲ့ဝါဒမတူ၊ ဘာသာမတူ၊ အသွေးအရောင်မတူ၊ မတူတာတွေ အရမ်းများပေမဲ့ တူတာကတော့တစ်ခုရှိပါတယ်။ တိုးတက်အောင် ကျားကုတ် ကျားခဲ ကြိုးစားကြပုံချင်းအတူတူပါဘဲ။ အဲဒီတော့ အဲဒီနိုင်ငံတွေနဲ့ ယှဉ်ချင်ရင် ဒါမှမဟုတ် အမှီလိုက်ချင်ရင် အဲဒီနိုင်ငံကလူတွေ လိုကြိုးစားရမှာ ကတော့ငြင်း မရပါ။ မြန်မာနိုင်ငံ ရေကြောင်းလောက သူရဲကောင်းများအနေနဲ့ ကမ္ဘာ့အလယ်မှာ ၂၁ရာစု ရောက်ပြီး နောက်ပိုင်း နေရာရမှု နည်းလာတယ် လို့ပြောရင်လည်းရပါတယ်။ တခြားနိုင်ငံတွေက တိုးတက်သွားပြီး ကိုယ့်နိုင်ငံက ၂၀ ရာစု မှာ ကျန်ခဲ့ လို့လည်း ပြောရင်ရပါတယ်။ အသိဥာဏ် ပညာအဆင့်အတန်းရယ်၊ လုပ်ရည်ကိုင်ရည်ရယ် အပိုင်းတွေမှာ နိုင်ငံတကာ မှာရှိတဲ့ ၂၁ရာစုရဲ့(စံ) တွေနဲ့ ယှဉ်ရင်နိမ့်ကျလာခဲ့တဲ့အတွက်လည်းပါပါတယ်။ တာဝန်ရှိတာကတော့ ရှေ့က ဦးဆောင်သွားခဲ့ သူများရဲ့ မပြတ်သားမှု၊ လက်ရှိလုပ်နေတဲ့သူများရဲ့ ညံ့ဖျင်းမှု၊ လုပ်ချင်နေသူများရဲ့ မကြိုးစားမှုများ ကြောင့်လဲပါပါတယ်။ လက်ရှိလုပ်နေတဲ့ သူများ အထဲမှာ ဒီစာစုကို ရေးနေသူ ကတော့ ညံ့တဲ့အပြင် အညံ့ဆုံးထဲ ပါပါတယ်။

အပြစ်ရှာပြောနေမဲ့အစား လက်ရှိရောက်ရာနေရာ ကနေ အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး၊ အကောင်းတကာ့အကောင်းဆုံး ဖြစ်အောင် ကြိုးစား နေရမှာကတော့ မြန်မာ့ရေကြောင်းလောကသား သူရဲကောင်းတိုင်းရဲ့တာဝန်ပါ။ ။ ကမ္ဘာ့ထိပ်တန်းအချမ်းသာဆုံးဖြစ်ခဲ့ကြတဲ့ ဘီလ်ဂိတ် တို့လို၊ လီကာရှင်း တို့လိုလူတွေဟာ ကိုယ့်အားကိုယ်ကိုး စွန့်ပြီးကြိုးစား ခဲ့ကြလို့အဲဒီနေရာကိုရခဲ့ကြတာပါ။ နံမည်ကျော် ခရစ္စတိုဖါကိုလံဘတ် ဟာ ယက္ကန်းရုံပိုင်ရှင်ရဲ့ သား မျှသာဖြစ်ပါတယ်။ ဒါပေမဲ့ဖြစ်ချင်တာ တစ်ခုကိုကျားကုတ်ကျားခဲကြိုးစားခဲ့တဲ့အတွက် ရေကြောင်းဦးဆောင်လမ်းပြ ထိပ်တန်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့တာပါ။ အာရှတိုက်ရဲ့ ရေကြောင်းဦးဆောင်လမ်းပြဖြစ်ခဲ့သူ နာမည်ကျော်ကိုလံဘတ်(စ) ထက်စောပြီးကမ္ဘာပတ် နယ်မြေသစ်ရှာခဲ့သူ တစ်ယောက်ဖြစ်တဲ့ ယူနန်နယ်ဖွား ချန်ဟို (ZHENG HE) ဆိုရင်လည်း ငယ်စဉ်က ပင်လယ်ဆိုတာ မမြင်ရတဲ့ ယူနန်နယ်မှာ ကြီးပြင်းပြီး အသက် (၁၀ ) နှစ်မှာ ဖခင်မြို့စားစစ်ရှုံးရာက၊ တရုတ်ဧကရာဇ်က ဖခင်ကိုသတ် သားကိုသင်းကွပ်ပြီး ကျွန်ဇာတ်သွင်း ခံခဲ့ရပါတယ်။ ဒါပေမဲ့ မဆုတ်မနစ် အဆက်မပြတ်ကြိုးစားခဲ့လို့ ကိုလံဘတ်(စ) ရဲ့ နာမည်ကျော် (Santa Maria) သင်္ဘောထက် ငါးဆလောက်ကြီးတဲ့ စစ်သင်္ဘောကြီးပေါင်း (၁၂၀) ကျော်ကိုအုပ်ချုပ်ပြီး တရုတ်ဧကရာဇ် ရဲ့ နယ်မြေသစ်ရှာဖွေပေးသူ ရေတပ်ဗိုလ်ချုပ်မှူးကြီး ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်း နံပါတ်တစ် Maersk လိုင်းရဲ့တည်ထောင်သူဖခင်ကြီး Capt. Peter Maersk Moller ဟာသင်္ဘောသားဘ၀က စခဲ့ပြီး သင်္ဘောလုပ်ငန်းရဲ့စီးပွားရေး အခွင့်အလန်းများကို မြင်ပြီး သူ့သား Arnold Peter Moller နဲ့ သင်္ဘောကုမ္ပဏီလေး စထောင် ပြီးကြိုးစားခဲ့ရာက နှစ်ပေါင်းတစ်ရာကျော်အကြာမှာ ယခုမြင်နေရတဲ့ AP Moller Maersk ဆိုပြီးဖြစ်လာတာပါ။ ။ အခုနေများ ပီကာဆိုရဲ့အမေသာရှိနေဦးမယ်ဆိုရင် ကြီးကျယ်ခန့်ညား နေတဲ့ ရေကြောင်းလောက ကိုတွေ့ပြီး သူ့သားကို အမှာချွေနေ မှာ ကတော့ ((သင်္ဘောသားများဖြစ်ခဲ့ရင် Columbus လို (ဒါမှမဟုတ်) Capt. Peter Maersk Moller လို ဖြစ်အောင်လုပ်ပါ))လို့မှာနေမှာ ကျိန်းသေပါတယ်။ ။။။။။“My mother said to me, ‘If you become a soldier, you will be a general; if you become a monk, you will be a Pope.’ Instead, I became a painter and wound up as Picasso.” [Pablo Picasso]။။။။။။

Capt Win Naing Nyunt (American President Line, APL) Seamen Representative Council Member [MSF]

ကြားရပြန်ပြီ

Thein Oung



Canada Quebec port မှာ MLC က determined လုပ်လိုက်ပြန်ပြီးတဲ့။ မြန်မာနဲ့ Vietnam အယောက်၂၀ ပါတယ်တဲ့။ Captain က Canadian တဲ့။

ဖမ်းရတဲ့ အကြောင်းက ဒီသဘောင်္တက်ဖို့ ပွဲခ စုစုပေါင်း ဒေါ်လာ ၆၆၀၀ ခန့်ပေးခဲ့ရတယ်တဲ့။ စစ်ရင်းစစ်ရင်း၊ သဘောင်္ထွက်ဖို့ စုစုပေါင်းဒေါ်လာ ၅၁၀၀၀ (ငါးသောင်းတထောင်) လျှော်စေတဲ့။

Panama Flag သေဘာၤပါ။ သဘောင်္နာမည်တော့ မပြောတော့ပါ။ ကုမ္မဏီ ထိခိုက်မှာစိုးလို့ပါ။

Europe သဘောင်္သားတွေဆို ရင်တော့၊ လစာကောင်းပြီး၊ ပွဲခမပေးရတာ ဖြစ်နိုင်ပါတယ်။ MLC စစ်လဲ ပြဿနာ မရှိလောက်ပါဘူး။ ဒါပေမဲ့ Asia သဘောင်္သားတွေကို လစာ ကောင်းကောင်း၊ ပွဲခအလွတ် ခေါ်နိုင်တာ တော်တော်လေးရှားပါတယ်။ ဒီလို အဖမ်းခံရမဲ့ သဘောင်္တွေကတော့ လစာနဲတဲ့ နိုင်ငံ၊ အထူးသဖြင့် Asia သဘောင်္သာတွေပါတဲ့ သဘောင်္တွေဘဲ များတော့မယ်ထင်တယ်။

အရင်ခေတ်က ITF တိုင်ပြီး လစာ အမြင့်တွေ တောင်ဘူးကြတယ် (ဥပမာ MV TRADE DILIGENT) ။ ဒါကို ship owner တွေ ကြောက်ပြီး တိုင်တတ်တဲ့ သဘောင်္သားတွေ ကို မသုံးချင်ဘူး။ ဒီလိုဘဲ MLC ကြောင့် မြန်မာသဘောင်္သာတွေ အလုပ်ပို မရဘဲ ပိုပြုတ်မှာကို စိုးရိမ်မိတယ်။

******တန်ဆောင်တိုင်အလွမ်းများသင့်စေ******


.
.
ပင်လယ်ကန္တာရက

ဆောင်းနှင်းမြူများနှင့် မှုန်ပြာရီဝေ

အဆက်မပြတ်တိုက်တဲ့လေက နဂါးနှာမှုတ်သံလိုလို

သူ့ရင်ကိုခပ်ကြမ်းကြမ်းဆွဲဖွင့်

အကြိမ်ကြိမ် ရင်ပွင့်ခံတယ်။
.
.
ပွင့်လိုက်ပါတော့ ညရယ်

လအလင်းကိုဖြန့်ခင်းပြီး

ငွားငွားစွင့်စွင့်ပွင့်လိုက်ပါတော့လား

မျဉ်းကောက် မျဉ်းကွေးတွေနဲ့ တစ်ဖြောင့်တည်းသွားနေရတဲ့

ဝန်ပိနေတဲ့ နှလုံးသားတွေအတွက်

(သို့မဟုတ်)

ပင်လယ်ကန္တာရခရီးသွားတွေအတွက်

တကယ်တော့

တန်ဆောင်တိုင်ညဆိုတာ

ပင်လယ်ကန္တာရမှာလည်း

တန်ဆောင်တိုင်ညပဲ မဟုတ်လားလေ ။
.
.
ဆယ့်နှစ်ရာသီအလွမ်းများနှင့်

ပင်လယ်ကန္တာရခရီးသွားအတွက်

ဒီတစ်ညကတော့ တန်ဆောင်တိုင်အလွမ်းတွေခတဲ့ည

''မီးပုံးပျံ ဆီမီးခွက်တွေ အလှ

မိသားစု/ချစ်သူ/သူငယ်ချင်း အပေါင်းအသင်းများနှင့်

ဘုရားသွား ကျောင်းတက် ဆီမီးတစ်ထောင်ပွဲတော်ရက်တွေ

အို....................တစ်ခါကဆိုတာ

အသိဥာဏ်က မှတ်မှတ်ရရလွမ်းပါရဲ့ ။
.
.
တန်ဆောင်တိုင်ညမှာ ဆေးပေါင်းခသတဲ့လား

အဲ့ဒီစကားသာမှန်ခဲ့ရင်

ပင်လယ်ကန္တာရခရီးသွားတို့ပွင့်တဲ့ အလွမ်း

အဲ့ဒီပန်းဟာလည်း ဆေးဘက်ဝင်မလားပဲ

ပင်လယ်ကန္တာရခရီးသွားတို့ရဲ့

မိဘ/မိသားစု/ချစ်သူ/မိတ်ဆွေ အပေါင်းအသင်းများ

နှင်းရည်စိုစွတ်သော ထိုအလွမ်းများသင့်၍

ပျော်ရွှင် ငြိမ်းချမ်း ချမ်းသာ ကျမ်းမာသုခနှင့်

ထာဝရပြည့်စေသောဝ်...................။ ။
.
.

အစဉ်လေးစားလျှက် via~ Goahead Koko

ကျနော် နှင့် စာရေးခြင်း ပင်လယ်။



စာလေးတစ်ပိုဒ် အား တော်တော် သဘောကျ မိ ၍ စာစရေးဖြစ်ပါသည်။

"သင် ဟာ တစ်ည ကို စာတစ်မျက်နှာသာ ရေးဖြစ်အောင် ရေး ပါ တစ်နှစ်ပြည့်သော အခါ
၃၆၅ မျက်နှာ ရှိသော ၀တ္ထုတစ်ပုဒ်ဖြစ်လာပါလိမ့်မည်" တဲ့ Credit ပေးရန် ရေးသူကို မမှတ်မိ
သို့သော် နိုင်ငံခြား စာရေးဆရာမတစ်ဦးဖြစ်ပေမည်။

ဒါက လူတစ်ယောက်ကို စာရေးဖြစ်အောင် တိုက်တွန်းလိုက်တဲ့ စေတနာကောင်း စာတမ်းလေးတစ်ခုပင်ဖြစ်ပါသည်။
သို့နှင့်ကျနော် စာရေးပျင်း လက်ရေးကြောင်ခြစ်များနဲ့ စာတိုတွေ ကို ဟို ခြစ်ဒီခြစ် ရေးလေ၏။
သို့သော်အဆင်မပြေပါ။

"ကျနော် တို့ ဟာ ကိုယ် ခန္ဒာ ကျန်းမာရေး အတွက် အစားကောင်းတွေ စားသုံးကြသလို
စိတ် ၏ ကျန်းမာရေးအတွက် စာပေ ကောင်းများ ကို ဖတ်ရှူ သင့်ပေသည်"
စာကို စာတတ်သူတိုင်းရေးတတ်သည်။သို့သော် မြန်မာ သတ်ပုံကျမ်း အဘိဓာန် စကားပြေ ကြွယ်ကြွယ်၀၀ နှင့် ကျကျနန ရေးတတ်ဖို့၊
လင်္ကာဝုတ္တ္ထိ ၊၀င်္က၀ုတ္ထိ တို့နှင့်ရေးတတ်ရန် လူ အများနှစ် ခြိုက်အောင်ရေးရန် မှာကားမလွယ်ကူနိုင်ပေ..
စာရေးဆရာပေါင်းများစွာ သူ့စတိုင်သူ့ ဟန်နှင့်သူရေးကြပေသည်။

ဆရာမောင်ထင် ၊လူထုဒေါ်အမာ၊ သော်တာဆွေ၊ရွှေဥဒေါင်း၊မင်းသိင်္ခ၊ ဆွေလှိုင်ဦး၊
မောင်သာရ၊ဂျူး ၊တက္ကသိုလ် နေလင်းအောင်၊ တင်သန်းဦး၊မင်းလူ အစသဖြင့်
ကျနော် ဖတ်ခဲ့ဘူးသူ၊စာရေးသူ များထဲ တွင်မှာမှ မြန်မာစာ ပါမောက္ခ ဆရာငြိမ်းကျော်တစ်ဦးတည်းသာ စာတွေ ကို
မြန်မာစာ ညွန်းတမ်းအတိအကျဖြင့်ရေးသည်ဟု ဖတ်ဖူးသည် ။

သို့သော်သူ့စာတွေ စဖတ်ကာစက ဆွေလှိုင်ဦးလောက် မစွဲလန်းပေ
သတိထားဖတ်လေ (သည်တွေ) (၏ တွေ) နှင့် ဖတ်ရသည်မှာတော်တော် တန်းတန်းကြီးဖြစ်လေသည်။
နောက်ပိုင်းတော့ အကျင့်ရလာပါသည်။

စာပေ မျိုးစုံရှိလေသည်။

ဘာသာပြန် ၊မှီငြမ်း၊ ကိုးကား၊ ကိုယ်တွေ့၊ အချစ်၊အလွမ်း၊ရသ၊ တက်ကျမ်း၊
အထုပတ္တိ၊ ဆောင်းပါး၊ Essay ၊စကားပြေ ၊သရော်စာ၊ မှတ်တမ်း၊ ဒိုင်ယာရီ၊ သင်ရိုးညွန်း၊
နည်းပညာ ဥပဒေသ။ စသည်ဖြင့် ရှိပါသည်။

ထိုထိုမည်သောအမယ်စုံလင်လှသောကြောင့် စာရေးရသောအခါ ဘယ်သို့ရွေးဘာရေးရမည်မသိ၍
မိမိခံစားချက် တွေ ကိုသာ ချ ရေးမိပါသည်။

အဖေဆုံးတော့ ၊စိတ်တွေ အလွန် မွန်းကြပ်လာ၍ ဘာသာပြန် ၀ထ္ထု တိုများ ကိုယ်ပိုင် ကဗျာများ စွာ စ ရေးမိပါသည်။ ၀ဿုန်ဒေဗီ အမည်ဖြင့် စာတွေ ရေးသည်။
ပင်လယ်ကြီးထဲ မှာ အချိန် တွေ မဖြုန်းတီး ချင် ၍ စာတွေ ကဗျာတွေ သီချင်းတွေ နဲ့ အချိန်တွေ စတေး ခဲ့၏။

သည်လိုနှင့်စာတွေ ကို မှန်သည် ကောင်းသည် မကောင်းသည် မသိ စီစစ်ရေးမလိုသော FB တွင် တွင်တွင်ကြီးရေးနေမိလေတော့၏။

ကျနော် သိသလောက် လေး နောက်ဆုံးပြောချင်တာလေးတော့ ရောက်လာပါပြီ။

ကဗျာတွေ၊ စာတွေ၊ ရေးရာတွင် သီချင်း ၊ဇတ်လမ်း၊ ရုပ် ရှင် တို့ လို ပင် Tempo အနိမ့် အမြင့် နှင့် Climax ရှိရမည်။
နောက်ဆုံး နိဂုံး ချုပ် ပိတ် တတ် Execute လုပ်တတ်ရပေမည်။

စာရေးဆရာ ဆိုသည် မှာ ဘာသာတစ်ခု လူမျိုးတစ်စု အုပ်စု အဖွဲ့အစည်း တစ်ခု ၏ အစွဲ ကင်းရမည်။ဘက်မလိုက်ရ ၊ တစ်စုံ တစ်ယောက် တစ်ခုခု ကို ဖိနှိပ် မှု မရှိ ရ၊ မျှတ စွာ ဝေဖန် ရေးတတ်ရမည်။

မဟုတ်ခဲ့လျှင်တောင် နောက်ဆုံး တွင် ကောင်းစေလိုသော စေတနာ တစ်ခုခု တော့ ပါကိုပါရမည် ဖြစ်လေ၏။
ဖေဘွတ်ပေါ်မှာ စာတွေ တင် ရတာ လွယ် ကူ သောကြောင့် တင်ချင် သလိုတင် ရေးချင် သလို ရေး ကာ ဝေဖန် ရန်ဖြစ်နေကြသောကြောင့် စေတနာ ဗလပွ ဖြင့် သာ သည် ဆောင်းပါးလေးကိုရေးမိပါသည်။

ရာစု

ခေတ္တ အိန္ဒိယ သမုဒ္ဒရာ...

........*** ပင်လယ် ရှိုက်သံ ***...............

Khine Mye



သူငယ်ချင်း....
တန်ဆောင်တိုင် လပြည့်တဲ့ ..
ကောင်းကင်မှာ ၊ ကြယ်တွေတော့ တွေ.ပါရဲ. ...
ငါတို. အတွက်တော့ ၊ ဒီနေ.တွေက မေ့တေ့တေ့ ပါပဲ ။

ပြသဒါး ၊ ရက်ရာဇာ ..ဆိုတာက
တို.လို ဘဝတွေမှာ ၊ ဝေးကွာတာ
ကြာပြီပေါ့ကွာ ....
လွမ်းတော့ ၊ လွမ်းမိပါတယ်....
ဒါပေမယ့် ......ငါမငိုပါဘူး ။

သူငယ်ချင်း ...
လှိုင်းကြမ်းမယ် ၊ လေထန်မယ်
ဥတုတွေ ပြောင်းချင်ပြောင်းမယ်
သို.ပေမယ့် ..လိုရာခရီး ကိုတော့
တို.တွေ အားလုံးရဲ. .....
ဇွဲ သတ္တိ မာန် အပြည့်နဲ.
ရောက်အောင် ရွေ.နေဆဲပါပဲ...။

သူငယ်ချင်း ...
သဘောင်္သား ဆိုတာ ၊ ငွေတစ်ခုတည်း အတွက်
မွေးဖွားထားတာ မဟုတ်ဘူး ဆိုတာကိုတော့ ... မင်းယုံ ။

တစ်နိုင်ငံနဲ. တစ်နိုင်ငံ
သံတမန် ဆက်ဆံရေး အရ၊
တို.တွေ အားလုံးလည်း
တစ်ဖက်တစ်လမ်းကနေ
စွမ်းနိုင်သလောက် ၊ လှမ်းနေကြတာပါ ...။

မင်းကြည့်လေ ....
ကမ္ဘာကြီးရဲ. ဈေးကွက်ဆိုတာမျိုးတွေ
တို. သင်္ဘောကြီးတွေရဲ. ၊ ရွှေ.ကွက်တွေသာ မပါခဲ့ရင်...
ဘယ်မှာ အသက်ဝင်နိုင်ပါ့မလဲ..။

နောက်ဆုံး ....သူငယ်ချင်း ရယ်
လူ.ပတ်ဝန်းကျင် အတွက်....
လိုအပ်တဲ့ အရာ ၊ တော်တော်များများ
သယ်ယူ ပို.ဆောင်ခွင့် ရထားတဲ့
ဒီအလုပ်ကိုပဲ ...
တစ်ချို. ဒဏ်ချက်တွေ ကြားကနေ ၊
ဂုဏ်ယူ စွာနဲ. ၊ ငါပွေ.ဖက်ထားဆဲပေါ့....။

ဒါကြောင့် မျက်ရည် ကျချင် ၊ ကျနေလိမ့်မယ်.....
ငါမငိုခဲ့ပါဘူး ...။

တစ်ခုတော့ မျှော်လင့် မိတယ်...
နောင်နှစ်တွေပေါ့....
ဒီအချိန် ၊ ဒီလို ညမျိုးမှာ....
ဒီလို လရဲ. အလှမျိုးကို ၊
ဝဝလင်လင် ကြီး ၊ခံစားခွင့် ရနိုင်ရင်
ကောင်းပါရဲ.လို.လေ....။
အခုတော့ သန်းခေါင်ယံ ၊ ဂျူတီ အတွက်
ငါ့ကို အိပ်စက်ခွင့် ပြုပါဦး ....။ ။ ။

ကျွန်တော် နှင့် လေးစားမိသော ဘိုဆင်

\\//  \\//


ကျွန်တော်ခင်တဲ့ ကျွန်တော့်ကိုခင်တဲ့ သင်္ဘောတစ်စီးတည်း အတူစီးခဲ့ကြတဲ့ သူငယ်ချင်း တစ်ယောက်က ပြောပြလို့
သိရတာလေးကို မျှဝေလိုက်တာပါ။

သူလိုက်ခဲ့ဖူးတဲ့ သင်္ဘောက ဘိုဆင်တစ်ယောက်အကြောင်းပါပဲ။ သူပြောပြတော့ နားထောင်ရင်း အဲဒီ ဘိုဆင်ကို လေးစားမိတာနဲ့
ဒီစာစုလေး ရေးဖို့  စဉ်းစားမိသွားတာပါ။ စာရေးဆရာ မဟုတ်တဲ့ သင်္ဘောသားမို့ မှားတာပါရင်လည်း ခွင့်လွှတ်ဖို့ ကြိုပြောထာ ပါရဲ့ဗျာ့ 

သူငယ်ချင်းကတော့ သင်္ဘောလိုင်းနာမည်နဲ့ လူနာမည်ပါ ထည့်ပြောခဲ့ပေမယ့် ပုဂ္ဂိုလ်ရေးမို့ မဖော်ပြတော့ပါဘူး။
ကျွန်တော့် သူငယ်ချင်း က ကျွန်တော့်ကို ပြောပြနေတဲ့ ပုံစံလေးနဲ့ပဲ တင်ပြလိုက်ပါတယ်။

*****★*****

ဒီလို အစ်ကိုရ ........... အဲဒီဘိုဆင်က လူပျိုကြီးဗျ။ အသက်က ၅၀ နီးပါးရှိနေပါပြီ။ ထူးခြားတာက သူလိုက်ခဲ့တဲ့ သင်္ဘောတိုင်းမှာ
သူနဲ့အတူသယ်သွားတတ်တာက ဆယ်တန်းကျောင်းသားဘဝက သူချစ်ခဲ့တဲ့ ကောင်မလေးဓာတ်ပုံလေးတစ်ပုံပါ။ အဲဒီ ပုံလေးကို
သူ့ အခန်းထဲကစားပွဲ ပေါ်မှာ အမြဲထောင်ထားတတ်တယ်။ သူဟာ စိတ်ထား နူးညံ့ပျော့ပြောင်းပြီး သူတပါးကို ကူညီတယ် စာနာတတ်တယ်
ကိုယ်ချင်းစာတရားရှိတယ်ဆိုတာသူ့ ရဲ့ပြောဆိုနေထိုင် ဆက်ဆံပုံတွေက ပြောပြနေတယ်ဗျ။ အလုပ်လုပ်ရာမှာလည်း ကျွမ်းကျင်တယ်
ကြိုးစားတယ်။ ဒါထက်ပိုတာက သူ့ အောက်က လူကို ဘယ်တော့မှ ဆဲဆို အော်ငေါက် ခိုင်းလေ့ မရှိသလို စကားပြောလည်း
ချိုသာတဲ့သူတစ်ယောက်ပါ။ မနိုင်ဝန်တစ်ခုကိုလည်း တစ်ယောက်တည်း ဘယ်တော့မှ မခိုင်းတတ်ဘူး။ ပိုပြီးလေးစားစရာ ကောင်းတာက
အသက်အန္တရာယ် ရှိနိုင်တဲ့ နေရာမျိုးဆို သူလက်အောက်က crew ကိုမခိုင်းပဲ ကိုယ်တိုင်လုပ်တတ်တာပါပဲ။

*****★******

ဒီနေရာမှာ စကားမစပ်ပြောချင်တာက သူ့မှာ အရမ်းချစ်ရတဲ့ တူလေးတစ်ယောက် ရှိတယ် ဆိုတာကိုလည်း ကျွန်တော့်ကို
ပြောပြဖူးတယ်။ သူ့ တူ လေးကလည်း အခြားလိုင်းတစ်လိုင်းမှာ နဲ့ လိုက်နေတဲ့ သင်္ဘောသားတစ်ယောက်ပါပဲ။

*****★******

တစ်နေ့ ကျွန်တော့် သူ့ အခန်းကို သွားအလည်မှာ တံခါးလော့ချ မထားတာကြောင့် တံခါးခေါက်ပြီး ဆွဲအဖွင့်
မမျှော်လင့်တဲ့ မြင်ကွင်းကိုတွေ့လိုက်ရတာပါပဲ။ ကျွန်တော့် တော်တော်ကို လန့်သွားပါတယ်။
တချိန်တည်းမှာလည်း အဲဒီ ဘိုဆင် ဟာ ကျွန်တော့်ကို ဘာစကားမှ ပြန်မပြောပဲလှည့်ကြည့်နေတယ်ဗျာ။
ကျွန်တော်လည်း ရုတ်တရက် ဘာလုပ်ရမှန်းမသိအောင် တွေဝေသွားတယ်ဗျ။ အရာရှိတွေကို သတင်းပို့ပြန်ရင်လည်း
ဘာအကြောင်းကြောင့်မှန်းမသိလေတော့ အသက်ကိုရန်ရှာမှာ စိုးရိမ်နေမိတယ်လေ။ ဒါကြောင့် ချက်ခြင်းပဲ ပြန်လှည့်လာခဲ့တယ်။
ကျွန်တော် ဘာမြင်ရလဲဆိုတော့ ဘိုဆင်ဟာ သူ့လက်တွေကို သူကိုယ်တိုင် ဓားနဲ့ခြစ်နေတာပါပဲ။ သွေးတွေလည်း စီးကျနေတယ်လေ။

နောက်ရက်ကျတော့ သူဟာပုံမှန်အတိုင်းပဲ အလုပ်ပြန်လုပ်နေလေရဲ့။ လက်မှာတော့ ပတ်တီးတွေ စည်းထားလို့ပေါ့။
ကျွန်တော့်ကို မြင်တော့ ဖော်ဖော်ရွေရွေပဲ စကားပြော နှုတ်ဆက်လိုက်သေးတယ်။ ကျွှန်တော်လည်း ဘာအကြောင်းကြောင့်ဆိုတာတော့
မမေးဖြစ်သေးပါဘူး။ ဒါပေမယ့် လူပဲဗျာ သိချင်စိတ်ကို ဘယ်ကြာကြာမြိုသိပ်ထားနိုင်မလဲ။ ဒါကြောင့်ပဲ ကျွန်တော့်လည်း
အဲဒီဘိုဆင် ဂျူတီနားချိန် သွားမေးကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ သူအကူအညီ လိုရင်လည်း ပေးနိုင်အောင်ပေါ့၊ ခံစားချက်တွေ
ရင်ဖွင့်ချင်နေတယ်ဆိုရင်လည်း နားထောင်ပေးလိုက်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့ဗျာ။ ဒီလိုနဲ့ ညနေပိုင်းရောက်တော့ 

အခန်းတံခါးကို အသာခါက်ပြီး တံခါးကို တွန်းဖွင့်လိုက်တယ်၊ ပုံမှန်ပါပဲ အရင်နေ့က မြင်ကွင်းနဲ့ တစ်ခြားစီပဲတဲ့ဗျာ။
''လာ ထိုင်ကွာ '' ဆိုပြီးတောင် ခရီးဦးကြိုလိုက်သေးတယ်တဲ့ဗျ။ ဒီတော့မှ ကျွန်တော့်လည်း
" မနေ့က ဘယ်လိုဖြစ်တာလဲအစ်ကို '' လို့ အစချီ မေးတော့တာပါ့။ ဒါပေမယ့် သူ ပြန်ဖြေတာကြားတော့ ကျွန်တော်
တော်တော်စိတ်မကောင်း ဖြစ်သွားတယ်ဗျာ။ သူ အရမ်းချစ်ခဲ့ပြီး လမ်းခွဲခဲ့ ရတဲ့ ကောင်မလေးကို လွမ်းလို့တဲ့။ သူ့ရဲ့ ပထမဆုံးသော ချစ်သူပါ၊
သူ့ကိုထားသွားကတည်းက နောက်ထပ် ရည်းစားမထားတော့သလို အိမ်ထောင်လည်း မပြုတော့တာ အခုချိန်ထိပေါ့ဗျာ။
ဘာလို့  အစ်ကို့ ကို သူက ထားသွားတာလဲ လို့မေးတော့ .......

******★*******

(ကျွန်တော်တို့ ချစ်သူတွေ ဖြစ်ကြတာ ၁၀. တန်း ကျောင်းသားဘဝကတည်းကပါ။ ရည်းစားသက်တမ်း ၄ နှစ်ပြည့်တော့ ကျွန်တော် သင်္ဘော
စလိုက်ဖြစ်တယ်။ သူ့ကိုယ် လက်ထပ်မယ် နှစ်ယောက်စလုံး အနာဂတ်အတွက် ငွေရှာမယ်ဆိုပြီး ကျွန်တော် သင်္ဘောပေါ် ရောက်လာတာဗျ။
ကျွန်တော် သင်္ဘော လေးခေါက်မြောက် ပြည့်တာနဲ့ လက်ထပ်ကြမယ်ဆိုပြီး ကတိတွေထားခဲ့ကြတယ်လေ။ ဒါပေမယ့်ဗျာ့ 
ကျွန်တော် ဒုတိယမြောက် သင်္ဘောပေါ် တက်တဲ့အချိန် ဒုတိယအခေါက်မှာတင် သူတစ်ခြားတစ်ယောက်နဲ့ လက်ထပ်သွားတယ်ဗျ။
သူ လက်ထပ်သွားတဲ့အချိန်မှာ ကျွန်တော် သင်္ဘောပေါ်ရောက်နေတယ်လေ။ ကျွန်တော်ဗျာ ရေထဲ ခုန်ချဖို့ထိ စဉ်းစားခဲ့မိသေးတယ်။ ဒါပေမယ့်
ကျွန်တော့်မိဘတွေ အတွက် ကျွန်တော် စဉ်းစားရမယ်လေ၊ ခုန်ချဖို့  စဉ်းစားနေတုန်း ကျွန်တော့် အမေကို သွားသတိရမိတယ်ဗျ။
ကျွန်တော်သေရင် အမေ ရင်ကျိုးမှာလေ။ အခု ကျွန်တော် မိဘတွေ ကျေးဇူးကြောင့်ပဲ ကျွန်တော် အသက်ဆက်ရှင်နေခဲ့တာပါ။
ဒါပေမယ့် သူ့ကိုလွမ်းတိုင်း ဆောက်တည်ရာမရတော့ ဖြစ်နေတုန်းပဲ။ သူ့ကို ချစ်နေသေးတဲ့ ကျွန်တော့် ခန္ဓာကိုယ်ထဲက သွေးတွေ
ဖောက်ထုတ်ပြစ်ချင်တယ်။ သူ့ကို လွမ်းတိုင်း ဒီလို လုပ်ခဲ့မိတာ တစ်ခါမကတော့ပါဘူးဗျာ။ ဒီ အသက်အရွယ်ကျမှ ရူးမှန်းလည်း သိပါတယ်။
ဒါပေမယ့် တစ်ခါတစ်ခါ ကျွန်တော် ဘာကိုမှ မတွေးမိလောက်အောင် ဖြစ်ဖြစ်သွားတယ်ဗျ။ ဒါ အရင်က လုပ်ခဲ့တဲ့ အမာရွတ်တွေပေါ့  )

ဆိုပြီး သူ့လက်ကို ဖြန့်ပြတယ်။ ကျွန်တော် မြင်တော့ တော်တော်လန့်သွားတယ်။ အချိန်တော်တော်ကြာက ခြစ်ထားတဲ့ အမာရွတ် အစဉ်းတွေမှ
ဒဏ်ရာနေရာတွေတောင် ထပ်နေတယ်။ ပြီးတော့ boiler suit သူအမြဲဝတ်လိုထားတာ ဒါကြောင့် ဆိုတာ ခုမှသတိထားမိတယ်။
ဒီလောက် အစွဲလန်းကြီးအချစ်ကြီးတဲ့သူ ဆိုတာ ဒီလောကမှာ ရှိပါသေးလားဆိုတာ တွေမိရင်း အံ့ဩမိတယ်ဗျာ။ လေးလည်း လေးစားမိပါတယ်။
နောက်တစ်ခု လေးစားမိတာက ဒီလိုဗျ ။

" အကိုက သူများအပေါ် အရမ်းကောင်းတယ်နော် ၊ ပြီးတော့ ခု ဒီသင်္ဘောပေါ်က လူတွေကလည်း အစ်ကို့ကို အတော် ချစ်ခင်လေးစားကြတယ်။
ကျွန်တော် အပါအဝင်ပေါ့၊ ကျွန်တော် သိသလောက်တော့ တစ်ချို့ ဘိုဆင်တွေကို တော်တော်ဆိုးတယ်လို့ ပြောတယ်၊ မြန်မာအချင်းချင်းတောင်
သတ်ပစ်ချင်လောက်အောင် ဆိုးတာတွေ ရှိတယ်လို့ ကြားဖူးတယ်။ ကျွန်တော်တော့ မကြုံဖူးပါဘူး၊ အေးလေ အစ်ကို တို့လို တစ်ချို့
လူကောင်းတွေလည်း ရှိဦးမှပဲပေါ့ဗျာ နော "

ဆိုပြီ စကားစမိတော့ သူဖြေသွားတာလေးက လေးစားဖို့ ကောင်းနေပြန်ရောဗျ။

" ဪ ဒါကတော့ဗျာ ကျွန်တော့်မှာ ကျွန်တော်ချစ်တဲ့ တူလေးတစ်ယောက်ရှိတယ်ဗျ၊ သူလိုက်နေတဲ့ သင်္ဘောမှာ သူ့ပတ်ဝန်းကျင်က
စိတ်ထားကောင်းသူတွေလား ဆိုးသူတွေလားဆိုတာ ကျွန်တော် မသိနိုင်ဘူးလေ၊ ဒီတော့ ကျွန်တော့်တူလေးကို သူများနှိပ်စက်တာ
မလိုချင်ဘူး၊ အဲဒီအတွက် ကျွန်တော်ကိုယ်တိုင်လည်း ဘယ်သူ့ကိုမှ မညှင်းဆဲပါဘူး။ ကျွန်တော်က သူများအပေါ် မကောင်းခဲ့ရင်
ကျွန်တော့် တူလေးကိုလည်း သူများက မကောင်းနိုင်မှာကို စိုးတယ်၊ မိဝေး ဖဝေး အလုပ်လုပ်နေတဲ့သူချင်းအတူတူ သားသမီးချင်း
ကိုယ်ချင်းစာတယ် လို့  ဆိုရမှာပေါ့ဗျာ။ " တဲ့ ကဲ ဘယ်လောက် ကောင်းလိုက်တဲ့ စိတ်ထားလဲ၊ ဒါပါပဲ

ကျွန်တော် တင်ပြတဲ့ စာစုလေးကို ကြိုက်ချင်မှလည်း ကြိုက်ကြမယ်၊ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ ဘိုဆင်အစ်ကိုကြီးကိုတော့
လေးစားမိတာကတော့ အမှန်ပါ။ ဒီစာစုလေးကိုလည်း သူတိုက်ဆိုင်စွာနဲ့ ဖတ်ချင် ဖတ်မိမယ်၊ ဖတ်မိချင်မှလည်း ဖတ်မိမယ်၊ ခွင့်ပြုချက်
မရပဲ လေးစားမိလွန်းလို့ ရေးဖြစ်တာကိုလည်း နားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြောပြတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်
ပါတယ်။

တကယ်တော့ဗျာ ကျွန်တော်တို့ သင်္ဘောတွေဘဝက ဝတ်ကောင်းစားလှတွေ ဝတ်၊ နောက်ဆုံးပေါ် ပစ္စည်းတွေသုံးပြီး မြန်မာပြည်
ပြန်ရောက်ချိန် ကြော့ကြော့လေး သွားလာနေတာ တွေ့နေရပေမယ့် ဘယ်သူမှ မမြင်နိုင်တဲ့ ရင်ဘတ်ထဲက ပြဿနာတွေကိုတော့
ပင်လယ်ထဲမှာ ကိုယ့်မျက်ရည်ကိုယ်တောင် သုတ်ချိန် မရလောက်အောင် ခါးစီး ခံလာကြရတတ်ပါတယ်။

ပြီးတော့ ကမ်းမမြင် လမ်းမမြင် နေ့ရက်ရှည်တွေထဲမှာ အသက်နဲ့ ရင်းပြီး သန့်ရှင်းတဲ့ ငွေကို ရှာနေကြတာခြင်းအတူတူ ဒီဘိုဆင်ကြီး
စိတ်ဓာတ်လိုမျိုး အရာရှိတွေ လုပ်ဖော်ကိုင်ဘက်တွေနဲ့တွေ့ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ .......

လေးစားစွာဖြင့်
နိုင်လင်းအောင်

တွံတေးသိန်းတန် နဲ့..အိုမာခရမ်


တွံတေးသိန်းတန်..သီချင်း..ဖွင့်လျှင်..တောသီချင်း..ဟု..မြို့နေ..လူငယ်များ..က..ပြောတတ်သည်..။
မြန်မာ့..ဓလေ့စရိုက်..ကျေးလက်..နှင့်..သဘာဝဆန်သည့်...အငွေ့အသက်..တို့..ကို..သူ့သီချင်းမှ..တစ်ဆင့်..ခံစား..လို့ရသည်..။ မျက်လုံးကို..မှိတ်နားထောင်လျှင်..သီချင်းထဲမှ..မြင်ကွင်းတို့..ကို..မြင်ယောင်
လာနိုင်သည်အထိ..သီချင်းတို့က..အားရှိသည်..။
သံကြား..ရုပ်မြင်..ဖြစ်သည်..။
။။။။။။။။။။။။။
စိုင်းစိုင်း..ခမ်းလှိုင်..ကတော့..ခေတ်လူငယ်..ခေတ်အကြိုက်..ခေတ်ခံစားမှု..ပုံရိပ်တို့ကို..ထင်ဟပ်သည်..။ သံစဉ်တို့က..မြူးကြွ..ပေါက်ကွဲသည့်..သဘာဝ..ပိုများသည်..။
။။။။။။။။။။။။။
လွန်ခဲ့သည်..နှစ်ပေါင်း၃၀..၀န်းကျင်က..သဘောင်္စလိုက်စဉ်..ကျွန်တော် သဘောင်္ပေါ်သို့သီချင်း..တိပ်ခွေ..၃..ခွေ..ယူသွားဖြစ်သည်..။ ထိုစဉ်က..CD, VCD, DVD, ရှိသည့်ခေတ်မဟုတ်..။ ကက်ဆက်..ခေတ်ဖြစ်သည်..။
။။။။။။။။။။။။။
အင်္ဂလိပ်ခွေ..တစ်ခွေ၊ စိုင်းထီးဆိုင်..တစ်ခွေ..နှင့်..တွံတေး..သိန်းတန်..တစ်ခွေ..ဖြစ်ပါသည်..။
။။။။။။။။။။။။။
ကျွန်တော်..တွံတေးသိန်းတန်..အခွေဖွင့်လျှင်..သူငယ်ချင်းများက..
သြဘာပေးကြသည်..။ တောဆန်..သည်..ဟု..။
ကျွန်တော်ကတော့..တော..သွေး..ပါသူမို့..လားမသိ..ကြိုက်သည်..။
နောက်..ပြောချင်သေးသည့်.တစ်ခုက....အိမ်ကို..လွမ်း၊ မြန်မာပြည်ကိုလွမ်း..၊ ရည်စား..ကိုလွမ်း..၊ လွမ်းချင်ရာလွမ်း..၊ တွံတေးသိန်းတန်..သီချင်းနဲ့က..လွမ်းလို့ကောင်း..။ နည်းနည်းမဟုတ်..တော်တော်..ကောင်း..။
။။။။။။။။။။။။။
ဥရောပ..ခရီးစဉ်က.အပြန်လမ်းမှာ..ကျွန်တော့်.တိပ်ခွေ..သဘောင်္ပေါ်မှာ..
.တော်တော်. .ပြန်ရှာယူရသည်..။ မကြိုက်ဘူး..တောကျတယ်..ဆိုသူများ..က.
.ကြိတ်ပြီး..နားထောင်နေကြသောေ ကြာင့်..ဖြစ်ပါသည်..။
။။။။။။။။။။။။။
လွန်ခဲ့သည့်..၃နှစ်ကျော်..နောက်ဆုံး..သဘောင်္လိုက်ခဲ့သည်က..MTM ..မှာဖြစ်သည်..။
သည်အခါမှာတော့..DVD တွေ..VCD တွေ..Karaoke စက်တွေနဲ့..ဖြစ်သည်..။ ပါတီ..လုပ်ဖြစ်သည့်...ညတွေ..တိုင်းမှာ..ပွဲအတောင်းခံရဆုံးလူက..အသက် အစိတ်လောက်ရှိသည့်.သဘောင်္သားအသစ်..လေး..တစ်ဦးဖြစ်သည်..။ သူက..တောင်ဥက္ကလာပ..သား..။
။။။။။။။။။။။။။
သူ့.ဆိုပေါက်နှင့်.အဆွဲ..အရှိုက်..တွေက..တွံတွေး..သိန်းတန်နှင့်ထပ်တူ..။
။။။။။။။။။။။။။
သဘောင်္သား..အများစုက..လူငယ်များဖြစ်သည်..။ ၂၀ နှင့်..၃၅ ကြား..ဖြစ်သည်..။ စိုင်းစိုင်းခမ်းလှိုင်ကို..နှစ်သက်သည်ဟု..ပြော..သူများ..ဖြစ်ပါသည်..။
။။။။။။။။။။။။။။
သို့သော်..အရက်မူးတော့..ကျွဲခိုးပေါ်သည်..။
မြန်မာ..များ..မြန်မာ.သီချင်း..ကြိုက်ကြပါသည်..။
။။။။။။။။။။။။။
မွေးရပ်မြေနဲ့..ဝေးနေစဉ်မှာ..
အမေနဲ့..ရွာကို..လွမ်း..သည့်..သီချင်းလေးကို..
လိုက်ညဉ်းရသည့်..စည်းစိမ်ကလည်း..ဇရက်မင်းစည်းစိမ်နဲ့..ပေါင်းလိုက်တော့..
.နည်းနည်းမဟုတ်..။
။။။။။။။။။။။။။
ဘာ..မယုံဘူး..ဟုတ်လား..
အေး..
ဒီတစ်ခေါက်..သဘောင်္တက်ရင်..
တွံတေးသိန်းတန်..အခွေလေး..တစ်ချပ်.လောက်..ဆွဲသွားစမ်းပါ..။
နားမထောင်ဘူးဘဲနဲ့..မကောင်းဘူး..မလုပ်စမ်းပါနဲ့..
တောဆန်တယ်..လို့..အပြောခံရမှာကြောက်လို့..ဟန်မဆောင်စမ်းပါနဲ့..
ဟေ့..သဘာဝ..ကွ..
သဘာဝ..။
။။။။။။။။။။။
ချစ်ရသူတွေနဲ့.ကာလကြာရှည်..ဝေး..နေတဲ့..ခံစားချက်ရယ်..
ငြိမ်အိ..နေတဲ့..ပင်လယ်ပြာကြီးရယ်.၊ ကြည်လင်.နေတဲ့..ကောင်းကင်ပြာကြီးရယ်..၊ တရွေ့ရွေ့..ရွေ့လျားနေတဲ့..တိမ်ဂွမ်းဆိုင်တွေရယ်..
ဘီယာလေး..နှစ်ဘူး..နဲ့..တွံတွေး..သိန်းတန်..သီချင်းလေး..တစ်ပုဒ်ရယ်..
။။။။။။။။။။။။။
အိုမာခရမ်.ရေ....မင်းနားတော့..
။။။။။။။။။။။။။
ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..

ပင်လယ်ဓါးပြတော့ကြောက်ပါတယ်။ ဒါပေမဲ့ ဆီမကုန်အောင်ဖြေးဖြေးသွားရမယ်။



Britney Spear ရဲ့သီချင်းတွေက ဆီတင်သင်္ဘောအကြီးကြီးတွေမှာ ဆိုမာလီယားနိုင်ငံကို အခြေခံပြီး ထကြွ သောင်းကျန်းတဲ့ပင်လယ်ဓါးပြတွေကို တိုက်ချင်စိတ် ပျောက်အောင်လုပ်နိုင်တဲ့ အကြောင်းဖတ်မိရင်းဒီ Post လေး ရေးဖြစ်သွားပါတယ်။ SEEMP ( သင်္ဘောသုံးစွမ်းအင်အသုံးချမှု ထိန်းချုပ်လျှော့ချရေးစီမံချက်) ကိုရေးလက်စနဲ့ ကြုံနေတာလဲပါပါတယ်။ တရိပ်ရိပ်တက်ပြီးရင်းတက်နေတဲ့လောင်စာဆီဈေးကြောင့်အသုံးအစွဲတွေလျှော့ကျအောင်နည်းမျိုးစုံနဲ့ကြိုးစားနေ ကြတဲ့စီးပွားရေးသမား အရင်းရှင်တွေနဲ့ အသက်ကိုဖက်နဲ့ထုပ်ပြီးဝမ်းစာရှာရတဲ့ ပင်လယ်ခရီးသွားလုပ်သားတွေရဲ့ကြား ကအားပြိုင်မှုတွေကိုရေးပြချင်တာလဲပါပါတယ်။ ရှေ့ဆက်ြ ပီး မရေးခင်မှာ ပင်လယ်ဓါးပြကို ( Code of Practice for the Investigation of Crimes of Piracy and Armed robbery Against Ships Resolution A.922 (22) ) အရ အဓိပ္ပါယ်ဖွင့်ဆို ထားတာ က၊ `မည်သူမဆို သင်္ဘောပေါ်လာပြီးသင်္ဘော (သို့ ) သင်္ဘောသားကို အကြမ်းဖက်မယ် ဖမ်းမယ် တရားမ၀င်ခြိမ်းခြောက်မှု များလုပ် ရင် ပင်လယ်ဓါးပြ ဟုခေါ်ရမယ်`လို့ဆိုထားပါတယ်။ အဲဒီ Code ရဲ့အဓိပ္ပါယ်ဖွင့်ချက်အရ သင်္ဘောပေါ် (onboard) လို့ဆိုထားတဲ့အတွက် ဘယ်လောက်ပဲ ပင်လယ်ဓါးပြ ဆိုတာကြီးကိုပေါ်တင်ကြီးမြင်နေရပါစေ၊ သင်္ဘောပေါ် မရောက်လာသေးသ၍ ပင်လယ်ဓါးပြလို့ခေါ်လို့မရသေးပါဘူး။ သေနတ်ကိုင်ထားပြီး မဲမဲမြင်တာနဲ့ ပင်လယ်ဓါးပြဘဲဆိုပြီး (နိုင်ငံတကာဥပဒေအရ) သေနတ်နဲ့လိုက်ပစ်ခွင့်မရှိပါဘူး။ ဖမ်းခွင့်လည်း မရှိပါဘူး။ ဒါကြောင့် သင်္ဘောပေါ် ကို ပင်လယ်ဓါးပြကောင်တွေ တွယ်တက်တော့မှဘဲ ထိအောင် ပစ်လို့ရပါပြီ။ တွယ် မတက်မချင်းချောက်လှန့် ပစ်ခွင့်ဘဲရှိပါတယ်။ ၁၉၉၁ နောက်ပိုင်း ကနေပြီးတော့ခေတ်စားလာတဲ့ ပင်လယ်ဓါးပြတိုက်တာတွေဟာ အရှေ့တောင် အာရှ တင်မကဘဲ၊ ဆိုမာလီယားမှာပါ စခဲ့ပါတယ်။ ဆင်းရဲမွဲတေခြင်းတွေ၊ နိုင်ငံရေး မတည်ငြိမ်ခြင်းတွေ နဲ့ အခြေ တည်ပြီးနောက်ပိုင်း ခေတ်သစ်ဝိသမလောဘသား (မာဖီးယား)တွေရဲ့ စိတ်အ၀င်စားဆုံးလုပ်ငန်းကြီးတစ်ခုဖြစ်လာပါတယ်။ “ Captain Phillip “ လိုရုပ်ရှင်ရိုက်ကူးထုပ်လုပ်ရတဲ့အထိတောင်နာမည်ကြီးတဲ့ ဆိုမာလီယား ပင်လယ်ဓါးပြ တွေ အကြောင်းပြောရင် အထက်က(မာဖီးယား)တွေ ဘယ်လိုပါဝင် ပတ်သက်နေ တာတွေ့ရပါမယ်။

(မာဖီးယား)တွေရဲ့ နောက်ဆုံးပေါ်စီးပွားရေးဆိုရင်မမှားပါဘူး။ (www.spiegel.de) site ထဲမှာရေးထားတဲ့ ဆန်းစစ်မှုများအရ၊ ဒူဘိုင်း နဲ့ အနီးအနားနိုင်ငံတွေ ရဲ့ မြို့တွေ မှာ ၎င်း မာဖီးယားတွေ အခြေစိုက်ပြီးပင်လယ်ဓါးပြတိုက်ဖို့လိုသလိုထောက်ပံ့ပြီး၊ ပြန်မိုက်ကြေးခွဲရာက တော်ကိုဝင်ငွေဖြောင့်သွားခဲ့တယ်လို့ဆိုပါတယ်။ သူတို့ချည်းဘဲလားဆိုတော့ မဟုတ်ပါဘူး။ တိုက်လို့ရတာကနေ ခွဲဝေတဲ့ပုံစံကို ဆန်းစစ်ချက်အရ ပြောထားတာကိုကြည့်ရင် တစ်ခါတည်းရှင်းသွားပါလိမ့်မယ်။ တကယ်ရှေ့ထွက်တိုက်ရတဲ့ ပင်လယ်ဓါးပြတွေက ၃၀% ပဲရပြီး၊ နောက်က မာဖီးယားတွေက ၂၀% ယူပါတယ်။ ၅၀% ကရောဘယ်ရောက်သွားသလဲဆိုရင်၊ ၃၀% ကိုဆိုမာလီယားအစိုးရအဖွဲ့ထဲကလူတွေကိုပေးရပါတယ်၊ ကျန်တဲ့ ၂၀% ကိုတော့ မာဖီး ယားတွေနဲ့ ပင်လယ်ဓါးပြတွေက နောက်သင်္ဘောတွေအတွက်အရင်းအနှီး အဖြစ်သိမ်းပါတယ်တဲ့၊ တစ်ခုဝမ်းသာစရပြောရရင် ဆိုမာလီယား ပတ်ဝန်းကျင်မှာ ဓါးပြတိုက်မှုတွေဟာ လျှော့ကျ လာခဲ့ တာဟာ အခု ၂၀၁၃ မှာဆိုရင် ပင်လယ်ဓါးပြလက်ထဲရောက်သွားတဲ့သင်္ဘောမရှိ သလောက် ကိုဖြစ်သွားတယ်။ ဒီနေရာမှာ BMP4 (Best Management Practice for Protection against Somalia Based Piracy 4 ) ကအရမ်းကို တာသွားပြီး ဓါးပြတွေမတိုက်နိုင်အောင်နည်းလမ်းတွေပေးပြီး ကာကွယ် မှုတွေပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့စိတ်ချရပြီလို့ပြောရ အောင်တော့မရှိသေးပါဘူး။ အရင်တုန်း က မီးကျိုးမောင်းပျက်သေနတ် တွေနဲ့ဓါးပြတွေဟာ အခုပိုပြီးခေတ်မီသေနတ်တွေအပြင် နောက်ဆုံး ဆန်းစစ်ချက်အရ ပင်လယ်ဓါးပြ အဖွဲ့ငယ်တွေဟာ seamanship ကျွမ်းကျင်တဲ့ငါးဖမ်း သင်္ဘော သားတွေရယ်၊ စစ်တိုက်ဘူးတဲ့စစ်သားဟောင်းတွေရယ် နဲ့ ရေဒီယိုကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်း ထားပြီး သေချာပေါက်ပိုက်ဆံရမယ့် သင်္ဘောများကိုသာရွေးတိုက်နေပြီဆိုတဲ့အကြောင်းပါဘဲ။ BMP4 နဲ့အခြားဆန်းစစ်ချက်များအရ Free board ( ရေပြင်မှကုန်းပတ်အထိ အမြင့် ) ၉ မီတာ အောက် သင်္ဘောတွေမှာ ပင်လယ်ဓါးပြ တွေတက်ပြီးအဖမ်းခံရတာအများဆုံးဖြစ်ပြီး speed ရေမိုင် ၁၈ မိုင် အောက် သင်္ဘောတွေမှာလည်း ထိုနည်း ၎င်း ပါဘဲ။ ကုန်းပတ် အမြင့် လည်း ၉ မီတာကျော်ပြီး speed ရေမိုင် ၁၈ မိုင် ကျော်တဲ့ သင်္ဘောတွေမှာ ပင်လယ်ဓါးပြ အတိုက်ခံရတာ မရှိသလောက်ပါဘဲ။ အဲဒီမှာ “ Captain Phillip “ ထဲက Maersk Alabama ကျတော့ဘာလို့ အဖမ်းခံရတာလဲလို့ မေးရင် Maersk Alabama က ၁၅၅ မီတာ အရှည် သာရှိပြီး ကုန်းပတ်အမြင့် ၄ မီတာ နဲ့ speed က ၁၆ မိုင် နှုန်းဘဲ သွားနိုင်တဲ့သင်္ဘောတစ်စီးဖြစ်နေလို့ပါဘဲ။ နောက်ဆုံး ထွက်လာတဲ့ ကုန်သေတ္တာသင်္ဘောတွေဆိုရင် အရှည်က ဘောလုံးကွင်းလေးကွင်းစာရယ်၊ ကုန်းပတ်အမြင့် ၁၅ မီတာ ကနေ ၂၀ မီတာ ရယ် နှင့် speed က ၂၅ မိုင် ကနေ ၂၈ မိုင်အထိ ရှိတဲ့သင်္ဘောတွေဖြစ်နေပြီဖြစ်တဲ့အတွက် ဓားပြများအတွက်ခက်ခဲသောသင်္ဘောများဖြစ်နေပါတယ်။ လက်နက်ကိုင်အစောင့်အရှောက်တွေကုန်သေတ္တာသင်္ဘော တွေမှာမထားတာကလည်း အထက် ကအချက်တွေကြောင့်ပါဘဲ။ လက်နက်ကိုင်အစောင့်အရှောက် ဆိုတာကလည်းဓားပြရန်ကာကွယ်ဖို့ အတွက်ကလွဲရင် ကိုယ့်အတွက်တခြားမလိုလားအပ်တဲံ့ အန္တာရယ်ပေးနိုင်တဲ့သူတွေပါဘဲ။ လွန်ခဲ့တဲ့ စက်တင်ဘာလ တုန်းက အိန္ဒြိယမှာ လက်နက်ကိုင်အစောင့်အရှောက် ပါလာတဲ့ သင်္ဘော တစ်စီး က လက်နက်ကိုင်အကုန်လုံးကို အိန္ဒြိယ အစိုးရကဖမ်းလိုက်လို့အတော်လေးရှင်းခဲ့ရတဲ့ကိစ္စတစ် ခုဖြစ်ခဲ့ပါတယ်။

ဒီအပိုင်းလေးမှာ ပင်လယ်ဓါးပြတွေသုံးတဲ့ AK 47 နဲ့ Rocket Launcher တွေအကြောင်းအနည်းငယ် ရှင်းပြချင်ပါတယ်။ AK 47 နဲ့ ပစ်တဲ့ကျဉ်ဆံဟာစွမ်းအားမြင့်ပစ်တာတောင်မှ မီတာ ၈၀၀ ကို မနည်းပစ်ရပါတယ်။ ၄၀၀ မီတာကအကောင်းဆုံး အကွာအဝေးပါ။ ရေမိုင် တစ်မိုင် (၁၈၀၀ မီတာ ) ကျော်ကိုရောက်အောင်ပစ်နိုင်တဲ့သေနတ် တွေရှိပေမဲ့ ပင်လယ်ဓါးပြတွေသုံးတဲ့ Speed boat တွေမှာ သုံးဖို့မလွယ်ပါဘူး။ Rocket Launcher ရဲ့ ပစ်နိုင်တဲ့ အကွာအဝေးကတော့ မီတာ ၉၀၀ အတွင်းပါဘဲ။ ၉၀၀ ကျော်ရင် သူ့ဘာသာသူပေါက်သွားပါတယ်။ ၁၀ မီတာအတွင်း မှာဆိုလည်းပစ်လို့မရပါ။ အဓိကပြောချင်တာကတော့ ပင်လယ်ဓါးပြတွေကိုစောစောစီးစီးသတိပြု ကင်းထောက်မိအောင် နဲ့ ဓားပြအလိုက်ခံရရင် လည်းစိတ်အေးအေးနဲ့အကွာအဝေးပေါ်မူတည်ပြီးလုပ်စရာရှိသည်များကို အကောင်းဆုံးလုပ်သွားဖို့ပါ။ အရေးကြီးဆုံး ကတော့ ပင်လယ်ဓါးပြတွေသင်္ဘောပေါ်ရောက် မလာဖို့ပါဘဲ။ အရှိန် speed နည်းပြီး ကုန်းပတ်နိမ့် သင်္ဘောများကလည်း သင်္ဘောရဲ့သဘော သဘာဝအရ ကာကွယ်ရေး တားဆီးရေးတွေကို BMP4 အရ စနစ်တကျလုပ်မယ်ဆိုရင် ပင်လယ်ဓါးပြတွေ သင်္ဘောပေါ်တက်နိုင်ခြေနည်းသွားနိုင်တယ်ဆိုရင်ရပါတယ်။ ကုန်သေတ္တာ သင်္ဘောကဲ့သို့ မြန်နှုန်းမြင့်၊ ကုန်းပတ်မြင့် သင်္ဘောများကလည်း သင်္ဘော သဘောသဘာဝအရ တားဆီး ကာကွယ်ရေး လုပ်ရမှာပါဘဲ။ ပေါ့လို့မရပါဘူး။ ပေါ့ရင်မမျှော်မှန်း နိုင်အောင်ဒုက္ခများ ကုန်မှာ ကတော့အမှန်ပါဘဲ။ ဆိုမာလီယား ပင်လယ်ဓါးပြ တွေသောင်းကျန်းတဲ့နေရာတွေက ပင်လယ်နီ ( Red Sea ) ထဲကနေ သီရိလင်္ကာ အောက်ထိပ် နား ထဲရှိပြီး မြန်နှုန်းမြင့် သင်္ဘောနဲ့ ပုံမှန်သွားရင် ၅ ရက်ခရီးလောက် ရှိပါတယ်။ IMO Guide Line, SEEMP အမြင်နဲ့ပြောရင် လောင်စာဆီတွေ မဟားတရား သုံးရမယ့်ခရီးပေါ့။ ဒါပေမဲ့ကုန်သေတ္တာသင်္ဘောကြီးတွေရဲ့ စီးပွားရေးတွက်ခြေကိုက်မြန်နှုန်း Economical Speed က ၁၇ /၁၈ မိုင်နှုန်းသာရှိပြီး မြန်နှုန်းအမြင့်ဆုံး မှာရှိတဲ့ လောင်စာ ဆီ တစ်ရက်သုံးနှုန်းရဲ့ တစ်ဝက်သာသာဘဲရှိပါတယ်။

အလွယ်ပြော ရရင် စီးပွားရေးတွက်ခြေကိုက် Speed နဲ့ သွားလို့ တစ်ရက် လောင်စာဆီ တန် ၅၀ ကုန် ရင်၊ မြန်နှုန်းမြင့်သွားရင် တန်၁၀၀ ကုန်မယ်လို့ဆိုလိုတာပါ။ အဲဒီတော့ တစ်တန်ကို အမေရိကန်ဒေါ်လာ ၆၅၀ နဲ့တွက်ရင် ငါးရက်ခရီးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းခွဲလောက်ပိုကုန်ပါမယ်။ စီးပွားရေးတွက်ခြေကိုက် Speed နဲ့ သွားရင် အဲဒီငါးရက်ခရီးကို ခြောက်ရက်သာသွားရပါမယ်။ အဲဒီလိုသွားခြင်းဖြင့် အမေရိ ကန်ဒေါ်လာ တစ်သိန်းကျော် အပိုမကုန်တော့ပါဘူး။ “ မလိုအပ်ဘဲနဲ့ ဘာလို့ မြန်နှုန်းအမြင့်ဆုံးနဲ့မောင်းရမှာလဲ” ဆိုပြီး စီးပွားရေးသမားတွေဘက် ကဖြစ် လာပါတယ်။ အာမခံကုမ္ပဏီ တွေဘက်ကကန့်ကွက်ပေမဲ့ နောက်ဆုံး နှစ်စဉ်ကြေးဆက်သရတဲ့ စီးပွားရေးသမားများဘက်ကဘဲအသာရပါတယ်။ SEEMP အလိုအရ နှင့် ကုန်သေတ္တာသင်္ဘောကြီးများရဲ့အင်ဂျင် သဘောသဘာဝအရကလည်း စီးပွားရေးတွက်ခြေကိုက်အမြန်နှုန်းကနေ အမြင့်ဆုံးကို အချိန်မရွေး ကောက်ကာငင်ကာတင်နိုင်တဲ့ အင်ဂျင် ကြံ့ခိုင်မှုရှိရမယ်လို့ဆိုထားပြီး၊ တကယ်တင်ရင်လည်း မိနစ် ၂၀ နဲ့ ၃၀ အတွင်းမှာ ပင်လယ် ဓါးပြ Speed Boat (Skiff) တွေလိုက်လို့မရတဲ့ အခြေအနေ ကိုရောက် အောင် မြန်နှုန်းမြှင့်လို့ ရပါတယ်။ “ Look out “ ကောင်းကောင်းထားရမှာကတော့ သင်္ဘောတိုင်းမှာအရေးကြီးသလို ပင်လယ်ဓါးပြ Skiff တွေကိုရေမိုင် ၆ မိုင် ပျော့ပျော့ကသာကြိုမြင်၊ ဘာမှကြောက်စရာမလိုဘူး လို့တောင် ပြောချင်နေကြပါတယ်။ နောက်ဆုံးတော့ ကုန်သေတ္တာသင်္ဘောနဲ့ မြန်နှုန်းမြင့်သင်္ဘောကြီးတွေမှာ စီးပွားရေးသမားတွေ ဘက်ကအားသာပြီး ၊ “ ပင်လယ်ဓါးပြတော့ကြောက်ပါတယ်။ Extra Slow Steaming ခေတ်စားတဲ့ SEEMP ခေတ်မှာ လောင်စာဆီ မကုန်အောင်ဖြေးဖြေးသာမောင်းရတဲ့ကိန်းဆိုက်သွားပါတယ်။

” Capt Win Naing Nyunt (American President Line, APL)

လူသစ်လေးများရဲ့ အသံတစ်ချို.ပါ။(Quality ဘယ်ကစကြမလဲ)




ကျွန်တော်လူသစ်တွေကို စစ်တမ်းလေးတွေ မေးကြည့်တော့ သူတို.အများစုဖြေတာလေးပါ။

ကျွန်တော်တို. အယင်တုန်းကဆို သင်္ဘောသားဖြစ်ဖို. LCD လိုက်ဖို. သိန်းပေါင်းဆယ်ဂဏန်းအထက်ကုန်ပါတယ်။ ရေကြောင်းကျောင်းတွေ ကလည်းအကန်.အသတ်နဲ့ခေါ်နေတော့ တက်ခွင့်မရယင် သင်္ဘောသားတစ်ယောက်ဖြစ်ဖို.မလွယ်ပါဖူး။ အခုကျောင်းတွေ ကိုအစိုးရကဖွင့်ခွင့်ပေးပြီး လူတိုင်းတက်ခွင့်ပေးလိုက်တော့ ဘာပြောပြော ဆယ်သိန်းအောက်နဲ. သင်္ဘောသားဖြစ်တာကျေနပ်ပါတယ်။ အလုပ်ရတာမရတာထား ပိုက်ဆံ (၅) သိန်းလောက်နဲ. သင်္ဘောသားလိုင်စင်ရတာ တန်တာပေါ့ ဘာပြောပြော မလိုက်ရလည်း သင်္ဘောသားဆိုယင် အထင်ကြီးကြတယ်လေ ပါတ်ဝန်းကျင်က။



သူတို.အဖြေတွေကိုကြားပြီး ကိုယ့်ကိုကိုယ် ဘာပြန်သုံးသပ်ရမှန်းမသိအောင်ဖြစ်သွားတယ်။ တချို.ကဖြေထားသေးတယ် ဘာရယ်မဟုတ်ပါဖူးဗျာ လူအထင်ကြီးအောင် သင်္ဘောသားလက်မှတ်လာယူထားချင်လို.တက်နေတာပါဆိုပဲ။



ရန်ကုန်ကလူတွေကတော့(တချို.လူတွေ ဖြေထားတာနော် တော်ကြာရန်ကုန်ကလူသစ်တွေ လာကစ်နေအုံးမယ်)

အိုးမကွာ အိမ်မကွာ လုပ်စရာအလုပ်ကလည်းမရှိတော့ သင်္ဘောသားလက်မှတ် အလကားရတယ်သဘောထားပြီး လာတက်တာပါ တန်ပါတယ်ဆိုပဲ။ အိမ်မှာဒီအတိုင်းနေယင် အိမ်ကပြောလို. လက်မှတ်ရပြီးရော လာတက်တာပါတဲ့။



ဒီထက်ဆိုးတာရှိသေးတယ်လူသစ်အများစုကိုမေးကြည့်တာ ကိုယ်ကိုင်ထားတဲ့ ရရှိလာတဲ့ လက်မှတ်မှာထိုးမြဲလက်မှတ် ထိုးရကောင်းမှန်းမသိတာတွေ အများကြီးပဲ။



လမ်းကြုံယင်လူသစ်များကိုမေးကြည့်ပါ

DMA

MOT

IMO



စာလုံးပေါင်းတော့ မပြောနဲ့ သေသေချာချာ ချောချောမောမော အရှည်ကောက် ရွတ်တတ်တဲ့လူ ၅၀% လောက်ပဲရျိပါတယ်။



"ကျွန်တော်ကတော့ သင်တန်းဆိုတာ လက်မှတ်ရဖို.လာတက်တာပါ စာသင်ခန်းထဲမှာ သင်စရာမလိုဖူးထင်ပါတယ် လက်မှတ်ရှိလို. ရိုက်ကြေးပေးနိုင်ယင် သင်္ဘောတက်ရမှာပဲ အပေါ်ရောက်မှ လုပ်ယင်းကိုင်ယင်း တတ်သွားမယ်ထင်ပါတယ်။ ကျွန်တော့်ဦးလေးကပြောတယ် လက်မှတ်ရဖို.ပဲလိုတယ် ငါလည်း ဒီလိုပဲလိုက်နေတာ သိပ်ပြီးတတ်စရာမလိုပါဖူး။"



မြန်မာနိုင်ငံရဲ့ တောင်ဖက်မှာ နယ်နမိတ်ထိနေတဲ့ စင်္ကာပူနိုင်ငံဆိုတဲ့ Deck လူသစ်

lat & long မသိတဲ့ Deck လူသစ်

Port နဲ. Starboard ဆိုတာ ကျွန်တော်နဲ. မဆိုင်ဖူး မသိဖူးဆိုတဲ့ အင်ဂျင်လူသစ်



ဒီကျောက်ရိုင်းလေးတွေ သေချာမသွေးယင် Quality ဆိုတာ ဘယ်ကနေစကြပါ့မလဲ။

သင်္ဘောသားစီနီယာတွေ အသစ်လေးတွေကို လေ့ကျင့်သင်ကြားတဲ့နေရာမှာ တကယ်တော် တကယ်တတ်တဲ့ဆရာတွေ ဝင်ပြီးလေ့ကျင့်သင်ကြား ပို.ချပေးသင့်တယ်လို. မမြင်မိကြဖူးလားဗျာ။

ဒီ့ထက်ဆိုးတဲ့ အဖြေတွေ အများကြီးရှိပါသေးတယ် မတင်သင့်ဖူးထင်လို. ဆက်မရေးတာပါ နောက်လည်း ဒီစစ်တမ်းလေးတွေကို ကျွန်တော်ဆက်လုပ်သွားမှာပါ။



အခုက လူသစ်(၆၀၀) ကျော်ကို အမေးအဖြေလုပ်ထားတဲ့ စစ်တမ်းလေးထဲက တစ်ချို.သောအကြောင်းအရာလေးတွေပါ။ ဆက်ရန်ရျိပါတယ်။



Quality လိုချင်ဖြစ်ချင်သူတွေ သင်္ဘောသားလောကကောင်းကျိုးလုပ်နေပါတဲ့ ဆိုတဲ့ အဖွဲ.အစည်းတွေ အနည်းငယ် သတိထားကိုးကားလို.ရအောင်တင်ပေးတာဖြစ်ပါသည်။ ဘယ်သူကိုမှနှစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိပါ။ တိုက်ဆိုင်မှူ.တွေ ရှိခဲ့ယင် နားလည်ခွင့်လွတ်ပေးကြပါ။ နောက်လည်း စစ်တမ်းထဲမှာ Survey Form မှာအမှန်အတိုင်းလေးတွေ ဖြေပေးကြပါလို.တောင်းပန်ပါတယ်။



ကျော်ကျော်လတ်

မြန်မာနိုင်ငံနစ်နာမှု




တရုတ်ပြည်ကို ရေနံစိမ်း တင်ပို့နိုင်ဖို့အတွက် ကျောက်ဖြူဆိပ်ကမ်းကိုဆောက်လုပ်နေတာဟာ ပြီးစီးသလောက်ဖြစ်နေပါပြီ။

ရေနံစိမ်းတန်ချိန် ၃ သိန်း ထိသယ်ဆောင်လာနိုင်မယ့် VLCC/ULCC ကပ်နိုင်အောင် ဆိပ်ခံတံတားတွေ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်... သင်္ဘောပေါ်ကချတဲ့ ရေနံစိမ်းတွေကို ကျာက်ဖြူဆိပ်ကမ်းကနေ ပိုက်လိုင်းကတစ်ဆင့် တရုတ်နိုင်ငံ ကို တိုက်ရိုက်ပို့ဆောင်ဖို့ဖြစ်ပါတယ်။

ပိုက်လိုင်းနှစ်ခုရှိပြီးတစ်ခုက သဘာဝဓာတ်ငွေ့ နဲ့ အပြိုင်ပိုက်လိုင်းက ရေနံစိမ်းအတွက်ဖြစ်ပါတယ်။ ၂၀၁၄ မှာစတင်တော့မယ်သိရှိရပါတယ်။

နှစ်စဉ်ရေနံစိမ်းတန်ချိန် (၂၂) သန်း ကိုမြန်မာနိုင်ငံပေါ်က ဖြတ်သန်းသယ်ဆောင်သွားနိုင်မယ်လို့ သိရှိရပါတယ်။ ပျမ်းမျှ တစ်လကို ရေနံစိမ်းတန်ချိန် (၂)သန်းခန့် ကျောက်ဖြူဆိပ်ကမ်းမှာ ချရပါလိမ့်မယ်။
နှစ်စဉ် ရေနံစိမ်း တန်ချိန်ပေါင်း သန်း(၂၀)ကျော်ကို မြန်မာနိုင်ငံဆိပ်ကမ်းမှာချပြီး တရုတ်ပြည်တင်ပို့ပေးရပါမယ်။

Amoko Cadiz disaster ကအစပြုလို့ Exxon Valdez (1989) ကနေ deep water horizon(2010) အထိ ဖြစ်ပျက်ခဲ့တဲ့ ရေထုညစ်ညမ်းမှုတွေဟာ ကျောက်ခမန်းလိလိပါ။

မြန်မာနိုင်မှာရေးဆွဲထားတဲ့ သဘာဝပတ်ဝန်းကျင်ဥပဒေကို ဖတ်ကြည့်ကြပါ။

........ဒီအရာတွေကို အကျုံးဝင်ကာကွယ်နိုင်ပြီလား…?
.........ဖြစ်လာရင် လျော်ကြေးပေးနိုင်မယ့် ဥပဒေ အဆင်သင့်ဖြစ်ပြီလား…..?
.........ဘယ်လိုအာမခံ အစီအစဉ်တွေထားရှိပြီးပြီလဲ…?

ဆိုတဲ့မေးခွန်းတွေအတွက် အဖြေကတော့ xxxxx

၂၀၁၂ သဘာဝပတ်ဝန်းကျင်ဥပဒေဟာ သင်္ဘောကြောင့်ဖြစ်တဲ့ ရေထုညစ်ညမ်းမှုကို ခိုင်ခံ့တဲ့ အကျုံးဝင်ခြင်း မရှိတာတွေ့ရပါတယ်။ အဲဒီဥပဒေကိုကိုးကားပြီး နည်းဥပဒေထုတ်မလား.. ဥပဒေတစ်ခုထပ်မံထုတ်ပြန်ရမလားဆိုတာ.. မြန်မြန်စဉ်းစားဆုံးဖြတ်ရမယ့် အနေအထားပါ။

အာမခံအစီအမံတွေ ထားမယ် ဆိုပါစို့…။

ပထဆုံး Civil Liability Convention အဖွဲ့ဝင် ဖြစ်ရင် အမြင့်ဆုံး ဒေါ်လာ ၁၃၅ သန်းထိလျော်ကြေးရနိုင်ခွင့်ရှိမယ်။

နောက်တစ်ဆင့်တက်လို့ 1992 FUND ကွန်ဗင်းရှင်းအဖွဲ့ဝင်ဆိုရင် ဒေါ်လာ ၃၀၆ သန်းထိ လျော်ကြေးရနိုင်မယ်။

ဒီထက်တစ်ဆင့်တက်လို့ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် သန်းချီ လက်ခံရမယ်ဖြစ်တဲ့အတွက် SUPPLEMENTARY FUND PROTOCOL ဝင်ပြီးရင် ထိခိုက်မှုပေါ်လိုက်လို့ ဒေါ်လာ (၁) ဘီလီယံထိ လျော်ကြေးရနိုင်မှာပါ။

ဒါတွေဟာ အလကားရမှာမဟုတ်ပါဘူး။ ရေနံတင်ချပြုလုပ်တဲ့ နိုင်ငံတွေက ရံပုံငွေ စုပေါင်းထည့်ဝင်ထားမှ လျော်ကြေးရနိုင်တာမျိုးပါ။
ဒီရေနံတွေဟာ မြန်မာနိုင်ငံအတွက် မဟုတ်ပါဘူး… ဒါပေမယ့် ၂၀၁၄ နောက်ပိုင်းမှာ OIL RECEIVER Country တော့ဖြစ်သွားတော့မှာပါ။

တရုတ်ပြည်အတွက်လက်ခံပေးရတဲ့ရေနံအတွက် ရေထုညစ်ညမ်းမှုဖြစ်ခဲ့ရင် လျော်ကြေးရနိုင်ဘို့ မြန်မာနိုင်ငံက ရံပုံငွေစိုက်ထုတ်ထည့်ဝင်ပေးရမှာလား….။

ဒါမှမဟုတ် တရုတ်နိုင်ငံက မြန်မာနိုင်ငံနစ်နာမှုအတွက် ထည့်ဝင်ပေးမှာလားဆိုတာ …. မေးခွန်းမရှိခဲ့သလို အဖြေလဲ မသိသေးပါဘူး။ ။


Ko Ko Naing : MSCA

7 Ways to Become a Seafarer Everyone Likes Onboard Ships





ကျွန်တော် အကျဉ်း ချုပ်ပြီး ပြန်ရေးကြည့်မယ်။ သင်္ဘောသားဆိုတဲ့ အလုတ်က မကျေနပ်ရင် အလုတ်က ထွက်တယ်ကွာဆိုပြီး ထထွက်သွားလို့ရတာ မဟုတ်ဖူး။ သည်းညည်းခံပြီး တော့ လုတ်ကြရမဲ့ အလုတ်လေ။ သင်္ဘောပေါ်ကလူတွေ ဆိုးလွန်း လို့ပဲ ဖြစ်ဖြစ် အိမ်က အင်မတန် ချမ်းသာနေလို့ပဲ ဖြစ်ဖြစ် ပြန်ချင် လွန်းအားကြီးတယ် ဆိုရင်တောင် အရင်ဆုံး အကြောင်းပြချက် ကောင်းကောင်းလေး ပေးရဦးမယ်။ နောက် ထပ် port တစ်ခု ထပ်စောင့်ရဦးမယ်။ company ကနေပြီး လူလည်း ပေးတာကိုလည်း စောင့်ကြရဦးမယ်။ လာလဲမဲ့လူအတွက် လေယာဉ်ဖိုး၊ ကိုယ့်အတွက် လေယာဉ်ဖိုး။ တည်းခိုစရိတ်၊ အေးဂျင့်ဖိုးတွေပါ ပေးနိုင်မှ ပြန်ကြရတာပါ။ နောက်ပြီးတော့ စရင်း အမဲကြီးထဲ ရောက်ရင်တောင် ရောက်သွားဦးမှာ။ အဲဒီတော့ဗျာ။ အကောင်းဆုံးကတော့ သင်္ဘောပေါ်မှာ ပျော်အောင်နေကြပေါ့။ တစ်ခေါက်တုံး ကထွက်လိုက်ပါသေးတယ်။ ပင်လယ်ပျော် ဂျာနယ်ဆိုတာလေ။ ပင်လယ်မှာ ပျော်တဲ့ လူတွေ ထုတ်ကြတာ နေမှာပေါ့။ ရေကြောင်း အင်ဂျင်နီယာ Raunek Kantharia ရေးထားတဲ့ အကုန်လုံးကြိုက်တဲ့ သင်္ဘောသားတစ်ယောက်ဖြစ်ဖို့ (တစ်ချို့ သင်္ဘောသားလို့ အခေါ်ခံရတာကို မကြိုက်ကြတဲ့ အရာရှိတွေ အတွက်ဆိုရင်တော့ အကုန်လုံးကြိုက်ကြတဲ့ သင်္ဘောသား(သို့) သင်္ဘောအရာရှိ ဖြစ်ဖို့ ဆိုပြီး ဖြည့်ဖတ်ပါ။) အချက် ခုနှစ်ချက် ဆိုတဲ့ ဆောင်းပါးလေးကို နားလည်သလို အကျဉ်းချုပ်ပြီး ဘာသာပြန်ရေးပေးလိုက်ပါတယ်။

နံပါတ်မှာ တစ်။ ။ အဖွဲ့ မဖွဲ့ပါနဲ့တဲ့။
ဘာသာတူ၊ လူမျိုးတူ၊ အသက်အရွယ်တူ၊ ရာထူးတူ၊ အလုတ်အကိုင်တူ၊ အဖွဲ့လေးတွေ ကို ဖွဲ့ချင်လို့ပဲ ဖြစ်ဖြစ် မရည်ရွယ်ပဲပဲ ဖြစ်ဖြစ် ဖွဲ့မိသွားကြတယ်လေ။ ရှိတာမှ လူလေး နှစ်ဆယ် ကျော်ရုံနဲ့ အဖွဲ့လေးတွေ ဖြစ်ကုန်မှတော့ သင်္ဘောကြီးက ဘယ်ကလာ ပျော်ဖို့ ကောင်းတော့မလည်း။ နောက်ပြီးတော့ သင်္ဘောတစ်စီးလုံး ဘာသာစကား တစ်ခုထဲ သုံးတာ ပဲ ပိုကောင်းပါတယ်။ မြန်မာတွေလည်း တတ်နိုင်သလောက် ဘိုလို ပြောကြပေါ့။

နံပါတ်မှာ နှစ်။ ။ တခြားလူကို အပြစ်မတင်ပါနဲ့ တဲ့။
အမှားဆိုတာလည်း တစ်ခါတစ်လေ မတော်တဆ မှားတာရှိတယ်။ တစ်ခါတစ်လေ ကံမကောင်းလို့ မှားသွားတာလေးတွေရှိတယ်။ လူဆိုတာ ကိုယ်မှားတာ လုတ်မိတယ် ဆိုထဲကိုက ရှက်ပြီးသား ကြောက်ပြီးသား ဖြစ်နေပြီးသားလေ။ ပြီးတော့လည်း တခြားလူတွေကို အပြစ်တင်တာကလည်း သဘာဝလို ဖြစ်နေတာ မဟုတ်လား။ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင်က တဖက်လူရဲ့ အမှားကို နားလည် လက်ခံပေးနိုင်မယ်ဆိုရင် ကိုယ့်ကို တခြားလူတွေက ပိုပြီး ယုံကြည်လေးစားလာကြမှာပဲ မဟုတ်လား။ (အမှားဆိုတာက accident ကို ပြောနေတာနော်။ မလုတ်တတ်မကိုင်တတ်၊ ပေါ့တီးပေါ့ဆ၊ အူကြောင်ကြောင်တွေကိုတော့ ဘယ်ပါမလည်း)

နံပါတ်မှာ သုံး။ ။မကြာမကြာ ချီးမွမ်းပေးပေါ့။
လူတွေက မှားရင်သာ အပြစ်ဖို့ချင်ကြတာလေ။ ချီးမွမ်းဖို့ဆိုရင်တော့ အင်တင်တင် မဟုတ်လား။ ချီးမွမ်း တယ် ဆိုတာကလည်း သဘာဝ အရကိုက ခက်ခဲ့တဲ့ အလုတ်ဖြစ်နေတာကိုး (သင်တန်းဖွင့်ပြီးတောင် သင်ပေးရမလို)။ လူတွေမှားရင် သာ ဟားဟား လုတ်ချင်နေတာ။ လူတွေ တော်ရင် ဘာလဲဟပေါ့။ တတ်နိုင်သလောက် လုတ်ပေးရပါ။ အဲသလို ပြောပေးလို့ ကိုယ့်အသား ပဲ့ပါသွားတာမှ ဟုတ်တာ။ ပြီးတော့လည်း ကိုယ့် ဂုဏ်ကျက်သရေကြီးကိုလည်း ထိပါးစေမှာ မဟုတ်ပါဘူး။ အာမခံပေးပါတယ်။

နံပါတ်မှာ လေး။ ။မာနကြီးကို သိမ်းထားလိုက်နော်။
မာနတွေရှိနေရင် တိုးတက်သင့်သဘောက်ဘယ်တိုးတက်တော့မလည်း။ သင်္ဘောပေါ်မှ တွေ့မှာပါ။ ကုန်းပါတ် ကလူတွေက အင်ဂျင်ကလူတွေနဲ့ မပေါင်းဖူး ဆိုတာမျိုး။ အင်ဂျင်ကလူတွေက လည်း ကုန်းပါတ်ကလူတွေကို မပေါင်းဖူး ဆိုတာမျိုး။ အရာရှိတွေက သူတို့ရဲ့ ဂုဏ်ပုဒ်ကြီးတွေကြောင့် သာမာန် သင်္ဘောသားလေးတွေနဲ့ အလာပ သလာပ စကားမပြောကြတာမျိုးတွေ။ အဲဒါတွေက အကြီးကြီး နာလည်မှုတွေ လွဲစေနိုင်တယ်နော်။ အလုတ်ချိန်ပြင်ပမှာလည်း ဘယ်ပျော်ဖို့ ကောင်းတော့မလည်း။ ကိုယ်က မာနကြီး တခွဲသားနဲ့ နေရင် အရေးဟယ်အကြောင်းရယ် အကူအညီလိုရင်တောင်မှ ဘယ်သူက ကူညီချင်ကြတော့မှာလည်း။ မာနကြီးကို အိမ်မှာ သိမ်းထားခဲ့နော်။

နံပါတ်မှာ ငါး။ ။ကိုယ့်တစ်သင်္ဘောထဲ စီးတဲ့ လူတွေကို ကူညီပေးလိုက်ကြပါ။
ဒါသူ့အလုတ်၊ ဒါကိုယ့်အလုတ်၊ ဒါ အင်ဂျင်နီယာတွေ လုတ်တဲ့ အလုတ်၊ ဒါ ကုန်းပါတ် ကလူတွေ လုတ်တဲ့ အလုတ်ဆိုပြီး အကူအညီ မပေးချင်ကြဖူးလား။ ငါ့အလုတ်ချိန်က ပြီးသွားပြီ ဆိုပြီ တခြားလူတွေကို ကူမလုတ်ပေးချင်ကြဖူးလား။ ကူညီပေးလိုက်ကြပါ။ ဒီအတိုင်းကြီး ကြည့်ကောင်းကောင်းနဲ့ ပစ်ထားခဲ့ကြပါနဲ့။ ရာထူးတွေ တာဝန်တွေကို ခဏလေး ဘေးချိတ်ပြီး ကူညီပေးလိုက်ကြပါ။ ကိုယ် အကူအညီလိုရင်လည်း ပြန်ပေးကြမှာပေါ့။

နံပါတ်မှာ ခြောက်။ ။ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ ကိုယ်ရေး ကိုယ်တာ ဘ၀တွေကို အလုတ်နဲ့ မရောပါစေနဲ့
ဒါကလည်း အပြန်အလှန်ပေါ့။ စိတ်ထားတတ်အောင်ကြိုးစားကြပေါ့။ အလုတ်က ကိစ္စ အလုတ်ထဲမှာပဲ ထားခဲ့လိုက်၊ သင်္ဘောသားနေတဲ့ အခန်းထဲ ယူမလာကြနဲ့ပေါ့။ သေးသေးလေးတွေကနေ စကားများကြပြီး ရန်တွေ ထဖြစ်၊ ထထိုးကုန်ကြရင် ဘယ်ပျောဖို့ ကောင်းတော့မလည်း။ ဥပ္ပခါ ပါရမီလေးလည်း ကြုံရင်ဖြည့်လိုက်ကြပါဦး။ မဆိုင်တာတွေ မေ့ပစ်လိုက်ကြတာပိုကောင်းပါတယ်။

နံပါတ်မှာ ခုနှစ်။ ။ကောလဟာလတွေ၊ မဟုတ်တန်းတရားတွေ၊ အတင်းအဖျင်းတွေမှာ သွားပြီး နားမယောင်ပါနဲ့တဲ့
ပြောချင်ရင် ဒဲ့ပြော၊ ဒဲ့မေးတာ အကောင်းဆုံးပါ။ ပေါက်တကယ ကြားထဲကနေလျှောက်ပြောတာကို နားယောင်မိနေရင် ကိုယ်လည်းစိတ်ညစ်ရမယ်။ ပြီးတော့လည်း အလုတ်ထဲမှာလည်း အပေါ်ကဟာတွေ အကုန်လုံးကို တစ်ခါထဲ သွားပြီးကန့်လန့်တိုက်မိသွားမှာပေါ့။ ယုံကြည်မှုကို တည်ဆောက်ကြပါစို့။

ဒါတွေက တိုက်ရိုက်ပြန်ထားတာ မဟုတ်ပါဘူး။ မြန်မာစာ အရေးအသားကို ဘာသာတိုက်ရိုက်ပြန်ပြီး မညစ်ညမ်း စေချင်လို့ပါ။ ဒါပေမဲ့ စာလုံးပေါင်းတွေ အမှား အများကြီး ပါတော့ ပါနေပါတယ်။ နားလည် ခွင့်လွှတ်ပေးကြပါ ။ ကျွန်တော် ရေးထားတာလေးတွေကို ဖတ်ပြီး အင်မတန် သဘောကျ၊ နှစ်သက်၊ စွဲလမ်းသွားပြီး မတင်းတိမ်နိုင်သေးပဲ ဘိုလိုမှ ဖတ်ချင်ပါတယ်ဆိုတဲ့ ညီအစ်ကိုတွေအတွက် အောက်မှာ လင့်ခ်လေးပါ ပေးထားပါသေးတယ်။


source : Marine Insight

Translated by : Kyi Wai Thaw ( MSU member ) 


  ချစ်တတ်တဲ့
ကြည်ဝေသော်

3E..စနစ်သစ်.သင်တန်းများ...ဘယ်တော့ဖွင့်..


ရေကြောင်းကောလိပ်မှာ..CE+2E Combined Class တန်းခွဲ ၂ခု..နဲ့ 2E Bridging Course တစ်ခု..ဖွင့်နေပါတယ်..။ Cadets တွေလည်း..၂ နှစ်စာ..ရှိသေးတယ်..။ Workshop Skills လည်းဖွင့်သေးတယ်..။ တရားဝင်ခန့်ထားတဲ့..CoC ဆရာက..ဦးဇော်လွင်ဦး (C/E) နဲ့..ဦးထွန်းလင်းဦး (2/E) နှစ်ဦးဘဲ..ရှိပါတယ်..။ ကိုဇော်လွင်ဦး..စည်းရုံးရေး..ကောင်းလွန်းလို့..ပြင်ပဆရာ..အင်အား..ရပြီး..သင်တန်းတွေ..
အသက်ဆက်နေတာပါ..။ ၀တ်ကျေ..တန်းကျေ..ဆရာမျိုးနဲ့ဆို..သင်တန်းတွေ..ရပ်တာ..ကြာလှပါပြီ..။
ဆရာအင်အား..နည်းလို့..ခက်ခက်ခဲခဲ..ရုန်းကန်နေရပါတယ်..။
3E စနစ်သစ်..သင်တန်း..ဖွင့်နိုင်ဦး..မယ်..မထင်ပါဘူး..။ အပေါ်ကနေ.အတင်းအကြပ်ဖွင့်ခိုင်းရင်တော့..မပြောတတ်ပါဘူး..။
ဒါပေမဲ့..လက်ရှိ..Workload ကိုက...လုပ်နိုင်တာထက်. .ခိုင်းထားတာက...တော်တော်..များနေပါပြီ..။
။။။။။။။။။။။။။။။
ရေကြောင်းကောလိပ်မှာ.ကျောင်းအုပ်ကြီး..ဦးမောင်မောင်ငြိမ်း..အနားယူပြီးကထဲက..သဘောင်္ကျင်း MD ဦးကြည်စိုး..က..ယာယီ..ကျောင်းအုပ်ကြီး..တာဝန်ယူနေပါတယ်..။ ၂နှစ်ဝန်းကျင်..ရှိနေပါပြီ..။ ကျောင်းအုပ်ကြီး..အမြဲတန်းမရှိပါ..။ဆရာဦးကြည်စိုး..ဘယ်လောက်..လုပ်ချင်လုပ်ချင်..သူ့မှာ..မူလ..တာဝန်က..ရှိပါသေးတယ်..။
Deck ရော..Engine မှာပါ..ဆရာအင်အား..မပြည့်စုံပါ..။ မပြည့်စုံ..ဆိုတာထက်..တော်တော်နည်းတယ်..လို့..ပြောရပါ့မယ်..။
ဒီလို..သွားခဲ့တာလည်း..နှစ်ပေါင်း..မနည်းတော့ပါ..။
ဖြည့်ဆည်းမည့်..အစီအမံများလည်း..မကြားသိရပါ..။
နိုင်ငံခြား..Audit ..တွေ..စိတ်လာတဲ့..ဒီလို..အရေးပေါ်ကာလမျိုးမှာ..ကျောင်းအတွက်..
စိုးရိမ်မိပါတယ်..။
။။။။။။။။။။။။။။။။
ဘေးထိုင်..ဘုပြောတာ..မဟုတ်ပါဘူး..။ ယနေ့ထိ..ကိုယ့်..ကိုယ်ပိုင်ကျောင်းကို...ပစ်ထားပြီး..ရေကြောင်းကောလိပ်မှာ..သွားကူ..နေတုန်း၊ စာသင်နေတုန်းပါ..။ ကိုဇော်လွင်ဦး..တို့..ကိုထွန်းလင်းဦးတို့..ကိုခင်တာ.က..တစ်ကြောင်း..ကျောင်းသံယောဇဉ်..ရှိတာ.က..တစ်ကြောင်း..ကြောင့်ပါ..။.။
။။။။။။။။။။။။။။။။
နောက်တစ်ခု...ကြားဖြတ်..အရေးကြီးနေတဲ့..ကိစ္စက..Upgrading ကိစ္စပါ..။ လက်ရှိ..စာမေးပွဲအောင်ပြီး..လက်မှတ်ကိုင်ထားသူများ..(၅) နှစ်ပြည့်လို့..လက်မှတ်လဲတဲ့..အခါ..STCW2010 အရ..Upgrading Course တက်ပြီးမှ..လက်မှတ်လဲပေးရမှာပါ..။
CE/2E/3E..အရေအတွက်က..၅၀၀၀ အထက်မှာ..ရှိပါတယ်..။
။။။။။။။။။။။။။။။။
CoC ဖွင့်နိုင်တဲ့.၊ ပြည့်စုံတဲ့...ကျောင်းက..လက်ရှိ..(၃) ကျောင်းဘဲ..ရှိပါတယ်..။
MMMC, WISE WISH MTC, ရေကြောင်း သမ၊ တို့ဖြစ်ပါတယ်..။
။။။။။။။။။။။။။။။။
ကျွန်တော်တို့..WISE WISH မှာ..တစ်ကြိမ်ကို..တစ်တန်းနဲ့..ဖိဖိစည်းစည်း. .စာသင်နိုင်ဘို့..ရည်ရွယ်ချက်ထားပါတယ်..။ ဆရာများကလည်း..၂တန်းဖွင့်ရင်..Lecture Fees ပိုရမှာ..မှန်ပေမဲ့..၊ အေးအေးဆေးဆေးဘဲ..စာသင်ချင်တယ်..။ တန်းခွဲတွေ..မဖွင့်ပါနဲ့..လို့..တောင်းဆိုထား..လို့ပါ..။ အားလုံးက..ကျွန်တော့်..စီနီယာများ.၊ ဆရာများပါ..၊ ကျွန်တော်လည်း..ဆရာတွေ..စကားကို..နားထောင်ရပါတယ်..။
။။။။။။။။။။။။။
ဒါပေမဲ့..ဟိုတစ်နေ့က..Working Committee အစည်းအဝေးမှာ..စည်းဝေးသုံးသပ်လို့..ရတဲ့..အနေအထားအရ..။ ကျွန်တော်တို့လည်း.. Upgrading Course မှာ..တတန်းတော့.၀င်ကူရမဲ့..အနေအထား.ရှိပါတယ်..။ ဒါကြောင့်..3E ဖွင့်နိုင်ဘို့..မလွယ်ပါ..။
။။။။။။။။။။။။
ရေကြောင်း သမ..မှာတော့..ဘယ်လိုအစီအစဉ်ရှိတယ်..တိတိကျကျ..မသိပါဘူး..
လောလောဆယ်..CE+2E..တစ်တန်း..စဖွင့်နေပါပြီ..။ 3E Bridging Course တစ်တန်းဖွင့်နေ..တယ်လို့..ထင်ပါတယ်..။ မသေချာပါ..။ တစ်ခြား..EER သင်တန်းလည်း..ရှိပါတယ်..။ သူလည်း..Upgrading Course တစ်တန်း၊ နှစ်တန်းတော့..အနည်းဆုံး..၀င်ကူရမှာပါ..
။။။။။။။။။။။။။
အဓိက..ပြဿနာက...Qualified Instructors ရှားပါးမှုပါ..။ CE, 2E လက်မှတ်ကိုင်ပြီး..ကုန်းပေါ်မှာ..ဒေါ်လာ..၅၀၀ လောက်နဲ့..ကျောင်းဆရာ..လုပ်မဲ့သူ..ရှားပါတယ်..။ တစ်ချို့..က..သင်မယ်လို့..လာပါတယ်..။ ကျွန်တော့်ဆီမှာတော့..ကျောင်းဆရာ..အလုပ်တွေကို..တစ်လလောက်..တွဲပြီး..သင်ပေးပါတယ်..။ အဲဒီမှာ..ဘဲ..အများစုက..လက်လျော့..သွားတတ်ပါတယ်..။ ကျောင်းဆရာမှာလည်း.. Documentation တွေများပါတယ်..။ Lesson Prepare စနစ်တကျ..လုပ်ရပါတယ်..။ Record တွေရှိရပါတယ်..။ စာရွက်စုတ်လေး..တစ်ရွက်နှစ်ရွက်ကိုင်ပြီး..၀င်အာလို့..မရပါဘူး..။
ဟာ..အဲဒီလောက်..ပင်ပန်းမယ်..မထင်ဘူးလို့.လဲ...ပြောကြပါတယ်....။
။။။။။။။။။။။။
နိုင်ငံခြားက..ပညာရှင်တွေ..ကျောင်းတွေ..၀င်လာရင်ကော...ဆိုတဲ့..အမေးရှိပါတယ်..။
လာခဲ့ကြပါ..။ ကြိုဆိုပါတယ်..။
။။။။။။။။။။။။
နိုင်ငံခြားသား..ကျောင်းဆရာ..ဆိုရင်..လစာ..၅၀၀၀ အထက်၊ နေအိမ်ငှါးခ၊ အပို့အကြို၊ တွက်ကြည့်တာတော့..။ ဒီက..သင်တန်းကြေးနဲ့..နိုင်ငံခြားသားဆရာ..လစာနှုန်းနဲ့..ဆိုရင်..ခွက်ခွက်လန်အောင်..ရှူံးနိုင်ပါတယ်..။ သင်တန်းက..စဉ်ဆက်မပြတ်..ဖွင့်နိုင်တာမှ..မဟုတ်တာ..။ တစ်ခါတစ်ခါ..လူစောင့်..ဖွင့်နေရတာ..ကိုး..။
မြေကွက်ဈေး..ကလည်း..ကြီးမှ..ကြီး..။
နိုင်ငံခြားသားဆရာ.စကားပြောတာကို..ရွှေ..မြန်မာ..သင်တန်းသားအများစု..နားလည်မှု..ရှိမရှိ..။ တွေးစရာ..တွေ..အများကြီးပါ..။
။။။။။။။။။။။။
အခုနက..တင်ပြခဲ့တဲ့..Upgrading Course တွေက.3E ထက်.အရေးကြီးနေပါတယ်..။ သူတို့ကို..သင်တန်း..မြန်မြန်တက်..လက်မှတ်လဲ..ပေး..နိုင်မှ..အလုပ်အကိုင်အခွင့် အလန်းမှာ..ဆုံးရှူံးမှုတွေ..မဖြစ်နိုင်မှာပါ..။
။။။။။။။။။။။။။။
Mercury က..3E ဖွင့်ချင်ပါတယ်..။ ဒါပေမဲ့..Workshop Skills မှာတင်..အလုပ်ရှုပ်နေပါတယ်..။ သူ့မှာလည်း..ဆရာ အင်အား.ပြဿနာ..ရှိနေပါတယ်..။
။။။။။။။။။။။။။
UNIQUE က..အစည်းအဝေးမှာ..Workshop Skills ဖွင့်နေပါတယ်..။3E မဖွင့်နိုင်ပါ..။ ဆရာ..မလုံလောက်တာ..တင်ပြသွားတာ။..ကို..ကြားခဲ့ဘူးပါတယ်..။
KABAR လည်း..ထို့..အတူပါဘဲ..။
။။။။။။။။။။။။။။
ဘယ်တော့..ဖွင့်မလဲလို့..မေးတာကို..
မိုးလေ၀သ..ခန့်မှန်းသလို..ဘဲ..ပြောရမှာပါ..။
မရွာရန်..ရာနှုန်း..(++)%
။။။။။။။။။။။။။
တစ်ခုတော့..ပြောချင်ပါတယ်..။
မြန်မာပြည်ဆိုတော့..မဖြစ်နိုင်ဘူး..ဆိုတာလည်း..မရှိပါဘူး..။“
။။။။။။။။။။။။။။။
မေးတဲ့..လူတွေ..များလွန်းလို့..၊ ဖြေရလွန်းလို့..၊ တင်လိုက်ရပါတယ်..။
။။။။။။။။။။။။။။
ကျောင်း..တစ်ကျောင်းကျောင်းက..ဖွင့်နေပြီလို့..အသံကြားမှ..
သဘောင်္ပေါ်က..ဆင်းလာတာ..ကောင်းပါတယ်..။
ငွေလည်း..စုမိ..၊ Sea time နဲ့..အတွေ့အကြုံလည်း..ပိုရမယ်..ထင်ပါတယ်..။
။။။။။။။။။။။။။
ကျွန်တော်..သိသမျှ..data ပေးတာဘဲတတ်နိုင်ပါတယ်..။
ဆင်းဘို့..မဆင်းဘို့..။ ကိုယ့်ဘာသာဘဲ..ချင့်ချိန်.ဆုံးဖြတ်ကြပါ...။
။။။။။။။။။။။။
အဲ..ပြောရဦးမယ်..
စာရေးနေတုန်း..မီးပျက်လို့..မီးစက်..မောင်းလိုက်ရတာက..
တစ်နာရီ ကျော်ကြာ..ပါတယ်..။
။။။။။။။။။။။။။

ဝင်းအောင်
ရေကြောင်း..ကျောင်းဆရာ..

ဘယ်မှာမေး...?ဘယ်မှာတွေး....? ဘယ်မှာရေး ရမည်နည်းခင်ဗျာ...?


အင်တာနက် လေး....ရတယ်ဆိုတော့ Google ကိုသုံးပြီး တော့ Department of Marine Administration (Country) Country နေရာကိုတော့မိမိ စိတ်ကူးထဲ က နိုင်ငံရိုက်ထည့် ကြည့်နိုင်ပါသည်....

ဆိုင်ရာWebsite linkတွေ အများအပြားတွေ့ရပြီး ....ကိုယ့်နိုင်ငံနဲ့ ဆိုင်တဲ့ link လေးကို click ထပ်နှိပ်ပြီး ဝင်သော အခါ.....
Under Construction ဆိုသော စာလုံး ၂လုံးသာ တွေ့ ရပါသည်။....

Free Verification နေရာတွင်
သင်္ဘောသား ကိုင်ဆောင်သော ကျွမ်းကျင်မှု လက်မှတ် သည် တရားဝင် သက်ဆိုင်ရာ မှ ထုတ်ပေးထား ကြောင်း
အမည်...
CDC နံပါတ်...
လက်မှတ်နံပါတ်...ထည့်လျှင်ကိုင်ဆောင်ထားသူ ရဲ့  details ဖေါ်ပြပေးပါတယ်။ လက်မှတ် အစစ် ကိုင်ဆောင် သူများ အတွက် အလွန်ကောင်းပါတယ်....လက်မှတ်အတု ကိုင် ဆောင် မှု ကို လည်းအထိုက်အလျှောက် ဟန့်တားပေးနိုင်ပါတယ်....
ထိုကဲ့ သို့ အခြား ကဏ္ဍ တွေမှာ ပါ....လုပ်ပေးနိုင်လျှင် အတိုင်းထက်အလွန် ဝမ်းသာ မိမည် သာပင်....

သင်္ဘောသားများ .... သင်တန်းတစ်ခုတက်ရောက်ရန် (သို့) လက်မှတ်ထုတ်ယူရန်အတွက် ......
လိုအပ်ချက် details တွေ......သင်တန်းကြေး.....
သင်တန်းဖွင့်မည်ကာလ....စသဖြင့် .....စသဖြင့်.....စသဖြင့်.....
တောင်းခံခြင်း ဖြစ်ပါသည်.....တောင်းဆိုခြင်း မဟုတ်ပါ ခင်ဗျာ....

ဟာ....မီးပျက်သွား ပြီ.....
ကိုယ်ချင်းစာပါတယ်...ထမင်းဟင်းချက်
ပြုတ်ရန်....ခလေးကျောင်းပို့ရန်...ရုံးသွားဖို့ ပြင်ဆင်ရန်....၁၁နာရီ လောက်မှ ရုံးချိန်တက်နိုင်သည် ကို.....ကိုယ်ချင်းစာပါတယ်ခင်ဗျာ။

မွန်တဲ့ ၁၂နာရီခန့်တွင် ဝမ်းဟာ...နေသည့် အတွက်....ထမင်းစားချိန်....ဆို တာကိုယ်ချင်းစာပါတယ် ခင်ဗျာ......

မွန်းလွဲ...၂နာရီကျော်တွင် ထမင်း...အဆိပ်တက်ပြီး....အိပ်ချင်သည် ဒဏ်ကို အံတု ပြီး.....ထမင်းလုံးစီ သည် ပျောက်စေရန်....အချည်ထုပ်လေး၊ဂျာနယ်လေး ဖြင့်....ထိမ်းရသည် ကို ကိုယ်ချင်းစာပါသည် ခင်ဗျာ။

ကားလမ်းများပိတ်သည့် အတွက်..၃နာရီကျော်တွင်....ခလေးကျောင်းကြို ရန်....ညနေစာအတွက်ချက်ပြုတ်ရန်...ရည်စားဖြင့် ချိန်းတွေရန်....ရန်.....ရန်....ရန်.....ရန်....ရုံးမှ ကိုယ်ပျောက် ပညာ ဖြင့်.....ကိုယ်ချင်းစာပါတယ် ခင်ဗျာ....

ကျွန်တော်တို့ ကိုလည်း ကိုယ်ချင်းစာပေးပါ ခင်ဗျာ....အများကြီး မဟုတ်ရပါ....ယဉ်ယဉ်ကျေးကျေး....ဆက်ဆံ ပေးပါ။ ပျူပျူ ငှာငှာ ကိုတော့ ကျွန်တော်တို့ သင်္ဘောသား များမှ ဖြည့်စီးပေးပါမည်ခင်ဗျာ....
နားနဲ့ မနာ ဖဝါး နဲ့ နာ....ပေးပါ ခင်ဗျာ.......ခုတော့...
စားရေးမ /စာရေး တွေ က အိမ်က သားလေး နို့ ဖိုး....
ယောင်္ကျား အရက်ဖိုး......
ယောက္ခမ အတွက်ဆေးဖိုး.....
ယောက်မ အတွက် မိတ်ကပ်ဖိုး.....
ယောက်ဖ အတွက် KTV ဖိုး......

ဘာဖိုး မှန်း ကို မသိ ၍ ထိုကဲ့ သို့ ပိုက်ဆံတောင်းပါ သဖြင့် မိမိတို့..လှူ နေသည် ဟု စိတ်ထဲ တွင်မှတ်ပြီး.....ထိုကဲ့သို့ တွေးမိခြင်း ပါ။....

သင်္ဘောသားများ လှူသည့်တိုင်အောင် မယ်မယ်ဖုရားများ၏.... အငူ အဆူ ခံရ ပြီး.... ၁ထောင်တန်မှ ၅ထောင်တန် ထိ လေတိုက်ပြီး ပျံ ပျံ သွားပါကြောင်း.....

ကလေးနို့ ဖိုးဆိုပါလျှင် သားလေးမွေးရင် ကိုယ့်နာမည်ပေး.....
သမီးလေးမွေးရင် ကိုယ့် သာ ပေး.......
ယောက်ဖ ဆိုရင် စားပွဲထိုး ရာထူးပေး.....(သင်္ဘောပေါ်တွင် မဟုတ်..)
ယောက္ခမ ဆိုရင် ရိပ်သာပို့....
ယောက်မ ဆိုရင် ထမင်းအိုးထဲ ပို့.....

တောင်းတာ မကြိုက်ရင် တိုင်နိုင်ပါတယ်...(သူငယ်တန်း ကလေးမှ မဟုတ်တာ...ဟိုတိုင်ဒီတိုင် နဲ့.....တိုင်ဖက်တမ်း ကစားနေတာ မှ မဟုတ်တာ....)
တိုင်ရင်ကြာ မယ်မှတ်.......(ဟင်း....နော်)
ကြောက်တယ်.......(အတန်းပိုင် ဆရာမ က အရိုက်ကြမ်း တယ် ကြားတယ်)......

ခဏ၊ခဏ ကြားဘူး သည့် .....သူ/သူမ တို့.....ပြောပြောနေကျစကား....``ထုံးစံပေါ့''...ဆိုတာ မိမိ နားလည်သည်မှာတော့........

ထုံးစံ....
အသုံးတန်....
အဖြုန်းခံ.....
၁သောင်းတန်.....

ငွေကြေးတံစိုး....လာဘ်..စားခြင်းလျှော့နည်းစေ လိုသည့် ရည်ရွယ်ချက်ဖြင့်......
အမှား ပါလျှင် ခွင့်လွှတ် ပေးကြပါခင် ဗျာ...
(စာကြွင်း....စာရေး အားလုံးကို မဆိုလိုပါ...အရေးပါသည့် နေရာ/ဋ္ဌာနကောင်းတွင် မဟုတ် ပါလျှင်.... မဲဇာ တွင် လုပ် နေရသူ များ အဖို့ ...ဤစာပိုဒ်သည် တက်တက်စင် လွဲနိုင်ပါကြောင်း။ )
ထုံးစံ.....
@ ! @